အမြောက်အမြားလိုအပ်နေတဲ့အငှါးအိမ်ရာများအတွက်လိုအပ်နေတဲ့အဖြေ

အမြောက်အမြားလိုအပ်နေတဲ့အငှါးအိမ်ရာများအတွက်လိုအပ်နေတဲ့အဖြေ - Property News in Myanmar from iMyanmarHouse.com
10 Jul 2020 11:19 am တွင် တင်ခဲ့သည်
1355 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တန်ဖိုးနည်းအိမ်ရာများ ရောင်းချခြင်း ဝယ်ယူခြင်းများနှင့်သာ လူအများစိတ်ဝင်စားမှု ရှိနေချိန်တွင် အစိုးရက တန်ဖိုးနည်း အငှါးအိမ်ရာများကိုလည်း တစ်ပြိုင်နက်တည်းတွင် ဖော်ဆောင်လျှက်ရှိသည်။

ဝင်ငွေနည်းသူများ လက်လှမ်းမီသောအိမ်ရာ အရောင်းအိမ်ရာ (Affordable Homeownership)နဲ့ အငှါးအိမ်ရာ (Affordable RentalHousing) ဆိုပြီး နှစ်မျိုးနှစ်စား ခွဲခြားထားပြီး အဆိုပါ နှစ်မျိူးလုံးမှာ လက်ရှိတွင် အကောင်အထည်ဖော်လျှက်ရှိသည်။ ယခင်အစိုးရလက်ထက်က ရန်ကုန်တိုင်းဒေသကြီးမှာ မဟာဗန္ဓုလအိမ်ရာစီမံကိန်းဆိုသည့် တန်ဖိုးနည်းအငှါးအိမ်ရာစီမံကိန်းကို ဒဂုံ(တောင်)မြို့နယ်အတွင်းအမှတ် (၂) လမ်းမကြီးဘေးမှာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ စတုရန်းပေ ၆၀၀ ခန့်ကျယ်ဝန်းပြီး အိပ်ခန်းနှစ်ခန်းပါတဲ့ အိမ်ခန်းများကို တန်ဖိုးနည်းအငှါးအိမ်ရာအဖြစ် သတ်မှတ်ခဲ့ရုံမျှမက ငှါးရမ်းခကိုလည်း တစ်လ ၃၀,၀၀၀ ကျပ်မျှသာ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

မဲနှိုက်ပြီး တိုက်ဆောက်ပြီးစီးသည်အထိ တစ်နှစ်ကျော်မှသာ လူနေထိုင်ခွင့် နောက်ကျ ရရှိခဲ့ခြင်းဖြစ်သည်။

အကျယ်အဝန်း ၆၀၀ စတုရန်းပေခန့်ကို ငှါးရမ်းခ (ကျပ် ၃၀,၀၀၀) သတ်မှတ်ခဲ့တဲ့အပြင် အိမ်ပုံစံအိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖို ချောင်နဲ့ ရေချိုးခန်း၊ အိမ်သာအပြင် ဝရန်တာလေးပါတယ်ဆိုတဲ့အချက်ဖြစ်ပြီး အဲဒါကို အခြားဒေသများတွင် တည်ဆောက်သည့် အငှါးအိမ်ရာများနှင့် နှိုင်းယှဉ်သင့်ပါသည်။

မန္တလေးတိုင်းဒေသကြီးမှာ ဧရာဝတီမြစ်ကမ်းက ကျူးအိမ်ရာတွေနေထိုင်ကြတဲ့ ပြည်သူတွေအတွက် စတုရန်းပေ ၂၀၀ (၁၀ ပေ× ၂၀ ပေ)သာ ကျယ်ဝန်းပြီး ငှားရမ်း ကျပ်သုံးသောင်း (၃၀,၀၀၀ ကျပ်) နဲ့ပဲ တည်ဆောက်ငှါးရမ်းခဲ့ တာဖြစ်ပါတယ်။

