စတော့အိတ်ချိန်းမှာ နိုင်ငံခြားသားရှယ်ယာဝယ်ယူမှု နည်းပါးနေ

စတော့အိတ်ချိန်းမှာ နိုင်ငံခြားသားရှယ်ယာဝယ်ယူမှု နည်းပါးနေ - Property News in Myanmar from iMyanmarHouse.com
28 Jul 2020 12:07 pm တွင် တင်ခဲ့သည်
911 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Yangon stock exchange မှာ နိုင်ငံခြားသားတွေကို ရင်းနှီးမြှပ်နှံဖို့ ခွင့်ပြုပေးခဲ့ပေမယ့် Covid-19 ကာလကြောင့် မှန်းသလောက်မဖြစ်ခဲ့ဘူးလို ချေးငွေသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်အဖွဲ့ဝင်ဦးဌေးချွန်ကပြောပါတယ်။

၂၀၁၇ ခုနှစ်မှာစတင်ပြဋ္ဌာန်းခဲ့တဲ့ ကုမ္ပဏီများဥပဒေအရ ပြည်တွင်းကုမ္ပဏီတွေမှာ နိုင်ငံခြားသားတွေက အစုရှယ်ယာ ၃၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ရှိတာကြောင့် စတော့အိတ်ချိန်းမှာလည်း အခုလိုခွင့်ပြုပေးခဲ့တာပါ။

ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများကို ရှယ်ယာ ဝယ်ယူခွင့်ပြုထားသော်လည်း ကုမ္ပဏီ သုံးခုကသာ ဝယ်ယူခွင့်ပြုမည်ဟု ရန်ကုန်စတော့အိတ်ချိန်းတွင် ထုတ်ပြန်ထားသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် မတ်လ၂၀ ရက်က စတင်ပြီး နိုင်ငံခြားသားများကို ရှယ်ယာ ဝယ်ယူခွင့်ပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် FMI နှင့် သီလဝါအထူးစီးပွားဇုန်အများပိုင်ကုမ္ပဏီ MTSH တို့ကသာ နိုင်ငံခြားသားများကို တိုက်ရိုက် ဝယ်ယူခွင့်ပြုထားသည်။ ပထမပုဂ္ဂလိကဘဏ် (FPB) က ရှယ်ယာရှင်အချင်းချင်း ရှယ်ယာအစုအလိုက် အပြုံလိုက် ရောင်းချသည့်စနစ်ကိုသာ ခွင့်ပြုထားသည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေအနက် အကျိုးအမြတ်ရနေတဲ့လုပ်ငန်းတွေ ရန်ကုန် စတော့အိတ်ချိန်းကို ဝင်ရောက်စေပြီး အများပြည်သူကို ရှယ်ယာတွေ ဖိတ်ခေါ်ဖို့ စီစဉ်နေတယ်လို့လည်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ကလည်း ထုတ်ပြန်ကြေငြာထားတာရှိပါတယ်။

လက်ရှိမှာရန်ကုန်စတော့အိတ်ချိန်းကတော့ ကိုဗစ်ကြောင့် တိုက်ရိုက်မထိခိုက်ပေမယ့် အရောင်းအဝယ်တွေက ကျဆင်းနေတယ်လို့ ရန်ကုန်စတော့အိတ်ချိန်းရဲ့နေ့စဉ်ညွှန်းကိန်းတွေအရ သိရပါတယ်။

Covid ကာလမှာပဲ EFR(Ever Flow River) Logistic ကုမ္ပဏီက ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝင်ကုမ္ပဏီသစ် အဖြစ်ထပ်မံဝင်ရောက်ခဲ့ပါတယ်။

လက်ရှိမှာတော့ ရန်ကုန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် အများပိုင် ကုမ္ပဏီ ၇ ခုရှိနေပါပြီ။

ရန်ကုန်စတော့အိတ်ချိန်းကိုတော့ ၂၀၁၅ ဒီဇင်ဘာမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ မတ်လမှာ ပထမဆုံး စာရင်းဝင်ကုမ္ပဏီအဖြစ် FMI ကုမ္ပဏီက ဝင်ရောက်ခဲ့တာပါ။

