ကိုရိုနာဗိုင်းရပ်စ်က အိမ်ငှားဈေးကွက်အပေါ် သက်ရောက်ပုံ (၄) မျိုး

ကိုရိုနာဗိုင်းရပ်စ်က အိမ်ငှားဈေးကွက်အပေါ် သက်ရောက်ပုံ (၄) မျိုး - Property News in Myanmar from iMyanmarHouse.com
15 Jun 2020 12:55 pm တွင် တင်ခဲ့သည်
1182 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သြစတေးလျနိုင်ငံ၏ အိမ်ငှားဈေးကွက်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မျက်နှာစာများစွာတွင် ထိခိုက်မှုများ ရင်ဆိုင်လာရသည်။

ကျန်းမာရေးအကျပ်အတည်းကြီးကြောင့် စီးပွားရေးထိခိုက်မှုများကို အားလပ်ရက်ခေတ္တအငှားနေရာများတွင် တွေ့မြင်လာရသည်။

ခေတ္တငှားရမ်းသော နေရာများသည် ပုံမှန်အိမ်ခြံမြေဈေးကွက်သို့ ဝင်ရောက်စုပြုံလာမှုများ ဖြစ်ပေါ်လာသည်။

လူသူကင်းမဲ့နေသော ကျောင်းသားအဆောင်ခန်းများကို ပြန်လည်ပြုပြင်မှုများ ပြုလုပ်ကာ အခြားနယ်ပယ်သို့ ဝင်ရောက်ရန် ပြင်ဆင်လာကြပြီး တချိန်က အငှားခန်းများကို ရင်းနှီးမြှုပ်နှံသူတို့က ရောင်းထုတ်လာကြသည်။

အလုပ်လက်မဲ့များ မြင့်တက်လာမှုနှင့်အတူ လူမနေသော အခန်းလွတ်များ များပြားလာပြီး အိမ်ခန်းငှားရမ်းမှုများ ကျဆင်းသွားသည်။

ယခင်က မရှိခဲ့ဖူးသော အခြေအနေတို့မှာ အိမ်ရှင်များနှင့် အိမ်ငှားတို့အပေါ် နည်းလမ်းအမျိုးမျိုးဖြင့် ထိခိုက်မှုများ ဖြစ်လာစေသည်။

၁။ အငှားဈေးကွက်တွင် ဈေးကွက်တင်မှုများ များပြားလာခြင်း

University of Queensland Business School မှ အိမ်ခြံမြေနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်ခေါင်းဆောင် ဒေါက်တာ John Sturgeon က ပြောကြားရာတွင် စီးပွားရေးတွင် အပြောင်းအလဲများရှိလာခြင်းကြောင့် အားလပ်ရက်ခေတ္တငှားရမ်းသောနေရာများနှင့် ကျောင်းသားအဆောင်များကဲ့သို့ အငှားအိမ်ခြံမြေများသည် သမားရိုးကျအငှားဈေးကွက်သို့ ပိုမိုဝင်ရောက်လာနေသည်ဟု ဆိုသည်။ သြစတေးလျတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ အငှားဈေးကွက်တင်မှုမှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

အငှားဈေးကွက်တွင် ငှားရမ်းမည့်အိမ်ခြံမြေများပြားလာခြင်းကြောင့် ငှားရမ်းခခေါ်ဈေးများ ၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားသည်။

၂။ ပိုင်ရှင်များအနေဖြင့် ရောင်းချရန် စီစဉ်လာဖွယ်ရှိ

ဒေါက်တာ Srurgeon က ပြောကြားရာတွင် နောက်တဆင့်အနေဖြင့် အငှားအိမ်ခြံမြေများသည် အရောင်းဈေးကွက်သို့ အလုံးအရင်း တိုးဝင်လာသည်ကို တွေ့မြင်ရဖွယ်ရှိကြောင်း ပြောကြားသည်။

ရောင်းချရန် စဉ်းစားနေသူများအနေဖြင့် covid-19 ကြောင့် ပေါ်ပေါက်လာသည့် မရေရာမှုများကြောင့် ရောင်းချရန်ဆုံးဖြတ်ချက်ကို ဆက်လက် အကောင်အထည်ဖော်ဖွယ်ရှိနေကြောင်း ၎င်းက ပြောကြားသည်။

လူ့သဘာဝမှာ စွန့်စားရမှုကို မနှစ်သက်သောကြောင့် အိမ်ခြံမြေပိုင်ရှင်တို့သည် ပိုမိုဘေးကင်းလုံခြုံပြီး စွန့်စားမှုနည်းပါးသည့် လမ်းကြောင်းကို ရွေးချယ်ကြလိမ့်မည်ဖြစ်ကြောင်း ဒေါက်တာ Sturgeon က ပြောကြားသည်။

