အင်္ဂလန်တွင် ၂ ရက်သားသာရှိသေးသော ကလေးငယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

အင်္ဂလန်တွင် ၂ ရက်သားသာရှိသေးသော ကလေးငယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ - Property News in Myanmar from iMyanmarHouse.com
31 Jul 2020 11:22 am တြင္ တင္ခဲ့သည္
331 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ျပည္ပ အိမ္ၿခံေျမ သတင္း | Posted by ႏွင္းအိခင္ (iMyanmarHouse.com)

[Unicode]

အင်္ဂလန်နိုင်ငံတွင် မွေးဖွားပြီး ၂ ရက်သာ ရှိသေးသော ကလေးငယ်တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။

ပရက်စ်လေ ဒေါင်ဒဲလ် (Presley Dowdall) ဟု အမည်ပေးထားသော ကလေးငယ်သည် အက်ဆက်ပြည်နယ်ရှိ Basildon ဆေးရုံတွင် မေလ ၁၁ ရက်က မွေးဖွားခဲ့ခြင်းဖြစ်ပြီး မွေးဖွားပြီးမကြာမီတွင်ပင် အထူးကြပ်မတ်ကုသဆောင်သို့ ပေးပို့ခဲ့ရသည်။

ကလေးငယ်မှာ ယောကျ်ားလေးဖြစ်ပြီး အသက်ရှူရခက်ခဲသည့်လက္ခဏာများ ခံစားနေရကာ နောက်ပိုင်းတွင် covid-19 စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကလေးငယ်၏ မိခင် ရိုဇန်နီ ဒေါင်ဝဲလ်က ပရက်စ်လေ ယခုကဲ့သို့ ရောဂါကူးစက်ခံရသည့်အပေါ် များစွာအံ့အားသင့်မိကြောင်း ပြောကြားသည်။

“ဒါက တုန်လှုပ်စရာပါပဲ။ ကျွန်မ ကိုယ့်နားကိုယ်တောင် မယုံနိုင်ခဲ့ဘူး။ တခြားတစ်ယောက်ရဲ့ အဖြစ်အပျက်ကို ကြားနေရသလိုပဲ ထင်ခဲ့မိတယ်။ အပြစ်ရှိသလို ခံစားခဲ့ရတာ ကျွန်မ မှတ်မိပါတယ်။ ကျွန်မရဲ့ မွေးကင်းစကလေးငယ်ကို ဘာကြောင့် ကျွန်မ မကာကွယ်နိုင်ခဲ့တာလဲ” ဟု ရိုဇန်နီက Southend Echo သို့ ပြောကြားသည်။

“သားလေးက ဘယ်လို covid-19 ကူးစက်ခံခဲ့ရလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မခေါင်းထဲမှာ မေးခွန်းပေါင်း သောင်းခြောက်ထောင် ပြည့်နှက်နေပါတယ်”

ရိုဇန်နီသည် ရက်သတ္တ ၃၇ ပတ်ကြာ ကိုယ်ဝန်ဆိပ်တက်ခြင်း အကြိုအဆင့် (pre- Eclampsia)နှင့် သည်းခြေပြွန် ပိတ်ဆို့ခြင်းကြောင့် သည်းခြည်ရည် စီးဆင်းမှုကျဆင်းခြင်း (Cholestasis of pregnancy) လက္ခဏာများ ခံစားခဲ့ရသည်။

ရိုဇန်နီက ပြောကြားရာတွင် ယခုအခါ ပရက်စ်လေကလေးတွင် covid-19 ရောဂါလက္ခဏာများ မရှိတော့ဘဲ လုံးဝပြန်လည်ကျန်းမာသွားပြီဖြစ်ကြောင်း၊ သို့သော် မည်သို့ကူးစက်ခံလိုက်ရသည်ကို မသိသေးကြောင်း ပြောကြားသည်။

“သားလေးမှာ covid-19 ဘယ်လို၊ ဘာကြောင့် ကူးစက်ခံခဲ့ရလဲဆိုတဲ့ အဖြေကတော့ ကျွန်မတို့ ဘယ်တော့မှ သိရတော့မှာ မဟုတ်ပါဘူး။ ဒါက ကျွန်မတို့ဘဝအတွက် အဖြေမရှိတဲ့ ပု စ္ဆာတစ်ပုဒ်ပါပဲ” ဟု ရိုဇန်နီက ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 'SUCH A SHOCK' Baby tests positive for coronavirus just two days after birth (The Sun)

 

[Zawgyi]

အဂၤလန္တြင္ ၂ ရက္သားသာရွိေသးေသာ ကေလးငယ္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရ

အဂၤလန္ႏိုင္ငံတြင္ ေမြးဖြားျပီး ၂ ရက္သာ ရွိေသးေသာ ကေလးငယ္တစ္ဦးတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း စမ္းသပ္ေတြ႔ရွိခဲ့သည္။

ပရက္စ္ေလ ေဒါင္ဒဲလ္ (Presley Dowdall) ဟု အမည္ေပးထားေသာ ကေလးငယ္သည္ အက္ဆက္ျပည္နယ္ရွိ Basildon ေဆးရံုတြင္ ေမလ ၁၁ ရက္က ေမြးဖြားခဲ့ျခင္းျဖစ္ျပီး ေမြးဖြားျပီးမၾကာမီတြင္ပင္ အထူးၾကပ္မတ္ကုသေဆာင္သို႔ ေပးပို႔ခဲ့ရသည္။

ကေလးငယ္မွာ ေယာက်္ားေလးျဖစ္ျပီး အသက္ရွဴရခက္ခဲသည့္လကၡဏာမ်ား ခံစားေနရကာ ေနာက္ပိုင္းတြင္ covid-19 စစ္ေဆးေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

ကေလးငယ္၏ မိခင္ ရိုဇန္နီ ေဒါင္ဝဲလ္က ပရက္စ္ေလ ယခုကဲ့သို႔ ေရာဂါကူးစက္ခံရသည့္အေပၚ မ်ားစြာအံ့အားသင့္မိေၾကာင္း ေျပာၾကားသည္။

“ဒါက တုန္လႈပ္စရာပါပဲ။ ကၽြန္မ ကိုယ့္နားကိုယ္ေတာင္ မယံုႏိုင္ခဲ့ဘူး။ တျခားတစ္ေယာက္ရဲ ႔ အျဖစ္အပ်က္ကို ၾကားေနရသလိုပဲ ထင္ခဲ့မိတယ္။ အျပစ္ရွိသလို ခံစားခဲ့ရတာ ကၽြန္မ မွတ္မိပါတယ္။ ကၽြန္မရဲ ႔ ေမြးကင္းစကေလးငယ္ကို ဘာေၾကာင့္ ကၽြန္မ မကာကြယ္ႏိုင္ခဲ့တာလဲ” ဟု ရိုဇန္နီက Southend Echo သို႔ ေျပာၾကားသည္။

“သားေလးက ဘယ္လို covid-19 ကူးစက္ခံခဲ့ရလဲဆိုတာနဲ႔ ပတ္သက္ျပီး ကၽြန္မေခါင္းထဲမွာ ေမးခြန္းေပါင္း ေသာင္းေျခာက္ေထာင္ ျပည့္ႏွက္ေနပါတယ္”

ရိုဇန္နီသည္ ရက္သတၱ ၃၇ ပတ္ၾကာ ကိုယ္ဝန္ဆိပ္တက္ျခင္း အၾကိဳအဆင့္ (pre- Eclampsia)ႏွင့္ သည္းေျချပြန္ ပိတ္ဆို႔ျခင္းေၾကာင့္ သည္းျခည္ရည္ စီးဆင္းမႈက်ဆင္းျခင္း (Cholestasis of pregnancy) လကၡဏာမ်ား ခံစားခဲ့ရသည္။

ရိုဇန္နီက ေျပာၾကားရာတြင္ ယခုအခါ ပရက္စ္ေလကေလးတြင္ covid-19 ေရာဂါလကၡဏာမ်ား မရွိေတာ့ဘဲ လံုးဝျပန္လည္က်န္းမာသြားျပီျဖစ္ေၾကာင္း၊ သို႔ေသာ္ မည္သို႔ကူးစက္ခံလိုက္ရသည္ကို မသိေသးေၾကာင္း ေျပာၾကားသည္။

“သားေလးမွာ covid-19 ဘယ္လို၊ ဘာေၾကာင့္ ကူးစက္ခံခဲ့ရလဲဆိုတဲ့ အေျဖကေတာ့ ကၽြန္မတို႔ ဘယ္ေတာ့မွ သိရေတာ့မွာ မဟုတ္ပါဘူး။ ဒါက ကၽြန္မတို႔ဘဝအတြက္ အေျဖမရွိတဲ့ ပု စၦာတစ္ပုဒ္ပါပဲ” ဟု ရိုဇန္နီက ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 'SUCH A SHOCK' Baby tests positive for coronavirus just two days after birth (The Sun)