စင်္ကြံပုံစံတိုက်များဖြစ်ပြီးခန်းမတစ်ခန်းနဲ့ ရေချိုးခန်းအိမ်သာတစ်ခန်းပါရှိသောကြောင့် မီးဖိုခန်းပင် ပါဝင်လာခြင်းမရှိပေ။ ရန်ကုန်တန်ဖိုးနည်းအငှါးအိမ်ခန်းရဲ့ ငှါးရမ်းခအတိုင်း ကျပ် ၃၀,၀၀၀ ပေးရတာချင်းအတူတူ ရန်ကုန်က သုံးဆလောက် ပိုမိုကျယ်ဝန်းကောင်းမွန်နေကြောင်းအငှါး အိမ်ရာများအတွက် တစ်သမတ်တည်း သတ်မှတ်ထားသော စံသတ်မှတ်ချက် တစ်ခုလိုအပ်နေပြီဖြစ်ကြောင်း ပညာရှင်များက ထောက်ပြလျှက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးက မုံရွာ၊ ရွှေဘိုနဲ့ စစ်ကိုင်းမြို့ကြီးသုံးမြို့မှာလည်း တန်ဖိုးနည်း အငှါးအိမ်ရာတွေ ဆောက်လုပ်လျှက်ရှိသည်။ မုံရွာနှင့် ရွှေဘိုမှာတော့ ၁၂ ခန်းတွဲ ငါးထပ်တိုက်တစ်လုံးကို အိမ်ခန်း ၆၀ ပါတဲ့ အမျိုးအစားနှစ်လုံးစီ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သည်။မကြာခင်တွင် တစ်မြို့ကို အိမ်ခန်းပေါင်း ၁၂၀ စီ ငှါးရမ်းတော့မည်ဖြစ်သည်။ အိမ်ခန်းအကျယ်က စတုရန်းပေ ၃၂၄ ပေရှိပြီး ငှါးရမ်းခကို ကျပ် ၂၀,၀၀၀ သာသတ်မှတ်ထားကြောင်းသိရသည်။

အခန်းများ၏အလယ်ကောင်တွင် လျှောက်လမ်းထားရှိသည့်ဟိုတယ်ပုံစံ အခန်းများဖြစ်သည်.။အိမ်ခန်းတိုင်းတွင်ပင်မအိမ်ခန်းတစ်ခန်း၊ ရေချိုးခန်း၊ အိမ်သာအပြင် မီးဖိုလည်းပါတယ်လို့ သိရှိရပါတယ်။ မန္တလေးထက် အိမ်ခန်းကျယ်ပြီး ငှါးရမ်းခလည်း သက်သာနေခြင်းဖြစ်သည်။ မီးဖိုချောင်ပါဝင်နေခြင်းကလည်း အားသာချက်တစ်ခု ပင်ဖြစ်သည်။

စစ်ကိုင်းမြို့က တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှာတော့ ၁၂ ခန်းတွဲ လေးထပ်တိုက်ပုံစံဆောက်လုပ်ပြီး တစ်လုံးကို ၄၈ ခန်းပါဝင်နေခြင်း ဖြစ်သည်။စတုရန်းပေ ၄၄၀ ကျယ်ဝန်းပြီး စုစုပေါင်း ၉၆ ခန်းကို တစ်ခန်းလျှင် တစ်လ ကျပ်သုံးသောင်း (၃၀,၀၀၀)နဲ့ ငှါးးရမ်းရန် ရည်ရွယ်ထားကြောင်းသိရသည်။

အထက်ပါ တန်ဖိုးနည်း အငှါးအိမ်ရာများမှာ အငှါးအိမ်ရာချင်းအတူတူတွင် ကွဲပြားချက်များစွာဖြစ်ပေါ်နေ ခြင်းဖြစ်သည်။

အကျယ်အဝန်းကို စတုရန်းပေ ၆၀၀၊ စတုရန်းပေ ၄၄၀၊ စတုရန်းပေ ၃၂၀၊ စတုရန်းပေ ၂၀၀ စသည်ဖြင့် အမျိုးမျိုး ကွဲပြားလျှက်ရှိသည်။

အထူးသဖြင့် ငှါးရမ်းခနှုန်းထားသတ်မှတ်ရာမှာလည်း အခြေခံရမယ့်အချက်တွေကို တစ်ပြေးညီသတ်မှတ်ပေးဖို့ လိုအပ်လျှက်ရှိသည်။

