Lucky Strike စီးကရက်ထုတ်လုပ်သော ကုမ္ပဏီက ဆေးရွက်ကြီးဖြင့် ကိုရိုနာဗိုင်းရပ်စ် ကုသဆေး ထုတ်လုပ်နိုင်တော့မည်၊ ဇွန်လမှ စတင်ပြီး ရက်သတ္တပတ်လျှင် ကုသဆေး ၃ သန်းနှင့်အထက် ထုတ်လုပ်နိုင်မည်

Lucky Strike စီးကရက်ထုတ်လုပ်သော ကုမ္ပဏီက ဆေးရွက်ကြီးဖြင့် ကိုရိုနာဗိုင်းရပ်စ် ကုသဆေး ထုတ်လုပ်နိုင်တော့မည်၊ ဇွန်လမှ စတင်ပြီး ရက်သတ္တပတ်လျှင် ကုသဆေး ၃ သန်းနှင့်အထက် ထုတ်လုပ်နိုင်မည် - Property News in Myanmar from iMyanmarHouse.com
2 Apr 2020 1:55 pm တွင် တင်ခဲ့သည်
31419 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

Lucky Strike နှင့် Benson & Hedges စီးကရက်များထုတ်လုပ်သော ကုမ္ပဏီဖြစ်သည့် British American Tobacco (BAT) သည် ဆေးရွက်ကြီးကို အခြေခံကာ ကိုရိုနာဗိုင်းရပ်စ် ကုသဆေး ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြသည်။

ဗြိတိန်အခြေစိုက် BAT ကုမ္ပဏီက ထုတ်ပြန်ရာတွင် အမေရိကန်ရှိ ၎င်းတို့၏ ဇီဝနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Kentucky BioProcessing (KBP) သည် Covid-19 ကို ကုသနိုင်မည့်ဆေးဝါး ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး လာမည့် ဇွန်လမှ စတင်ပြီး ရက်သတ္တပတ်လျှင် ကုသဆေး ၃ သန်းနှင့်အထက် ထုတ်လုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်လိုက်သည်။

BAT က ထုတ်ပြန်ရာတွင် အဆိုပါဆေးဝါးမှာ စမ်းသပ်ဆဲအဆင့်တွင်ရှိနေပြီး ဘေးကင်း လျင်မြန်သော နည်းလမ်းဖြင့် ထုတ်လုပ်နိုင်မည် ဖြစ်သည်ဟု ဆိုသည်။

မိတ်ဖက်ပူးပေါင်းသူများ၊ အစိုးရ၏ ထောက်ပံ့ကူညီမှုများဖြင့် စမ်းသပ်နေသော ယခုဆေးဝါးအောင်မြင်သွားပါက တစ်ပတ်လျှင် ကုသဆေး ၁ သန်းမှ ၃ သန်းအကြား ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ လူတို့တွင် အသုံးမပြုမီ စေ့စပ်သေချာစွာ စမ်းသပ်မှုများ ပြုလုပ်ရန် လိုအပ်ဦးမည်ဖြစ်ကြောင်း BAT ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်လည်း BAT သည် အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး (FDA) ၊ ဗြိတိန်မှ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုဌာန (HSC) တို့နှင့် ဆွေးနွေးလျက်ရှိသည်။

BAT ၏ သိပ္ပံသုတေသနဌာန ဒါရိုက်တာဖြစ်သူ ဒေါက်တာ ဒေးဗစ် အို-ရီလီက ပြောကြားရာတွင် “ဆေးဝါးတစ်ခုထုတ်လုပ်ရတာဟာ စိန်ခေါ်မှုရှိပြီး ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်ပါ။ ဒါပေမယ့်ကျွန်တော်တို့ဟာ ဆေးရွက်ကြီး အခြေပြုနည်းပညာနဲ့ ကြီးမားတဲ့အောင်မြင်မှုကြီး တစ်ခု ရခဲ့ပါတယ်။ Covid-19 ကို ရင်ဆိုင်ရမယ့်စစ်ပွဲမှာ အစိုးရတွေ stakeholder တွေအားလုံးနဲ့ လက်တွဲလုပ်ကိုင်သွားဖို့ အသင့်ရှိပါတယ်” ဟု ဆိုသည်။

KBP သည် ဆေးရွက်ကြီးကို အခြားနည်းလမ်း အသုံးပြုနိုင်ရန် ရှာဖွေနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ဆေးရွက်ကြီး အခြေပြု ဆေးဝါးများ ထုတ်လုပ်နိုင်ရန်လည်း ပါဝင်ကြောင်း BAT က ဆိုသည်။

KBP သည် အီဘိုလာဗိုင်းရပ်စ်ပေါ်ပေါက်စဉ်ကလည်း ထိရောက်သောကုသနည်းဖော်ထုတ်ရန် ကူညီခဲ့သူများတွင် ပါဝင်ပြီး လက်ရှိအားဖြင့် အမေရိကန်အစိုးရနှင့် လက်တွဲကာ ရာသီတုပ်ကွေးဆေးဝါးများ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ KBP သည် ကိုရိုနာဗိုင်းရပ်စ်ဆေးဝါး ထုတ်လုပ်ခြင်းမှာ အကျိုးအမြတ်အတွက် မရည်ရွယ်သည့် လုပ်ဆောင်မှုတစ်ခုဖြစ်သည်ဟု ဆိုသည်။

