ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြင်းထန်လာသောကြောင့် ပင်တဂွန်စစ်ဌာနချုပ်က အရေးကြီးသည့် စစ်ဘက်ခေါင်းဆောင်များကို အနုမြူဗုံးဒဏ်ခံနိုင်ပြီး မြေအောက် ပေ ၂၀၀၀ အနက်တွင် တည်ရှိသော မြေအောက်လှိုဏ်ဂူသို့ ပို့ဆောင်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြင်းထန်လာသောကြောင့် ပင်တဂွန်စစ်ဌာနချုပ်က အရေးကြီးသည့် စစ်ဘက်ခေါင်းဆောင်များကို အနုမြူဗုံးဒဏ်ခံနိုင်ပြီး မြေအောက် ပေ ၂၀၀၀ အနက်တွင် တည်ရှိသော မြေအောက်လှိုဏ်ဂူသို့ ပို့ဆောင် - Property News in Myanmar from iMyanmarHouse.com
30 Mar 2020 1:02 pm တွင် တင်ခဲ့သည်
22147 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြင်းထန်လာသောကြောင့် ပင်တဂွန်စစ်ဌာနချုပ်က အရေးကြီးသည့် ခေါင်းဆောင်များကို လျှို့ဝှက် မြေအောက်လှိုဏ်ဂူသို့ ပို့ဆောင်ကာ ရောဂါအန္တရာယ်မှ တိမ်းရှောင်ထားစေကြောင်း ရုရှားသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါလှိုဏ်ဂူ၏ တည်နေရာမှာ ကော်လိုရာဒိုပြည်နယ်၊ အယ်လ်ပါဆိုခရိုင်တွင် တည်ရှိသော ရှန်ယန် တောင်တန်းအောက်တွင် တည်ရှိကာ စစ်သည်များ ထူထပ်စွာ လုံခြုံရေးချထားသော နေရာဖြစ်သည်။

US Northern Commend သည် Covid-19 ကမ္ဘာ့ကပ်ရောဂါကြီးမှ ရှောင်ရှားရန်အတွက် မရှိမဖြစ် အရေးကြီးသူများကို မြေအောက် နက်ရှိုင်းသည့် နေရာသို့ ပို့ဆောင်ထားလိုက်ခြင်းဖြစ်သည်။

US Northern Commend (NORTHCOM) ကို လေတပ်ဗိုလ်ချုပ်ကြီး တဲရန့်စ် အို-ရွှန်းနက်ဆီ (Terrence O’Shaughnessy) နှင့်အတူ မြောက်အမေရိက လေကြောင်းကာကွယ်ရေးဌာန (NORAD) တို့မှ ပူးတွဲကွပ်ကဲခြင်း ဖြစ်သည်။

NAADC သည် အမေရိကန်နှင့် ကနေဒါနိုင်ငံတို့ ပူးပေါင်းထားသည့်အဖွဲ့ဖြစ်ပြီး မြောက်အမေရိကတိုက်ကြီးကို ဒုံးကျည်များနှင့် လေကြောင်းရန်တို့ ဝင်ရောက်မှု စောင့်ကြည့်သည့်အဖွဲ့ဖြစ်သည်။

ယခု သီတင်းပတ်အစောပိုင်းတွင် အို-ရွှန်းနက်ဆီက သတင်းထောက်များကို ဖေ့စ်ဘုတ်မှတဆင့် ပြောကြားခဲ့ရာတွင် ၎င်း၏ စောင့်ကြည့်ရေးအဖွဲ့သည် ပုံမှန်ကွပ်ကဲရေးဌာနဖြစ်သော ကော်လိုရာဒိုပြည်နယ်၊ ပီတာဆန် လေတပ်အခြေစိုက်စခန်းမှ မြေအောက်ခံတပ်စခန်းများသို့ ရွှေ့ပြောင်းမည်ဖြစ်ကြေင်း ထုတ်ပြန်ပြောကြားထားသည်။

