မိဘနှစ်ပါးသက်ရှိထင်ရှားရှိစဉ် သားသမီးများအား မိသားစုစီမံမှုပြုလုပ်ခြင်း၏ ရည်ရွယ်ချက်

မိဘနှစ်ပါးသက်ရှိထင်ရှားရှိစဉ် သားသမီးများအား မိသားစုစီမံမှုပြုလုပ်ခြင်း၏ ရည်ရွယ်ချက် - Property Knowledge in Myanmar from iMyanmarHouse.com
3 Apr 2020 2:16 pm တွင် တင်ခဲ့သည်
2496 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

### Unicode Version ###

မိဘနှစ်ပါးမှ သက်ရှိထင်ရှားရှိစဉ် မိသားစု စီမံမှုပြုလုပ်ကာ အမွေပုံပစ္စည်းများကို ခွဲဝေခြင်း၏ အဓိက ရည်ရွယ်ချက်မှာ - ကျန်ရစ်မည့် သားသမီးများ အဆုံးမသတ်နိုင်သည့် အမွေမှုအရှုပ်အထွေးများ ပေါ်ပေါက်ခြင်းမှလည်းကောင်း၊ မိသားစုသွေးသားချင်း အမွေကိစ္စနှင့် ပက်သက်၍ စိတ်ဝမ်းကွဲပြားကာ မသင့်မတင့်ဖြစ်ရခြင်းမှလည်းကောင်း ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

မြန်မာဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းဥပဒေအရ လင်မယားနှစ်ဦး၏ ပစ္စည်းကို လင်သေလျှင် မယားပိုင်ဆိုင်သည်၊ မယားသေလျှင် လင်ပိုင်သည်ဆိုသော ဓလေ့ထုံးတမ်းဥပဒေအရ သဘောရှိရာ သြရသ သားသမီးမှအပ ကျန်သားသမီး များသည် မိဘနှစ်ဦးစလုံးမသေမီ  အမွေပစ္စည်းအပေါ် လက်ငင်းအခွင့်အရေးမရှိကြပေ။ 

ထိုသို့ လက်ငင်းအခွင့်အရေး မရှိသည့်အလျောက် မိသားစုစီမံမူပြုလုပ်ပိုင်ခွင့် မရှိဆိုလျှင် မြန်မာဗုဒ္ဓဘာသာ သားသမီးတို့သည် မိဘနှစ်ပါးလုံးမသေမီ မိသားစုစီမံမှု ပြုလုပ်နိုင်ကြမည်မဟုတ်ပေ။

မိဘတစ်ဦးဦးက မသေမှီ သားသမီးများဖြစ်ကြသည့် အမွေစား၊ အမွေခံများကိုခေါ်၍ ၎င်းတို့၏ သဘောတူညီချက်ဖြင့် အမွေခွဲပေးရန် ပဋိညာဉ်ပြုထားလျှင် ထိုစီမံချက်၌ အတင်းအကြပ်ပြုလုပ်ခြင်း၊ မတရားသြဇာညောင်းခြင်း၊ အရေးကြီးသည့်အချက်အလက်များကို ထိန်ချန်ထားခြင်းစသည့် မတရားပြု ထားခြင်းမမရှိပါက ထိုမိသားစု စီမံမှုသည် အတည်ဖြစ်ရမည်ဖြစ်သည်။ အမွေပုံပစ္စည်းပေါ်၌ လက်ငင်းအခွင့်အရေးမရှိစေကာမူ တစ်နေ့တွင် အခွင့်အရေးရှိလာမည်ဖြစ်သည့်အတွက် မိသားစုဝင်အားလုံး သဘောတူညီ၍ မိဘနှစ်ပါးမှ အမွေပစ္စည်းအားခွဲဝေသည့် မိသားစုစီမံမှုကို ပြုလုပ်နိုင်ပါသည်။

မိသားစု စီမံမှုကို အမွေခံတို့၏ သဘောတူညီမှုုဖြင့် ပြုလုပ်၍ စီမံမှုအတိုင်း ပစ္စည်းခွဲဝေပြီးပါက အဆိုပါစီမံမှုကို သဘောမတူပါဟဖောက်ဖျက်ခွင့် မရှိပါ။ အဆိုပါစီမံမှုသည် တရားဥပဒေအရ တည်မြဲခိုင်မာခြင်းမရှိဟူ၍  သက်သေခံဥပဒေပုဒ်မ ၁၁၅ အရ ုငြင်းဆိုမရပေ။ မိသားစုစီမံမှုစာချုပ်ချုပ်ဆိုပြီး မိဘများကွယ်လွန်ကြသည့်အခါ စီမံမှုတွင် ခွဲဝေပေးပြီးဖြစ်သောကြောင့် တရားရုံးတွင် အမွေခွဲဝေရန်လျှောက်ထားစရာမလိုပေ။ ၎င်းမိသားစုစီမံမှုတွင် သဘောမတူသော သားသမီးများသည် မိသားစုစီမံမှုစာချုပ်ချုပ်ဆိုစဉ်က သဘောတူညီမှုမရှိပဲ လက်မှတ်ထိုးပေးခဲ့ပြီး နောက်တစ်ချိန်ကျမှ မိဘများဆုံးပါးပြီးခါမှသဘောမတူပါကြောင်း ငြင်းဆိုခွင့်မရှိပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာ ကိုနှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

မိဘႏွစ္ပါးသက္ရွိထင္ရွားရွိစဥ္ သားသမီးမ်ားအား မိသားစုစီမံမႈျပဳလုပ္ျခင္း၏ ရည္႐ြယ္ခ်က္

