အီတလီတွင် မာဖီးယားဂိုဏ်းက ဒေသခံပြည်သူများကို အစားအသောက်များ ဖြန့်ဝေပေး

အီတလီတွင် မာဖီးယားဂိုဏ်းက ဒေသခံပြည်သူများကို အစားအသောက်များ ဖြန့်ဝေပေး - Property News in Myanmar from iMyanmarHouse.com
12 Apr 2020 1:02 pm တွင် တင်ခဲ့သည်
9333 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အီတလီသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးအကျပ်ဆိုက်နေချိန်တွင် မာဖီးယားဂိုဏ်းက quarantine ဝင်နေရသည့် ဆင်းရဲသား မိသားစုများကို အစားအသောက်များ အခမဲ့ဖြန့်ဖြူးပေးနေရာ ဒေသခံတို့၏ ထောက်ခံမှုများ ရရှိနေသည်ဟု The Guardian တွင် ဖော်ပြသည်။

မာဖီးယားဂိုဏ်းဝင်တို့သည် အီတလီတောင်ပိုင်းရှိ အဆင်းရဲဆုံးဒေသများဖြစ်သော Campania ၊ Calabria ၊ Sicily နှင့် Puglia ဒေသတို့တွင် ဒေသခံပြည်သူများကို မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများ ပေးဝေခဲ့ခြင်း ဖြစ်သည်။

“ဈေးဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ အရက်ဆိုင်တွေ ပိတ်သိမ်းထားတာ တစ်လကျော်သွားပါပြီ။ ဒါကြောင့် ဝင်ငွေမရှိကြတာ တစ်လကျော်သွားပါပြီ။ ဘယ်တော့မှ လုပ်ငန်းခွင်ကို ပြန်ဝင်နိုင်မယ်ဆိုတာလည်း မသိပါဘူး။ အစိုးရက ဈေးဝယ်ဘောင်ချာ ထုတ်ပေးတာမျိုးရှိပါတယ်။ ဒီလိုမိသားစုတွေကို အစိုးရက ဆက်လက်ပံ့ပိုးမပေးနိုင်ဘူးဆိုရင် မာဖီးယားဟာ လူတွေရဲ့ အသက်ကို အခြေပြုပြီး ထိန်းချုပ်မှု ရယူလာတော့မှာ ဖြစ်ပါတယ်” ဟု မာဖီးယားတိုက်ဖျက်ရေး စစ်ဆေးရေးမှူး၊ Catanzaro မှ ဥပဒေရုံးအကြီးအကဲ Nicola Gratteri က ပြောကြားသည်။

အီတလီတောင်ပိုင်းသည် လူပေါင်း ၁ သန်းကျော် နေထိုင်သော ဒေသဖြစ်သည်။

ဈေးဆိုင်ငယ်ကလေးများ၏ ပိုင်ရှင်များကို အစားအသောက်များ အခမဲ့ပေးရန် ဖိအားပေးမှုများ ရှိသည်ဟု ဆိုသည်။

အချို့ဒေသများတွင် ဈေးဝယ်စင်တာများတွင် ခိုးမှုများ မပေါ်ပေါက်စေရန် ရဲတပ်ဖွဲ့က ကင်းလှည့်စောင့်ကြပ်ပေးနေရသည်။

အစိုးရ၏ အချိန်ဆွဲကိုင်တွယ်နေပုံကို Sisily တွင် ပြည်သူများက ကန့်ကွက်ဆန္ဒပြခြင်းနှင့် လူမှုမငြိမ်သက်မှုများ ပေါ်ပေါက်လာနေသည်။

ထိုသို့သော လူမှုမငြိမ်သက်မှုများအကြား အီတလီပြည်ထဲရေးဝန်ကြီး Luciana Lamorgese က ပြောကြားရာတွင် မာဖီးယားဂိုဏ်းသည် ဆင်းရဲမွဲတေမှု ကြီးထွားလာမှုကို အခွင့်ကောင်းယူပြီး ၎င်းတို့အဖွဲ့အတွက် လူသူစုဆောင်းမှုများ ပြုလုပ်လာနေကြောင်း ပြောကြားသည်။ မကြာသေးမီရက်များအတွင်း Naples တွင် ရဲတပ်ဖွဲ့ဝင်များသည် မြို့၏အဆင်းရဲဆုံးရပ်ကွက်များ၌ တင်းကြပ်စွာ စောင့်ကြပ်မှုများ ပြုလုပ်လာသည်။