နိုင်ငံတကာတွင်လည်း တန်ဖိုးနည်းအငှါးအိမ်ရာ ဆောက်လုပ်မှုတိုင်းမှာ ကုန်ကျစရိတ်သက်သာအောင် အစိုးရက တစ်နည်းမဟုတ်တစ်နည်း ထောက်ပံ့ပေးမှုများလည်းရှိသည်။

မြေတန်ဖိုးကို ဆောက်လုပ်စရိတ်မှာ လုံးဝထည့်သွင်းမှုမရှိဘဲ ထောက်ပံ့မှုပေးခြင်းနဲ့ ငှါးရမ်းခကို လျှော့ချတဲ့နည်းနဲ့ ထောက်ပံ့မှုပေးခြင်းများလည်း ပြုလုပ်ပေးလျှက်ရှိသည်။ အိမ်ပုံစံတွေကိုကြည့်ရင်လည်း စင်္ကြံပုံစံ၊ ဟိုတယ်အခန်းပုံစံနဲ့ အိမ်ခန်းဖွဲ့ပုံစံ (Room Type)ဆိုပြီး အမျိုးမျိုး ကွဲပြားလျှက်ရှိသည် အခန်းတွဲနဲ့ အထပ်မြင့်တွေကလည်း ဒေသတစ်ခုတည်းမှာပဲ အကွဲကွဲအပြားပြားဖြစ်ပေါ်နေခြင်းလည်း ဖြစ်သည်။

ဒေသအလိုက်အထပ်မြင့်အထပ်နိမ့်ကွာဟချက်ရှိနိုင်သော်လည်း တန်ဖိုးနည်းအငှါးအိမ်ရာမည်သည့် အိမ်ခန်းအကျယ်ဝန်းအနည်းဆုံးဘယ်လောက်ရှိရမယ်၊ အများဆုံးဘယ်လောက်ရှိရမယ်ဆိုတဲ့ စံနှုန်းအရွယ်အစား (Standard Size) သတ်မှတ်ချက်တစ်ရပ်ကို ပြည်ထောင်စုအစိုးရက သတ်မှတ်ပေးသင့်ပြီဖြစ်ကြောင်းဖော်ပြရေးသားလိုက်ရပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အေျမာက္အျမားလိုအပ္ေနတဲ့အငွါးအိ္မ္ရာမ်ားအတြက္လိုအပ္ေနတဲ့အေျဖ

တန္ဖိုးနည္းအိမ္ရာမ်ား ေရာင္းခ်ျခင္း ဝယ္ယူျခင္းမ်ားနွင့္သာ လူအမ်ားစိတ္ဝင္စားမႈ ရွိေနခ်ိန္တြင္ အစိုးရက တန္ဖိုးနည္း အငွါးအိမ္ရာမ်ားကိုလည္း တစ္ျပိဳင္နက္တည္းတြင္ ေဖာ္ေဆာင္လ်ွက္ရွိသည္။

၀င္ေငြနည္းသူမ်ား လက္လွမ္းမီေသာအိမ္ရာ အေရာင္းအိမ္ရာ (Affordable Homeownership)နဲ႔ အငွါးအိမ္ရာ (Affordable RentalHousing) ဆုိၿပီး ႏွစ္မ်ိဳးႏွစ္စား ခြဲျခားထားျပီး အဆိုပါ နွစ္မ်ိဴးလံုးမွာ လက္ရွိတြင္ အေကာင္အထည္ေဖာ္လ်ွက္ရွိသည္။ ယခင္အစိုးရလက္ထက္က ရန္ကုန္တုိင္းေဒသႀကီးမွာ မဟာဗႏၶဳလအိမ္ရာစီမံကိန္းဆုိသည့္ တန္ဖိုးနည္းအငွါးအိမ္ရာစီမံကိန္းကို ဒဂံု(ေတာင္)ၿမိဳ႕နယ္အတြင္းအမွတ္ (၂) လမ္းမႀကီးေဘးမွာ ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။ စတုရန္းေပ ၆၀၀ ခန္႔က်ယ္ဝန္းၿပီး အိပ္ခန္းႏွစ္ခန္းပါတဲ့ အိမ္ခန္းမ်ားကို တန္ဖိုးနည္းအငွါးအိမ္ရာအျဖစ္ သတ္မွတ္ခဲ့႐ံုမွ်မက ငွါးရမ္းခကိုလည္း တစ္လ ၃၀,၀၀၀ က်ပ္မွ်သာ သတ္မွတ္ခဲ့ျခင္းျဖစ္သည္။

