ကိုရိုနာဗိုင်းရပ်စ်သည် ၁၀ မီတာအထိ ရောက်နိုင်ကြောင်း သိပ္ပံပညာရှင် ၂၃၉ ဦး လက်မှတ်ရေးထိုးကာ ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ်သည် ၁၀ မီတာအထိ ရောက်နိုင်ကြောင်း သိပ္ပံပညာရှင် ၂၃၉ ဦး လက်မှတ်ရေးထိုးကာ ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
11 Jul 2020 12:47 pm တွင် တင်ခဲ့သည်
1585 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်သည် ၁၀ မီတာအထိ ရောက်နိုင်ကြောင်း နိုင်ငံပေါင်း ၃၀ ကျော်မှ သိပ္ပံပညာရှင် ၂၃၉ ဦး လက်မှတ်ရေးထိုးကာ ထုတ်ပြန်မှုတစ်ရပ်ပြုလုပ်ခဲ့သည်။

WHO က လက်ရှိသတ်မှတ်ထားသည့် ဘေးကင်းလုံခြုံရေးလမ်းညွှန်မှုဖြစ်သော လူမှုအလှမ်းခွာမှု (social distancing) ၁ မီတာဟူသည်မှာ မလုံလောက်ကြောင်း၊ အဆောက်အအုံတွင်းနေရာများတွင် ကိုရိုနာဗိုင်းရပ်စ် ပါဝင်သည့်အမှုန်များသည် ၁၀ မီတာအထိ ရောက်ရှိနိုင်ကြောင်း သိပ္ပံပညာရှင်တို့က သတိပေးလိုက်ခြင်း ဖြစ်သည်။ လက်ရှိအားဖြင့် အဓိကလမ်းညွှန်ချက်များမှာ ချောင်းဆိုးခြင်းနှင့် အနီးကပ်ထိတွေ့မှုများကိုသာ အာရုံစိုက်နေသည်။ သိပ္ပံပညာရှင်တို့က သတိပေးလိုက်ရာတွင်မူ တိုက်ရိုက်ထိတွေ့မှုမဟုတ်ဘဲ လေထဲတွင် ကျန်ရစ်နေသည့် အမှုန်ငယ်များသည်လည်း အန္တရာယ်ကြီးမားပြီး အဆိုပါ အမှုန်များသည် လက်ရှိစံနှုန်းဖြစ်သော ၁ မီတာမှ ၂ မီတာဆိုသည်ထက် ပိုမိုကွာဝေးစွာရောက်ရှိနိုင်ကြောင်း သတိပေး လိုက်သည်။

လေအဝင်အထွက် ကောင်းစွာမရှိသော အခန်းများတွင် အထူးသဖြင့်အန္တရာယ်များကြောင်း သိပ္ပံပညာရှင်များက သတိပေးလိုက်ပြီး ၅ မိုက္ကရိုမီတာရှိသော အမှုန်ငယ်တစ်ခုသည် ၁၀ မီတာခန့်အထိ ရောက်ရှိနိုင်ကြောင်း ပြောကြားသည်။

ကမ္ဘာတစ်ဝန်းရှိ အစိုးရတို့သည် ရောဂါထိန်းချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရေးဟူသော အကြောင်း ၂ ရပ်အကြား မျှခြေကို ရနိုင်ရန် ရုန်းကန်နေရချိန်တွင် ယခုသတိပေးချက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

သိပ္ပံပညာရှင်ပေါင်း ၂၃၉ ဦး လက်မှတ်ရေးထိုးထားသည့် အဆိုပါသတိပေးချက်ကို Clinical Infectious Diseases ဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ လက်ရှိအကြံပြုလမ်းညွှန်ချက်မှာ လက်ကို အရက်ပျံအခြေပြု လက်သန့်ဆေး (သို့မဟုတ်) ရေ၊ဆပ်ပြာတို့ဖြင့် မကြာခဏဆေးကြောပေးရန်၊ အခြားသူများနှင့် ၁ မီတာအကွာတွင် နေထိုင်ရန်တို့ ဖြစ်သည်။ လူထူထပ်သည့် နေရာများသို့ သွားလာခြင်း ရှောင်ကြဉ်သင့်ကြောင်းနှင့် မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ထိတွေ့မှု မပြုလုပ်ရန် သတိပေးထားသည်။

သိပ္ပံပညာရှင်တို့က သတိပေးရာတွင်မူ “လူတွေဟာ လက်ရှိလမ်းညွှန်ချက်တွေကို အပြည့်အဝလိုက်နာခြင်းအားဖြင့် သူတို့ ဘေးကင်းလုံခြုံပြီလိုှ့ ယူဆနေကြတယ်။ တကယ်တော့ ကူးစက်မှုအန္တရာယ်လျှော့ချနိုင်ဖို့အတွက် နောက်ထပ်ဂရုစိုက်ရမှာတွေ ရှိပါသေးတယ်” ဟု ဆိုသည်။

ကမ္ဘာတစ်ဝန်းတွင် covid-19 ကူးစက်ခံရသူ ၁၂ သန်းခွဲနီးပါး ရှိနေပြီဖြစ်ပြီး လူပေါင်း ၅၆၀၀၀၀ နီးပါး သေဆုံးခဲ့ရပြီဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Scientists warn coronavirus can travel through the air for ‘tens of metres’ indoors (SCMP)

 

[Zawgyi]

ကို႐ိုနာဗိုင္းရပ္စ္သည္ ၁၀ မီတာအထိ ေရာက္ႏိုင္ေၾကာင္း သိပၸံပညာရွင္ ၂၃၉ ဦး လက္မွတ္ေရးထိုးကာ ထုတ္ျပန္

