အိုသွေး အမျိုးအစားသည် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ကြောင်း လူပေါင်း ၇၅၀,၀၀၀ ကို လေ့လာခဲ့သည့် လေ့လာချက်အရ တွေ့ရှိ

အိုသွေး အမျိုးအစားသည် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ကြောင်း လူပေါင်း ၇၅၀,၀၀၀ ကို လေ့လာခဲ့သည့် လေ့လာချက်အရ တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
10 Jun 2020 11:32 am တွင် တင်ခဲ့သည်
26711 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မျိုးဗီဇစမ်းသပ်စစ်ဆေးသည့် ကုမ္ပဏီကြီး 23andMe သည် သွေးအမျိုးအစားအပေါ် လွှမ်းမိုးသည့်မျိုးဗီဇ ကွဲပြားမှုသည် covid-19 ကို ခံနိုင်ရည် ရှိ၊ မရှိ အဆုံးအဖြတ်ပေးကြောင်း တွေ့ရှိခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော အချို့သူများတွင် ရောဂါလက္ခဏာမပြသဘဲ အချို့သူများတွင်မူ ရောဂါလက္ခဏာများ ပြင်းထန်စွာ ခံစားရခြင်း၏ အကြောင်းရင်းကို အဖြေရှာရန်အတွက် သိပ္ပံပညာရှင်များသည် မျိုးဗီဇအချက်အလက်များကို စမ်းစစ်ခဲ့ကြသည်။

ဧပြီလအတွင်း 23andMe ကုမ္ပဏီကြီးသည် ၎င်း၏ DNA database တွင်ရှိသည့် သန်းပေါင်းများစွာသော အချက်အလက်များကို အသုံးပြုကာ ကိုရိုနာဗိုင်းရပ်စ်တွင် မျိုးဗီဇ၏ အခန်းကဏ္ဍမည်သို့ရှိသည်ကို အဖြေရှာရန် လေ့လာမှု စတင်ခဲ့သည်။

လူပေါင်း ၇၅၀၀၀၀ ကျော်ကို လေ့လာခဲ့သည့် ကနဦးလေ့လာချက်များအရ အိုသွေးအမျိုးအစားသည် covid-19 ကိုဖြစ်စေသည့် Sars-CoV-2 ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့သည်ဟု 23andMe က ဇွန်လ ၈ ရက်တွင် ထုတ်ပြန်သည်။

အခြားသော လေ့လာချက်တစ်ရပ်အရလည်း ABO သွေးများနှင့် covid-19 အကြား ဆက်နွှယ်မှုများ ရှိနေကြောင်း ညွှန်ပြခဲ့သည်။

ရောဂါကူးစက်မှု ခံရလွယ်သူတို့၏ မျိုးဗီဇကို လေ့လာခြင်းသည် ကူးစက်ခံရနိုင်သည့်အန္တရာယ်ရှိသူတို့ကို ဖော်ထုတ်အကူအညီပေးနိုင်သကဲ့သို့ လျင်မြန်စွာကုသမှုပေးခြင်း ပြုလုပ်နိုင်သည့်အပြင် ဆေးဝါးထုတ်လုပ်မှုအတွက်လည်း အထောက်အကူ ဖြစ်လာနိုင်သည်။

ရောဂါဒဏ်ပြင်းထန်စွာ ခံစားရမှုနှင့် ရောဂါကူးစက်ခံရလွယ်မှုတို့ကို လေ့လာသည့် အခြားသော လေ့လာချက်များစွာတွင်လည်း သွေးအမျိုးအစားသည် အရေးပါသော အခန်းကဏ္ဍတွင်ရှိကြောင်း ဖော်ထုတ်တင်ပြခဲ့ကြပြီး ဖြစ်သည်။

ပြီးခဲ့သောသီတင်းပတ်က ပြုလုပ်ခဲ့သည့် လေ့လာချက်တွင် အီတလီနှင့် စပိန်တို့ရှိ လူပေါင်း ၁၆၀၀ ကျော်ကို လေ့လာခဲ့ပြီး အဆိုပါ လေ့လာချက်အရ အေသွေးပိုင်ရှင်များသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပါက အသက်ရှူစက်အကူအညီရယူရနိုင်ချေ ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိခဲ့ကြသည်။

23andMe က ပြုလုပ်သော ရောဂါကူးစက်လွယ်မှု လေ့လာချက်တွင် လူပေါင်း ၁၀၀၀၀ ပါဝင်ခဲ့ပြီး ၎င်းတို့တွင် covid-19 ကူးစက်ခံထားရကြောင်း ထုတ်ဖော်ပြောကြားခဲ့သူများကို လေ့လာခဲ့ခြင်း ဖြစ်သည်။

