ဝူဟန်မှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးပုံ

ဝူဟန်မှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးပုံ - Property News in Myanmar from iMyanmarHouse.com
16 Apr 2020 11:34 am တွင် တင်ခဲ့သည်
900 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများမှာ ကမ္ဘာ့နိုင်ငံများစွာတွင် အခက်အခဲပေါင်းများစွာရှိနေနိုင်ရာ အဆိုးရွားဆုံး ကူးစက်ခံရသည့် အမေရိကန်မှ အချို့နေရာများနှင့် ဗြိတိန်တို့လည်း ပါဝင်သည်။

သို့သော် ကမ္ဘာ့ကပ်ရောဂါကြီး စတင်ပေါ်ပေါက်ရာ ဗဟိုချက်ဖြစ်သော တရုတ်ပြည်၊ ဝူဟန်မြို့တွင်ကား ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုမှာ အလွန်မြန်ဆန်၊ ဈေးသက်သာကာ စစ်ဆေးမှုရယူရန်လည်း လွယ်ကူလေသည်။

ရိုက်တာသတင်းထောက် Brenda Goh နှင့် မိတ်ဆွေများသည် ဝူဟန်မြို့သို့ မကြာသေးမီက ရောက်ရှိသွားသည်။

ဝူဟန်သို့ ရောက်သောအခါ Brenda Goh မှာ နိုင်ငံခြားသားဖြစ်ခြင်းကြောင့် ဗိုင်းရပ်စ်မရှိကြောင်း သက်သေပြရန်အတွက် nucleic test [သက်ရှိကလာပ်စည်းများတွင် ပါရှိသော DNA (သို့မဟုတ်) RNA စမ်းသပ်ခြင်း] ခံယူရန် လိုအပ်သည်ဟု ပြောဆိုခြင်းခံရ၏။

သို့နှင့် အစိုးရ အရာရှိတစ်ဦးက Brenda Goh ကို စမ်းသပ်ပေးသည့်နေရာတစ်ခုသို့ ခေါ်ဆောင်သွားသည်။

Lockdown ကာလအတွင်း ပိတ်ထားသည့် ဟိုတယ်တစ်ခုရှေ့ ဝင်ပေါက်အပြင်ဘက်တွင် စားပွဲတစ်လုံး ချထား၏။

ဆေးဝန်ထမ်း အမျိုးသမီးတစ်ဦးသာ အဆိုပါစားပွဲတွင်ထိုင်နေပြီး ဇီဝ၊ဓာတုအကာအကွယ် ဝတ်စုံကြီး ဝတ်ဆင်ထားပြီး လေကာမျက်မှန် တပ်ဆင်ထားသည်။

သူမက ကိုယ်ရေးအချက်အလက်များ မေးမြန်းပြီး ထိုင်ခိုင်း၏။

ထို့နောက် လည်ချောင်းထဲကို ဂွမ်းဖတ်ဖြင့် သလိပ်နမူနာရယူသည်။ ပျို့တက်လု ဖြစ်သွားပြီး မကြာမီ သက်သာသွားသည်။

“ခင်ဗျားရဲ့အဖြေကို တစ်ရက်ခွဲကြာရင် သိရပါမယ်” ဟု အရာရှိက ဆိုသည်။ စမ်းသပ်ခံရသည်မှာ မသက်သာလှသော်လည်း ၃ စက္ကန့်ပင် မကြာပါ။

ဝူဟန်တွင် ၇၆ ရက်ကြာ lockdown ချထားမှုကို ပြီးခဲ့သော သီတင်းပတ်အတွင်းက ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီးနောက် ထိုအခြေအနေအတိုင်း ထိန်းသိမ်းလည်ပတ်သွားနိုင်ရန် ဗိုင်းရပ်စ်စစ်ဆေးမှုများကို ကြီးမားစွာပြုလုပ်လျက် ရှိနေသည်။ nucleic acid test ဟူသော အသုံးအနှုန်းမှာ လူဦးရေ ၁၁ သန်းရှိသည့် ဝူဟန်တွင် လူတိုင်းရင်းနှီးနေသည့် အသုံးအနှုန်း ဖြစ်နေသည်။

ဝူဟန်ရှိ ကုမ္ပဏီများစွာသည် ၎င်းတို့၏ အလုပ်သမားများကို အလုပ်ပြန်မဝင်မီ nucleic acid စမ်းသပ်မှုခံယူရန် တိုက်တွန်းကြ၏။ သို့သော် မလုပ်မနေရ သတ်မှတ်ထားခြင်းကား မရှိချေ။

ဝူဟန်ရှိ ဆေးရုံတစ်ခုတွင်ကား စမ်းသပ်ခံမည့်သူသည် စမ်းသပ်ပြွန်အတွင်းသို့ တံထွေးထွေးထည့်ပေးရန်သာ လိုအပ်၏။

အဆိုပါစမ်းသပ်မှုအတွက် ယွမ်ငွေ ၂၆၀ ( ၃၇ ဒေါ်လာ) သာ ကျသင့်ပြီး ရလဒ်အဖြေများကို ဖုန်း app တစ်ခုမှတဆင့် ကြည့်ရှုနိုင်သည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်မှ ယနေ့အထိ ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု ၂၁၉၃၀၃၁၅ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း တရုတ်အစိုးရက ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြသည်။

