အမေရိကန်အစိုးရက သိမ်းယူထားသော မလေးရှားအစိုးရရန်ပုံငွေ ၁ ဘီလီယံ ခိုးယူမှုများနှင့် ဆက်နွှယ်နေသော စီးပွားရေးလုပ်ငန်းရှင် Jho Low ၏ နယူးယောက် penthouse ခန်း အစိုးရက ရောင်းချ

အမေရိကန်အစိုးရက သိမ်းယူထားသော မလေးရှားအစိုးရရန်ပုံငွေ ၁ ဘီလီယံ ခိုးယူမှုများနှင့် ဆက်နွှယ်နေသော စီးပွားရေးလုပ်ငန်းရှင် Jho Low ၏ နယူးယောက် penthouse ခန်း အစိုးရက ရောင်းချ - Property News in Myanmar from iMyanmarHouse.com
5 Jun 2020 12:22 pm တွင် တင်ခဲ့သည်
655 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် ဝရမ်းပြေး စီးပွားရေးလုပ်ငန်းရှင် Jho Low ပိုင်ဆိုင်သော တန်ဖိုးကြီးဇိမ်ခံ penthouse ခန်းတစ်ခန်းကို အစိုးရက ဘဏ္ဍာတော်အဖြစ် သိမ်းယူထားခဲ့ရာမှ ယခုအခါ ရောင်းချလိုက်ပြီဖြစ်သည်။

မေလ ၂၉ ရက် ၊ သောကြာနေ့က အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းမည်မျှဖြင့် အရောင်းအဝယ်လုပ်ခဲ့သည်ကိုမူ မသိရသေးချေ။

နောက်ဆုံးဈေးခေါ်ခဲ့သည်မှာမူ ကန်ဒေါ်လာ သန်း ၃၀ ဖြစ်သည်။

PropertyShark မှ မှတ်တမ်းများအရ Jho Low သည် အဆိုပါအခန်းကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လအတွင်း ကန်ဒေါ်လာ ၃၀ ဒသမ ၅၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အခန်းဝယ်ယူသောငွေမှာ မလေးရှားအစိုးရပိုင် ရန်ပုံငွေဖြစ်သော 1Malaysia Development Bhd (1MDB) မှ ခိုးယူခဲ့သော ငွေများဖြစ်သည်ဟု ယုံကြည်ရသည်။

အခန်းတည်နေရာမှာ မန်ဟက်တန်အရပ်မှ Columbus Circle အဝိုင်းရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးဖြစ်သော Mandarin Oriental ဟိုတယ်ဝန်းအတွင်း တည်ရှိသည်။

အဆိုပါဟိုတယ် complex တွင် Time Warner စင်တာ မိုးမျှော်တိုက်ကြီးများ၊ ထိပ်တန်းအဆင့် စားသောက်ဆိုင်များ၊ ကွန်ဒိုခန်းများ၊ CNN သတင်းဌာန၏ တိုက်ရိုက်ထုတ်လွှင့်မှု စတူဒီယိုရုံးခန်းများ၊ ရုံးခန်းများနှင့် လက်လီအရောင်းဆိုင်များ ပါဝင်သည်။

အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၅၀၀၀ နီးပါးရှိပြီး အိပ်ခန်း ၄ ခန်းပါဝင်ကာ Central Park ပန်းခြံကြီးကို စီးမိုးတွေ့မြင်နေရသော စတုရန်းပေ ၅၀၀ ကျယ်ဝန်းသည့် ကိုယ်ပိုင်လသာဆောင် ပိုင်ဆိုင်ထားသည့် တစ်ခုတည်းသော အခန်းဖြစ်သည်။

ယခု penthouse ခန်းအပြင် Jho Low ပိုင်ဆိုင်ထားသည့် အခြား အိမ်ခြံမြေများလည်း ရှိရာ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ စံအိမ်တစ်လုံး၊ ဟောင်ကောင်ရှိ အထပ်မြင့်လူနေခန်းတစ်ခန်းနှင့် စင်္ကာပူတွင် လူနေခန်း ၂ ခန်းတို့ ပါဝင်သည်။