မဲႏိႈက္ၿပီး တိုက္ေဆာက္ျပီးစီးသည္အထိ တစ္နွစ္ေက်ာ္မွသာ လူေနထိုင္ခြင့္ ေနာက္က် ရရွိခဲ့ျခင္းျဖစ္သည္။

အက်ယ္အဝန္း ၆၀၀ စတုရန္းေပခန္႔ကို ငွါးရမ္းခ (က်ပ္ ၃၀,၀၀၀) သတ္မွတ္ခဲ့တဲ့အျပင္ အိမ္ပံုစံအိပ္ခန္း ႏွစ္ခန္း၊ ဧည့္ခန္းတစ္ခန္း၊ မီးဖို ေခ်ာင္နဲ႔ ေရခ်ိဳးခန္း၊ အိမ္သာအျပင္ ဝရန္တာေလးပါတယ္ဆုိတဲ့အခ်က္ျဖစ္ၿပီး အဲဒါကို အျခားေဒသမ်ားတြင္ တည္ေဆာက္သည့္ အငွါးအိမ္ရာမ်ားနွင့္ နွိုင္းယွဥ္သင့္ပါသည္။

မႏၲေလးတုိင္းေဒသႀကီးမွာ ဧရာဝတီျမစ္ကမ္းက က်ဴးအိမ္ရာေတြေနထိုင္ၾကတဲ့ ျပည္သူေတြအတြက္ စတုရန္းေပ ၂၀၀ (၁၀ ေပ× ၂၀ ေပ)သာ က်ယ္ဝန္းၿပီး ငွားရမ္း က်ပ္သံုးေသာင္း (၃၀,၀၀၀ က်ပ္) နဲ႔ပဲ တည္ေဆာက္ငွါးရမ္းခဲ့ တာျဖစ္ပါတယ္။

စႀကႍပံုစံတုိက္မ်ားျဖစ္ၿပီးခန္းမတစ္ခန္းနဲ႔ ေရခ်ိဳးခန္းအိမ္သာတစ္ခန္းပါရွိေသာေၾကာင့္ မီးဖိုခန္းပင္ ပါဝင္လာျခင္းမရွိေပ။ ရန္ကုန္တန္ဖိုးနည္းအငွါးအိမ္ခန္းရဲ႕ ငွါးရမ္းခအတိုင္း က်ပ္ ၃၀,၀၀၀ ေပးရတာခ်င္းအတူတူ ရန္ကုန္က သံုးဆေလာက္ ပိုမိုက်ယ္ဝန္းေကာင္းမြန္ေနေၾကာင္းအငွါး အိမ္ရာမ်ားအတြက္ တစ္သမတ္တည္း သတ္မွတ္ထားေသာ စံသတ္မွတ္ခ်က္ တစ္ခုလိုအပ္ေနျပီျဖစ္ေၾကာင္း ပညာရွင္မ်ားက ေထာက္ျပလ်ွက္ရွိသည္။ စစ္ကိုင္းတုိင္းေဒသႀကီးက မံုရြာ၊ ေရႊဘိုနဲ႔ စစ္ကိုင္းၿမိဳ႕ႀကီးသံုးၿမိဳ႕မွာလည္း တန္ဖိုးနည္း အငွါးအိမ္ရာေတြ ေဆာက္လုပ္လ်ွက္ရွိသည္။ မံုရြာနွင္႔ ေရႊဘိုမွာေတာ့ ၁၂ ခန္းတြဲ ငါးထပ္တိုက္တစ္လံုးကို အိမ္ခန္း ၆၀ ပါတဲ့ အမ်ိဳးအစားႏွစ္လံုးစီ ေဆာက္လုပ္ၿပီးစီးသြားျပီျဖစ္သည္။မၾကာခင္တြင္ တစ္ၿမိဳ႕ကို အိမ္ခန္းေပါင္း ၁၂၀ စီ ငွါးရမ္းေတာ့မည္ျဖစ္သည္။ အိမ္ခန္းအက်ယ္က စတုရန္းေပ ၃၂၄ ေပရွိၿပီး ငွါးရမ္းခကို က်ပ္ ၂၀,၀၀၀ သာသတ္မွတ္ထားေၾကာင္းသိရသည္။