ကပ်ဘေးကြီး ပြီးဆုံးသွားချိန်တွင် အိမ်ခြံမြေပိုင်ရှင်များအကြား အမြတ်ထွက်သူနှင့် အရှုံးပေါ်သူများ ပေါ်ပေါက်လာလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အချို့သူတို့သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြီးကြောင့် ဘဏ္ဍာရေးသားကောင်များ ဖြစ်သွားကြချိန်တွင် အချို့သူတို့ကမူ အန္တရာယ်ရှိသည့် ပိုင်ဆိုင်မှုများကို ကျစ်လစ်အောင်စုစည်းကာ ပိုမိုချမ်းသာကြွယ်ဝလာကြမည်ဖြစ်ကြောင်း ဒေါက်တာ Sturgeon က ဆိုသည်။

၃။ အိမ်ငှားများအတွက်မူ အကောင်းနှင့်အဆိုး ဒွန်တွဲနေသည်

အိမ်ငှားများအနက် များစွာသောသူတို့မှာ အလုပ်အကိုင်များ ဆုံးရှုံးခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်မှုများ ကြီးမားစွာ ရင်ဆိုင်ကြရသည်။

များစွာသော အိမ်ငှားတို့မှာ အိမ်လခမပေးနိုင်ချိန်တွင် ရွှေ့ပြောင်းရန် အခြေအနေနှင့် ရင်ဆိုင်ကြရမည်ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း အိမ်ခန်းလွတ်များ များပြားလာသောကြောင့် ဈေးကွက်တွင် ငှားရမ်းရရှိနိုင်သည့် အိမ်ခန်းများ များပြားလာမည့်နည်းတူ အိမ်ငှားခဈေးများလည်း ကျဆင်းသွားမည် ဖြစ်ကြောင်း ဒေါက်တာ Sturgeon ကဆိုသည်။ အိမ်ပိုင်ရှင်တို့သည် နေအိမ်များရောင်းထုတ်လာကြလျက်ရှိချိန်တွင် အချို့သောအိမ်ငှားများအတွက် မရေရာမှုများနှင့် ရင်ဆိုင်ကြရမည် ဖြစ်သည်။

၄။ မတူညီသော ဒေသအမျိုးမျိုးတွင် မတူညီသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်မည်

PRD မှ စီးပွားရေးပညာရှင်အကြီးအကဲ ဒေါက်တာ Diaswati Mardiasmo က ပြောကြားရာတွင် ဒေသအမျိုးမျိုးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အကျိုးသက်ရောက်ပုံမှာ ဈေးကွက်တို့သည် အချို့သောအချက်များအပေါ် မည်သို့မှီတည်နေသနည်းဟူသည့် အချက်ပေါ် အခြေခံကာ အမျိုးမျိုးကွဲပြားနိုင်ကြောင်း ပြောကြားသည်။ လက်ရှိအချိန်မှာ ခရီးသွားလုပ်ငန်းနဲ့ ပညာရေးကဏ္ဍတွေအပေါ် ကြီးမားစွာမှီခိုနေရတဲ့ဒေသတွေမှာ ငှားရမ့်းမယ့် အိမ်ခြံမြေ ပိုလျှံများပြားလာနေပါတယ်။ ဒါကြောင့် အငှားဈေးကွက်ဟာ အခြားကဏ္ဍတွေထက် ပိုပြီးထိခိုက်ခံခဲ့ရတယ်လို့ သုံးသပ်ရပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 4 ways coronavirus is affecting the rental market ( realestate.com.au )

 

[Zawgyi]

ကို႐ိုနာဗိုင္းရပ္စ္က အိမ္ငွားေဈးကြက္အေပၚ သက္ေရာက္ပုံ (၄) မ်ိဳး

ၾသစေတးလ်ႏိုင္ငံ၏ အိမ္ငွားေဈးကြက္သည္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ မ်က္ႏွာစာမ်ားစြာတြင္ ထိခိုက္မႈမ်ား ရင္ဆိုင္လာရသည္။

က်န္းမာေရးအက်ပ္အတည္းႀကီးေၾကာင့္ စီးပြားေရးထိခိုက္မႈမ်ားကို အားလပ္ရက္ေခတၱအငွားေနရာမ်ားတြင္ ေတြ႕ျမင္လာရသည္။

