မဂ္ဂါဝပ် တစ်ထောင်ကျော်ထုတ်လုပ်မည့် ဆိုလာစက်ရုံစီမံကိန်းများတင်ဒါပိတ်ရက် တစ်လတိုးမြှင့်ပေး

မဂ္ဂါဝပ် တစ်ထောင်ကျော်ထုတ်လုပ်မည့် ဆိုလာစက်ရုံစီမံကိန်းများတင်ဒါပိတ်ရက် တစ်လတိုးမြှင့်ပေး - Property News in Myanmar from iMyanmarHouse.com
12 Jun 2020 12:41 pm တွင် တင်ခဲ့သည်
895 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြန်မာနိုင်ငံ၏ ပထမဦးဆုံးဆိုလာ (နေရောင်ခြည်) စွမ်းအင်သုံးဓာတ်အားပေး စက်ရုံစီမံကိန်းများ တင်ဒါပိတ်ရက်ကို အချိန်တစ်လထပ်မံတိုးမြှင့်လိုက်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်သည်။

မဂ္ဂါဝပ် ၁၀၀၀ ထုတ်လုပ်မည့် နေရောင်ခြည်သုံး စက်ရုံ ၃၀ကျော်ကို တည်ဆောက်၊လည်ပတ်၊ ပိုင်ဆိုင် (BOO) စနစ်ဖြင့် တည်ဆောက်ရန် ဝန်ကြီးဌာနက မေလတွင် တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနက တင်ဒါပိတ်ရက်ကို ဇွန် ၁၈ ရက်တွင် သတ်မှတ်ခဲ့ပြီး ယခုအခါ ဇူလိုင် ၁၇ ရက်အထိ အချိန်တစ်လတိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။

အစိုးရက ၂၀၂၀ နွေရာသီ မီးမပြတ်စေရေးအတွက် ဓာတ်အားမဂ္ဂါဝပ် ၁,၀၀၀ ကျော် ထုတ်လုပ်မည့် ဓာတ်ငွေ့သုံးစီမံကိန်းငါးခုကို ၂၀၁၉ ဇွန်လတွင် အရေးပေါ်ဖိတ်ခေါ်ခဲ့သည်။ ယခုစီမံကိန်းသည် ဝန်ကြီးဌာနက ဒုတိယအကြိမ်မဂ္ဂါဝပ်၁၀၀၀ကျော် ထပ်မံ တင်ဒါခေါ်ယူခြင်းဖြစ်သည်။

ထိုပြင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းဖြစ်၍ ဓာတ်ငွေ့သုံးစီမံကိန်းများထက် နိုင်ငံခြားကုမ္ပဏီများ ပိုမိုစိတ်ဝင်စားကြသည်။

နိုင်ငံတကာစွမ်းအင် ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားရာတွင် အိန္ဒိယ၊ ကိုရီးယား၊ အမေရိကန် နှင့် ဥရောပကုမ္ပဏီများ ပါဝင်သည်။

အချိန်တစ်လအတွင်း စီမံကိန်းများလေ့လာရန်နှင့် တိုင်းတာရန် မလုံလောက်ကြောင်း ဝေဖန်ပြီးခဲ့ကြသည်။ စီမံကိန်းများ၏ နောက်ဆုံးတင်ဒါ ကန့်သတ်ရက်နှင့်ပတ်သက်ပြီး အမေရိကန်၊ ဗြိတိန်နှင့်ဥရောပနိုင်ငံများမှ ကုန်သည်ကြီးများ အသင်းတို့က တင်ဒါပိတ်ရက်တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုနောက် ဝန်ကြီးဌာနက ယခုလို ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယခုစီမံကိန်းတွင် အစိုးရကလျှပ်စစ်ဓာတ်အား အနှစ် ၂၀ ဝယ်ယူမည်ဖြစ်ပြီး တည်ဆောက်၊လည်ပတ်၊ ပိုင်ဆိုင် (BOO) စနစ် ဖြင့် ဆောက်လုပ်ရမည်ဟုဆိုထားသည်။