အဆိုပါမြေအောက်စခန်းများအနက် တစ်ခုမှာ ရှန်ယန်တောင်တန်းကြီး၏ နှမ်းဖတ်ကျောက်လွှာများအောက် ၆၁၀ မီတာ (ပေ ၂၀၀၀) အနက်တွင်တည်ရှိသည့် မြေအောက်ဥမင်လှိုဏ်ခေါင်းများ ဖြစ်သည်။

အဆိုပါလှိုဏ်ခေါင်းများကို မီဂါတန် ၃၀ ပေါက်ကွဲအားရှိသော အနုမြူဗုံးဒဏ်ခံနိုင်စွမ်းရှိသည့် တံခါးကြီးများဖြင့် ပိတ်ကာထားသည်။

“NORAD နဲ့ NORTHCOM တို့မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ပညာရှင်တွေဟာ သူတို့ရဲ့နေအိမ်တွေကို ကျောခိုင်း၊ မိသားစုဝင်တွေကို နှုတ်ဆက်ခဲ့ပြီး လူတိုင်းနဲ့ အဆက်ဖြတ်နေထိုင်ကာ ကျွန်တော်တို့ရဲ့ အမိမြေကို ကာကွယ်ဖို့ နေ့တိုင်းစောင့်ကြည့်သွားကြမှာ ဖြစ်ပါတယ်” ဟု အို-ရွှန်းနက်ဆီက ပြောကြားသည်။

မြေအောက်ဥမင်များသို့ သွားရောက်သည့်ပညာရှင်များသည် မြေအောက်တွင် အခြားစစ်သည်များနှင့်အတူ ပူးပေါင်းတာဝန်ထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ မည်သူများကို စေလွှတ်သွားမည်ဟူသည်ကိုမူ ထုတ်ဖော်ပြောကြားခွင့်မရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

ထို့အပြင် အခြားအဖွဲ့တစ်ဖွဲ့ကိုလည်း အခြားတစ်နေရာသို့ စေလွှတ်ထားပြီး နေရာကိုမူ ထုတ်ဖော်ပြောကြားခြင်းမပြုနိုင်ကြောင်း အို-ရွှန်းနက်ဆီက ဖြည့်စွက်ပြောကြားသည်။

ရှန်ယန်တောင်တန်းရှိ မြေအောက်ဥမင်ကြီးများမှာ ကမ္ဘာဖျက်စစ်ပွဲကြီးများ ပေါ်ပေါက်လာလျှင် အသုံးပြုရန် အမေရိကန်အစိုးရက စီစဉ်ထားသည့်နေရာလည်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုကြီး ပေါ်ပေါက်လာပါက (ဥပမာ- အနုမြူလက်နက်ဖြင့် တိုက်ခိုက်ခံရခြင်း) သမ္မတနှင့် သူ၏အရာရှိများ၊ နိုင်ငံရေး၊ စစ်ဘက်နှင့် အရပ်ဘက်ခေါင်းဆောင်များကို မြေအောက်အလွန်နက်ရှိုင်းသည့်နေရာတွင် တည်ရှိသော လုံခြုံသည့်နေရာများသို့ ချက်ချင်းရွှေ့ပြောင်းပေးမည် ဖြစ်သည်။

ယင်းသို့သော မြေအောက်နေရာများအနက် အချို့မှာ ရှန်ယန် တောင်တန်းအောက်မှ ယခုနေရာ၊ အိမ်ဖြူတော်အောက်တွင် တည်ရှိ သော သမ္မတ၏ အရေးပေါ်စစ်ဆင်ရေးစင်တာ၊ ပန်ဆယ်ဗေးနီးယားပြည်နယ် Raven Rock တောင်တန်းအောက်ရှိ ဥမင်နှင့် ပန်ဆယ်ဗေးနီးယားပြည်နယ်တွင်ပင် တည်ရှိသော Mount Weather Emergency Operations Center တို့ ဖြစ်သည်။

