Gilead ဆေးသောက်ပြီးနောက် COVID-19 လူနာသုံးပုံနှစ်ပုံ ကျန်းမာရေးအခြေအနေတိုးတက်မှုရှိ

Gilead ဆေးသောက်ပြီးနောက် COVID-19 လူနာသုံးပုံနှစ်ပုံ ကျန်းမာရေးအခြေအနေတိုးတက်မှုရှိ - Property News in Myanmar from iMyanmarHouse.com
11 Apr 2020 10:28 am တွင် တင်ခဲ့သည်
21460 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြင်းပြင်းထန်ထန်နာမကျန်းဖြစ်နေသည့် COVID-19 လူနာ သုံးပုံတွင် နှစ်ပုံကျော်သည် Gilead Sciences Inc. (GILD.O) မှ စမ်းသပ်တီထွင်နေသည့် ဆေးဝါး remdesivir ဖြင့် ကုသပြီးနောက် အခြေအနေတိုးတက်ကောင်းမွန်လာသည်ကို တွေ့ရကြောင်း လူနာစောင့်ကြည့်လေ့လာမှုအသစ်တစ်ရပ်အရ သိရသည်။

ကမ္ဘာ့ထိပ်တန်းဆေးဘက်ဆိုင်ရာဂျာနယ်နှင့် ဝက်ဘ်ဆိုက်ဒ်ဖြစ်သော New England Journal of Medicine (NEJM) မှ ဧပြီ ၃ တွင် ထုတ်ပြန်လိုက်သည့် ထိုဆန်းစစ်လေ့လာမှုက အဆိုပါဆေးရုံတက်ကုသမှု ခံယူလျက်ရှိသော လူနာ ၆၁ ဦးအား အခြားကုသမှုများပြုလုပ်ခြင်းရှိမရှိ အသေးစိတ်ကို မဖော်ပြခဲ့ပေ။

လေ့လာမှုကိုရေးသားသူက ၎င်းတွေ့ရှိချက်များအား မျှော်လင့်ချက်ရှိသောတွေ့ရှိချက်များဟု ခေါ်ဆိုခဲ့သည်။ သို့သော်လည်း အသေးစိတ်ဖော်ပြချက်မပါဝင်သည့်အပြင် နှိုင်းယှဥ်လေ့လာမှုလည်း မပါဝင်သဖြင့် ထိုရလဒ်များကို ခေါင်းစဥ်တပ်ရန်မှာ ခက်ခဲလှသည်။ ထို့အပြင် စမ်းသပ်တိုက်ကျွေးခဲ့သော ၆၁ ဦးဟူသည့် လူနာအရေအတွက်သည်လည်း နည်းပါးပေသည်။

လတ်တလောတွင် ကမ္ဘာတစ်ဝန်း လူ ၁ သိန်း ၂သောင်းကျော်ကို အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဆိုးဆိုးရွားရွားခံစားစေပြီး သေဆုံးစေခဲ့ပြီဖြစ်သော ကိုရိုနာဗိုင်းရပ်စ်အသစ် COVID-19 ဗိုင်းရပ်စ်အတွက် အတည်ပြုထားသည့် ကုသဆေးရော ကြိုတင်ကာကွယ်ဆေးပါ မရှိသေးပေ။

Gilead က ၎င်း၏ remdesivir ဆေးအား အသုံးပြုမှုကို ပြီးခဲ့သည့်လတွင် သိသိသာသာကန့်သတ်ခဲ့ပြီး COVID-19 အတွက် ၎င်းတို့ကိုယ်တိုင်လက်တွေ့စမ်းသပ်ကုသမှုများကို ဆောင်ရွက်နေသည်။ ရလဒ်များ လာမည့်သီတင်းပတ်များတွင် ထွက်ရှိလာမည်ဟု ခန့်မှန်းရသည်။ တရုတ်ရှိ သုတေသီများနှင့် အမေရိကန်အမျိုးသားကျန်းမာရေးအဖွဲ့အစည်းမှ သုတေသီများကလည်း ကုသဆေးအတွက် ထိုဆေးဖြင့် COVID-19 လူနာများတွင် လက်တွေ့စမ်းသပ်နေကြသည်။

New England Journal of Medicine မှ ဧပြီ ၃ တွင် ထုတ်ပြန်လိုက်သည့် အဆိုပါဆန်းစစ်လေ့လာမှုသစ်တွင် remedesivir ဆေးကို ၁၀ ရက်ကြာ အကြောဆေးထိုးသွင်းခံခဲ့ရသည့် အမေရိကန်၊ ဥရောပ၊ ကနေဒါနှင့် ဂျပန်တို့ရှိ လူနာများ ပါဝင်ကြောင်း သိရသည်။

သတင်းအချက်အလက်ကိုးကားစရာထိပ်တန်းဝက်ဘ်ဆိုက်ဒ် worldometers ၌ မြန်မာစံတော်ချိန် ယနေ့ ၁၁-၄-၂၀၂၀ နံနက် ၀၉:၀၀ နာရီအထိ ဖော်ပြချက်အရ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်အသစ်ကူးစက်ခံရသူ ၁၆၉၉,၆၃၁ ၊ ၎င်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၂,၇၃၄ နှင့် ကူးစက်ခံရပြီးနောက် ပြန်လည်နာလန်ထူကောင်းမွန်လာသူ ၃၇၆,၃၂၇ ဦး ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Two thirds of COVID-19 patients improve after Gilead drug: NEJM (Reuters)

 

[Zawgyi]

Gilead ေဆးေသာက္ၿပီးေနာက္ COVID-19 လူနာသုံးပုံႏွစ္ပုံ က်န္းမာေရးအေျခအေနတိုးတက္မႈရွိ

