ရန်ကုန်မြို့အနောက်ဘက်ခြမ်းနှင့်မော်လမြိုင်တွင် စီးပွားရေးဇုန်စီမံကြီးနှစ်ခုကို မကြာခင်မိတ်ဆက်မည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ရန်ကုန်မြို့အနောက်ဘက်ခြမ်းနှင့်မော်လမြိုင်တွင် စီးပွားရေးဇုန်စီမံကြီးနှစ်ခုကို မကြာခင်မိတ်ဆက်မည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော - Property News in Myanmar from iMyanmarHouse.com
30 Jul 2020 10:52 am တွင် တင်ခဲ့သည်
3620 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရန်ကုန်မြို့အနောက်ခြမ်းနှင့် မော်လမြိုင် တွင် စီးပွားရေးဇုန်စီမံကိန်းကြီးနှစ်ခုကိုမကြာခင်စတင် မိတ်ဆက်တော့မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၉ ရက် နေ့လယ် ၁ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ video conference စနစ်ဖြင့် ကျင်းပခဲ့ရာတွင်အတိုင်ပင်ခံက ဗီဒီယိုဖြင့် သတင်းစကားပါးရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘သီလဝါရဲ့အောင်မြင်မှုအပေါ်မှာ ဆက်လက်တည်ဆောက်ရင်းနဲ့ ကျွန်မတို့ အလုပ်အကိုင်အခွင့်အလမ်းအများကြီး ဖန်တီးနိုင်မယ့် အဓိကစီမံကိန်းနှစ်ခုကိုမကြာခင် ကြေညာရပါလိမ့်မယ်။ ဒါကတော့ ရန်ကုန်အနောက်ဘက်ကမ်းက စက်မှုဆိပ်ကမ်းစီမံကိန်းအသစ်နဲ့ မွန်ပြည်နယ်က စီးပွားရေးဇုန်စီမံကိန်းအသစ်ဖြစ်ပါတယ်။ မကြာခင်မှာ အသေးစိတ်ထပ်ကြေညာမှာပါ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိတွင် Swiss Challenge ခေါ်ယူသည့် လုပ်ငန်းစဉ် ဆောင်ရွက်နေသည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ ဧပြီ ကစတင်ပြီး ဂျပန်စီးပွားရေးလုပ်ငန်း ၃၄ ခုကို ခွင့်ပြုပေးခဲ့ပြီး ထိုလုပ်ငန်းများက အလုပ်အကိုင်ခြောက်သိန်းခွဲကျော်ကို ဖန်တီးနိုင်ခဲ့သည်ဟုပြောသည်။

အရည်အသွေးပြည့်ဝသည့် ရင်းနှီးမြှုပ်နှံမှုမရှိပါဘဲ အလုပ်အကိုင်ကောင်းများဖန်တီးနိုင်မည် မဟုတ်သည်ကို နားလည်ထားကြောင်း၊ အရည်အသွေးပြည့်ဝသည့်ရင်းနှီးမြှုပ်နှံမှုများကသာ အရည်အသွေးမြင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ပြီး အဆင့်အတန်းမီ လစာရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံက ဆောင်ရွက်နေသည့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက် (MSDP)၏ အဓိကသော့ချက်သည် အရည်အသွေးမြင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းပင်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံ နေသည့် သီလဝါအထူးစီးပွားရေးဇုန်ကဲ့သို့ အောင်မြင်မှုများရရန် ထိုစီမံကိန်းနှစ်ခုကို လုပ်ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်နေမှု အခြေအနေကို ရှင်းလင်းပြောကြားခဲ့ပြီး ရန်ကုန်အနောက်ပိုင်းစက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းသစ်နှင့် မွန်ပြည်နယ်တွင် အကာင်အထည်ဖော် ဆောင်ရွက်မည့် အထူးစီးပွားရေးဇုန်သစ်တို့နှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်ရှိကြောင်း ထည့်သွင်းပြောကြားသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးက အထူးစီးပွားရေးဇုန်အသစ်သည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ချိတ်ဆက်နိုင်မည်ဖြစ်ပြီး မဟာမဲခေါင်ဒေသခွဲ၏ အရှေ့ - အနောက်စင်္ကြံ တို့သို့ ချိတ်ဆက်‌ပေးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ အထူးစီးပွားရေးဇုန်သည် အခြားရှိနှင့်ပြီးသော အထူးစီးပွားရေးဇုန်များထက် ပိုမိုကြီးမားပြီး ချိတ်ဆက်မှုပိုရရှိမည် ဖြစ်သည်ဟုဆိုသည်။