ေခတၱငွားရမ္းေသာ ေနရာမ်ားသည္ ပုံမွန္အိမ္ၿခံေျမေဈးကြက္သို႔ ဝင္ေရာက္စုၿပဳံလာမႈမ်ား ျဖစ္ေပၚလာသည္။

လူသူကင္းမဲ့ေနေသာ ေက်ာင္းသားအေဆာင္ခန္းမ်ားကို ျပန္လည္ျပဳျပင္မႈမ်ား ျပဳလုပ္ကာ အျခားနယ္ပယ္သို႔ ဝင္ေရာက္ရန္ ျပင္ဆင္လာၾကၿပီး တခ်ိန္က အငွားခန္းမ်ားကို ရင္းႏွီးျမႇဳပ္ႏွံသူတို႔က ေရာင္းထုတ္လာၾကသည္။

အလုပ္လက္မဲ့မ်ား ျမင့္တက္လာမႈႏွင့္အတူ လူမေနေသာ အခန္းလြတ္မ်ား မ်ားျပားလာၿပီး အိမ္ခန္းငွားရမ္းမႈမ်ား က်ဆင္းသြားသည္။

ယခင္က မရွိခဲ့ဖူးေသာ အေျခအေနတို႔မွာ အိမ္ရွင္မ်ားႏွင့္ အိမ္ငွားတို႔အေပၚ နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ ထိခိုက္မႈမ်ား ျဖစ္လာေစသည္။

၁။ အငွားေဈးကြက္တြင္ ေဈးကြက္တင္မႈမ်ား မ်ားျပားလာျခင္း

University of Queensland Business School မွ အိမ္ၿခံေျမႏွင့္ ဖြံ႕ၿဖိဳးေရးဆိုင္ရာ ဘာသာရပ္ေခါင္းေဆာင္ ေဒါက္တာ John Sturgeon က ေျပာၾကားရာတြင္ စီးပြားေရးတြင္ အေျပာင္းအလဲမ်ားရွိလာျခင္းေၾကာင့္ အားလပ္ရက္ေခတၱငွားရမ္းေသာေနရာမ်ားႏွင့္ ေက်ာင္းသားအေဆာင္မ်ားကဲ့သို႔ အငွားအိမ္ၿခံေျမမ်ားသည္ သမား႐ိုးက်အငွားေဈးကြက္သို႔ ပိုမိုဝင္ေရာက္လာေနသည္ဟု ဆိုသည္။ ၾသစေတးလ်တြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာအရ အငွားေဈးကြက္တင္မႈမွာ ယခင္ႏွစ္အလားတူကာလႏွင့္ ႏႈိင္းယွဥ္လွ်င္ ၈ ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့သည္။

အငွားေဈးကြက္တြင္ ငွားရမ္းမည့္အိမ္ၿခံေျမမ်ားျပားလာျခင္းေၾကာင့္ ငွားရမ္းခေခၚေဈးမ်ား ၂ ဒသမ ၄ ရာခိုင္ႏႈန္း က်ဆင္းသြားသည္။

၂။ ပိုင္ရွင္မ်ားအေနျဖင့္ ေရာင္းခ်ရန္ စီစဥ္လာဖြယ္ရွိ

ေဒါက္တာ Srurgeon က ေျပာၾကားရာတြင္ ေနာက္တဆင့္အေနျဖင့္ အငွားအိမ္ၿခံေျမမ်ားသည္ အေရာင္းေဈးကြက္သို႔ အလုံးအရင္း တိုးဝင္လာသည္ကို ေတြ႕ျမင္ရဖြယ္ရွိေၾကာင္း ေျပာၾကားသည္။

ေရာင္းခ်ရန္ စဥ္းစားေနသူမ်ားအေနျဖင့္ covid-19 ေၾကာင့္ ေပၚေပါက္လာသည့္ မေရရာမႈမ်ားေၾကာင့္ ေရာင္းခ်ရန္ဆုံးျဖတ္ခ်က္ကို ဆက္လက္ အေကာင္အထည္ေဖာ္ဖြယ္ရွိေနေၾကာင္း ၎က ေျပာၾကားသည္။

လူ႔သဘာဝမွာ စြန႔္စားရမႈကို မႏွစ္သက္ေသာေၾကာင့္ အိမ္ၿခံေျမပိုင္ရွင္တို႔သည္ ပိုမိုေဘးကင္းလုံၿခဳံၿပီး စြန႔္စားမႈနည္းပါးသည့္ လမ္းေၾကာင္းကို ေ႐ြးခ်ယ္ၾကလိမ့္မည္ျဖစ္ေၾကာင္း ေဒါက္တာ Sturgeon က ေျပာၾကားသည္။

