ကြို့ကုန်းအိမ်ရာကို မကြာမီ အကောင်အထည်ဖော်မည် ဖြစ်ကြောင်းသိရ

ကြို့ကုန်းအိမ်ရာကို မကြာမီ အကောင်အထည်ဖော်မည် ဖြစ်ကြောင်းသိရ - Property News in Myanmar from iMyanmarHouse.com
16 Jul 2020 10:44 am တွင် တင်ခဲ့သည်
1843 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နှစ် ၇၀ ခန့် သက်တမ်းရှိနေ ပြီဖြစ်သည့် ကြို့ကုန်းအိမ်ရာအဟောင်းကိုဖြိုချပြီး ဒီဇိုင်းအသစ်နှင့် ပြန်လည် တည်ဆောက်တော့မှာ ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းပါဆောင်းပါမှ သိရသည်။

ကြို့ကုန်းအိမ်ရာသည် အင်းစိန်လမ်းမနှင့်ဗဟိုလမ်းမဘေးတွင် တည်ရှိပြီး အနောက် ကြို့ကုန်းဧရိယာအတွင်းမှာ ရှိပြီး အကျယ်အဝန်း ၁၇ ဧကခန့်ရှိကြောင်း သိရသည်။

ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ တင်ဒါခေါ်ယူခဲ့ပြီး MTSH ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီသည် သီလဝါအထူးစီပွားရေးဇုန်တွင် အကြီးစားမြို့ပြနှင့် အိမ်ရာစီမံကိန်း ဆောင်ရွက်ခဲ့ သည့်အတွေ့အကြုံရှိပြီး ဘဏ္ဍာရေးအနေနှင့်လည်း တောင့်တင်းမှုရှိသည့် ကုမ္ပဏီဖြစ်ကြောင်း၊ယခုအိမ်ရာအတွက်ငွေကျပ် ၁၇၈ ဘီလီယံ ခန့် ရင်းနှီးမြှုုပ်နှံပြီး အကောင်အထည်ဖော်မည်ဖြစ်ကြောင်းသိရသည်။

ကြို့ကုန်းအိမ်ရာကို အသစ်ပြန်လည်တည်ဆောက်သည့်အခါ တန်ဖိုးသင့်၊ တန်ဖိုးမျှ အိမ်ရာများ အပြင် ဈေးဝယ်စင်တာများ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ၊အပန်းဖြေနေရာနှင့်ကျန်းမာရေးစင်တာများပါဝင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MTSH ကုမ္ပဏီအနေနှင့် တိုင်းဒေသကြီးအစိုးရ၊ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်နှင့် စာချုပ်ချုပ်ဆိုပြီးလျှင် လုပ်ငန်းများစတင် ဆောင်ရွက်လို့ရမှာဖြစ်ကြောင်း၊လုပ်ငန်းစတင်သည့်အခါ အငှားအိမ်ရာ အဟောင်းများကို ဖြိုရမှာဖြစ်၍ လက်ရှိနေထိုင်သူများ ဖယ်ပေးရမှာ ဖြစ်ကြောင်း၊ အဆောက်အအုံသစ်များ ဆောက်လုပ်ပြီးစီးလျှင် ထိုသူများအား မဲစနစ်နှင့် ပြန်လည်နေရာချထားပေးမှာဖြစ်ကြောင်း၊တည်ဆောက်ရေး ကာလအတွင်း ပြောင်းရွှေ့နေထိုင်စရိတ်ကို တိုင်းဒေသကြီး အစိုးရက စိုက်ထုတ်ပေးဖို့ အစီအစဉ်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ တွင် ဦးဝိစာရအိမ်ရာ၊ ဖဆပလအိမ်ရာ၊ ရန်ကင်း ၁၂ လုံးတန်းအိမ်ရာနှင့် ကြို့ကုန်းအိမ်ရာများသည် အစိုးရပိုင် အငှားအိမ်ရာ စီမံကိန်းများဖြစ်ပြီး ၁၉၅၂ ခုနှစ်ခန့်က တည်ဆောက်ခဲ့ခြင်းဖြစ်၍ သက်တမ်းရင့် အိမ်ရာများဖြစ်ကြောင်း သိရသည်။

အဆိုပါသက်တမ်းရင့် အငှားအိမ်ရာဟောင်းများနေရာတွင် အိမ်ရာအသစ်များဖြင့်ပြန်လည်တည်ဆောက် အစားထိုးအကောင် အထည် ဖော်လိုက်ခြင်းအားဖြင့် နေထိုင်ကြသည့် ပြည်သူများ၏ လူမှုဘဝနေထိုင်မှုပုံစံများပါ ပြောင်းလဲတိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ၾကိဳ႕ကုန္းအိမ္ရာကို မၾကာမီ အေကာင္အထည္ေဖာ္မည္ ျဖစ္ေၾကာင္းသိရ

ႏွစ္ ၇၀ ခန္႔ သက္တမ္းရွိေန ၿပီျဖစ္သည့္ ႀကိဳ႕ကုန္းအိမ္ရာအေဟာင္းကိုၿဖိဳခ်ၿပီး ဒီဇိုင္းအသစ္ႏွင့္ ျပန္လည္ တည္ေဆာက္ေတာ့မွာ ျဖစ္ေၾကာင္း ႏိုင္ငံပိုင္သတင္းပါေဆာင္းပါမွ သိရသည္။