အခန္းမ်ား၏အလယ္ေကာင္တြင္ ေလွ်ာက္လမ္းထားရွိသည့္ဟိုတယ္ပံုစံ အခန္းမ်ားျဖစ္သည္.။အိမ္ခန္းတုိင္းတြင္ပင္မအိမ္ခန္းတစ္ခန္း၊ ေရခ်ိဳးခန္း၊ အိမ္သာအျပင္ မီးဖိုလည္းပါတယ္လို႔ သိရွိရပါတယ္။ မႏၲေလးထက္ အိမ္ခန္းက်ယ္ၿပီး ငွါးရမ္းခလည္း သက္သာေနျခင္းျဖစ္သည္။ မီးဖိုေခ်ာင္ပါဝင္ေနျခင္းကလည္း အားသာခ်က္တစ္ခု ပင္ျဖစ္သည္။

စစ္ကိုင္းၿမိဳ႕က တန္ဖိုးနည္းအိမ္ရာစီမံကိန္းမွာေတာ့ ၁၂ ခန္းတြဲ ေလးထပ္တိုက္ပံုစံေဆာက္လုပ္ၿပီး တစ္လံုးကို ၄၈ ခန္းပါဝင္ေနျခင္း ျဖစ္သည္။စတုရန္းေပ ၄၄၀ က်ယ္ဝန္းၿပီး စုစုေပါင္း ၉၆ ခန္းကို တစ္ခန္းလွ်င္ တစ္လ က်ပ္သံုးေသာင္း (၃၀,၀၀၀)နဲ႔ ငွါးးရမ္းရန္ ရည္ရြယ္ထားေၾကာင္းသိရသည္။

အထက္ပါ တန္ဖိုးနည္း အငွါးအိမ္ရာမ်ားမွာ အငွါးအိမ္ရာခ်င္းအတူတူတြင္ ကြဲျပားခ်က္မ်ားစြာျဖစ္ေပၚေန ျခင္းျဖစ္သည္။

အက်ယ္အဝန္းကို စတုရန္းေပ ၆၀၀၊ စတုရန္းေပ ၄၄၀၊ စတုရန္းေပ ၃၂၀၊ စတုရန္းေပ ၂၀၀ စသည္ျဖင့္ အမ်ိဳးမ်ိဳး ကြဲျပားလ်ွက္ရွိသည္။

အထူးသျဖင့္ ငွါးရမ္းခႏႈန္းထားသတ္မွတ္ရာမွာလည္း အေျခခံရမယ့္အခ်က္ေတြကို တစ္ေျပးညီသတ္မွတ္ေပးဖို႔ လုိအပ္လ်ွက္ရွိသည္။

ႏုိင္ငံတကာတြင္လည္း တန္ဖိုးနည္းအငွါးအိမ္ရာ ေဆာက္လုပ္မႈတုိင္းမွာ ကုန္က်စရိတ္သက္သာေအာင္ အစိုးရက တစ္နည္းမဟုတ္တစ္နည္း ေထာက္ပံ့ေပးမွဳမ်ားလည္းရွိသည္။

ေျမတန္ဖိုးကို ေဆာက္လုပ္စရိတ္မွာ လံုးဝထည့္သြင္းမႈမရွိဘဲ ေထာက္ပံ့မႈေပးျခင္းနဲ႔ ငွါးရမ္းခကို ေလွ်ာ့ခ်တဲ့နည္းနဲ႔ ေထာက္ပံ့မႈေပးျခင္းမ်ားလည္း ျပဳလုပ္ေပးလ်ွက္ရွိသည္။ အိမ္ပံုစံေတြကိုၾကည့္ရင္လည္း စႀကႍပံုစံ၊ ဟိုတယ္အခန္းပံုစံနဲ႔ အိမ္ခန္းဖြဲ႕ပံုစံ (Room Type)ဆုိၿပီး အမ်ိဳးမ်ိဳး ကြဲျပားလ်ွက္ရွိသည္ အခန္းတြဲနဲ႔ အထပ္ျမင့္ေတြကလည္း ေဒသတစ္ခုတည္းမွာပဲ အကြဲကြဲအျပားျပားျဖစ္ေပၚေနျခင္းလည္း ျဖစ္သည္။