ထိုဒေသတွင် Neapolitan မာဖီးယားအဖွဲ့နှင့် ဆက်နွှယ်မှုရှိသော အမျိုးသားများက အစားအသောက်များ လိုက်လံပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။

ရာဇဝတ်တရားသူကြီးတို့က အစားအသောက်များ ဖြန့်ဝေနေသည့်အုပ်စုတစ်ခုကို ဒေသခံပြည်သူများအား အစားအသောက်ပေးဝေနေချိန်တွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

မာဖီးယားအခြေစိုက်ရာ ဒေသတစ်ခုဖြစ်သည့် Palermo တွင်လည်း Cosa Nostra ဂိုဏ်းအကြီးအကဲနှင့် ညီအစ်ကိုတော်စပ်သူက ဆင်းရဲသားတို့ကို အစားအသောက်များ ဖြန့်ဝေပေးခဲ့သည်ဟု ဆိုသည်။

အဆိုပါအမျိုးသားက Facebook မှတဆင့် ပြန်လည်ဖြေရှင်းခဲ့ရာတွင် ၎င်းသည် ပရဟိတလုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဖြေရှင်းခဲ့ပြီး ပထမဆုံးသတင်းရေးသားခဲ့သည့် သတင်းထောက်ကိုလည်း ဝေဖန်ရှုတ်ချခဲ့သည်။

အောက်စ်ဖို့တက္ကသိုလ်မှ မှုခင်းရေးရာ ပါမောက္ခ Federico Varese က ပြောကြားရာတွင် “မာဖီးယားဟာ ရာဇဝတ်ဂိုဏ်းသက်သက်မျှ မဟုတ်ပါဘူး။ သူတို့ဟာ နယ်မြေတွေနဲ့ ဈေးကွက်တွေကို အုပ်စိုးလိုတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ မာဖီးယားရဲ့ ဘဏ္ဍာရေးရှုထောင့် ကိုပဲ လူတွေက ဝေဖန်ကြတယ်။ သူတို့ရဲ့အင်အားဟာ အခြေစိုက်ဒေသတွေကနေလာတယ်ဆိုတာ မေ့နေကြတယ်” ဟု ပြောကြားသည်။

“မာဖီးယား အကြီးအကဲတွေဟာ သူတို့နေထိုင်တဲ့မြို့တွေကို သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေလို ရှုမြင်ကြပါတယ်။ သူတို့ရဲ့နယ်မြေကို အုပ်ချုပ်နိုင်ဖို့အတွက် ဒေသခံတွေကို စောင့်ရှောက်ဖို့လိုတယ်ဆိုတာ မာဖီးယားခေါင်းဆောင်တွေ ကောင်းကောင်းသိထားတယ်။ ဒါကြောင့် လက်ရှိအခြေအနေကို အသုံးချပြီး သူတို့အတွက် အမြတ်ထုတ်ခဲ့တာပါပဲ” ဟု Nicola Gratteri က ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:  Mafia distributes food to Italy's struggling residents (theguardian)

 

[Zawgyi]

အီတလီတြင္ မာဖီးယားဂိုဏ္းက ေဒသခံျပည္သူမ်ားကို အစားအေသာက္မ်ား ျဖန္႔ေဝေပး

အီတလီသည္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရးအက်ပ္ဆိုက္ေနခ်ိန္တြင္ မာဖီးယားဂိုဏ္းက quarantine ဝင္ေနရသည့္ ဆင္းရဲသား မိသားစုမ်ားကို အစားအေသာက္မ်ား အခမဲ့ျဖန္႔ျဖဴးေပးေနရာ ေဒသခံတို႔၏ ေထာက္ခံမႈမ်ား ရရွိေနသည္ဟု The Guardian တြင္ ေဖာ္ျပသည္။