အမေရိကန် တရားရေးဌာန (DoJ) က ဧပြီလ ၁၄ ရက်တွင် ကြေညာခဲ့သည်မှာ မလေးရှားအစိုးရပိုင် 1MDB မှ ငွေများကို အလွဲသုံးစားပြုလုပ်ထားမှုများအား ဖော်ထုတ်ခဲ့ပြီး ကန်ဒေါ်လာ သန်း ၃၀၀ (ရင်းဂစ် ၁ ဒသမ ၂၉ ဘီလီယံ) ကို မလေးရှားအစိုးရထံ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

အဆိုပါငွေများကို အမေရိကန်အပြင် ဆွစ်ဇာလန်၊ စင်္ကာပူနှင့် လူဇင်ဘတ်တို့ရှိ ဘဏ္ဍာရေးအင်စတီကျူးရှင်းများမှတဆင့် ငွေကြေးခဝါချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခင် ပြန်လည်ပေးအပ်ခဲ့မှုများ အပါအဝင် ၂၀၁၉ ခုနှစ်၊ မေလ အထိ မလေးရှားအစိုးရထံ ကန်ဒေါ်လာ သန်း ၆၀၀ (ရင်းဂစ် ၂ ဒသမ ၆ ဘီလီယံ) ပြန်လည်ပေးအပ်ခဲ့ပြီး ဖြစ်သည်။

(ဆက်စပ်သတင်းများ)

(၁) https://www.imyanmarhouse.com/news/read/825897

(၂) https://www.imyanmarhouse.com/news/read/499079

(၃) https://www.imyanmarhouse.com/news/read/476583

(၄) https://www.imyanmarhouse.com/news/read/850333

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jho Low's New York penthouse sold as part of US forfeiture case (theedgemarkets)

[Zawgyi]

အေမရိကန္အစိုးရက သိမ္းယူထားေသာ မေလးရွားအစိုးရရန္ပံုေငြ ၁ ဘီလီယံ ခိုးယူမႈမ်ားႏွင့္ ဆက္ႏႊယ္ေနေသာ စီးပြားေရးလုပ္ငန္းရွင္ Jho Low ၏ နယူးေယာက္ penthouse ခန္း အစိုးရက ေရာင္းခ်

နယူးေယာက္ျမိဳ႕၊ မန္ဟက္တန္အရပ္တြင္ ဝရမ္းေျပး စီးပြားေရးလုပ္ငန္းရွင္ Jho Low ပိုင္ဆိုင္ေသာ တန္ဖိုးၾကီးဇိမ္ခံ penthouse ခန္းတစ္ခန္းကို အစိုးရက ဘ႑ာေတာ္အျဖစ္ သိမ္းယူထားခဲ့ရာမွ ယခုအခါ ေရာင္းခ်လိုက္ျပီျဖစ္သည္။

ေမလ ၂၉ ရက္ ၊ ေသာၾကာေန႔က အေရာင္းအဝယ္ျဖစ္ခဲ့ျခင္းျဖစ္ျပီး ေစ်းႏႈန္းမည္မွ်ျဖင့္ အေရာင္းအဝယ္လုပ္ခဲ့သည္ကိုမူ မသိရေသးေခ်။

ေနာက္ဆံုးေစ်းေခၚခဲ့သည္မွာမူ ကန္ေဒၚလာ သန္း ၃၀ ျဖစ္သည္။

PropertyShark မွ မွတ္တမ္းမ်ားအရ Jho Low သည္ အဆိုပါအခန္းကို ၂၀၁၁ ခုႏွစ္၊ ဇူလိုင္လအတြင္း ကန္ေဒၚလာ ၃၀ ဒသမ ၅၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

အခန္းဝယ္ယူေသာေငြမွာ မေလးရွားအစိုးရပိုင္ ရန္ပံုေငြျဖစ္ေသာ 1Malaysia Development Bhd (1MDB) မွ ခိုးယူခဲ့ေသာ ေငြမ်ားျဖစ္သည္ဟု ယံုၾကည္ရသည္။

