ကိုရိုနာဗိုင်းရပ်စ် မည်သို့ပျံ့နှံ့ခဲ့သည်ကို နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် သြစတေးလျ တောင်းဆို
ကိုရိုနာဗိုင်းရပ်စ် မည်သို့ပျံ့နှံ့ခဲ့သည်ကို နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် သြစတေးလျ တောင်းဆို - Property News in Myanmar from iMyanmarHouse.com
20 Apr 2020 11:26 am တွင် တင်ခဲ့သည်
622 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကိုရိုနာဗိုင်းရပ်စ်အရေး ကိုင်တွယ်ဆောင်ရွက်ပုံများနှင့်စပ်လျဉ်းပြီး ကြီးမားသည့်ဖိအားများနှင့် ရင်ဆိုင်နေရသော တရုတ်နိုင်ငံကို သြစတေးလျက ထပ်မံဖိအားပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
တရုတ်နိုင်ငံ၏ ပွင့်လင်းမြင်သာမှုအပေါ် မေးခွန်းထုတ်ခဲ့ပြီး ဗိုင်းရပ်စ်၏ ဇာစ်မြစ်နှင့် မည်သို့မည်ပုံပျံ့နံှ့ခဲ့သည်ကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ရန်လည်း သြစတေးလျက တောင်းဆိုလိုက်သည်။
ကိုရိုနာဗိုင်းရပ်စ်သည် ပြီးခဲ့သောနှစ်အတွင်း တရုတ်ပြည်၊ ဝူဟန်မြို့ရှိ တောကောင်သားများ ရောင်းချသည့်ဈေးတစ်ခုမှတစ်ဆင့် စတင်ပေါ်ပေါက်ခဲ့သည်ဟု ယုံကြည်ရသည်။
ရိုက်တာသတင်းဌာန၏ တွက်ချက်မှုများအရ ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၂ ဒသမ ၃ သန်းကို ကူးစက်ခဲ့ပြီး လူပေါင်း ၁၆၀၀၀၀ နီးပါး သေဆုံးခဲ့ရသည်ဟု ဆိုသည်။
သြစတေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne က တရုတ်ပြည်၏ ပွင့်လင်းမြင်သာမှုနှင့်စပ်လျဉ်းပြီး သူမ၏ ရတက်မအေးဖြစ်မှု အလွန်အမင်းမြင့်မားနေကြောင်း ပြောကြားသည်။
သြစတေးလျသည် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အလွန်အမင်းမပင်ပန်းစေမီတွင်ပင် ကပ်ရောဂါကြီးကို ထိန်းချုပ်မှုအောက် သို့ ရောက်အောင်စီမံကွပ်ကဲနိုင်ခဲ့သည်။
တနင်္ဂနွေနေ့က ကူးစက်ခံရသူအသစ် ၅၃ ဦးတွေ့ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၆၅၈၆ ဦးရှိပြီဖြစ်ကာ သေဆုံးသူ ၇၁ ဦးရှိပြီဖြစ်ကြောင်း သြစတေးလျ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြသည်။
၇ ရက်ဆက်တိုက်အတွင်း ရောဂါကူးစက်ခံရသူသစ်တွေ့ရှိမှုမှာ ၁ ရာခိုင်နှုန်းအောက်သာရှိကာ အခြားနိုင်ငံပေါင်းများစွာအောက် နည်းပါးသည့် နှုန်းထားဖြစ်သည်။
သြစတေးလျနှင့် ၎င်း၏အရေးပါသောကုန်သွယ်ဖက် တရုတ်နိုင်ငံတို့အကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ပုံ စစ်ဆေးပေးရန် Payne ၏ တောင်းဆိုချက် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
တရုတ်ပြည်သည် ပစိဖိတ်ဒေသကြီးတွင် သြဇာလွှမ်းမှု အလွန်အမင်းကြီးထွားလာမှုအပေါ် ရတက်မအေးဖြစ်ရခြင်းနှင့် ပြည်တွင်းရေးများ တွင် ဝင်ရောက်စွက်ဖက်မှုများရှိသည်ဟု သြစတေးလျ၏ စွပ်စွဲချက်များကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားနေချိန်လည်း ဖြစ်သည်။
“တရုတ်ပြည်အပေါ် ကျွန်မရဲ့ယုံကြည်မှုက ရေရှည်အပေါ် အခြေပြုထားပါတယ်။ ကျွန်မစိုးရိမ်တာက ပွင့်လင်းမြင်သာမှုနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့အရေး ဖြစ်ပါတယ်” ဟု Payne က ပြောကြားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ပြည်အပေါ် ဝေဖန်မှုများ ဆင့်ကဲပြုလုပ်နေချိန်တွင် ကိုရိုနာဗိုင်းရပ်စ်အရေး စုံစမ်းစစ်ဆေးပေးရန် သြစတေးလျက တောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ယခုကပ်ရောဂါကြီးပျံ့ပွားမှုအတွက် သိလျက်နှင့်တာဝန်ရှိလျှင် အကျိုးဆက်များကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားထားသည်။
ပြီးခဲ့သော သီတင်းပတ်အတွင်း ဒေါ်နယ်ထရမ့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် တရုတ်ဗဟိုပြုဖြစ်နေသည်ဟု စွပ်စွဲကာ အမေရိကန်က ထည့်ဝင်နေသည့်ရန်ပုံငွေအားလုံး ရပ်ဆိုင်းခဲ့သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Australia demands coronavirus enquiry, adding to pressure on China (Reuters)
[Zawgyi]
တရုတ်နိုင်ငံ၏ ပွင့်လင်းမြင်သာမှုအပေါ် မေးခွန်းထုတ်ခဲ့ပြီး ဗိုင်းရပ်စ်၏ ဇာစ်မြစ်နှင့် မည်သို့မည်ပုံပျံ့ နှံ့ခဲ့သည်ကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ရန်လည်း သြစတေးလျက တောင်းဆိုလိုက်သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service