ျပင္းျပင္းထန္ထန္နာမက်န္းျဖစ္ေနသည့္ COVID-19 လူနာ သုံးပုံတြင္ ႏွစ္ပုံေက်ာ္သည္ Gilead Sciences Inc. (GILD.O) မွ စမ္းသပ္တီထြင္ေနသည့္ ေဆးဝါး remdesivir ျဖင့္ ကုသၿပီးေနာက္ အေျခအေနတိုးတက္ေကာင္းမြန္လာသည္ကို ေတြ႕ရေၾကာင္း လူနာေစာင့္ၾကည့္ေလ့လာမႈအသစ္တစ္ရပ္အရ သိရသည္။

ကမာၻ႔ထိပ္တန္းေဆးဘက္ဆိုင္ရာဂ်ာနယ္ႏွင့္ ဝက္ဘ္ဆိုက္ဒ္ျဖစ္ေသာ New England Journal of Medicine (NEJM) မွ ဧၿပီ ၃ တြင္ ထုတ္ျပန္လိုက္သည့္ ထိုဆန္းစစ္ေလ့လာမႈက အဆိုပါေဆး႐ုံတက္ကုသမႈ ခံယူလ်က္ရွိေသာ လူနာ ၆၁ ဦးအား အျခားကုသမႈမ်ားျပဳလုပ္ျခင္းရွိမရွိ အေသးစိတ္ကို မေဖာ္ျပခဲ့ေပ။

ေလ့လာမႈကိုေရးသားသူက ၎ေတြ႕ရွိခ်က္မ်ားအား ေမွ်ာ္လင့္ခ်က္ရွိေသာေတြ႕ရွိခ်က္မ်ားဟု ေခၚဆိုခဲ့သည္။ သို႔ေသာ္လည္း အေသးစိတ္ေဖာ္ျပခ်က္မပါဝင္သည့္အျပင္ ႏႈိင္းယွဥ္ေလ့လာမႈလည္း မပါဝင္သျဖင့္ ထိုရလဒ္မ်ားကို ေခါင္းစဥ္တပ္ရန္မွာ ခက္ခဲလွသည္။ ထို႔အျပင္ စမ္းသပ္တိုက္ေကြၽးခဲ့ေသာ ၆၁ ဦးဟူသည့္ လူနာအေရအတြက္သည္လည္း နည္းပါးေပသည္။

လတ္တေလာတြင္ ကမာၻတစ္ဝန္း လူ ၁ သိန္း ၂ေသာင္းေက်ာ္ကို အသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ ဆိုးဆိုး႐ြား႐ြားခံစားေစၿပီး ေသဆုံးေစခဲ့ၿပီျဖစ္ေသာ ကို႐ိုနာဗိုင္းရပ္စ္အသစ္ COVID-19 ဗိုင္းရပ္စ္အတြက္ အတည္ျပဳထားသည့္ ကုသေဆးေရာ ႀကိဳတင္ကာကြယ္ေဆးပါ မရွိေသးေပ။

Gilead က ၎၏ remdesivir ေဆးအား အသုံးျပဳမႈကို ၿပီးခဲ့သည့္လတြင္ သိသိသာသာကန႔္သတ္ခဲ့ၿပီး COVID-19 အတြက္ ၎တို႔ကိုယ္တိုင္လက္ေတြ႕စမ္းသပ္ကုသမႈမ်ားကို ေဆာင္႐ြက္ေနသည္။ ရလဒ္မ်ား လာမည့္သီတင္းပတ္မ်ားတြင္ ထြက္ရွိလာမည္ဟု ခန႔္မွန္းရသည္။ တ႐ုတ္ရွိ သုေတသီမ်ားႏွင့္ အေမရိကန္အမ်ိဳးသားက်န္းမာေရးအဖြဲ႕အစည္းမွ သုေတသီမ်ားကလည္း ကုသေဆးအတြက္ ထိုေဆးျဖင့္ COVID-19 လူနာမ်ားတြင္ လက္ေတြ႕စမ္းသပ္ေနၾကသည္။

New England Journal of Medicine မွ ဧၿပီ ၃ တြင္ ထုတ္ျပန္လိုက္သည့္ အဆိုပါဆန္းစစ္ေလ့လာမႈသစ္တြင္ remedesivir ေဆးကို ၁၀ ရက္ၾကာ အေၾကာေဆးထိုးသြင္းခံခဲ့ရသည့္ အေမရိကန္၊ ဥေရာပ၊ ကေနဒါႏွင့္ ဂ်ပန္တို႔ရွိ လူနာမ်ား ပါဝင္ေၾကာင္း သိရသည္။

သတင္းအခ်က္အလက္ကိုးကားစရာထိပ္တန္းဝက္ဘ္ဆိုက္ဒ္ worldometers ၌ ျမန္မာစံေတာ္ခ်ိန္ ယေန႔ ၁၁-၄-၂၀၂၀ နံနက္ ၀၉:၀၀ နာရီအထိ ေဖာ္ျပခ်က္အရ ကမာၻတစ္ဝန္းတြင္ ကို႐ိုနာဗိုင္းရပ္စ္အသစ္ကူးစက္ခံရသူ ၁၆၉၉,၆၃၁ ၊ ၎ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၀၂,၇၃၄ ႏွင့္ ကူးစက္ခံရၿပီးေနာက္ ျပန္လည္နာလန္ထူေကာင္းမြန္လာသူ ၃၇၆,၃၂၇ ဦး ရွိၿပီျဖစ္ေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Two thirds of COVID-19 patients improve after Gilead drug: NEJM (Reuters)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
INNO CITY
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service