“စမ်းသပ်လိုက်တာက ကောင်းတဲ့အရာပါ။ တကယ်လို့ခင်ဗျားဟာ ဝန်ထမ်းဦးရေ ၅၀၀ ရှိတဲ့ လုပ်ငန်းဖြစ်ပြီး လုပ်ငန်းပြန်စချင်တယ်ဆိုရင် ဝန်ထမ်းတိုင်းကို စမ်းသပ်မှုလုပ်ပါ” ဟု ဝူဟန်မြို့ရှိ Zhongnan ဆေးရုံမှ ဒုတိယဥက္ကဌ Zhao Yan က ပြောကြားသည်။

တရုတ်ပြည်တစ်ဝန်းတွင် nucleic acid test ကို ရိုးရှင်းလွယ်ကူသောနည်းလမ်းဖြင့် အရှိန်ဟုန်မြှင့် လုပ်ဆောင်လျက်ရှိနေသည်။ တိကျမှုနှင့် စပ်လျဉ်း၍ကား မေးခွန်းများ ရှိနေသည်။

အချို့သောတရုတ်ဆရာဝန်များက ဗိုင်းရပ်စ်ကူးစက်ခံလူနာကို negative ၂ ကြိမ်ပြလျှင် ဆေးရုံဆင်းခွင့်ပြုခဲ့ရာမှ ယခုအခါ ၃ ကြိမ်အထိ တိုးမြှင့်လာသည်။

ပေကျင်းအပါအဝင် မြို့ကြီးများသို့ ရောက်ရှိလာသည့်ခရီးသည်များသည် မြို့ဝင်ချိန်တွင် ဗိုင်းရပ်စ်စမ်းသပ်ထားမှု ရလဒ်များကို ပြသကြရ၏။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Getting a coronavirus test in Wuhan: fast, cheap and easy (reuters)

 

 [Zawgyi]

ဝူဟန္မွာ ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးပံု

ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးမႈမ်ားမွာ ကမၻာ့ႏိုင္ငံမ်ားစြာတြင္ အခက္အခဲေပါင္းမ်ားစြာရွိေနႏိုင္ရာ အဆိုးရြားဆံုး ကူးစက္ခံရသည့္ အေမရိကန္မွ အခ်ဳိ ႔ေနရာမ်ားႏွင့္ ျဗိတိန္တို႔လည္း ပါဝင္သည္။

သုိ႔ေသာ္ ကမၻာ့ကပ္ေရာဂါၾကီး စတင္ေပၚေပါက္ရာ ဗဟိုခ်က္ျဖစ္ေသာ တရုတ္ျပည္၊ ဝူဟန္ျမိဳ ႔တြင္ကား ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးမႈမွာ အလြန္ျမန္ဆန္၊ ေစ်းသက္သာကာ စစ္ေဆးမႈရယူရန္လည္း လြယ္ကူေလသည္။

ရိုက္တာသတင္းေထာက္ Brenda Goh ႏွင့္ မိတ္ေဆြမ်ားသည္ ဝူဟန္ျမိဳ ႔သို႔ မၾကာေသးမီက ေရာက္ရွိသြားသည္။

ဝူဟန္သို႔ ေရာက္ေသာအခါ Brenda Goh မွာ ႏိုင္ငံျခားသားျဖစ္ျခင္းေၾကာင့္ ဗိုင္းရပ္စ္မရွိေၾကာင္း သက္ေသျပရန္အတြက္ nucleic test [သက္ရွိကလာပ္စည္းမ်ားတြင္ ပါရွိေသာ DNA (သို႔မဟုတ္) RNA စမ္းသပ္ျခင္း] ခံယူရန္ လိုအပ္သည္ဟု ေျပာဆိုျခင္းခံရ၏။

သို႔ႏွင့္ အစိုးရ အရာရွိတစ္ဦးက Brenda Goh ကို စမ္းသပ္ေပးသည့္ေနရာတစ္ခုသို႔ ေခၚေဆာင္သြားသည္။

Lockdown ကာလအတြင္း ပိတ္ထားသည့္ ဟိုတယ္တစ္ခုေရွ ႔ ဝင္ေပါက္အျပင္ဘက္တြင္ စားပြဲတစ္လံုး ခ်ထား၏။

ေဆးဝန္ထမ္း အမ်ဳိးသမီးတစ္ဦးသာ အဆိုပါစားပြဲတြင္ထိုင္ေနျပီး ဇီဝ၊ဓာတုအကာအကြယ္ ဝတ္စံုၾကီး ဝတ္ဆင္ထားျပီး ေလကာမ်က္မွန္ တပ္ဆင္ထားသည္။

သူမက ကိုယ္ေရးအခ်က္အလက္မ်ား ေမးျမန္းျပီး ထိုင္ခိုင္း၏။

ထို႔ေနာက္ လည္ေခ်ာင္းထဲကို ဂြမ္းဖတ္ျဖင့္ သလိပ္နမူနာရယူသည္။ ပ်ဳိ ႔တက္လု ျဖစ္သြားျပီး မၾကာမီ သက္သာသြားသည္။