ဆေးရွက်ကြီးကို အခြေခံမည့် ယခုဆေးဝါးထုတ်လုပ်မှုမှာ သမားရိုးကျဆေးဝါးထုတ်လုပ်မှုနှင့် နှိုင်းယှဉ်လျှင် အားသာချက်များ ရှိနေပြီး လပေါင်းများစွာ မကြာမြင့်ဘဲ ကနဦးဆေးဝါးကို ရက်သတ္တ ၆ ပတ်အတွင်း ထုတ်လုပ်နိုင်စွမ်းရှိသည်ဟုလည်း ဆိုသည်။

ဆေးရွက်ကြီးပင်များတွင် လူတို့ကို ရောဂါဖြစ်စေသောပစ္စည်း (pathogen) များ မကပ်ညိနိုင်သည့်အတွက် ပိုမိုအန္တရာယ်ကင်းနိုင်သည်ဟု ယူဆရသည်။

BAT ၏ ထုတ်ပြန်ချက်အရ ဆေးကုသမှုတစ်ကြိမ်တည်းဖြင့် ထိရောက်သော ကိုယ်ခံအားစနစ်တုံ့ပြန်မှုကို ပေးစွမ်းနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

“Covid-19 ပျံ့နှံ့မှု ရပ်တန့်ရေးအတွက် တစ်ကမ္ဘာလုံးကြိုးပမ်းနေမှုမှာ ကျွန်တော်တို့က ဒီနည်းပညာကိုသုံးပြီး ဝင်ရောက်ကူညီပေးဖို့ ကတိပြုပါတယ်” ဟု ဒေါက်တာ အို-ရီလီက ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: newsweek.com

 

 

### Zawgyi Version ###

Lucky Strike စီးကရက္ထုတ္လုပ္ေသာ ကုမၸဏီက ေဆး႐ြက္ႀကီးျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ ကုသေဆး ထုတ္လုပ္ႏိုင္ေတာ့မည္၊ ဇြန္လမွ စတင္ၿပီး ရက္သတၱပတ္လွ်င္ ကုသေဆး ၃ သန္းႏွင့္အထက္ ထုတ္လုပ္ႏိုင္မည္

Lucky Strike ႏွင့္ Benson & Hedges စီးကရက္မ်ားထုတ္လုပ္ေသာ ကုမၸဏီျဖစ္သည့္ British American Tobacco (BAT) သည္ ေဆး႐ြက္ႀကီးကို အေျခခံကာ ကို႐ိုနာဗိုင္းရပ္စ္ ကုသေဆး ထုတ္လုပ္ႏိုင္ေတာ့မည္ျဖစ္ေၾကာင္း အဂၤလန္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္မ်ားတြင္ ေဖာ္ျပသည္။

ၿဗိတိန္အေျခစိုက္ BAT ကုမၸဏီက ထုတ္ျပန္ရာတြင္ အေမရိကန္ရွိ ၎တို႔၏ ဇီဝနည္းပညာကုမၸဏီတစ္ခုျဖစ္ေသာ Kentucky BioProcessing (KBP) သည္ Covid-19 ကို ကုသႏိုင္မည့္ေဆးဝါး ထုတ္လုပ္ႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိၿပီး လာမည့္ ဇြန္လမွ စတင္ၿပီး ရက္သတၱပတ္လွ်င္ ကုသေဆး ၃ သန္းႏွင့္အထက္ ထုတ္လုပ္ႏိုင္မည္ဟု ယုံၾကည္ေၾကာင္း ထုတ္ျပန္လိုက္သည္။

BAT က ထုတ္ျပန္ရာတြင္ အဆိုပါေဆးဝါးမွာ စမ္းသပ္ဆဲအဆင့္တြင္ရွိေနၿပီး ေဘးကင္း လ်င္ျမန္ေသာ နည္းလမ္းျဖင့္ ထုတ္လုပ္ႏိုင္မည္ ျဖစ္သည္ဟု ဆိုသည္။

မိတ္ဖက္ပူးေပါင္းသူမ်ား၊ အစိုးရ၏ ေထာက္ပံ့ကူညီမႈမ်ားျဖင့္ စမ္းသပ္ေနေသာ ယခုေဆးဝါးေအာင္ျမင္သြားပါက တစ္ပတ္လွ်င္ ကုသေဆး ၁ သန္းမွ ၃ သန္းအၾကား ထုတ္လုပ္ႏိုင္မည္ျဖစ္ေၾကာင္း၊ လူတို႔တြင္ အသုံးမျပဳမီ ေစ့စပ္ေသခ်ာစြာ စမ္းသပ္မႈမ်ား ျပဳလုပ္ရန္ လိုအပ္ဦးမည္ျဖစ္ေၾကာင္း BAT ၏ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

အစိုးရအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရးအတြက္လည္း BAT သည္ အေမရိကန္ အစားအစာႏွင့္ ေဆးဝါးကြပ္ကဲေရး (FDA) ၊ ၿဗိတိန္မွ က်န္းမာေရးႏွင့္ လူမႈေရးေစာင့္ေရွာက္မႈဌာန (HSC) တို႔ႏွင့္ ေဆြးေႏြးလ်က္ရွိသည္။

BAT ၏ သိပၸံသုေတသနဌာန ဒါ႐ိုက္တာျဖစ္သူ ေဒါက္တာ ေဒးဗစ္ အို-ရီလီက ေျပာၾကားရာတြင္ “ေဆးဝါးတစ္ခုထုတ္လုပ္ရတာဟာ စိန္ေခၚမႈရွိၿပီး ရႈပ္ေထြးတဲ့ လုပ္ငန္းစဥ္ပါ။ ဒါေပမယ့္ကြၽန္ေတာ္တို႔ဟာ ေဆး႐ြက္ႀကီး အေျချပဳနည္းပညာနဲ႔ ႀကီးမားတဲ့ေအာင္ျမင္မႈႀကီး တစ္ခု ရခဲ့ပါတယ္။ Covid-19 ကို ရင္ဆိုင္ရမယ့္စစ္ပြဲမွာ အစိုးရေတြ stakeholder ေတြအားလုံးနဲ႔ လက္တြဲလုပ္ကိုင္သြားဖို႔ အသင့္ရွိပါတယ္” ဟု ဆိုသည္။

KBP သည္ ေဆး႐ြက္ႀကီးကို အျခားနည္းလမ္း အသုံးျပဳႏိုင္ရန္ ရွာေဖြေနခဲ့သည္မွာ ၾကာျမင့္ခဲ့ၿပီျဖစ္ေၾကာင္း၊ ေဆး႐ြက္ႀကီး အေျချပဳ ေဆးဝါးမ်ား ထုတ္လုပ္ႏိုင္ရန္လည္း ပါဝင္ေၾကာင္း BAT က ဆိုသည္။

KBP သည္ အီဘိုလာဗိုင္းရပ္စ္ေပၚေပါက္စဥ္ကလည္း ထိေရာက္ေသာကုသနည္းေဖာ္ထုတ္ရန္ ကူညီခဲ့သူမ်ားတြင္ ပါဝင္ၿပီး လက္ရွိအားျဖင့္ အေမရိကန္အစိုးရႏွင့္ လက္တြဲကာ ရာသီတုပ္ေကြးေဆးဝါးမ်ား ထုတ္လုပ္ႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိသည္။ KBP သည္ ကို႐ိုနာဗိုင္းရပ္စ္ေဆးဝါး ထုတ္လုပ္ျခင္းမွာ အက်ိဳးအျမတ္အတြက္ မရည္႐ြယ္သည့္ လုပ္ေဆာင္မႈတစ္ခုျဖစ္သည္ဟု ဆိုသည္။

ေဆး႐ြက္ႀကီးကို အေျခခံမည့္ ယခုေဆးဝါးထုတ္လုပ္မႈမွာ သမား႐ိုးက်ေဆးဝါးထုတ္လုပ္မႈႏွင့္ ႏႈိင္းယွဥ္လွ်င္ အားသာခ်က္မ်ား ရွိေနၿပီး လေပါင္းမ်ားစြာ မၾကာျမင့္ဘဲ ကနဦးေဆးဝါးကို ရက္သတၱ ၆ ပတ္အတြင္း ထုတ္လုပ္ႏိုင္စြမ္းရွိသည္ဟုလည္း ဆိုသည္။ ေဆး႐ြက္ႀကီးပင္မ်ားတြင္ လူတို႔ကို ေရာဂါျဖစ္ေစေသာပစၥည္း (pathogen) မ်ား မကပ္ညိႏိုင္သည့္အတြက္ ပိုမိုအႏၲရာယ္ကင္းႏိုင္သည္ဟု ယူဆရသည္။

BAT ၏ ထုတ္ျပန္ခ်က္အရ ေဆးကုသမႈတစ္ႀကိမ္တည္းျဖင့္ ထိေရာက္ေသာ ကိုယ္ခံအားစနစ္တုံ႔ျပန္မႈကို ေပးစြမ္းႏိုင္ဖြယ္ရွိသည္ဟု ဆိုသည္။

“Covid-19 ပ်ံ႕ႏွံ႔မႈ ရပ္တန႔္ေရးအတြက္ တစ္ကမာၻလုံးႀကိဳးပမ္းေနမႈမွာ ကြၽန္ေတာ္တို႔က ဒီနည္းပညာကိုသုံးၿပီး ဝင္ေရာက္ကူညီေပးဖို႔ ကတိျပဳပါတယ္” ဟု ေဒါက္တာ အို-ရီလီက ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: newsweek.com 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service