ရန်ကုန်အနောက်ပိုင်းစက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းကဲ့သို့ပင် ဤအထူးစီးပွားရေးဇုန်သစ်သည် ကမ္ဘာ့အဆင့်မီ ပွင့်လင်းမြင်သာမှုရှိသည့်အပြင် နိုင်ငံတကာနှင့်လည်း ယှဉ်ပြိုင်လာနိုင်မည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။ထို့နောက် မြန်မာနိုင်ငံကို မဟာမဲခေါင်ဒေသ အရှေ့အနောက် စီးပွားရေးစင်္ကြံကိုချိတ်ဆက်မည်ဖြစ်ပြီး ထိုအတွက် မွန်ပြည်နယ်အနောက်ကမ်းရိုးတစ် လျှောက်တွင် အထူးစီးပွားရေးဇုန်များကို ဖိတ်ခေါ်သွားမည်ဟု ဝန်ကြီးက ပြောသည်။

အဆိုပါဆွေးနွေးပွဲကို ဂျပန် ပြည်ပကုန်သွယ်ရေးအဖွဲ့ (JETRO)က ဦးဆောင်ကျင်းပပြီး မြန် မာနိုင်ငံဘက်က ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌနှင့် စီးပွားရေးလုပ်ငန်းရှင် ၈၀၀ ကျော်တက်ရောက်ခဲ့သည်။

ထိုဆွေးနွေးပွဲကို COVID- 19 ကပ်ရောဂါအလွန်ကာလတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည် ထူထောင်နိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းသစ်များ ဖော်ဆောင်နိုင်ရန်နှင့် မြန်မာ-ဂျပန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုပိုမိုခိုင်မာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ရန္ကုန္ၿမိဳ႕အေနာက္ဘက္ျခမ္းႏွင့္ေမာ္လၿမိဳင္တြင္ စီးပြားေရးဇုန္စီမံႀကီးႏွစ္ခုကို မၾကာခင္မိတ္ဆက္မည္ဟု အတိုင္ပင္ခံပုဂၢိဳလ္ေျပာ

ရန္ကုန္ၿမိဳ႕အေနာက္ျခမ္းႏွင့္ ေမာ္လၿမိဳင္ တြင္ စီးပြားေရးဇုန္စီမံကိန္းႀကီးႏွစ္ခုကိုမၾကာခင္စတင္ မိတ္ဆက္ေတာ့မည္ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

ျမန္မာ-ဂ်ပန္ ရင္းႏွီးျမႇဳပ္ႏွံမႈဖိုရမ္ကို ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္လ ၂၉ ရက္ ေန႔လယ္ ၁ နာရီတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ အစည္းအေဝးခန္းမ၌ video conference စနစ္ျဖင့္ က်င္းပခဲ့ရာတြင္အတိုင္ပင္ခံက ဗီဒီယိုျဖင့္ သတင္းစကားပါးရာတြင္ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

‘‘သီလဝါရဲ႕ေအာင္ျမင္မႈအေပၚမွာ ဆက္လက္တည္ေဆာက္ရင္းနဲ႔ ကြၽန္မတို႔ အလုပ္အကိုင္အခြင့္အလမ္းအမ်ားႀကီး ဖန္တီးႏိုင္မယ့္ အဓိကစီမံကိန္းႏွစ္ခုကိုမၾကာခင္ ေၾကညာရပါလိမ့္မယ္။ ဒါကေတာ့ ရန္ကုန္အေနာက္ဘက္ကမ္းက စက္မႈဆိပ္ကမ္းစီမံကိန္းအသစ္နဲ႔ မြန္ျပည္နယ္က စီးပြားေရးဇုန္စီမံကိန္းအသစ္ျဖစ္ပါတယ္။ မၾကာခင္မွာ အေသးစိတ္ထပ္ေၾကညာမွာပါ’’ ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

လက္႐ွိတြင္ Swiss Challenge ေခၚယူသည့္ လုပ္ငန္းစဥ္ ေဆာင္႐ြက္ေနသည္ဟု အတိုင္ပင္ခံပုဂၢိဳလ္ကေျပာသည္။

ျမန္မာႏိုင္ငံတြင္ ၂၀၁၆ ဧၿပီ ကစတင္ၿပီး ဂ်ပန္စီးပြားေရးလုပ္ငန္း ၃၄ ခုကို ခြင့္ျပဳေပးခဲ့ၿပီး ထိုလုပ္ငန္းမ်ားက အလုပ္အကိုင္ေျခာက္သိန္းခြဲေက်ာ္ကို ဖန္တီးႏိုင္ခဲ့သည္ဟုေျပာသည္။