ကို႐ိုနာဗိုင္းရပ္စ္သည္ ၁၀ မီတာအထိ ေရာက္ႏိုင္ေၾကာင္း ႏိုင္ငံေပါင္း ၃၀ ေက်ာ္မွ သိပၸံပညာရွင္ ၂၃၉ ဦး လက္မွတ္ေရးထိုးကာ ထုတ္ျပန္မႈတစ္ရပ္ျပဳလုပ္ခဲ့သည္။

WHO က လက္ရွိသတ္မွတ္ထားသည့္ ေဘးကင္းလုံၿခဳံေရးလမ္းၫႊန္မႈျဖစ္ေသာ လူမႈအလွမ္းခြာမႈ (social distancing) ၁ မီတာဟူသည္မွာ မလုံေလာက္ေၾကာင္း၊ အေဆာက္အအုံတြင္းေနရာမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ ပါဝင္သည့္အမႈန္မ်ားသည္ ၁၀ မီတာအထိ ေရာက္ရွိႏိုင္ေၾကာင္း သိပၸံပညာရွင္တို႔က သတိေပးလိုက္ျခင္း ျဖစ္သည္။ လက္ရွိအားျဖင့္ အဓိကလမ္းၫႊန္ခ်က္မ်ားမွာ ေခ်ာင္းဆိုးျခင္းႏွင့္ အနီးကပ္ထိေတြ႕မႈမ်ားကိုသာ အာ႐ုံစိုက္ေနသည္။ သိပၸံပညာရွင္တို႔က သတိေပးလိုက္ရာတြင္မူ တိုက္႐ိုက္ထိေတြ႕မႈမဟုတ္ဘဲ ေလထဲတြင္ က်န္ရစ္ေနသည့္ အမႈန္ငယ္မ်ားသည္လည္း အႏၲရာယ္ႀကီးမားၿပီး အဆိုပါ အမႈန္မ်ားသည္ လက္ရွိစံႏႈန္းျဖစ္ေသာ ၁ မီတာမွ ၂ မီတာဆိုသည္ထက္ ပိုမိုကြာေဝးစြာေရာက္ရွိႏိုင္ေၾကာင္း သတိေပး လိုက္သည္။

ေလအဝင္အထြက္ ေကာင္းစြာမရွိေသာ အခန္းမ်ားတြင္ အထူးသျဖင့္အႏၲရာယ္မ်ားေၾကာင္း သိပၸံပညာရွင္မ်ားက သတိေပးလိုက္ၿပီး ၅ မိုကၠ႐ိုမီတာရွိေသာ အမႈန္ငယ္တစ္ခုသည္ ၁၀ မီတာခန႔္အထိ ေရာက္ရွိႏိုင္ေၾကာင္း ေျပာၾကားသည္။

ကမာၻတစ္ဝန္းရွိ အစိုးရတို႔သည္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ စီးပြားေရးလုပ္ငန္းမ်ား ျပန္လည္ဖြင့္လွစ္ေရးဟူေသာ အေၾကာင္း ၂ ရပ္အၾကား မွ်ေျခကို ရႏိုင္ရန္ ႐ုန္းကန္ေနရခ်ိန္တြင္ ယခုသတိေပးခ်က္ ေပၚေပါက္လာျခင္း ျဖစ္သည္။

သိပၸံပညာရွင္ေပါင္း ၂၃၉ ဦး လက္မွတ္ေရးထိုးထားသည့္ အဆိုပါသတိေပးခ်က္ကို Clinical Infectious Diseases ဂ်ာနယ္တြင္ ပုံႏွိပ္ေဖာ္ျပခဲ့သည္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး၏ လက္ရွိအႀကံျပဳလမ္းၫႊန္ခ်က္မွာ လက္ကို အရက္ပ်ံအေျချပဳ လက္သန႔္ေဆး (သို႔မဟုတ္) ေရ၊ဆပ္ျပာတို႔ျဖင့္ မၾကာခဏေဆးေၾကာေပးရန္၊ အျခားသူမ်ားႏွင့္ ၁ မီတာအကြာတြင္ ေနထိုင္ရန္တို႔ ျဖစ္သည္။ လူထူထပ္သည့္ ေနရာမ်ားသို႔ သြားလာျခင္း ေရွာင္ၾကဥ္သင့္ေၾကာင္းႏွင့္ မ်က္လုံး၊ ႏွာေခါင္းႏွင့္ ပါးစပ္တို႔ကို ထိေတြ႕မႈ မျပဳလုပ္ရန္ သတိေပးထားသည္။

သိပၸံပညာရွင္တို႔က သတိေပးရာတြင္မူ “လူေတြဟာ လက္ရွိလမ္းၫႊန္ခ်က္ေတြကို အျပည့္အဝလိုက္နာျခင္းအားျဖင့္ သူတို႔ ေဘးကင္းလုံၿခဳံၿပီလိုွ႔ ယူဆေနၾကတယ္။ တကယ္ေတာ့ ကူးစက္မႈအႏၲရာယ္ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ေနာက္ထပ္ဂ႐ုစိုက္ရမွာေတြ ရွိပါေသးတယ္” ဟု ဆိုသည္။

ကမာၻတစ္ဝန္းတြင္ covid-19 ကူးစက္ခံရသူ ၁၂ သန္းခြဲနီးပါး ရွိေနၿပီျဖစ္ၿပီး လူေပါင္း ၅၆၀၀၀၀ နီးပါး ေသဆုံးခဲ့ရၿပီျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Scientists warn coronavirus can travel through the air for ‘tens of metres’ indoors (SCMP)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service