COVID-19 ကပ်‌ဘေးဆိုက်နေသော်လည်း အန္တရာယ်နည်းသည့် စီးပွားရေးလှုပ်ရှားမှုများကို အီရန် ပြန်လည်စတင်မည်

COVID-19 ကပ်‌ဘေးဆိုက်နေသော်လည်း အန္တရာယ်နည်းသည့် စီးပွားရေးလှုပ်ရှားမှုများကို အီရန် ပြန်လည်စတင်မည် - Property News in Myanmar from iMyanmarHouse.com
6 Apr 2020 11:25 am တွင် တင်ခဲ့သည်
498 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

အီရန်သမ္မတ ဟာဆန်ရိုဟာနီက အစိုးရဝန်ထမ်းသုံးပုံတစ်ပုံကို ဧပြီ ၁၁ မှ စတင်၍ ရုံးပြန်တက်ကြရန် ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း သိရသည်။

အရှေ့အလယ်ပိုင်း‌ဒေသ၌ ကိုရိုနာဗိုင်းရပ်စ်အဆိုးရွားဆုံးကူးစက်ခံထားရသည့် အီရန်တွင် ၎င်းကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကျရောက်နေသော်လည်း “အန္တရာယ်နည်းသည့်” စီးပွားရေးလှုပ်ရှားမှုများကို ဧပြီ ၁၁ တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း အီရန်သမ္မတ ဟာဆန် ရိုဟာနီက ကြေညာလိုက်သည်။

“ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုအောက်မှာ အဲ့ဒီအန္တရာယ်နည်းတဲ့စီးပွားရေးလှုပ်ရှားမှုတွေကို စနေနေ့မှာ ပြန်လည်စတင်ပါမယ်။ မြို့တော်တီဟီရန်မှာတော့ ဧပြီ ၁၈ မှာ ပြန်လည်စတင်ပါမယ်။” ဟု သမ္မတရိုဟာနီက ဧပြီ ၄ တွင် ပြုလုပ်ခဲ့သည့် ရုပ်မြင်သံကြားအစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အီရန်သည် ကူးစက်မြန်ရောဂါ COVID-19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ရုန်းကန်လှုပ်ရှားနေရပေသည်။ သို့သော်လည်း ၎င်းဗိုင်းရပ်စ်ကိုထိန်းချုပ်ရန်အလို့ငှာ အများပြည်သူများ၏နေ့စဉ်ဘဝကို ကန့်သတ်သည့် စီမံချက်များက မူလကတည်းကမှ ပိတ်ဆို့ခံရမှုများဖြင့် ထိုးနှက်ခံနေသည့် စီးပွားရေးကို အကြီးအကျယ်ထိခိုက်ပျက်စီးသွားစေမည်ကို အာဏာပိုင်များက စိုးရိမ်နေကြသည်။

“အီရန်အစိုးရဝန်ထမ်းအားလုံးရဲ့သုံးပုံနှစ်ပုံဟာ စနေနေ့ကစပြီး ရုံးပြန်တက်ကြရပါမယ်။ ဒီဆုံးဖြတ်ချက်ဟာ ကျန်းမာရေးအာဏာပိုင်တွေရဲ့ ‘အိမ်မှာနေပါ’ ညွှန်ကြားချက်နဲ့ မဆန့်ကျင်ပါဘူး။” ဟု သမ္မတရိုဟာနီက ပြောကြားခဲ့သည်။

အန္တရာယ်နည်းသောစီးပွား‌ရေးလှုပ်ရှားမှုများဆိုသည်မှာ မည်သည်တို့ကိုဆိုလိုကြောင်းကို သမ္မတရိုဟာနီက မပြောကြားခဲ့ပေ။ သို့သော်လည်း စာသက်ကျောင်းများ၊ တက္ကသိုလ်များနှင့် အမျိုးမျိုသော လူမှုရေး၊ ယဉ်ကျေးမှု၊ အားကစားနှင့် ဘာသာရေးအခမ်းအနားများဖြစ်ကြသည့် “အန္တရာယ်များသောစီးပွားရေးလှုပ်ရှားမှုများ” အား ရပ်ဆိုင်းထားခြင်းကို ဧပြီ ၁၈ အထိ သက်တမ်းတိုးသတ်မှတ်မည်ဟု ပြောကြားခဲ့သည်။

ပုံမှန်အခြေအနေသို့ စောစီးစွာရောက်ရှိစေခြင်းသည် အီရန်တွင် COVID-19 ကပ်ဘး ဒုတိယလှိုင်းကို ဖြစ်ပေါ်စေနိုင်သည်ဟု ကျန်းမာရေးပညာရှင်းများက သတိပေးထားကြောင်း အယ်ဂျာဇီးရားသတင်းထောက် ဇိန်းဘာစရာဗီ၏ တီဟီရန်မှသတင်းပေးပို့ချက်အရ သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Iran to resume low-risk economic activities amid COVID-19 crisis (Aljazeera)

 

### Zawgyi Version ###

COVID-19 ကပ္‌ေဘးဆိုက္ေနေသာ္လည္း အႏၲရာယ္နည္းသည့္ စီးပြားေရးလႈပ္ရွားမႈမ်ားကို အီရန္ ျပန္လည္စတင္မည္