ေဒသအလိုက္အထပ္ျမင့္အထပ္နိမ့္ကြာဟခ်က္ရွိႏုိင္ေသာ္လည္း တန္ဖိုးနည္းအငွါးအိမ္ရာမည္သည့္ အိမ္ခန္းအက်ယ္ဝန္းအနည္းဆံုးဘယ္ေလာက္ရွိရမယ္၊ အမ်ားဆံုးဘယ္ေလာက္ရွိရမယ္ဆုိတဲ့ စံႏႈန္းအရြယ္အစား (Standard Size) သတ္မွတ္ခ်က္တစ္ရပ္ကို ျပည္ေထာင္စုအစိုးရက သတ္မွတ္ေပးသင့္ျပီျဖစ္ေၾကာင္းေဖာ္ျပေရးသားလိုက္ရပါသည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa...
The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa...
အမေရိကန်ပြည်တွင် အဘိုးအိုတစ်ဦးက သူ၏နေအိမ်ကို နှစ်ရှည်ပြန်ငှားပေးမည်ဟု ကတိပြုသည့် ကုမ္ပဏီ တစ်ခုထံ ရောင်းချလိုက်ပြီးနောက် ထိုကုမ္ပဏီက အိမ်လခ ဆက်တိုက်တိုးမြှင့်‌တောင်းခံကာ အိမ်လခ မပေးနိုင်ချိန်တွင် နှင်ထုတ်လိုက်သောကြောင့် အဘိုးအိုမှာ အ...

အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...
အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...
အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...
အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား...
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား...
ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ (သို့မဟုတ်) အမေရိကန်မှာ ဘယ်မြို့က အညစ်ပတ်ဆုံးလဲ
ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ (သို့မဟုတ်) အမေရိကန်မှာ ဘယ်မြို့က အညစ်ပတ်ဆုံးလဲ
နာမည်ကြီးမော်ဒယ် ကေတီပရိုက်စ် အခွန် ပေါင် ၇၆၀,၀၀၀ ကျော် မပေးဆောင်နိုင်ကာ ဒုတိယအကြိမ် ဒေဝါလီ ခံခဲ့ရ၊ ပေါင် ၂ သန်းတန်အိမ်မှ ဆင်းပေးရန် တရားရုံးအမိန့် ထုတ်ခံရပြီးနောက် ဆပ်ဆက်ခရိုင်ရှိ အိပ်ခန်း ၄ ခန်းပါအိမ်သို့ ပြောင်းရွှေ့...

အမေရိကန်ပြည်၊ မိုင်အမ်မီတွင် ပြစ်မှုဖြင့် ထောင်ဒဏ်ကျခံရဖူးသည့်နောက်ကြောင်းကို ဖုံးကွယ်ထားကာ Penthouse ခန်း ငှားရမ်းနေထိုင်သောအမျိုးသား အရေးယူခံရ...
အမေရိကန်ပြည်၊ မိုင်အမ်မီတွင် ပြစ်မှုဖြင့် ထောင်ဒဏ်ကျခံရဖူးသည့်နောက်ကြောင်းကို ဖုံးကွယ်ထားကာ Penthouse ခန်း ငှားရမ်းနေထိုင်သောအမျိုးသား အရေးယူခံရ...
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် အိမ်ခြံမြေအခွန်များ အလွန်မြင့်တက်မှုကြောင့် အသက် ၆၈ နှစ် အရွယ်အထိ အိမ်ခွန်ဆောင်ရန် သက်သက်အတွက် အလုပ်လုပ်နေရသော အမျိုးသားကြီး...
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် အိမ်ခြံမြေအခွန်များ အလွန်မြင့်တက်မှုကြောင့် အသက် ၆၈ နှစ် အရွယ်အထိ အိမ်ခွန်ဆောင်ရန် သက်သက်အတွက် အလုပ်လုပ်နေရသော အမျိုးသားကြီး...
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofino တစ်ခုလုံးကို ငှားရမ်းလိုက်ပြီး ပလာဇာကြီးတစ်ခုလုံးကို ပိတ်လိုက်ကာ အခမ်းအနားကျင်းပ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေ
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေ
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ruby
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service