လိင်ဆက်ဆံချိန်တွင် mask တပ်ဆင်ထားသင့်ကြောင်း ဟားဘတ်တက္ကသိုလ်မှ သုတေသီတို့ အခိုင်အမာပြောကြား

လိင်ဆက်ဆံချိန်တွင် mask တပ်ဆင်ထားသင့်ကြောင်း ဟားဘတ်တက္ကသိုလ်မှ သုတေသီတို့ အခိုင်အမာပြောကြား - Property News in Myanmar from iMyanmarHouse.com
7 Jun 2020 11:37 am တွင် တင်ခဲ့သည်
3711 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလကြီးအတွင်း ဘေးကင်းသော လိင်ဆက်ဆံမှုဖြစ်စေရန် အကာအကွယ်များ လိုအပ်လာပြီ ဖြစ်သည်။

ဟားဘတ်တက္ကသိုလ်မှ သုတေသနပညာရှင်များ ပြုလုပ်ခဲ့သော လေ့လာချက်တစ်ရပ်အရ စုံတွဲတို့ တွေ့ဆုံမှုများတွင် တစ်ဦးမှတစ်ဦးထံ covid-19 ကူးစက်နိုင်သည့် အန္တရာယ်ရှိသောကြောင့် အတူနေစဉ်အချိန်အတွင်း mask တပ်ဆင်ထားသင့်ကြောင်း ဖော်ပြသည်။

Annals of Internal Medicine တွင် ဖော်ပြခဲ့သော လေ့လာချက်၌ အန္တရာယ်ရှိသော လိင်ဆက်ဆံမှု အခြေအနေများကို ဖော်ပြခဲ့ခြင်းဖြစ်ပြီး quarantine ဝင်နေရသူများနှင့် ထိတွေ့ဆက်ဆံခြင်းမှာ အန္တရာယ်များကြောင့် ဖော်ပြသည်။

လေ့လာချက်အရ စုံတွဲများ တွေ့ဆုံချိန်တွင် အနမ်းပေးခြင်းများကို ရှောင်ရှားရမည်ဖြစ်ရုံသာမက သုတ်ပိုး (သို့မဟုတ်) ကျင်ငယ်ရေနှင့် ပါးစပ်ထိတွေ့စေမိနိုင်သည့် အပြုအမူများကို ရှောင်ရှားရမည်ဟု ဆိုသည်။

စုံတွဲများမတွေ့ဆုံမီနှင့် တွေ့ဆုံပြီးလျှင် ရေချိုးခြင်း၊ အရက်ပျံ (သို့မဟုတ်) ဆပ်ပြာဖြင့် ဆေးကြောခြင်းများ ပြုလုပ်သင့်ကြောင်း အကြံပြုထားသည်။

အဆိုပါလေ့လာချက်တွင် ဆက်လက်ဖော်ပြထားသည်မှာ quarantine အတူဝင်နေသူနှစ်ဦး လိင်ဆက်ဆံလျှင်မူ ပိုမိုဘေးကင်းကြောင်း၊ သို့တိုင်အောင် အန္တရာယ်ကြုံရနိုင်ဆဲဖြစ်ကြောင်း ဖော်ပြသည်။

Quarantine ဝင်နေသူ နှစ်ဦးအနက် တစ်ဦးက လက်တိုလက်တောင်းကိစ္စတစ်ခုအတွက် ပြင်ပသို့ ခေတ္တထွက်သွားရာမှ ဗိုင်းရပ်စ်နှင့် ထိတွေ့လာနိုင်ခဲ့ပြီး ကျန်တစ်ဦးထံ ကူးစက်နိုင်ချေရှိခြင်း ဖြစ်သည်။

ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရမှုများလည်း ရှိနိုင်ပြီး အခြားသူထံ ပြန်လည်ကူးစက်စေခြင်းလည်းဖြစ်နိုင်သည်။

သုတေသနပညာရှင်တို့၏ ပြောကြားချက်အရ ဘေးအကင်းဆုံး ချဉ်းကပ်မှုနည်းလမ်းမှာ လိင်ဆက်ဆံမှု လုံးဝမပြုလုပ်ဘဲ နေရန်ဖြစ်သည်ဟု ဆိုသည်။

အပျော်အပါးလိုက်စားမှု ရှောင်ကျဉ်ခြင်းသည် ရောဂါကူးစက်ခံရမှု အန္တရာယ်နည်းပါးစေကြောင်း၊ သို့သော် အများစုကမူ ယခုလမ်းညွှန်ချက်ကို နှစ်သက်မည်မဟုတ်ကြောင်း သုတေသီတို့က ပြောကြားခဲ့ပြီး အခြားရွေးချယ်စရာတစ်ခုအဖြစ် တစ်ကိုယ်ရည် အာသာဖြေဖျောက်မှု နည်းလမ်းကို အသုံးပြုသင့်ကြောင်း လမ်းညွှန်ထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Couples should wear face masks during sex, new study insists (New York Post)

 

[Zawgyi]

လိင္ဆက္ဆံခ်ိန္တြင္ mask တပ္ဆင္ထားသင့္ေၾကာင္း ဟားဘတ္တကၠသိုလ္မွ သုေတသီတို႔ အခိုင္အမာေျပာၾကား