ေနာက္ဆံုးရ အိမ္ၿခံေျမ သတင္းမ်ား

မြို့ပြစီမံကိန်းများ ကြိုတင်ရေးဆွဲထားရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်ပြော
မြို့ပြစီမံကိန်းများ ကြိုတင်ရေးဆွဲထားရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်ပြော
မလေးရှားတွင် ထုတ်ကာ စင်္ကာပူတွင်တည်ဆောက်မည့် ကမ္ဘာ့အမြင့်မားဆုံး အသင့်ဆောက်လုပ်ပြီး မိုးမျှော်တိုက်ကြီးများ...
မလေးရှားတွင် ထုတ်ကာ စင်္ကာပူတွင်တည်ဆောက်မည့် ကမ္ဘာ့အမြင့်မားဆုံး အသင့်ဆောက်လုပ်ပြီး မိုးမျှော်တိုက်ကြီးများ...
လာမည့် I’M A CELEB ရုပ်သံအစီအစဉ်ကို အင်္ဂလန်ရှိ သရဲခြောက်သော ရဲတိုက်ကြီးတွင် ပြုလုပ်မည်ဟုဆို
လာမည့် I’M A CELEB ရုပ်သံအစီအစဉ်ကို အင်္ဂလန်ရှိ သရဲခြောက်သော ရဲတိုက်ကြီးတွင် ပြုလုပ်မည်ဟုဆို
အိုင်ယာလန်၏ သရဲအခြောက်ဆုံးနေအိမ်ကြီး ရောင်းချမည်
အိုင်ယာလန်၏ သရဲအခြောက်ဆုံးနေအိမ်ကြီး ရောင်းချမည်
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်သို့ ပြောင်းရွှေ့ခံရသောသူများအတွက် လတ်တလော မြေစီမံခန့်ခွဲမှုကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်မည် မဟုတ်...
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်သို့ ပြောင်းရွှေ့ခံရသောသူများအတွက် လတ်တလော မြေစီမံခန့်ခွဲမှုကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်မည် မဟုတ်...
ရန်ကုန်တိုင်းအတွင်း ဒဂုံမြို့သစ်တောင်ပိုင်းရှိ မြေဧက ၁၇၀ ကျော်တွင် အငှားအိမ်ယာစီမံကိန်း ဆောင်ရွက်...
ရန်ကုန်တိုင်းအတွင်း ဒဂုံမြို့သစ်တောင်ပိုင်းရှိ မြေဧက ၁၇၀ ကျော်တွင် အငှားအိမ်ယာစီမံကိန်း ဆောင်ရွက်...
ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့် ပြည်တော်သစ်ပြည်သူ့အိမ်ရာ ပြန်လည် ဖွံ့ဖြိုးရေးစီမံကိန်းရှိ (၁၂)ထပ် လူနေအဆောက်အအုံတွင် မီးဘေးလုံခြုံမှု စမ်းသပ်စစ်ဆေး...
ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့် ပြည်တော်သစ်ပြည်သူ့အိမ်ရာ ပြန်လည် ဖွံ့ဖြိုးရေးစီမံကိန်းရှိ (၁၂)ထပ် လူနေအဆောက်အအုံတွင် မီးဘေးလုံခြုံမှု စမ်းသပ်စစ်ဆေး...
တယ်လီနောနှင့် Denko ကို အခွန်အများဆုံးဆောင်သည့် ကုမ္ပဏီများအဖြစ် နိုင်ငံတော်သမ္မတက ဂုဏ်ပြု
တယ်လီနောနှင့် Denko ကို အခွန်အများဆုံးဆောင်သည့် ကုမ္ပဏီများအဖြစ် နိုင်ငံတော်သမ္မတက ဂုဏ်ပြု
ငွေကျပ် ၂၅ဝ ဘီလီယံခန့် အသုံးပြုပြီး ပြည်သူ့အငှားအိမ်ရာ အခန်းပေါင်း တစ်သောင်းခန့် တည်ဆောက်ရေး ဆောင်ရွက်သွားမည်...
ငွေကျပ် ၂၅ဝ ဘီလီယံခန့် အသုံးပြုပြီး ပြည်သူ့အငှားအိမ်ရာ အခန်းပေါင်း တစ်သောင်းခန့် တည်ဆောက်ရေး ဆောင်ရွက်သွားမည်...
COVID-19 ကြောင့် ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်တွင် စင်္ကာပူ၌ ဂိုဒေါင်ငှါးဝယ်/ငှားလိုအားမြင့်တက်...
COVID-19 ကြောင့် ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်တွင် စင်္ကာပူ၌ ဂိုဒေါင်ငှါးဝယ်/ငှားလိုအားမြင့်တက်...

အိမ္ၿခံေျမ သတင္းမ်ားကို
Email ျဖင့္ ဖတ္ရန္

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)