မာဖီးယားဂိုဏ္းဝင္တို႔သည္ အီတလီေတာင္ပိုင္းရွိ အဆင္းရဲဆံုးေဒသမ်ားျဖစ္ေသာ Campania ၊ Calabria ၊ Sicily ႏွင့္ Puglia ေဒသတို႔တြင္ ေဒသခံျပည္သူမ်ားကို မရွိမျဖစ္လိုအပ္သည့္ ကုန္ပစၥည္းမ်ား ေပးေဝခဲ့ျခင္း ျဖစ္သည္။

“ေစ်းဆိုင္ေတြ၊ ေကာ္ဖီဆိုင္ေတြ၊ စားေသာက္ဆိုင္ေတြနဲ႔ အရက္ဆိုင္ေတြ ပိတ္သိမ္းထားတာ တစ္လေက်ာ္သြားပါျပီ။ ဒါေၾကာင့္ ဝင္ေငြမရွိၾကတာ တစ္လေက်ာ္သြားပါျပီ။ ဘယ္ေတာ့မွ လုပ္ငန္းခြင္ကို ျပန္ဝင္ႏိုင္မယ္ဆိုတာလည္း မသိပါဘူး။ အစိုးရက ေစ်းဝယ္ေဘာင္ခ်ာ ထုတ္ေပးတာမ်ဳိးရွိပါတယ္။ ဒီလိုမိသားစုေတြကို အစိုးရက ဆက္လက္ပံ့ပိုးမေပးႏိုင္ဘူးဆိုရင္ မာဖီးယားဟာ လူေတြရဲ ႔ အသက္ကို အေျချပဳျပီး ထိန္းခ်ဳပ္မႈ ရယူလာေတာ့မွာ ျဖစ္ပါတယ္” ဟု မာဖီးယားတိုက္ဖ်က္ေရး စစ္ေဆးေရးမွဴး၊ Catanzaro မွ ဥပေဒရံုးအၾကီးအကဲ Nicola Gratteri က ေျပာၾကားသည္။

အီတလီေတာင္ပိုင္းသည္ လူေပါင္း ၁ သန္းေက်ာ္ ေနထိုင္ေသာ ေဒသျဖစ္သည္။

ေစ်းဆိုင္ငယ္ကေလးမ်ား၏ ပိုင္ရွင္မ်ားကို အစားအေသာက္မ်ား အခမဲ့ေပးရန္ ဖိအားေပးမႈမ်ား ရွိသည္ဟု ဆိုသည္။

အခ်ဳိ ႔ေဒသမ်ားတြင္ ေစ်းဝယ္စင္တာမ်ားတြင္ ခိုးမႈမ်ား မေပၚေပါက္ေစရန္ ရဲတပ္ဖြဲ႔က ကင္းလွည့္ေစာင့္ၾကပ္ေပးေနရသည္။

အစိုးရ၏ အခ်ိန္ဆြဲကိုင္တြယ္ေနပံုကို Sisily တြင္ ျပည္သူမ်ားက ကန္႔ကြက္ဆႏၵျပျခင္းႏွင့္ လူမႈမျငိမ္သက္မႈမ်ား ေပၚေပါက္လာေနသည္။

ထိုသို႔ေသာ လူမႈမျငိမ္သက္မႈမ်ားအၾကား အီတလီျပည္ထဲေရးဝန္ၾကီး Luciana Lamorgese က ေျပာၾကားရာတြင္ မာဖီးယားဂိုဏ္းသည္ ဆင္းရဲမြဲေတမႈ ၾကီးထြားလာမႈကို အခြင့္ေကာင္းယူျပီး ၎တို႔အဖြဲ႔အတြက္ လူသူစုေဆာင္းမႈမ်ား ျပဳလုပ္လာေနေၾကာင္း ေျပာၾကားသည္။ မၾကာေသးမီရက္မ်ားအတြင္း Naples တြင္ ရဲတပ္ဖြဲ႔ဝင္မ်ားသည္ ျမိဳ ႔၏အဆင္းရဲဆံုးရပ္ကြက္မ်ား၌ တင္းၾကပ္စြာ ေစာင့္ၾကပ္မႈမ်ား ျပဳလုပ္လာသည္။