အရည္အေသြးျပည့္ဝသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ႐ွိပါဘဲ အလုပ္အကိုင္ေကာင္းမ်ားဖန္တီးႏိုင္မည္ မဟုတ္သည္ကို နားလည္ထားေၾကာင္း၊ အရည္အေသြးျပည့္ဝသည့္ရင္းႏွွီးျမႇဳပ္ႏွံမႈမ်ားကသာ အရည္အေသြးျမင့္ အလုပ္အကိုင္မ်ား ဖန္တီးေပးႏိုင္ၿပီး အဆင့္အတန္းမီ လစာရ႐ွိေစမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံက ေဆာင္႐ြက္ေနသည့္ ေရ႐ွည္ ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံခ်က္ (MSDP)၏ အဓိကေသာ့ခ်က္သည္ အရည္အေသြးျမင့္ ရင္းႏွီး ျမႇဳပ္ႏွံမႈလုပ္ငန္းပင္ျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

ဂ်ပန္ႏိုင္ငံက ရင္းႏွီးျမႇဳပ္ႏွံေနသည့္ သီလဝါအထူးစီးပြားေရးဇုန္ကဲ့သို႔ ေအာင္ျမင္မႈမ်ားရရန္ ထိုစီမံကိန္းႏွစ္ခုကို လုပ္ေဆာင္ရန္ ရည္႐ြယ္ျခင္းျဖစ္သည္ဟု ၎ကဆိုသည္။

ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းက ျမန္မာႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈ ဖြံ႕ၿဖိဳးတိုးတက္ေနမႈ အေျခအေနကို ႐ွင္းလင္းေျပာၾကားခဲ့ၿပီး ရန္ကုန္အေနာက္ပိုင္းစက္မႈဇုန္ တည္ေဆာက္ေရး စီမံကိန္းသစ္ႏွင့္ မြန္ျပည္နယ္တြင္ အကာင္အထည္ေဖာ္ ေဆာင္႐ြက္မည့္ အထူးစီးပြားေရးဇုန္သစ္တို႔ႏွင့္ စပ္လ်ဥ္း၍ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္႐ွိေၾကာင္း ထည့္သြင္းေျပာၾကားသည္။

ထိုသို႔ေဆာင္႐ြက္ရာတြင္ ျပည္ေထာင္စုဝန္ႀကီးက အထူးစီးပြားေရးဇုန္အသစ္သည္ အိႏၵိယသမုဒၵရာႏွင့္ ပစိဖိတ္သမုဒၵရာတို႔ကို ခ်ိတ္ဆက္ႏိုင္မည္ျဖစ္ၿပီး မဟာမဲေခါင္ေဒသခြဲ၏ အေ႐ွ႕ - အေနာက္စႀကႍ တို႔သို႔ ခ်ိတ္ဆက္‌ေပးႏိုင္မည္ျဖစ္ေၾကာင္း၊ အဆိုပါ အထူးစီးပြားေရးဇုန္သည္ အျခား႐ွိႏွင့္ၿပီးေသာ အထူးစီးပြားေရးဇုန္မ်ားထက္ ပိုမိုႀကီးမားၿပီး ခ်ိတ္ဆက္မႈပိုရ႐ွိမည္ ျဖစ္သည္ဟုဆိုသည္။

ရန္ကုန္အေနာက္ပိုင္းစက္မႈဇုန္ တည္ေဆာက္ေရး စီမံကိန္းကဲ့သို႔ပင္ ဤအထူးစီးပြားေရးဇုန္သစ္သည္ ကမ႓ာ့အဆင့္မီ ပြင့္လင္းျမင္သာမႈ႐ွိသည့္အျပင္ ႏိုင္ငံတကာႏွင့္လည္း ယွဥ္ၿပိဳင္လာႏိုင္မည္ျဖစ္ေၾကာင္း ထည့္သြင္း ေျပာၾကားသည္။ထို႔ေနာက္ ျမန္မာႏိုင္ငံကို မဟာမဲေခါင္ေဒသ အေ႐ွ႕အေနာက္ စီးပြားေရးစႀကႍကိုခ်ိတ္ဆက္မည္ျဖစ္ၿပီး ထိုအတြက္ မြန္ျပည္နယ္အေနာက္ကမ္း႐ိုးတစ္ေလွ်ာက္တြင္ အထူးစီးပြားေရးဇုန္မ်ားကို ဖိတ္ေခၚသြားမည္ဟု ဝန္ၾကီးက ေျပာသည္။

အဆိုပါေဆြးေႏြးပြဲကို ဂ်ပန္ ျပည္ပကုန္သြယ္ေရးအဖြဲ႕ (JETRO)က ဦးေဆာင္က်င္းပၿပီး ျမန္ မာႏိုင္ငံဘက္က ျပည္ေထာင္စုဝန္ႀကီးဦးေသာင္းထြန္း၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဆက္ေအာင္ႏွင့္ ကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒ႏွင့္ စီးပြားေရးလုပ္ငန္း႐ွင္ ၈၀၀ ေက်ာ္တက္ေရာက္ခဲ့သည္။