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးကာလၾကီးအတြင္း ေဘးကင္းေသာ လိင္ဆက္ဆံမႈျဖစ္ေစရန္ အကာအကြယ္မ်ား လိုအပ္လာျပီ ျဖစ္သည္။

ဟားဘတ္တကၠသိုလ္မွ သုေတသနပညာရွင္မ်ား ျပဳလုပ္ခဲ့ေသာ ေလ့လာခ်က္တစ္ရပ္အရ စံုတြဲတို႔ ေတြ႔ဆံုမႈမ်ားတြင္ တစ္ဦးမွတစ္ဦးထံ covid-19 ကူးစက္ႏိုင္သည့္ အႏၱရာယ္ရွိေသာေၾကာင့္ အတူေနစဥ္အခ်ိန္အတြင္း mask တပ္ဆင္ထားသင့္ေၾကာင္း ေဖာ္ျပသည္။

Annals of Internal Medicine တြင္ ေဖာ္ျပခဲ့ေသာ ေလ့လာခ်က္၌ အႏၱရာယ္ရွိေသာ လိင္ဆက္ဆံမႈ အေျခအေနမ်ားကို ေဖာ္ျပခဲ့ျခင္းျဖစ္ျပီး quarantine ဝင္ေနရသူမ်ားႏွင့္ ထိေတြ႔ဆက္ဆံျခင္းမွာ အႏၱရာယ္မ်ားေၾကာင့္ ေဖာ္ျပသည္။

ေလ့လာခ်က္အရ စံုတြဲမ်ား ေတြ႔ဆံုခ်ိန္တြင္ အနမ္းေပးျခင္းမ်ားကို ေရွာင္ရွားရမည္ျဖစ္ရံုသာမက သုတ္ပိုး (သို႔မဟုတ္) က်င္ငယ္ေရႏွင့္ ပါးစပ္ထိေတြ႔ေစမိႏိုင္သည့္ အျပဳအမူမ်ားကို ေရွာင္ရွားရမည္ဟု ဆိုသည္။

စံုတြဲမ်ားမေတြ႔ဆံုမီႏွင့္ ေတြ႔ဆံုျပီးလွ်င္ ေရခ်ဳိးျခင္း၊ အရက္ပ်ံ (သို႔မဟုတ္) ဆပ္ျပာျဖင့္ ေဆးေၾကာျခင္းမ်ား ျပဳလုပ္သင့္ေၾကာင္း အၾကံျပဳထားသည္။

အဆိုပါေလ့လာခ်က္တြင္ ဆက္လက္ေဖာ္ျပထားသည္မွာ quarantine အတူဝင္ေနသူႏွစ္ဦး လိင္ဆက္ဆံလွ်င္မူ ပိုမိုေဘးကင္းေၾကာင္း၊ သို႔တိုင္ေအာင္ အႏၱရာယ္ၾကံဳရႏိုင္ဆဲျဖစ္ေၾကာင္း ေဖာ္ျပသည္။

Quarantine ဝင္ေနသူ ႏွစ္ဦးအနက္ တစ္ဦးက လက္တိုလက္ေတာင္းကိစၥတစ္ခုအတြက္ ျပင္ပသို႔ ေခတၱထြက္သြားရာမွ ဗိုင္းရပ္စ္ႏွင့္ ထိေတြ႔လာႏိုင္ခဲ့ျပီး က်န္တစ္ဦးထံ ကူးစက္ႏိုင္ေခ်ရွိျခင္း ျဖစ္သည္။

ေရာဂါလကၡဏာမျပဘဲ ကူးစက္ခံထားရမႈမ်ားလည္း ရွိႏိုင္ျပီး အျခားသူထံ ျပန္လည္ကူးစက္ေစျခင္းလည္းျဖစ္ႏိုင္သည္။

သုေတသနပညာရွင္တို႔၏ ေျပာၾကားခ်က္အရ ေဘးအကင္းဆံုး ခ်ဥ္းကပ္မႈနည္းလမ္းမွာ လိင္ဆက္ဆံမႈ လံုးဝမျပဳလုပ္ဘဲ ေနရန္ျဖစ္သည္ဟု ဆိုသည္။

အေပ်ာ္အပါးလိုက္စားမႈ ေရွာင္က်ဥ္ျခင္းသည္ ေရာဂါကူးစက္ခံရမႈ အႏၱရာယ္နည္းပါးေစေၾကာင္း၊ သို႔ေသာ္ အမ်ားစုကမူ ယခုလမ္းညႊန္ခ်က္ကို ႏွစ္သက္မည္မဟုတ္ေၾကာင္း သုေတသီတို႔က ေျပာၾကားခဲ့ျပီး အျခားေရြးခ်ယ္စရာတစ္ခုအျဖစ္ တစ္ကိုယ္ရည္ အာသာေျဖေဖ်ာက္မႈ နည္းလမ္းကို အသံုးျပဳသင့္ေၾကာင္း လမ္းညႊန္ထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Couples should wear face masks during sex, new study insists (New York Post)

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service