မဂ္ဂါဝပ် ၃၀ မှ ၅၀ ထုတ်လုပ်မည့် ဓာတ်အားပေးစက်ရုံများ ဖြစ်ပြီး မဂ္ဂါဝပ် ၁,၀၀၀ ကျော် ထုတ်လုပ်ရန်ဖြစ်သည်။ ထိုစီမံကိန်းများသည် မဟာဓာတ်အားလိုင်းဖြင့် ချိတ်ဆက်ရန်ဖြစ်ပြီး ပြည်တွင်း၌ ဆောင်ရွက်နေသည့်အသေးစား စီမံကိန်းအဆင့် မဟုတ်ပေ။

စီမံကိန်းများကို နေပြည်တော်၊ မကွေး၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ ရန်ကုန်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် တည်ဆောက်ရမည်ဖြစ်သည်။ထိုစီမံကိန်းများသည် ဓာတ်အားခွဲရုံများ ရှိသည့် နေရာများတွင် တည်ဆောက်မည်ဖြစ်ပြီး ထိုမှသာ ဓာတ်အားသွယ်တန်းရန် အဆင်ပြေမည်ဟု ဆိုသည်။

ဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် ၃၃ ကေဗီ ဓာတ်အားခွဲရုံသည် မဂ္ဂါဝပ် ၃၀ စက်ရုံများဖြင့် ချိတ်ဆက်ရန်နှင့် ၆၆ ကေဗီသည် မဂ္ဂါဝပ် ၄၀ နှင့် ၅၀ စက်ရုံများဖြင့် ချိတ်ဆက်ရန်ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

မဂၢါဝပ္ တစ္​ေထာင္​ေက်ာ္ထုတ္လုပ္မည့္ ဆိုလာစက္႐ုံစီမံကိန္းမ်ားတင္ဒါပိတ္ရက္ တစ္လတိုးျမႇင့္​ေပး

ျမန္မာႏိုင္ငံ၏ ပထမဦးဆုံးဆိုလာ (ေနေရာင္ျခည္) စြမ္းအင္သုံးဓာတ္အားေပး စက္႐ုံစီမံကိန္းမ်ား တင္ဒါပိတ္ရက္ကို အခ်ိန္တစ္လထပ္မံတိုးျမႇင့္လိုက္ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနကထုတ္ျပန္သည္။

မဂၢါဝပ္ ၁၀၀၀ ထုတ္လုပ္မည့္ ေနေရာင္ျခည္သုံး စက္႐ုံ ၃၀ေက်ာ္ကို တည္ေဆာက္၊လည္ပတ္၊ ပိုင္ဆိုင္ (BOO) စနစ္ျဖင့္ တည္ေဆာက္ရန္ ဝန္ႀကီးဌာနက ေမလတြင္ တင္ဒါေခၚယူခဲ့ျခင္းျဖစ္သည္။

ဝန္ႀကီးဌာနက တင္ဒါပိတ္ရက္ကို ဇြန္ ၁၈ ရက္တြင္ သတ္မွတ္ခဲ့ၿပီး ယခုအခါ ဇူလိုင္ ၁၇ ရက္အထိ အခ်ိန္တစ္လတိုးျမႇင့္ေပးလိုက္ျခင္းျဖစ္သည္။

အစိုးရက ၂၀၂၀ ေႏြရာသီ မီးမျပတ္ေစေရးအတြက္ ဓာတ္အားမဂၢါဝပ္ ၁,၀၀၀ ေက်ာ္ ထုတ္လုပ္မည့္ ဓာတ္ေငြ႕သုံးစီမံကိန္းငါးခုကို ၂၀၁၉ ဇြန္လတြင္ အေရးေပၚဖိတ္ေခၚခဲ့သည္။ ယခုစီမံကိန္းသည္ ဝန္ႀကီးဌာနက ဒုတိယအႀကိမ္မဂၢါဝပ္၁၀၀၀​ေက်ာ္ ထပ္မံ တင္ဒါေခၚယူျခင္းျဖစ္သည္။