ယခုဖြစ်ပေါ်နေသော Covid-19 အကျပ်အတည်းသည် ဝါရှင်တန်မှ ခေါင်းဆောင်များကို အလုံးအရင်းရွှေ့ပြောင်းထားရန် မလိုအပ်သေး သော်လည်း စစ်ဘက်ခေါင်းဆောင်များကမူ အသင့်အနေအထားရှိရန် ကြိုတင်စီမံထားခြင်း ဖြစ်သည်။

အမေရိကန်စစ်တပ်များ၏ အသင့်အနေထားရှိမှု အခြေအနေမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်မှုရှိနိုင်ကြောင်း ဝန်ခံလိုက်ရပြီး နောက်ပိုင်း ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါက ပြောကြားရာတွင် ပင်တဂွန်စစ်ဌာနချုပ်သည် မိမိတို့ စစ်ဘက်တွင် ဗိုင်းရပ်စ် ကူးစက်ခံရမှု အခြေအနေများကို ထုတ်ပြန်သွားမည်မဟုတ်ကြောင်း၊ အမေရိက၏ ရန်သူများသို့ မိမိ၏ အားနည်းချက်ကို ထုတ်ဖော်ပြသ မှုမျိုး ဖြစ်မနေစေရန် ဖြစ်ကြောင်း ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: thedrive.com, dailymail, rt.com

 

### Zawgyi Version ###

ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ ျပင္းထန္လာေသာေၾကာင့္ ပင္တဂြန္စစ္ဌာနခ်ဳပ္က အေရးၾကီးသည့္ စစ္ဘက္ေခါင္းေဆာင္မ်ားကို အႏုျမဴဗံုးဒဏ္ခံႏိုင္ျပီး ေျမေအာက္ ေပ ၂၀၀၀ အနက္တြင္ တည္ရွိေသာ ေျမေအာက္လိိႈဏ္ဂူသို႔ ပို႔ေဆာင္

အေမရိကန္ျပည္ေထာင္စုတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ ျပင္းထန္လာေသာေၾကာင့္ ပင္တဂြန္စစ္ဌာနခ်ဳပ္က အေရးၾကီးသည့္ ေခါင္းေဆာင္မ်ားကို လွ်ိဳ ႔ဝွက္ ေျမေအာက္လိိႈဏ္ဂူသို႔ ပို႔ေဆာင္ကာ ေရာဂါအႏၱရာယ္မွ တိမ္းေရွာင္ထားေစေၾကာင္း ရုရွားသတင္း ဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

အဆိုပါလႈိဏ္ဂူ၏ တည္ေနရာမွာ ေကာ္လိုရာဒိုျပည္နယ္၊ အယ္လ္ပါဆိုခရိုင္တြင္ တည္ရွိေသာ ရွန္ယန္ ေတာင္တန္းေအာက္တြင္ တည္ရွိကာ စစ္သည္မ်ား ထူထပ္စြာ လံုျခံဳေရးခ်ထားေသာ ေနရာျဖစ္သည္။

US Northern Commend သည္ Covid-19 ကမၻာ့ကပ္ေရာဂါၾကီးမွ ေရွာင္ရွားရန္အတြက္ မရွိမျဖစ္ အေရးၾကီးသူမ်ားကို ေျမေအာက္ နက္ရိႈင္းသည့္ ေနရာသို႔ ပို႔ေဆာင္ထားလိုက္ျခင္းျဖစ္သည္။

US Northern Commend (NORTHCOM) ကို ေလတပ္ဗိုလ္ခ်ဳပ္ၾကီး တဲရန္႔စ္ အို-ရႊန္းနက္ဆီ (Terrence O’Shaughnessy) ႏွင့္အတူ ေျမာက္အေမရိက ေလေၾကာင္းကာကြယ္ေရးဌာန (NORAD) တို႔မွ ပူးတြဲကြပ္ကဲျခင္း ျဖစ္သည္။