နိုင်ငံခြားသားများ ရှယ်ယာ ဝယ်ယူခွင့်ကို FMI ကုမ္ပဏီက ရှယ်ယာ ၁ ဒသမ ၈ ရာခိုင်နှုန်း၊ MTSH ကုမ္ပဏီက ၄ ဒသမ ၅ ရာ ခိုင်နှုန်း ခွင့်ပြုထားပြီး FPB က ၃၁ ရာခိုင်နှုန်း ခွင့်ပြုထားသည်။

‘‘ရှယ်ယာပမာဏ ဘယ် လောက်ရောင်းမယ်ဆိုတာ ကုမ္ပဏီတွေက ဆုံးဖြတ်ရောင်းချတာ။ ဒါကလည်း သတ်မှတ်ထားတဲ့ ပမာဏမကျော်ရင် ကြိုက်တဲ့အချိန်မှာ ကြိုက်သလိုပြင်လို့ရပါတယ်’’ ဟု ချေးငွေသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။

ရှယ်ယာဝယ်ယူရန် စိတ်ဝင်စားမှု အများဆုံးမှာ အာရှနိုင်ငံများမှ ဖြစ်သည်ဟု ၎င်းကပြောသည်။

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများတွင် နိုင်ငံခြားသားများ အစုရှယ်ယာဝယ်ယူ ခွင့်ကို ခွင့်ပြုကြောင်း ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က ၂၀၁၉ ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

စေတာ့အိတ္ခ်ိန္းမွာ ႏိုင္ငံျခားသားရွယ္ယာဝယ္ယူမႈ နည္းပါးေန

Yangon stock exchange မွာ ႏိုင္ငံျခားသားေတြကို ရင္းႏွီးျမႇပ္ႏွံဖို႔ ခြင့္ျပဳေပးခဲ့ေပမယ့္ Covid-19 ကာလေၾကာင့္ မွန္းသေလာက္မျဖစ္ခဲ့ဘူးလို ေခ်းေငြသက္ေသခံလက္မွတ္လုပ္ငန္းႀကီးၾကပ္ေရး ေကာ္မရွင္အဖြဲ႕ဝင္ဦးေဌးခြၽန္ကေျပာပါတယ္။

၂၀၁၇ ခုႏွစ္မွာစတင္ျပ႒ာန္းခဲ့တဲ့ ကုမၸဏီမ်ားဥပေဒအရ ျပည္တြင္းကုမၸဏီေတြမွာ ႏိုင္ငံျခားသားေတြက အစုရွယ္ယာ ၃၅ ရာခိုင္ႏႈန္း ပိုင္ဆိုင္ခြင့္ရွိတာေၾကာင့္ စေတာ့အိတ္ခ်ိန္းမွာလည္း အခုလိုခြင့္ျပဳေပးခဲ့တာပါ။

ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ ႏိုင္ငံျခားသားမ်ားကို ရွယ္ယာ ဝယ္ယူခြင့္ျပဳထားေသာ္လည္း ကုမၸဏီ သုံးခုကသာ ဝယ္ယူခြင့္ျပဳမည္ဟု ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ ထုတ္ျပန္ထားသည္။

ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ မတ္လ၂၀ ရက္က စတင္ၿပီး ႏိုင္ငံျခားသားမ်ားကို ရွယ္ယာ ဝယ္ယူခြင့္ျပဳခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ FMI ႏွင့္ သီလဝါအထူးစီးပြားဇုန္အမ်ားပိုင္ကုမၸဏီ MTSH တို႔ကသာ ႏိုင္ငံျခားသားမ်ားကို တိုက္႐ိုက္ ဝယ္ယူခြင့္ျပဳထားသည္။ ပထမပုဂၢလိကဘဏ္ (FPB) က ရွယ္ယာရွင္အခ်င္းခ်င္း ရွယ္ယာအစုအလိုက္ အၿပဳံလိုက္ ေရာင္းခ်သည့္စနစ္ကိုသာ ခြင့္ျပဳထားသည္။

ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းေတြအနက္ အက်ိဳးအျမတ္ရေနတဲ့လုပ္ငန္းေတြ ရန္ကုန္ စေတာ့အိတ္ခ်ိန္းကို ဝင္ေရာက္ေစၿပီး အမ်ားျပည္သူကို ရွယ္ယာေတြ ဖိတ္ေခၚဖို႔ စီစဥ္ေနတယ္လို႔လည္း စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဌာန ကလည္း ထုတ္ျပန္ေၾကျငာထားတာရွိပါတယ္။

လက္ရွိမွာ ရန္ကုန္စေတာ့အိတ္ခ်ိန္းကေတာ့ ကိုဗစ္ေၾကာင့္ တိုက္႐ိုက္မထိခိုက္ေပမယ့္ အေရာင္းအဝယ္ေတြက က်ဆင္းေနတယ္လို႔ ရန္ကုန္စေတာ့အိတ္ခ်ိန္းရဲ႕ေန႔စဥ္ၫႊန္းကိန္းေတြအရ သိရပါတယ္။

Covid ကာလမွာပဲ EFR(Ever Flow River) Logistic ကုမၸဏီက ရန္ကုန္စေတာ့အိတ္ခ်ိန္းမွာ စာရင္းဝင္ကုမၸဏီသစ္ အျဖစ္ထပ္မံဝင္ေရာက္ခဲ့ပါတယ္။

လက္ရွိမွာေတာ့ ရန္ကုန္ကုန္စေတာ့အိတ္ခ်ိန္း စာရင္းဝင္ အမ်ားပိုင္ ကုမၸဏီ ၇ ခုရွိေနပါၿပီ။

ရန္ကုန္စေတာ့အိတ္ခ်ိန္းကိုေတာ့ ၂၀၁၅ ဒီဇင္ဘာမွာ စတင္ဖြင့္လွစ္ခဲ့ၿပီး ၂၀၁၆ မတ္လမွာ ပထမဆုံး စာရင္းဝင္ကုမၸဏီအျဖစ္ FMI ကုမၸဏီက ဝင္ေရာက္ခဲ့တာပါ။

ႏိုင္ငံျခားသားမ်ား ရွယ္ယာ ဝယ္ယူခြင့္ကို FMI ကုမၸဏီက ရွယ္ယာ ၁ ဒသမ ၈ ရာခိုင္ႏႈန္း၊ MTSH ကုမၸဏီက ၄ ဒသမ ၅ ရာ ခိုင္ႏႈန္း ခြင့္ျပဳထားၿပီး FPB က ၃၁ ရာခိုင္ႏႈန္း ခြင့္ျပဳထားသည္။

‘‘ရွယ္ယာပမာဏ ဘယ္ ေလာက္ေရာင္းမယ္ဆိုတာ ကုမၸဏီေတြက ဆုံးျဖတ္ေရာင္းခ်တာ။ ဒါကလည္း သတ္မွတ္ထားတဲ့ ပမာဏမေက်ာ္ရင္ ႀကိဳက္တဲ့အခ်ိန္မွာ ႀကိဳက္သလိုျပင္လို႔ရပါတယ္’’ ဟု ေခ်းေငြသက္ေသခံ လက္မွတ္လုပ္ငန္းႀကီးၾကပ္ေရး ေကာ္မရွင္အဖြဲ႕ဝင္ ဦးေဌးခြၽန္က ေျပာသည္။

ရွယ္ယာဝယ္ယူရန္ စိတ္ဝင္စားမႈ အမ်ားဆုံးမွာ အာရွႏိုင္ငံမ်ားမွ ျဖစ္သည္ဟု ၎ကေျပာသည္။

ရန္ကုန္စေတာ့အိတ္ခ်ိန္း စာရင္းဝင္ ကုမၸဏီမ်ားတြင္ ႏိုင္ငံျခားသားမ်ား အစုရွယ္ယာဝယ္ယူ ခြင့္ကို ခြင့္ျပဳေၾကာင္း ေငြေခ်း သက္ေသခံလက္မွတ္လုပ္ငန္း ႀကီးၾကပ္ေရးေကာ္မရွင္က ၂၀၁၉ ဇူလိုင္ ၁၂ ရက္တြင္ ထုတ္ျပန္ခဲ့ သည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service