ထိုျပင္ ျပန္လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္စီမံကိန္းျဖစ္၍ ဓာတ္ေငြ႕သုံးစီမံကိန္းမ်ားထက္ ႏိုင္ငံျခားကုမၸဏီမ်ား ပိုမိုစိတ္ဝင္စားၾကသည္။

ႏိုင္ငံတကာစြမ္းအင္ ကုမၸဏီမ်ားက ရင္းႏွီးျမႇဳပ္ႏွံရန္ စိတ္ဝင္စားရာတြင္ အိႏၵိယ၊ ကိုရီးယား၊ အေမရိကန္ ႏွင့္ ဥေရာပကုမၸဏီမ်ား ပါဝင္သည္။

အခ်ိန္တစ္လအတြင္း စီမံကိန္းမ်ားေလ့လာရန္ႏွင့္ တိုင္းတာရန္ မလုံေလာက္ေၾကာင္း ေဝဖန္ၿပီးခဲ့ၾကသည္။ စီမံကိန္းမ်ား၏ ေနာက္ဆုံးတင္ဒါ ကန႔္သတ္ရက္ႏွင့္ပတ္သက္ၿပီး အေမရိကန္၊ ၿဗိတိန္ႏွင့္ဥေရာပႏိုင္ငံမ်ားမွ ကုန္သည္ႀကီးမ်ား အသင္းတို႔က တင္ဒါပိတ္ရက္တိုးျမႇင့္ေပးရန္ ေတာင္းဆိုခဲ့ၾကသည္။ ထိုေနာက္ ဝန္ႀကီးဌာနက ယခုလို ျပင္ဆင္သတ္မွတ္လိုက္ျခင္းျဖစ္သည္။

ယခုစီမံကိန္းတြင္ အစိုးရကလွ်ပ္စစ္ဓာတ္အား အႏွစ္ ၂၀ ဝယ္ယူမည္ျဖစ္ၿပီး တည္ေဆာက္၊လည္ပတ္၊ ပိုင္ဆိုင္ (BOO) စနစ္ ျဖင့္ ေဆာက္လုပ္ရမည္ဟုဆိုထားသည္။

မဂၢါဝပ္ ၃၀ မွ ၅၀ ထုတ္လုပ္မည့္ ဓာတ္အားေပးစက္႐ုံမ်ား ျဖစ္ၿပီး မဂၢါဝပ္ ၁,၀၀၀ ေက်ာ္ ထုတ္လုပ္ရန္ျဖစ္သည္။ ထိုစီမံကိန္းမ်ားသည္ မဟာဓာတ္အားလိုင္းျဖင့္ ခ်ိတ္ဆက္ရန္ျဖစ္ၿပီး ျပည္တြင္း၌ ေဆာင္႐ြက္ေနသည့္အေသးစား စီမံကိန္းအဆင့္ မဟုတ္ေပ။

စီမံကိန္းမ်ားကို ေနျပည္ေတာ္၊ မေကြး၊ မႏၲေလး၊ ပဲခူး၊ စစ္ကိုင္း၊ ရန္ကုန္ႏွင့္ ဧရာဝတီ တိုင္းေဒသႀကီးတို႔တြင္ တည္ေဆာက္ရမည္ျဖစ္သည္။ထိုစီမံကိန္းမ်ားသည္ ဓာတ္အားခြဲ႐ုံမ်ား ရွိသည့္ ေနရာမ်ားတြင္ တည္ေဆာက္မည္ျဖစ္ၿပီး ထိုမွသာ ဓာတ္အားသြယ္တန္းရန္ အဆင္ေျပမည္ဟု ဆိုသည္။

ဝန္ႀကီးဌာနက ထုတ္ျပန္ရာတြင္ ၃၃ ေကဗီ ဓာတ္အားခြဲ႐ုံသည္ မဂၢါဝပ္ ၃၀ စက္႐ုံမ်ားျဖင့္ ခ်ိတ္ဆက္ရန္ႏွင့္ ၆၆ ေကဗီသည္ မဂၢါဝပ္ ၄၀ ႏွင့္ ၅၀ စက္႐ုံမ်ားျဖင့္ ခ်ိတ္ဆက္ရန္ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
area-one-business-complex
cherry-condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service