အခန္းတည္ေနရာမွာ မန္ဟက္တန္အရပ္မွ Columbus Circle အဝိုင္းရွိ ၾကယ္ငါးပြင့္အဆင့္ ဟိုတယ္ၾကီးျဖစ္ေသာ Mandarin Oriental ဟိုတယ္ဝန္းအတြင္း တည္ရွိသည္။

အဆိုပါဟိုတယ္ complex တြင္ Time Warner စင္တာ မိုးေမွ်ာ္တိုက္ၾကီးမ်ား၊ ထိပ္တန္းအဆင့္ စားေသာက္ဆိုင္မ်ား၊ ကြန္ဒိုခန္းမ်ား၊ CNN သတင္းဌာန၏ တိုက္ရိုက္ထုတ္လႊင့္မႈ စတူဒီယိုရံုးခန္းမ်ား၊ ရံုးခန္းမ်ားႏွင့္ လက္လီအေရာင္းဆိုင္မ်ား ပါဝင္သည္။

အခန္းအက်ယ္အဝန္းမွာ စတုရန္းေပ ၅၀၀၀ နီးပါးရွိျပီး အိပ္ခန္း ၄ ခန္းပါဝင္ကာ Central Park ပန္းျခံၾကီးကို စီးမိုးေတြ႔ျမင္ေနရေသာ စတုရန္းေပ ၅၀၀ က်ယ္ဝန္းသည့္ ကိုယ္ပိုင္လသာေဆာင္ ပိုင္ဆိုင္ထားသည့္ တစ္ခုတည္းေသာ အခန္းျဖစ္သည္။

ယခု penthouse ခန္းအျပင္ Jho Low ပိုင္ဆိုင္ထားသည့္ အျခား အိမ္ျခံေျမမ်ားလည္း ရွိရာ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးလ္အရပ္ရွိ စံအိမ္တစ္လံုး၊ ေဟာင္ေကာင္ရွိ အထပ္ျမင့္လူေနခန္းတစ္ခန္းႏွင့္ စကၤာပူတြင္ လူေနခန္း ၂ ခန္းတို႔ ပါဝင္သည္။

အေမရိကန္ တရားေရးဌာန (DoJ) က ဧျပီလ ၁၄ ရက္တြင္ ေၾကညာခဲ့သည္မွာ မေလးရွားအစိုးရပိုင္ 1MDB မွ ေငြမ်ားကို အလြဲသံုးစားျပဳလုပ္ထားမႈမ်ားအား ေဖာ္ထုတ္ခဲ့ျပီး ကန္ေဒၚလာ သန္း ၃၀၀ (ရင္းဂစ္ ၁ ဒသမ ၂၉ ဘီလီယံ) ကို မေလးရွားအစိုးရထံ ျပန္လည္ေပးအပ္မည္ျဖစ္ေၾကာင္း ေၾကညာထားသည္။

အဆိုပါေငြမ်ားကို အေမရိကန္အျပင္ ဆြစ္ဇာလန္၊ စကၤာပူႏွင့္ လူဇင္ဘတ္တို႔ရွိ ဘ႑ာေရးအင္စတီက်ဴးရွင္းမ်ားမွတဆင့္ ေငြေၾကးခဝါခ်ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

ယခင္ ျပန္လည္ေပးအပ္ခဲ့မႈမ်ား အပါအဝင္ ၂၀၁၉ ခုႏွစ္၊ ေမလ အထိ မေလးရွားအစိုးရထံ ကန္ေဒၚလာ သန္း ၆၀၀ (ရင္းဂစ္ ၂ ဒသမ ၆ ဘီလီယံ) ျပန္လည္ေပးအပ္ခဲ့ျပီး ျဖစ္သည္။

(ဆက္စပ္သတင္းမ်ား)

(၁) https://www.imyanmarhouse.com/news/read/825897

(၂) https://www.imyanmarhouse.com/news/read/499079

(၃) https://www.imyanmarhouse.com/news/read/476583

(၄) https://www.imyanmarhouse.com/news/read/850333

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားနွင့္ ကမာၻတဝန္းရွိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္   ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jho Low's New York penthouse sold as part of US forfeiture case (theedgemarkets)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service