ကပ္ေဘးႀကီး ၿပီးဆုံးသြားခ်ိန္တြင္ အိမ္ၿခံေျမပိုင္ရွင္မ်ားအၾကား အျမတ္ထြက္သူႏွင့္ အရႈံးေပၚသူမ်ား ေပၚေပါက္လာလိမ့္မည္ျဖစ္ေၾကာင္း ၎က ေျပာၾကားသည္။

အခ်ိဳ႕သူတို႔သည္ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေဘးႀကီးေၾကာင့္ ဘ႑ာေရးသားေကာင္မ်ား ျဖစ္သြားၾကခ်ိန္တြင္ အခ်ိဳ႕သူတို႔ကမူ အႏၲရာယ္ရွိသည့္ ပိုင္ဆိုင္မႈမ်ားကို က်စ္လစ္ေအာင္စုစည္းကာ ပိုမိုခ်မ္းသာႂကြယ္ဝလာၾကမည္ျဖစ္ေၾကာင္း ေဒါက္တာ Sturgeon က ဆိုသည္။

၃။ အိမ္ငွားမ်ားအတြက္မူ အေကာင္းႏွင့္အဆိုး ဒြန္တြဲေနသည္

အိမ္ငွားမ်ားအနက္ မ်ားစြာေသာသူတို႔မွာ အလုပ္အကိုင္မ်ား ဆုံးရႈံးခဲ့ၾကၿပီး ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္မႈမ်ား ႀကီးမားစြာ ရင္ဆိုင္ၾကရသည္။

မ်ားစြာေသာ အိမ္ငွားတို႔မွာ အိမ္လခမေပးႏိုင္ခ်ိန္တြင္ ေ႐ႊ႕ေျပာင္းရန္ အေျခအေနႏွင့္ ရင္ဆိုင္ၾကရမည္ျဖစ္သည္။ အျခားတစ္ဖက္တြင္လည္း အိမ္ခန္းလြတ္မ်ား မ်ားျပားလာေသာေၾကာင့္ ေဈးကြက္တြင္ ငွားရမ္းရရွိႏိုင္သည့္ အိမ္ခန္းမ်ား မ်ားျပားလာမည့္နည္းတူ အိမ္ငွားခေဈးမ်ားလည္း က်ဆင္းသြားမည္ ျဖစ္ေၾကာင္း ေဒါက္တာ Sturgeon ကဆိုသည္။ အိမ္ပိုင္ရွင္တို႔သည္ ေနအိမ္မ်ားေရာင္းထုတ္လာၾကလ်က္ရွိခ်ိန္တြင္ အခ်ိဳ႕ေသာအိမ္ငွားမ်ားအတြက္ မေရရာမႈမ်ားႏွင့္ ရင္ဆိုင္ၾကရမည္ ျဖစ္သည္။

၄။ မတူညီေသာ ေဒသအမ်ိဳးမ်ိဳးတြင္ မတူညီေသာ အက်ိဳးသက္ေရာက္မႈမ်ား ျဖစ္ေပၚမည္

PRD မွ စီးပြားေရးပညာရွင္အႀကီးအကဲ ေဒါက္တာ Diaswati Mardiasmo က ေျပာၾကားရာတြင္ ေဒသအမ်ိဳးမ်ိဳးတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အက်ိဳးသက္ေရာက္ပုံမွာ ေဈးကြက္တို႔သည္ အခ်ိဳ႕ေသာအခ်က္မ်ားအေပၚ မည္သို႔မွီတည္ေနသနည္းဟူသည့္ အခ်က္ေပၚ အေျခခံကာ အမ်ိဳးမ်ိဳးကြဲျပားႏိုင္ေၾကာင္း ေျပာၾကားသည္။

လက္ရွိအခ်ိန္မွာ ခရီးသြားလုပ္ငန္းနဲ႔ ပညာေရးက႑ေတြအေပၚ ႀကီးမားစြာမွီခိုေနရတဲ့ေဒသေတြမွာ ငွားရမ့္းမယ့္ အိမ္ၿခံေျမ ပိုလွ်ံမ်ားျပားလာေနပါတယ္။ ဒါေၾကာင့္ အငွားေဈးကြက္ဟာ အျခားက႑ေတြထက္ ပိုၿပီးထိခိုက္ခံခဲ့ရတယ္လို႔ သုံးသပ္ရပါတယ္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 4 ways coronavirus is affecting the rental market ( realestate.com.au )

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service