“ခင္ဗ်ားရဲ ႔အေျဖကို တစ္ရက္ခြဲၾကာရင္ သိရပါမယ္” ဟု အရာရွိက ဆိုသည္။ စမ္းသပ္ခံရသည္မွာ မသက္သာလွေသာ္လည္း ၃ စကၠန္႔ပင္ မၾကာပါ။

ဝူဟန္တြင္ ၇၆ ရက္ၾကာ lockdown ခ်ထားမႈကို ျပီးခဲ့ေသာ သီတင္းပတ္အတြင္းက ျပန္လည္ဖြင့္လွစ္ေပးလိုက္ျပီးေနာက္ ထိုအေျခအေနအတိုင္း ထိန္းသိမ္းလည္ပတ္သြားႏိုင္ရန္ ဗိုင္းရပ္စ္စစ္ေဆးမႈမ်ားကို ၾကီးမားစြာျပဳလုပ္လ်က္ ရွိေနသည္။ nucleic acid test ဟူေသာ အသံုးအႏႈန္းမွာ လူဦးေရ ၁၁ သန္းရွိသည့္ ဝူဟန္တြင္ လူတိုင္းရင္းႏွီးေနသည့္ အသံုးအႏႈန္း ျဖစ္ေနသည္။

ဝူဟန္ရွိ ကုမၸဏီမ်ားစြာသည္ ၎တို႔၏ အလုပ္သမားမ်ားကို အလုပ္ျပန္မဝင္မီ nucleic acid စမ္းသပ္မႈခံယူရန္ တိုက္တြန္းၾက၏။ သို႔ေသာ္ မလုပ္မေနရ သတ္မွတ္ထားျခင္းကား မရွိေခ်။

ဝူဟန္ရွိ ေဆးရံုတစ္ခုတြင္ကား စမ္းသပ္ခံမည့္သူသည္ စမ္းသပ္ျပြန္အတြင္းသို႔ တံေထြးေထြးထည့္ေပးရန္သာ လိုအပ္၏။

အဆိုပါစမ္းသပ္မႈအတြက္ ယြမ္ေငြ ၂၆၀ ( ၃၇ ေဒၚလာ) သာ က်သင့္ျပီး ရလဒ္အေျဖမ်ားကို ဖုန္း app တစ္ခုမွတဆင့္ ၾကည့္ရႈႏိုင္သည္ဟု ဆိုသည္။

ေဖေဖာ္ဝါရီလ ၂၁ ရက္မွ ယေန႔အထိ ဝူဟန္တြင္ ကိုရိုနာဗိုင္းရပ္စ္စစ္ေဆးမႈ ၂၁၉၃၀၃၁၅ ၾကိမ္ ျပဳလုပ္ခဲ့ျပီးျဖစ္ေၾကာင္း တရုတ္အစိုးရက ထုတ္ျပန္သည့္ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

“စမ္းသပ္လိုက္တာက ေကာင္းတဲ့အရာပါ။ တကယ္လို႔ခင္ဗ်ားဟာ ဝန္ထမ္းဦးေရ ၅၀၀ ရွိတဲ့ လုပ္ငန္းျဖစ္ျပီး လုပ္ငန္းျပန္စခ်င္တယ္ဆိုရင္ ဝန္ထမ္းတိုင္းကို စမ္းသပ္မႈလုပ္ပါ” ဟု ဝူဟန္ျမိဳ ႔ရွိ Zhongnan ေဆးရံုမွ ဒုတိယဥကၠဌ Zhao Yan က ေျပာၾကားသည္။

တရုတ္ျပည္တစ္ဝန္းတြင္ nucleic acid test ကို ရိုးရွင္းလြယ္ကူေသာနည္းလမ္းျဖင့္ အရွိန္ဟုန္ျမွင့္ လုပ္ေဆာင္လ်က္ရွိေနသည္။ တိက်မႈႏွင့္ စပ္လ်ဥ္း၍ကား ေမးခြန္းမ်ား ရွိေနသည္။

အခ်ဳိ ႔ေသာတရုတ္ဆရာဝန္မ်ားက ဗိုင္းရပ္စ္ကူးစက္ခံလူနာကို negative ၂ ၾကိမ္ျပလွ်င္ ေဆးရံုဆင္းခြင့္ျပဳခဲ့ရာမွ ယခုအခါ ၃ ၾကိမ္အထိ တိုးျမွင့္လာသည္။

ေပက်င္းအပါအဝင္ ျမိဳ ႔ၾကီးမ်ားသို႔ ေရာက္ရွိလာသည့္ခရီးသည္မ်ားသည္ ျမိဳ ႔ဝင္ခ်ိန္တြင္ ဗိုင္းရပ္စ္စမ္းသပ္ထားမႈ ရလဒ္မ်ားကို ျပသၾကရ၏။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Getting a coronavirus test in Wuhan: fast, cheap and easy (reuters)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service