ႀကိဳ႕ကုန္းအိမ္ရာသည္ အင္းစိန္လမ္းမႏွင့္ဗဟိုလမ္းမေဘးတြင္ တည္ရွိၿပီး အေနာက္ ႀကိဳ႕ကုန္းဧရိယာအတြင္းမွာ ရွိၿပီး အက်ယ္အဝန္း ၁၇ ဧကခန႔္ရွိေၾကာင္း သိရသည္။

ႀကိဳ႕ကုန္းအိမ္ရာ ျပန္လည္ဖြံ့ၿဖိဳးေရး စီမံကိန္း အေကာင္အထည္ေဖာ္ရန္အတြက္ ၂၀၁၉ ခုႏွစ္ နိုဝင္ဘာ ၁၃ ရက္မွာ တင္ဒါေခၚယူခဲ့ၿပီး MTSH ကုမၸဏီက တင္ဒါေအာင္ျမင္ခဲ့ေၾကာင္း၊ အဆိုပါ ကုမၸဏီသည္ သီလဝါအထူးစီပြားေရးဇုန္တြင္ အႀကီးစားၿမိဳ႕ျပႏွင့္ အိမ္ရာစီမံကိန္း ေဆာင္ရြက္ခဲ့ သည့္အေတြ႕အၾကဳံရွိၿပီး ဘ႑ာေရးအေနႏွင့္လည္း ေတာင့္တင္းမႈရွိသည့္ ကုမၸဏီျဖစ္ေၾကာင္း၊ယခုအိမ္ရာအတြက္ေငြက်ပ္ ၁၇၈ ဘီလီယံ ခန႔္ ရင္းႏွီးျမႇုဳပ္ႏွံၿပီး အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္းသိရသည္။

ႀကိဳ့ကုန္းအိမ္ရာကို အသစ္ျပန္လည္တည္ေဆာက္သည့္အခါ တန္ဖိုးသင့္၊ တန္ဖိုးမၽွ အိမ္ရာမ်ား အျပင္ ေဈးဝယ္စင္တာမ်ား၊ စီးပြားေရးဆိုင္ရာ အေဆာက္အအုံမ်ား၊အပန္းေျဖေနရာႏွင့္က်န္းမာေရးစင္တာမ်ားပါဝင္ေအာင္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

MTSH ကုမၸဏီအေနႏွင့္ တိုင္းေဒသႀကီးအစိုးရ၊ ရင္းႏွီးျမႇုဳပ္ႏွံမႈေကာ္မရွင္ႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုၿပီးလွ်င္ လုပ္ငန္းမ်ားစတင္ ေဆာင္ရြက္လို႔ရမွာျဖစ္ေၾကာင္း၊လုပ္ငန္းစတင္သည့္အခါ အငွားအိမ္ရာ အေဟာင္းမ်ားကို ၿဖိဳရမွာျဖစ္၍ လက္ရွိေနထိုင္သူမ်ား ဖယ္ေပးရမွာ ျဖစ္ေၾကာင္း၊ အေဆာက္အအုံသစ္မ်ား ေဆာက္လုပ္ၿပီးစီးလွ်င္ ထိုသူမ်ားအား မဲစနစ္ႏွင့္ ျပန္လည္ေနရာခ်ထားေပးမွာျဖစ္ေၾကာင္း၊တည္ေဆာက္ေရး ကာလအတြင္း ေျပာင္းေရႊ႕ေနထိုင္စရိတ္ကို တိုင္းေဒသႀကီး အစိုးရက စိုက္ထုတ္ေပးဖို႔ အစီအစဥ္ရွိေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕ တြင္ ဦးဝိစာရအိမ္ရာ၊ ဖဆပလအိမ္ရာ၊ ရန္ကင္း ၁၂ လုံးတန္းအိမ္ရာႏွင့္ ႀကိဳ႕ကုန္းအိမ္ရာမ်ားသည္ အစိုးရပိုင္ အငွားအိမ္ရာ စီမံကိန္းမ်ားျဖစ္ၿပီး ၁၉၅၂ ခုႏွစ္ခန႔္က တည္ေဆာက္ခဲ့ျခင္းျဖစ္၍ သက္တမ္းရင့္ အိမ္ရာမ်ားျဖစ္ေၾကာင္း သိရသည္။

အဆိုပါသက္တမ္းရင့္ အငွားအိမ္ရာေဟာင္းမ်ားေနရာတြင္ အိမ္ရာအသစ္မ်ားျဖင့္ျပန္လည္တည္ေဆာက္ အစားထိုးအေကာင္ အထည္ ေဖာ္လိုက္ျခင္းအားျဖင့္ ေနထိုင္ၾကသည့္ ျပည္သူမ်ား၏ လူမႈဘဝေနထိုင္မႈပုံစံမ်ားပါ ေျပာင္းလဲတိုးတက္လာမည္ျဖစ္ေၾကာင္းသိရသည္။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service