ထိုေဒသတြင္ Neapolitan မာဖီးယားအဖြဲ႔ႏွင့္ ဆက္ႏႊယ္မႈရွိေသာ အမ်ဳိးသားမ်ားက အစားအေသာက္မ်ား လိုက္လံေပးေဝျခင္းမ်ား ျပဳလုပ္ခဲ့သည္။

ရာဇဝတ္တရားသူၾကီးတို႔က အစားအေသာက္မ်ား ျဖန္႔ေဝေနသည့္အုပ္စုတစ္ခုကို ေဒသခံျပည္သူမ်ားအား အစားအေသာက္ေပးေဝေနခ်ိန္တြင္ စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ခဲ့သည္။

မာဖီးယားအေျခစိုက္ရာ ေဒသတစ္ခုျဖစ္သည့္ Palermo တြင္လည္း Cosa Nostra ဂိုဏ္းအၾကီးအကဲႏွင့္ ညီအစ္ကိုေတာ္စပ္သူက ဆင္းရဲသားတို႔ကို အစားအေသာက္မ်ား ျဖန္႔ေဝေပးခဲ့သည္ဟု ဆိုသည္။

အဆိုပါအမ်ဳိးသားက Facebook မွတဆင့္ ျပန္လည္ေျဖရွင္းခဲ့ရာတြင္ ၎သည္ ပရဟိတလုပ္ေဆာင္ျခင္းသာျဖစ္ေၾကာင္း ေျဖရွင္းခဲ့ျပီး ပထမဆံုးသတင္းေရးသားခဲ့သည့္ သတင္းေထာက္ကိုလည္း ေဝဖန္ရႈတ္ခ်ခဲ့သည္။

ေအာက္စ္ဖို႔တကၠသိုလ္မွ မႈခင္းေရးရာ ပါေမာကၡ Federico Varese က ေျပာၾကားရာတြင္ “မာဖီးယားဟာ ရာဇဝတ္ဂိုဏ္းသက္သက္မွ် မဟုတ္ပါဘူး။ သူတို႔ဟာ နယ္ေျမေတြနဲ႔ ေစ်းကြက္ေတြကို အုပ္စိုးလိုတဲ့ အဖြဲ႔အစည္းေတြ ျဖစ္ပါတယ္။ မာဖီးယားရဲ ႔ ဘ႑ာေရးရႈေထာင့္ ကိုပဲ လူေတြက ေဝဖန္ၾကတယ္။ သူတို႔ရဲ ႔အင္အားဟာ အေျခစိုက္ေဒသေတြကေနလာတယ္ဆိုတာ ေမ့ေနၾကတယ္” ဟု ေျပာၾကားသည္။

“မာဖီးယား အၾကီးအကဲေတြဟာ သူတုိ႔ေနထိုင္တဲ့ျမိဳ ႔ေတြကို သူတို႔ရဲ ႔ ကိုယ္ပိုင္နယ္ေျမလို ရႈျမင္ၾကပါတယ္။ သူတို႔ရဲ ႔နယ္ေျမကို အုပ္ခ်ဳပ္ႏိုင္ဖို႔အတြက္ ေဒသခံေတြကို ေစာင့္ေရွာက္ဖို႔လိုတယ္ဆိုတာ မာဖီးယားေခါင္းေဆာင္ေတြ ေကာင္းေကာင္းသိထားတယ္။ ဒါေၾကာင့္ လက္ရွိအေျခအေနကို အသံုးခ်ျပီး သူတို႔အတြက္ အျမတ္ထုတ္ခဲ့တာပါပဲ” ဟု Nicola Gratteri က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mafia distributes food to Italy's struggling residents  (theguardian)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service