NAADC သည္ အေမရိကန္ႏွင့္ ကေနဒါႏိုင္ငံတို႔ ပူးေပါင္းထားသည့္အဖြဲ႔ျဖစ္ျပီး ေျမာက္အေမရိကတိုက္ၾကီးကို ဒံုးက်ည္မ်ားႏွင့္ ေလေၾကာင္းရန္တို႔ ဝင္ေရာက္မႈ ေစာင့္ၾကည့္သည့္အဖြဲ႔ျဖစ္သည္။

ယခု သီတင္းပတ္အေစာပိုင္းတြင္ အို-ရႊန္းနက္ဆီက သတင္းေထာက္မ်ားကို ေဖ့စ္ဘုတ္မွတဆင့္ ေျပာၾကားခဲ့ရာတြင္ ၎၏ ေစာင့္ၾကည့္ေရးအဖြဲ႔သည္ ပံုမွန္ကြပ္ကဲေရးဌာနျဖစ္ေသာ ေကာ္လိုရာဒိုျပည္နယ္၊ ပီတာဆန္ ေလတပ္အေျခစိုက္စခန္းမွ ေျမေအာက္ခံတပ္စခန္းမ်ားသို႔ ေရႊ ႔ေျပာင္းမည္ျဖစ္ေၾကင္း ထုတ္ျပန္ေျပာၾကားထားသည္။

အဆိုပါေျမေအာက္စခန္းမ်ားအနက္ တစ္ခုမွာ ရွန္ယန္ေတာင္တန္းၾကီး၏ ႏွမ္းဖတ္ေက်ာက္လႊာမ်ားေအာက္ ၆၁၀ မီတာ (ေပ ၂၀၀၀) အနက္တြင္တည္ရွိသည့္ ေျမေအာက္ဥမင္လႈိဏ္ေခါင္းမ်ား ျဖစ္သည္။

အဆိုပါလႈိဏ္ေခါင္းမ်ားကို မီဂါတန္ ၃၀ ေပါက္ကြဲအားရွိေသာ အႏုျမဴဗံုးဒဏ္ခံႏိုင္စြမ္းရွိသည့္ တံခါးၾကီးမ်ားျဖင့္ ပိတ္ကာထားသည္။

“NORAD နဲ႔ NORTHCOM တို႔မွာရွိတဲ့ ကၽြန္ေတာ္တို႔ရဲ ႔ ပညာရွင္ေတြဟာ သူတို႔ရဲ ႔ေနအိမ္ေတြကို ေက်ာခိုင္း၊ မိသားစုဝင္ေတြကို ႏႈတ္ဆက္ခဲ့ျပီး လူတိုင္းနဲ႔ အဆက္ျဖတ္ေနထိုင္ကာ ကၽြန္ေတာ္တို႔ရဲ ႔ အမိေျမကို ကာကြယ္ဖို႔ ေန႔တုိင္းေစာင့္ၾကည့္သြားၾကမွာ ျဖစ္ပါတယ္” ဟု အို-ရႊန္းနက္ဆီက ေျပာၾကားသည္။

ေျမေအာက္ဥမင္မ်ားသို႔ သြားေရာက္သည့္ပညာရွင္မ်ားသည္ ေျမေအာက္တြင္ အျခားစစ္သည္မ်ားႏွင့္အတူ ပူးေပါင္းတာဝန္ထမ္းေဆာင္ ရမည္ျဖစ္ေၾကာင္း၊ မည္သူမ်ားကို ေစလႊတ္သြားမည္ဟူသည္ကိုမူ ထုတ္ေဖာ္ေျပာၾကားခြင့္မရွိေၾကာင္းလည္း ၎က ဆက္လက္ ေျပာၾကားသည္။