ထိုေဆြးေႏြးပြဲကို COVID- 19 ကပ္ေရာဂါအလြန္ကာလတြင္ စီးပြားေရးလုပ္ငန္းမ်ား ျပန္လည္ ထူေထာင္ႏိုင္ရန္၊ ရင္းႏွီးျမႇဳပ္ႏွံမႈ ဆိုင္ရာ အခြင့္အလမ္းသစ္မ်ား ေဖာ္ေဆာင္ႏိုင္ရန္ႏွင့္ ျမန္မာ-ဂ်ပန္ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈပိုမိုခိုင္မာေစရန္ ရည္႐ြယ္၍ က်င္းပျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိကိုယ်ကို သူငယ်ချင်းအဖြစ် ငှားရမ်းခြင်းဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၈၀,၀၀၀ ဝင်ငွေရနေသော ဂျပန်အမျိုးသား...
မိမိကိုယ်ကို သူငယ်ချင်းအဖြစ် ငှားရမ်းခြင်းဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၈၀,၀၀၀ ဝင်ငွေရနေသော ဂျပန်အမျိုးသား...
သစ်ကြားသီး ၁ ကျပ်သား နေ့စဉ်စားရုံဖြင့် ရင်သားကင်ဆာဆဲလ်များ သေဆုံးစေနိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
သစ်ကြားသီး ၁ ကျပ်သား နေ့စဉ်စားရုံဖြင့် ရင်သားကင်ဆာဆဲလ်များ သေဆုံးစေနိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်ဘဲ အမေရိကန်သို့ရောက်သွားခဲ့ပုံ...
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်ဘဲ အမေရိကန်သို့ရောက်သွားခဲ့ပုံ...
ရုရှားသိပ္ပံပညာရှင်တို့က ၁၉၈၉ ခုနှစ်အတွင်း ဆိုက်ဘေးရီးယားတွင် တွင်းနက်ကြီး တူးဖော်ခဲ့ရာ ငရဲပြည်မှ အော်သံများ ကြားခဲ့ရ...
ရုရှားသိပ္ပံပညာရှင်တို့က ၁၉၈၉ ခုနှစ်အတွင်း ဆိုက်ဘေးရီးယားတွင် တွင်းနက်ကြီး တူးဖော်ခဲ့ရာ ငရဲပြည်မှ အော်သံများ ကြားခဲ့ရ...
အဆုပ်ကင်ဆာ ခံစားနေရသော အမျိုးသားမှာ ဝက်သံချဆေးများ သောက်သုံးရာ ကင်ဆာကျိတ်များ ပျောက်ကွယ်သွားပြီး ကင်ဆာလုံးလုံးပျောက်ကင်းသွားမှုအပေါ် သိပ္ပံပညာရှင်တို့ အံ့အားသင့်၊ ဝက်သံချဆေးဖြင့် ကင်ဆာကုသနိုင်မှု အလားအလာကို လေ့လာမှုများ ပ...

ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
တူရကီတွင် အရက်မူးနေသော ဆောက်လုပ်ရေးအလုပ်သမားက ၎င်းပျောက်သောကြောင့် လိုက်ရှာနေသော အဖွဲ့ထဲတွင် လိုက်ပါကာ ပူးပေါင်းရှာဖွေခဲ့သည့်ဖြစ်အင်...
တူရကီတွင် အရက်မူးနေသော ဆောက်လုပ်ရေးအလုပ်သမားက ၎င်းပျောက်သောကြောင့် လိုက်ရှာနေသော အဖွဲ့ထဲတွင် လိုက်ပါကာ ပူးပေါင်းရှာဖွေခဲ့သည့်ဖြစ်အင်...
MIT နှင့် ဟားဗတ်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များက ကင်ဆာချေမှုန်းနိုင်သည့် “ကိုယ်ပျောက်ဆဲလ်” များ တီထွင်စမ်းသပ်လျက်ရှိရာ အစွမ်းထက်လှကြောင်း တွေ့ရှိ...
MIT နှင့် ဟားဗတ်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များက ကင်ဆာချေမှုန်းနိုင်သည့် “ကိုယ်ပျောက်ဆဲလ်” များ တီထွင်စမ်းသပ်လျက်ရှိရာ အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
ဇနီးနှင့် စကားများပြီး ဒေါသပြေစေရန် မိုင် ၂၈၀ လမ်းလျှောက်ထွက်သွားသည့် အမျိုးသား
ဇနီးနှင့် စကားများပြီး ဒေါသပြေစေရန် မိုင် ၂၈၀ လမ်းလျှောက်ထွက်သွားသည့် အမျိုးသား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service