မိဘႏွစ္ပါးမွ သက္ရွိထင္ရွားရွိစဥ္ မိသားစု စီမံမႈျပဳလုပ္ကာ အေမြပုံပစၥည္းမ်ားကို ခြဲေဝျခင္း၏ အဓိက ရည္႐ြယ္ခ်က္မွာ - က်န္ရစ္မည့္ သားသမီးမ်ား အဆုံးမသတ္ႏိုင္သည့္ အေမြမႈအရႈပ္အေထြးမ်ား ေပၚေပါက္ျခင္းမွလည္းေကာင္း၊ မိသားစုေသြးသားခ်င္း အေမြကိစၥႏွင့္ ပက္သက္၍ စိတ္ဝမ္းကြဲျပားကာ မသင့္မတင့္ျဖစ္ရျခင္းမွလည္းေကာင္း ကာကြယ္ေပးႏိုင္ရန္ ရည္႐ြယ္ပါသည္။

ျမန္မာဗုဒၶဘာသာ ဓေလ့ထုံးတမ္းဥပေဒအရ လင္မယားႏွစ္ဦး၏ ပစၥည္းကို လင္ေသလွ်င္ မယားပိုင္ဆိုင္သည္၊ မယားေသလွ်င္ လင္ပိုင္သည္ဆိုေသာ ဓေလ့ထုံးတမ္းဥပေဒအရ သေဘာရွိရာ ၾသရသ သားသမီးမွအပ က်န္သားသမီး မ်ားသည္ မိဘႏွစ္ဦးစလုံးမေသမီ အေမြပစၥည္းအေပၚ လက္ငင္းအခြင့္အေရးမရွိၾကေပ။

ထိုသို႔ လက္ငင္းအခြင့္အေရး မရွိသည့္အေလ်ာက္ မိသားစုစီမံမူျပဳလုပ္ပိုင္ခြင့္ မရွိဆိုလွ်င္ ျမန္မာဗုဒၶဘာသာ သားသမီးတို႔သည္ မိဘႏွစ္ပါးလုံးမေသမီ မိသားစုစီမံမႈ ျပဳလုပ္ႏိုင္ၾကမည္မဟုတ္ေပ။

မိဘတစ္ဦးဦးက မေသမွီ သားသမီးမ်ားျဖစ္ၾကသည့္ အေမြစား၊ အေမြခံမ်ားကိုေခၚ၍ ၎တို႔၏ သေဘာတူညီခ်က္ျဖင့္ အေမြခြဲေပးရန္ ပဋိညာဥ္ျပဳထားလွ်င္ ထိုစီမံခ်က္၌ အတင္းအၾကပ္ျပဳလုပ္ျခင္း၊ မတရားၾသဇာေညာင္းျခင္း၊ အေရးႀကီးသည့္အခ်က္အလက္မ်ားကို ထိန္ခ်န္ထားျခင္းစသည့္ မတရားျပဳ ထားျခင္းမမရွိပါက ထိုမိသားစု စီမံမႈသည္ အတည္ျဖစ္ရမည္ျဖစ္သည္။ အေမြပုံပစၥည္းေပၚ၌ လက္ငင္းအခြင့္အေရးမရွိေစကာမူ တစ္ေန႔တြင္ အခြင့္အေရးရွိလာမည္ျဖစ္သည့္အတြက္ မိသားစုဝင္အားလုံး သေဘာတူညီ၍ မိဘႏွစ္ပါးမွ အေမြပစၥည္းအားခြဲေဝသည့္ မိသားစုစီမံမႈကို ျပဳလုပ္ႏိုင္ပါသည္။

မိသားစု စီမံမႈကို အေမြခံတို႔၏ သေဘာတူညီမႈုျဖင့္ ျပဳလုပ္၍ စီမံမႈအတိုင္း ပစၥည္းခြဲေဝၿပီးပါက အဆိုပါစီမံမႈကို သေဘာမတူပါဟေဖာက္ဖ်က္ခြင့္ မရွိပါ။ အဆိုပါစီမံမႈသည္ တရားဥပေဒအရ တည္ၿမဲခိုင္မာျခင္းမရွိဟူ၍ သက္ေသခံဥပေဒပုဒ္မ ၁၁၅ အရ ုျငင္းဆိုမရေပ။ မိသားစုစီမံမႈစာခ်ဳပ္ခ်ဳပ္ဆိုၿပီး မိဘမ်ားကြယ္လြန္ၾကသည့္အခါ စီမံမႈတြင္ ခြဲေဝေပးၿပီးျဖစ္ေသာေၾကာင့္ တရား႐ုံးတြင္ အေမြခြဲေဝရန္ေလွ်ာက္ထားစရာမလိုေပ။ ၎မိသားစုစီမံမႈတြင္ သေဘာမတူေသာ သားသမီးမ်ားသည္ မိသားစုစီမံမႈစာခ်ဳပ္ခ်ဳပ္ဆိုစဥ္က သေဘာတူညီမႈမရွိပဲ လက္မွတ္ထိုးေပးခဲ့ၿပီး ေနာက္တစ္ခ်ိန္က်မွ မိဘမ်ားဆုံးပါးၿပီးခါမွသေဘာမတူပါေၾကာင္း ျငင္းဆိုခြင့္မရွိပါ။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာ ကိုႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အမှုစစ်‌ဆေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အမှုစစ်‌ဆေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

yatanar-mall
myat-ingyin

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service