ထို႔အျပင္ အျခားအဖြဲ႔တစ္ဖြဲ႔ကိုလည္း အျခားတစ္ေနရာသို႔ ေစလႊတ္ထားျပီး ေနရာကိုမူ ထုတ္ေဖာ္ေျပာၾကားျခင္းမျပဳႏိုင္ေၾကာင္း အို-ရႊန္းနက္ဆီက ျဖည့္စြက္ေျပာၾကားသည္။

ရွန္ယန္ေတာင္တန္းရွိ ေျမေအာက္ဥမင္ၾကီးမ်ားမွာ ကမၻာဖ်က္စစ္ပြဲၾကီးမ်ား ေပၚေပါက္လာလွ်င္ အသံုးျပဳရန္ အေမရိကန္အစိုးရက စီစဥ္ထားသည့္ေနရာလည္း ျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုအတြက္ ၾကီးမားသည့္ျခိမ္းေျခာက္မႈၾကီး ေပၚေပါက္လာပါက (ဥပမာ- အႏုျမဴလက္နက္ျဖင့္ တိုက္ခိုက္ခံရျခင္း) သမၼတႏွင့္ သူ၏အရာရွိမ်ား၊ ႏိုင္ငံေရး၊ စစ္ဘက္ႏွင့္ အရပ္ဘက္ေခါင္းေဆာင္မ်ားကို ေျမေအာက္အလြန္နက္ရိႈင္းသည့္ေနရာတြင္ တည္ရွိေသာ လံုျခံဳသည့္ေနရာမ်ားသို႔ ခ်က္ခ်င္းေရႊ ႔ေျပာင္းေပးမည္ ျဖစ္သည္။

ယင္းသို႔ေသာ ေျမေအာက္ေနရာမ်ားအနက္ အခ်ဳိ ႔မွာ ရွန္ယန္ ေတာင္တန္းေအာက္မွ ယခုေနရာ၊ အိမ္ျဖဴေတာ္ေအာက္တြင္ တည္ရွိေသာ သမၼတ၏ အေရးေပၚစစ္ဆင္ေရးစင္တာ၊ ပန္ဆယ္ေဗးနီးယားျပည္နယ္ Raven Rock ေတာင္တန္းေအာက္ရွိ ဥမင္ႏွင့္ ပန္ဆယ္ေဗးနီးယားျပည္နယ္တြင္ပင္ တည္ရွိေသာ Mount Weather Emergency Operations Center တို႔ ျဖစ္သည္။

ယခုျဖစ္ေပၚေနေသာ Covid-19 အက်ပ္အတည္းသည္ ဝါရွင္တန္မွ ေခါင္းေဆာင္မ်ားကို အလံုးအရင္းေရႊ ႔ေျပာင္းထားရန္ မလိုအပ္ေသး ေသာ္လည္း စစ္ဘက္ေခါင္းေဆာင္မ်ားကမူ အသင့္အေနအထားရွိရန္ ၾကိဳတင္စီမံထားျခင္း ျဖစ္သည္။

အေမရိကန္စစ္တပ္မ်ား၏ အသင့္အေနထားရွိမႈ အေျခအေနမွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္မႈရွိႏိုင္ေၾကာင္း ဝန္ခံလိုက္ရျပီး ေနာက္ပိုင္း ကာကြယ္ေရးဝန္ၾကီး မာ့ခ္ အက္စ္ပါက ေျပာၾကားရာတြင္ ပင္တဂြန္စစ္ဌာနခ်ဳပ္သည္ မိမိတို႔ စစ္ဘက္တြင္ ဗိုင္းရပ္စ္ ကူးစက္ခံရမႈ အေျခအေနမ်ားကို ထုတ္ျပန္သြားမည္မဟုတ္ေၾကာင္း၊ အေမရိက၏ ရန္သူမ်ားသို႔ မိမိ၏ အားနည္းခ်က္ကို ထုတ္ေဖာ္ျပသ မႈမ်ဳိး ျဖစ္မေနေစရန္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: thedrive.com, dailymail, rt.com

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service