အီရန္သမၼတ ဟာဆန္႐ိုဟာနီက အစိုးရဝန္ထမ္းသုံးပုံတစ္ပုံကို ဧၿပီ ၁၁ မွ စတင္၍ ႐ုံးျပန္တက္ၾကရန္ ၫႊန္ၾကားလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

အေရွ႕အလယ္ပိုင္း‌ေဒသ၌ ကို႐ိုနာဗိုင္းရပ္စ္အဆိုး႐ြားဆုံးကူးစက္ခံထားရသည့္ အီရန္တြင္ ၎ကမာၻလုံးဆိုင္ရာကပ္ေရာဂါက်ေရာက္ေနေသာ္လည္း “အႏၲရာယ္နည္းသည့္” စီးပြားေရးလႈပ္ရွားမႈမ်ားကို ဧၿပီ ၁၁ တြင္ ျပန္လည္စတင္မည္ျဖစ္ေၾကာင္း အီရန္သမၼတ ဟာဆန္ ႐ိုဟာနီက ေၾကညာလိုက္သည္။

“က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ႀကီးၾကပ္မႈေအာက္မွာ အဲ့ဒီအႏၲရာယ္နည္းတဲ့စီးပြားေရးလႈပ္ရွားမႈေတြကို စေနေန႔မွာ ျပန္လည္စတင္ပါမယ္။ ၿမိဳ႕ေတာ္တီဟီရန္မွာေတာ့ ဧၿပီ ၁၈ မွာ ျပန္လည္စတင္ပါမယ္။” ဟု သမၼတ႐ိုဟာနီက ဧၿပီ ၄ တြင္ ျပဳလုပ္ခဲ့သည့္ ႐ုပ္ျမင္သံၾကားအစည္းအေဝးတစ္ခုတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အီရန္သည္ ကူးစက္ျမန္ေရာဂါ COVID-19 ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ရန္ ႐ုန္းကန္လႈပ္ရွားေနရေပသည္။ သို႔ေသာ္လည္း ၎ဗိုင္းရပ္စ္ကိုထိန္းခ်ဳပ္ရန္အလို႔ငွာ အမ်ားျပည္သူမ်ား၏ေန႔စဥ္ဘဝကို ကန႔္သတ္သည့္ စီမံခ်က္မ်ားက မူလကတည္းကမွ ပိတ္ဆို႔ခံရမႈမ်ားျဖင့္ ထိုးႏွက္ခံေနသည့္ စီးပြားေရးကို အႀကီးအက်ယ္ထိခိုက္ပ်က္စီးသြားေစမည္ကို အာဏာပိုင္မ်ားက စိုးရိမ္ေနၾကသည္။

“အီရန္အစိုးရဝန္ထမ္းအားလုံးရဲ႕သုံးပုံႏွစ္ပုံဟာ စေနေန႔ကစၿပီး ႐ုံးျပန္တက္ၾကရပါမယ္။ ဒီဆုံးျဖတ္ခ်က္ဟာ က်န္းမာေရးအာဏာပိုင္ေတြရဲ႕ ‘အိမ္မွာေနပါ’ ၫႊန္ၾကားခ်က္နဲ႔ မဆန႔္က်င္ပါဘူး။” ဟု သမၼတ႐ိုဟာနီက ေျပာၾကားခဲ့သည္။

အႏၲရာယ္နည္းေသာစီးပြား‌ေရးလႈပ္ရွားမႈမ်ားဆိုသည္မွာ မည္သည္တို႔ကိုဆိုလိုေၾကာင္းကို သမၼတ႐ိုဟာနီက မေျပာၾကားခဲ့ေပ။ သို႔ေသာ္လည္း စာသက္ေက်ာင္းမ်ား၊ တကၠသိုလ္မ်ားႏွင့္ အမ်ိဳးမ်ိဳေသာ လူမႈေရး၊ ယဥ္ေက်းမႈ၊ အားကစားႏွင့္ ဘာသာေရးအခမ္းအနားမ်ားျဖစ္ၾကသည့္ “အႏၲရာယ္မ်ားေသာစီးပြားေရးလႈပ္ရွားမႈမ်ား” အား ရပ္ဆိုင္းထားျခင္းကို ဧၿပီ ၁၈ အထိ သက္တမ္းတိုးသတ္မွတ္မည္ဟု ေျပာၾကားခဲ့သည္။

ပုံမွန္အေျခအေနသို႔ ေစာစီးစြာေရာက္ရွိေစျခင္းသည္ အီရန္တြင္ COVID-19 ကပ္ဘး ဒုတိယလႈိင္းကို ျဖစ္ေပၚေစႏိုင္သည္ဟု က်န္းမာေရးပညာရွင္းမ်ားက သတိေပးထားေၾကာင္း အယ္ဂ်ာဇီးရားသတင္းေထာက္ ဇိန္းဘာစရာဗီ၏ တီဟီရန္မွသတင္းေပးပို႔ခ်က္အရ သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Iran to resume low-risk economic activities amid COVID-19 crisis (Aljazeera)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service