“covid-19 နဲ့ သွေးခဲမှုတွေ၊ နှလုံးရောဂါပြဿနာတွေအကြား ဆက်နွှယ်မှုတွေ ရှိနေတယ်ဆိုတဲ့ တခြားအစီရင်ခံချက်တွေလည်း ရှိနေပြီးဖြစ်ပါတယ်။ မျိုးဗီဇတွေဟာ ဆက်နွှယ်မှုရှိနိုင်တယ်လို့ ဒီအစီရင်ခံစာတွေက အရိပ်အမြွက်တွေ ပေးခဲ့တာဖြစ်ပါတယ်” ဟု 23andMe လေ့လာချက်တွင် ဦးဆောင်ပါဝင်သော သုတေသနပညာရှင် Adam Auton က ပြောကြားသည်။

“ဒါကိုလေ့လာတာက ကျွန်တော်တို့ တစ်ဖွဲ့တည်း မဟုတ်ပါဘူး။ မျိုးဗီဇနဲ့ covid-19 အကြား ဆက်နွှယ်မှုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို အဖြေထုတ်နိုင်ဖို့အတွက် သိပ္ပံအသိုက်အဝန်းအနေနဲ့ သူတို့ရဲ့ ရင်းမြစ်တွေအားလုံးကို စုစည်းဖို့ လိုအပ်ပါတယ်” ဟု Auton က ဆက်လက်ပြောကြားသည်။

(ဆက်စပ်သတင်း)

https://www.imyanmarhouse.com/news/read/926220

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Genetic testing firm 23andMe shows certain blood types are less likely to contract coronavirus (SCMP)

 

[Zawgyi]

အိုေသြး အမ်ဳိးအစားသည္ ကိုရိုနာဗိုင္းရပ္စ္ကို ကာကြယ္ႏိုင္ေၾကာင္း လူေပါင္း ၇၅၀,၀၀၀ ကို ေလ့လာခဲ့သည့္ ေလ့လာခ်က္အရ ေတြ႔ရွိ

မ်ဳိးဗီဇစမ္းသပ္စစ္ေဆးသည့္ ကုမၸဏီၾကီး 23andMe သည္ ေသြးအမ်ဳိးအစားအေပၚ လႊမ္းမိုးသည့္မ်ဳိးဗီဇ ကြဲျပားမႈသည္ covid-19 ကို ခံႏိုင္ရည္ ရွိ၊ မရွိ အဆံုးအျဖတ္ေပးေၾကာင္း ေတြ႔ရွိခဲ့သည္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရေသာ အခ်ဳိ ႔သူမ်ားတြင္ ေရာဂါလကၡဏာမျပသဘဲ အခ်ဳိ ႔သူမ်ားတြင္မူ ေရာဂါလကၡဏာမ်ား ျပင္းထန္စြာ ခံစားရျခင္း၏ အေၾကာင္းရင္းကို အေျဖရွာရန္အတြက္ သိပၸံပညာရွင္မ်ားသည္ မ်ဳိးဗီဇအခ်က္အလက္မ်ားကို စမ္းစစ္ခဲ့ၾကသည္။

ဧျပီလအတြင္း 23andMe ကုမၸဏီၾကီးသည္ ၎၏ DNA database တြင္ရွိသည့္ သန္းေပါင္းမ်ားစြာေသာ အခ်က္အလက္မ်ားကို အသံုးျပဳကာ ကိုရိုနာဗိုင္းရပ္စ္တြင္ မ်ဳိးဗီဇ၏ အခန္းက႑မည္သို႔ရွိသည္ကို အေျဖရွာရန္ ေလ့လာမႈ စတင္ခဲ့သည္။

လူေပါင္း ၇၅၀၀၀၀ ေက်ာ္ကို ေလ့လာခဲ့သည့္ ကနဦးေလ့လာခ်က္မ်ားအရ အိုေသြးအမ်ဳိးအစားသည္ covid-19 ကိုျဖစ္ေစသည့္ Sars-CoV-2 ဗိုင္းရပ္စ္ကို ကာကြယ္ႏိုင္ေၾကာင္း ေတြ႔ရွိခဲ့သည္ဟု 23andMe က ဇြန္လ ၈ ရက္တြင္ ထုတ္ျပန္သည္။

