COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် တရုတ်က မြန်မာကို ဒေါ်လာတစ်သန်းဖိုး MASK နှင့်ရောဂါကာကွယ်ရေးပစ္စည်းများလှူ

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် တရုတ်က မြန်မာကို ဒေါ်လာတစ်သန်းဖိုး MASK နှင့်ရောဂါကာကွယ်ရေးပစ္စည်းများလှူ - Property News in Myanmar from iMyanmarHouse.com
9 Jun 2020 10:31 am တွင် တင်ခဲ့သည်
575 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက်တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ဒေါ်လာတစ်သန်း ကျော်ဖိုး ဆေးရုံးသုံး ကာကွယ်ရေးပစ္စည်းများလှူဒါန်းခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယခု လှူဒါန်းမှုသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် စတုတ္ထအကြိမ်လှူဒါန်းမှုဖြစ်ပြီး ထိုလှူဒါန်းမှုထဲတွင် ဆေးရုံသုံး ပါးစပ်နှင့်နှာခေါင်းစည်း (၁၄၀,၀၀၀) ခု၊ N95 Mask (၃၀,၀၀၀) ခု၊ မျက်လုံးအကာမျက်မှန် (၃၀,၀၀၀) ခုနှင့် ရောဂါကာကွယ်ရေးဝတ်စုံ (၁၂,၀၀၀) ခုပါဝင်သည်။

ထိုလှူဒါန်းမှုနှင့်ပတ်သတ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က တရုတ်နိုင်ငံက ယခုစတုတ္ထအကြိမ်လှုဒါန်းမှုအပါအဝင် ဒေါ်လာ ၆ ဒသမ ၃ သန်းတန်ဖိုးရှိသည့် ဆေး၊ ဆေးပစ္စည်းကိရိယာနှင့် ဓာတ်ခွဲပစ္စည်းများ လှူဒါန်းခဲ့ပြီးဖြစ်သည်ဟုဆိုသည်။ ထိုထဲတွင် Alibaba Foundation နှင့် Jack Ma Foundation တို့မှလည်း အမေရိကန်ဒေါ်လာ (၁၄၂,၅၀၀) တန်ဖိုးရှိ လှူဒါန်းမှုများပါဝင်သည်ဟု ဆိုသည်။

ထို့အပြင် တရုတ်နိုင်ငံမှ ဆေးပညာရှင်များ မြန်မာနိုင်ငံသို့လာရောက်၍ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် COVID-19 ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ သင်တန်းများပြုလုပ်ပေးခြင်း တို့သည် မြန်မာနိုင်ငံအတွက်များစွာ အကျိုးရှိသည်ဟု ဝန်ကြီးကဆိုသည်။

COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် တရုတ်နိုင်ငံ၏ လှူဒါန်းမှုများနှင့် ပံ့ပိုးကူညီမှုများ အပေါ်ကျေးဇူးတင်သည်ဟုလည်းဝန်ကြီးကဆိုသည်။ ယခုလှုဒါန်းမှုများသည် COVID-19ြ ဖစ်စဉ်အတွက်သာမက အခြားလူနာများအတွက်လည်း အသုံးပြုနိုင်သည်ဟုဝန်ကြီးကဆိုသည်။

ယခုအခါ မြန်မာနိုင်ငံသည် COVID-19 ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီး ထိုသို့ထိန်းချုပ်နိုင်ခြင်းမှာ ပြည်သူများ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေမူများကြောင့် ဟု ဝန်ကြီးကဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က မစ္စတာ Chen Hai က မြန်မာနိုင်ငံတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်၍ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာတွင် ကောင်းမွန်သည့်ဘက်သို့ ဦးတည်နေသည်ကို တွေ့ရှိရသည်ဟုဆိုသည်။

ထိုအတွက် ဝမ်းမြောက်သည်ဟုသံအမတ်ကဆိုသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၈) ရက်သည် မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် နှစ် (၇၀) ပြည့်မြောက်သည့် ကာလဖြစ်သည်ဟု သံအမတ်ကဆိုသည်။

ယခုလှူဒါန်းမှုများသည် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် အားဖြည့်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်သည်ဟုလည်းဆိုသည်။

ထိုပြင် သံအမတ်က ဆက်လက်၍လည်း နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ရင်းနှီးမှုဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများမှနေ၍ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုစေရန် ဆန္ဒမွန်ပြုသည်ဟုဆိုသည်။

ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုကို လက်ခံခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mr. Chen Hai ထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်ဟုဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးအတြက္ တ႐ုတ္က ျမန္မာကို ေဒၚလာတစ္သန္းဖိုး MASK ႏွင့္ေရာဂါကာကြယ္ေရးပစၥည္းမ်ားလႉ

COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားအတြက္တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံကို ေဒၚလာတစ္သန္း ေက်ာ္ဖိုး ေဆး႐ုံးသုံး ကာကြယ္ေရးပစၥည္းမ်ားလႉဒါန္းခဲ့ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ယခု လႉဒါန္းမႈသည္ တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံအေပၚ စတုတၳအႀကိမ္လႉဒါန္းမႈျဖစ္ၿပီး ထိုလႉဒါန္းမႈထဲတြင္ ေဆး႐ုံသုံး ပါးစပ္ႏွင့္ႏွာေခါင္းစည္း (၁၄၀,၀၀၀) ခု၊ N95 Mask (၃၀,၀၀၀) ခု၊ မ်က္လုံးအကာမ်က္မွန္ (၃၀,၀၀၀) ခုႏွင့္ ေရာဂါကာကြယ္ေရးဝတ္စုံ (၁၂,၀၀၀) ခုပါဝင္သည္။

ထိုလႉဒါန္းမႈႏွင့္ပတ္သတ္ၿပီး က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး က တ႐ုတ္ႏိုင္ငံက ယခုစတုတၳအႀကိမ္လႈဒါန္းမႈအပါအဝင္ ေဒၚလာ ၆ ဒသမ ၃ သန္းတန္ဖိုးရွိသည့္ ေဆး၊ ေဆးပစၥည္းကိရိယာႏွင့္ ဓာတ္ခြဲပစၥည္းမ်ား လႉဒါန္းခဲ့ၿပီးျဖစ္သည္ဟုဆိုသည္။ ထိုထဲတြင္ Alibaba Foundation ႏွင့္ Jack Ma Foundation တို႔မွလည္း အေမရိကန္ေဒၚလာ (၁၄၂,၅၀၀) တန္ဖိုးရွိ လႉဒါန္းမႈမ်ားပါဝင္သည္ဟု ဆိုသည္။

ထို႔အျပင္ တ႐ုတ္ႏိုင္ငံမွ ေဆးပညာရွင္မ်ား ျမန္မာႏိုင္ငံသို႔လာေရာက္၍ COVID-19 ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ျခင္းႏွင့္ COVID-19 ဓာတ္ခြဲစစ္ေဆးမႈဆိုင္ရာ သင္တန္းမ်ားျပဳလုပ္ေပးျခင္း တို႔သည္ ျမန္မာႏိုင္ငံအတြက္မ်ားစြာ အက်ိဳးရွိသည္ဟု ဝန္ႀကီးကဆိုသည္။

COVID-19 ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားအတြက္ တ႐ုတ္ႏိုင္ငံ၏ လႉဒါန္းမႈမ်ားႏွင့္ ပံ့ပိုးကူညီမႈမ်ား အေပၚေက်းဇူးတင္သည္ဟုလည္းဝန္ႀကီးကဆိုသည္။ ယခုလႈဒါန္းမႈမ်ားသည္ COVID-19ျ ဖစ္စဥ္အတြက္သာမက အျခားလူနာမ်ားအတြက္လည္း အသုံးျပဳႏိုင္သည္ဟုဝန္ႀကီးကဆိုသည္။

ယခုအခါ ျမန္မာႏိုင္ငံသည္ COVID-19 ေရာဂါကို အတိုင္းအတာတစ္ခုအထိ ထိန္းခ်ဳပ္ထားႏိုင္ၿပီး ထိုသို႔ထိန္းခ်ဳပ္ႏိုင္ျခင္းမွာ ျပည္သူမ်ား ကိုယ္တိုင္ပါဝင္ေဆာင္႐ြက္ေနမူမ်ားေၾကာင့္ ဟု ဝန္ႀကီးကဆိုသည္။

ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္က မစၥတာ Chen Hai က ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ဦးေဆာင္၍ COVID-19 ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကိုေဆာင္႐ြက္လ်က္ရွိရာတြင္ ေကာင္းမြန္သည့္ဘက္သို႔ ဦးတည္ေနသည္ကို ေတြ႕ရွိရသည္ဟုဆိုသည္။

ထိုအတြက္ ဝမ္းေျမာက္သည္ဟုသံအမတ္ကဆိုသည္။ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၈) ရက္သည္ ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ ႏိုင္ငံတို႔အၾကား သံတမန္ဆက္သြယ္မႈ ထူေထာင္သည့္ ႏွစ္ (၇၀) ျပည့္ေျမာက္သည့္ ကာလျဖစ္သည္ဟု သံအမတ္ကဆိုသည္။

ယခုလႉဒါန္းမႈမ်ားသည္ ျမန္မာႏိုင္ငံ COVID-19 ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ား အတြက္ အားျဖည့္ေဆာင္႐ြက္ႏိုင္မည္ဟု ေမွ်ာ္လင့္သည္ဟုလည္းဆိုသည္။

ထိုျပင္ သံအမတ္က ဆက္လက္၍လည္း ႏွစ္ႏိုင္ငံအၾကား ေဆြမ်ိဳးေပါက္ေဖာ္ရင္းႏွီးမႈျဖင့္ အက်ိဳးတူပူးေပါင္း ေဆာင္႐ြက္မႈမ်ားမွေန၍ ႏွစ္ႏိုင္ငံျပည္သူမ်ားအတြက္ အက်ိဳးျပဳေစရန္ ဆႏၵမြန္ျပဳသည္ဟုဆိုသည္။

ျပည္ေထာင္စုဝန္ႀကီးက လႉဒါန္းမႈကို လက္ခံခဲ့ၿပီး ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီး H. E. Mr. Chen Hai ထံ ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ေပးအပ္ခဲ့သည္ဟုဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service