ကျေးလက်ပြည်သူ လေးသိန်းခွဲကျော် မီးလင်းရေး ကမ္ဘာ့ဘဏ်က ဒေါ်လာ ၃ သန်းခွဲထောက်ပံ့

ကျေးလက်ပြည်သူ လေးသိန်းခွဲကျော် မီးလင်းရေး ကမ္ဘာ့ဘဏ်က ဒေါ်လာ ၃ သန်းခွဲထောက်ပံ့ - Property News in Myanmar from iMyanmarHouse.com
14 Jul 2020 11:06 am တွင် တင်ခဲ့သည်
492 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့ဘဏ်က ကျေးလက်မှ ပြည်သူလေးသိန်းခွဲကျော်အတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးရရန် ဒေါ်လာ ၃ သန်းခွဲ ထောက်ပံ့ရန် သဘောတူခဲ့သည်ဟု ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်သည်။

မဟာဓာတ်အားလိုင်းပြင်ပ လျှပ်စစ်ဓာတ်အားရရှိရန်အတွက် ရလဒ်အခြေပြု ငွေကြေးထောက်ပံ့မှု (RBF)စနစ်ဖြင့် ထောက်ပံ့သွားမည်ဟုဆိုသည်။

"ကျေးလက်နေပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ လူနေထိုင်မှုအခြေအနေ တိုးတက်လာဖို့ဆိုရင် ဓါတ်အားလိုင်းပြင်ပကနေ နေရောင်ခြည်စွမ်းအင်သုံးနည်းပညာနဲ့ လျှပ်စစ်မီးရရှိစေခြင်းက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်" ဟု ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ဌာနေ ညွှန်ကြားရေးမှူး မစ်မာရီယမ်ရှာမန် မှ ပြောသည်။

မြန်မာနိုင်ငံ၏ လူဦးရေးထက်ဝက်သည် မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီး မရရှိကြပေ။ စွမ်းအင်လိုအပ်ချက်အတွက် ဖယောင်းတိုင်၊ ရေနံဆီ၊ အရည်အသွေး အာမခံချက်မရှိသော ဘတ္တရီအိုးများနှင့် ဒီဇယ်မီးစက်များကို အမှီပြုနေကြရသည်။ထိုသူများအတွက် အရည်အသွေးပြည့် စွမ်းအင်များရရှိရန်ဖြစ်သည်ဟုဆိုသည်။

ထိုငွေကြေးအစီအစဉ်တွင် တိုင်းရင်းသားများနေထိုင်ရသည့် အရပ်များ၌ ကုန်ပစ္စည်း ထုတ်လုပ်၊ ဖြန့်ချီ ရောင်းချသည့် လုပ်ငန်းစဉ် တိုးချဲ့ရန်ဖြစ်သည်ဟုဆိုသည်။ ထိုသို့ တိုးချဲ့ခြင်းကြောာင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးရန်ဖြစ်သည်။

ထိုပြင် IFCကလည်း မြန်မာနိုင်ငံ၏ မဟာဓာတ်အားလိုင်းပြင်ပ နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အားရရေး စီမံကိန်းအတွက် ဆိုလာထုတ်ကုန် ကိုးသောင်းကို ရောင်းချမည်ဟုဆိုသည်။

"ဒါဟာ COVID-19 ကြောင့်ဖြစ်ပေါ်နေတဲ့ အခက်အခဲကာလအတွင်း မြန်မာ့ပြည်သူတွေနဲ့ ကုမ္ပဏီတွေကို အချိန်မှီ ပံ့ပိုးကူညီပေးလိုက်တာပါပဲ။" ဟု အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်းမှ မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံဆိုင်ရာ မန်နေဂျာ မစ်ဂျိန်းဆု မှ ပြောကြားခဲ့ပါသည်။

ပုဂ္ဂလိက ကဏ္ဍနှင့် ပူးပေါင်းပြီး ဆိုလာစွမ်းအင် ဈေးကွက်တည်ဆောက်မှုသည် မြန်မာနိုင်ငံအစိုးရ၏ ၂၀၃၀ ခုနစ်တွင် နိုင်ငံအနှံ လျှပ်စစ်မီး ရရှိရေး စီမံချက်အတွက် အရေးပါသည်ဟုဆိုသည်။

ငွေကြေးပံ့ပိုးမှု ရန်ပုံငွေသည် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် Pay as You Go စနစ်ဖြင့် ဝင်ငွေနည်းပါးသော မိသားစုများ ကုန်ပစ္စည်းဝယ်ယူနိုင်ရေးနှင့် ရောင်းချ ရေးဝန်ဆောင်မှုများကို လက်လှမ်းမှီရရှိစေမည် ဖြစ်သည်။

ထိုပြင် လျှပ်စစ် ထုတ်ကုန်အရည်အသွေး အာမခံချက်ရရှိစေရန်၊ စီးပွားရေးလုပ်ငန်းများ အားကောင်းလာစေရန် ပံ့ပိုးခြင်းနှင့် လိုအပ်သည့် ငွေကြေးထောက်ပံ့ပေးခြင်းတို့ကို အိုင်အက်ဖ်စီက မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ကဏ္ဍကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်။

ရလဒ်အခြေပြု ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကနဦးစမ်းသပ်ချက်သည် ဓါတ်အားလိုင်းပြင်ပ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်မီးရရှိရေးဈေးကွက်ကို ပုဂ္ဂလိက ကဏ္ဍဦးဆောင်သည့် စံပြစီးပွားရေးလုပ်ငန်းအဖြစ် သရုပ်ပြနိုင်ရန် ရည်ရွယ်ထားသည်ဟုဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]















နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service