အျခားေသာ ေလ့လာခ်က္တစ္ရပ္အရလည္း ABO ေသြးမ်ားႏွင့္ covid-19 အၾကား ဆက္ႏႊယ္မႈမ်ား ရွိေနေၾကာင္း ညႊန္ျပခဲ့သည္။

ေရာဂါကူးစက္မႈ ခံရလြယ္သူတို႔၏ မ်ဳိးဗီဇကို ေလ့လာျခင္းသည္ ကူးစက္ခံရႏိုင္သည့္အႏၱရာယ္ရွိသူတို႔ကို ေဖာ္ထုတ္အကူအညီေပးႏိုင္သကဲ့သုိ႔ လ်င္ျမန္စြာကုသမႈေပးျခင္း ျပဳလုပ္ႏိုင္သည့္အျပင္ ေဆးဝါးထုတ္လုပ္မႈအတြက္လည္း အေထာက္အကူ ျဖစ္လာႏိုင္သည္။

ေရာဂါဒဏ္ျပင္းထန္စြာ ခံစားရမႈႏွင့္ ေရာဂါကူးစက္ခံရလြယ္မႈတို႔ကို ေလ့လာသည့္ အျခားေသာ ေလ့လာခ်က္မ်ားစြာတြင္လည္း ေသြးအမ်ဳိးအစားသည္ အေရးပါေသာ အခန္းက႑တြင္ရွိေၾကာင္း ေဖာ္ထုတ္တင္ျပခဲ့ၾကျပီး ျဖစ္သည္။

ျပီးခဲ့ေသာသီတင္းပတ္က ျပဳလုပ္ခဲ့သည့္ ေလ့လာခ်က္တြင္ အီတလီႏွင့္ စပိန္တို႔ရွိ လူေပါင္း ၁၆၀၀ ေက်ာ္ကို ေလ့လာခဲ့ျပီး အဆိုပါ ေလ့လာခ်က္အရ ေအေသြးပိုင္ရွင္မ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရပါက အသက္ရွဴစက္အကူအညီရယူရႏိုင္ေခ် ၅၀ ရာခိုင္ႏႈန္း ပိုမိုျမင့္မားေၾကာင္း ေတြ႔ရွိခဲ့ၾကသည္။

23andMe က ျပဳလုပ္ေသာ ေရာဂါကူးစက္လြယ္မႈ ေလ့လာခ်က္တြင္ လူေပါင္း ၁၀၀၀၀ ပါဝင္ခဲ့ျပီး ၎တို႔တြင္ covid-19 ကူးစက္ခံထားရေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့သူမ်ားကို ေလ့လာခဲ့ျခင္း ျဖစ္သည္။

“covid-19 နဲ႔ ေသြးခဲမႈေတြ၊ ႏွလံုးေရာဂါျပႆနာေတြအၾကား ဆက္ႏႊယ္မႈေတြ ရွိေနတယ္ဆိုတဲ့ တျခားအစီရင္ခံခ်က္ေတြလည္း ရွိေနျပီးျဖစ္ပါတယ္။ မ်ဳိးဗီဇေတြဟာ ဆက္ႏႊယ္မႈရွိႏိုင္တယ္လို႔ ဒီအစီရင္ခံစာေတြက အရိပ္အျမြက္ေတြ ေပးခဲ့တာျဖစ္ပါတယ္” ဟု 23andMe ေလ့လာခ်က္တြင္ ဦးေဆာင္ပါဝင္ေသာ သုေတသနပညာရွင္ Adam Auton က ေျပာၾကားသည္။

“ဒါကိုေလ့လာတာက ကၽြန္ေတာ္တို႔ တစ္ဖြဲ႔တည္း မဟုတ္ပါဘူး။ မ်ဳိးဗီဇနဲ႔ covid-19 အၾကား ဆက္ႏႊယ္မႈနဲ႔ ပတ္သက္တဲ့ ေမးခြန္းေတြကို အေျဖထုတ္ႏိုင္ဖို႔အတြက္ သိပၸံအသိုက္အဝန္းအေနနဲ႔ သူတို႔ရဲ႕ ရင္းျမစ္ေတြအားလံုးကို စုစည္းဖို႔ လိုအပ္ပါတယ္” ဟု Auton က ဆက္လက္ေျပာၾကားသည္။

(ဆက္စပ္သတင္း)

https://www.imyanmarhouse.com/news/read/926220

 

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Genetic testing firm 23andMe shows certain blood types are less likely to contract coronavirus (SCMP)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service