သြစတေးလျတွင် အခြားစီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းထားသော်လည်း ဆံသဆိုင်များ၊ အလှပြင်ဆိုင်များ၊ ဈေးဝယ်စင်တာများနှင့် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီများ လုပ်ငန်းလည်ပတ်နေဆဲဖြစ်
သြစတေးလျတွင် အခြားစီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းထားသော်လည်း ဆံသဆိုင်များ၊ အလှပြင်ဆိုင်များ၊ ဈေးဝယ်စင်တာများနှင့် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီများ လုပ်ငန်းလည်ပတ်နေဆဲဖြစ် - Property News in Myanmar from iMyanmarHouse.com
25 Mar 2020 12:36 pm တွင် တင်ခဲ့သည်
797 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
သြစတေးလျနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် အဝင်အထွက်ပိတ်ပင်ခြင်း (lockdown ) ပထမဆင့်ကို ဆောင်ရွက်လျက်ရှိပြီး အရက်ဘားများနှင့် စားသောက်ဆိုင်များအားလုံးကို ပိတ်သိမ်းစေခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရန်အတွက် လုပ်ငန်းငယ်များစွာကို ပိတ်သိမ်းစေခဲ့သော်လည်း ချွင်းချက်များစွာထားရှိပေးထားပြီး ဆံသဆိုင်များမှသည် ယမကာပုလင်းများရောင်းချသည့် ဆိုင်များအထိ ဆက်လက်ဖွင့်လှစ်ထားရန် ခွင့်ပြုထားသည်။
သြစတေးလျဝန်ကြီးချုပ် စကော့ မောရစ်ဆင်က အဆင့် ၁ lockdown ပြုလုပ်ခြင်း တနင်္လာနေ့က စတင်ကြောင်း ကြေညာခဲ့ပြီး အရက်ဘားများ၊ ကလပ်များ၊ အားကစားလေ့ကျင့်ခန်းမများ၊ ရုပ်ရှင်ရုံများနှင့် အခြားသော မိုးလုံလေလုံအားကစားပွဲများကို ပိတ်သိမ်းစေခဲ့ကာ စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များကိုလည်းဆိုင်တွင် စားသောက်ခွင့်မပြုဘဲ ပါဆယ်ယူခြင်းနှင့် အိမ်အရောက်ပို့ဆောင်ပေးခြင်းများဖြင့်သာ ရောင်းချခွင့် ပေးထားသည်။
စူပါမားကက်များသည် မရှိမဖြစ် ဝန်ဆောင်မှုတစ်ခုအဖြစ် သတ်မှတ်ပေးထားပြီး တစ်နိုင်ငံလုံး lockdown ပြလုပ်သည့် အဆင့်တိုင်းတွင် ဆက်လက်ဖွင့်လှစ်ထားဖွယ်ရာရှိသည်။
ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့် ပိတ်ပင်လိုက်ပြီးနောက် ဈေးဝယ်တို့မှာ အစားအသောက်များ အလုအယက်ဝယ်ယူလာကြရာ ကုန်စုံဆိုင်များ၊ စူပါမာ့ကက်များမှာ ပိုမိုအလုပ်ရှုပ်လာကြသည်။
အွန်လိုင်းဈေးဝယ်ကုမ္ပဏီကြီးများဖြစ်သော Coles နှင့် Woolworths တို့သည်ကား မြင့်တက်လာသည့် ဝယ်လိုအားအပေါ် ဝန်ဆောင်မှုအပြည့်ပေးနိုင်ရန်အတွက် ယာယီနှင့် အချိန်ပြည့်ဝန်ထမ်းများ ပိုမိုခေါ်ယူလာကြသည်။
သြစတေးလျ၏ နာမည်ကျော် လေကြောင်းလိုင်းများဖြစ်သော Qantas နှင့် Jetstar တို့မှ ဝန်ထမ်းများသည်ကား လစာမဲ့ခွင့်ယူစေခြင်း ခံကြရသည်။
အွန်လိုင်းဈေးဝယ်ကုမ္ပဏီကြီး Coles က အချိန်ပိုင်းအလုပ်နေရာပေါင်း ၅၀၀၀ ခန့်အထိ ခေါ်ယူလာသည်။
ပထမဆင့် lockdown ကာလအတွင်း အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီများမှာ ပုံမှန်အတိုင်း လည်ပတ်နေကြဆဲ ဖြစ်သည်။
ကမ္ဘာကြီးသည် စီးပွားရေးကျဆင်းမှုသို့ ဦးတည်နေချိန်ဆိုစေကာမူ လူတို့သည် ၎င်းတို့၏နေအိမ်များနှင့် ရင်းနှီးမြှုပ်နှံမှုအဖြစ် ဝယ်ယူထားသည့် အိမ်ခြံမြေများကို ရောင်းချလာကြရာ စီးပွားရေးတွင် တိုးတက်လာမှုများပင် တွေ့လာရသည်။
“ရတက်မအေးဖြစ်ကြတဲ့ အိမ်ခြံမြေပိုင်ရှင်တွေဟာ သူတို့ရဲ့ အိမ်ခြံမြေတွေကို အဆောတလျင် ဈေးကွက်တင်လာတာတွေ သိသိသာသာ မြင့်တက်လာတာ မြင်ရဖို့ရှိပါတယ်” ဟု realestate.com က ဟောကိန်းထုတ်ထားသည်။
အိမ်ငှားများ ဝင်ငွေမရှိတော့သောကြောင့် အိမ်လခ မပေးနိုင်တော့မည့် အခြေအနေမျိုးဖြစ်လာနိုင်သဖြင့် အိမ်ခြံမြေပိုင်ရှင်တို့သည် နေအိမ်များ ရောင်းချလာကြဖွယ်ရာရှိသည်။
အဆိုပါ အကျပ်အတည်းအတွင်း ရောက်ရှိနေသော အိမ်ငှားများမှာလည်း အိမ်ငှားခသက်သာသည့်နေရာများကို အိမ်ခြံမြေအကျိုးဆောင် များမှတဆင့် ရှာဖွေလာကြမည်ဖြစ်ရာ အိမ်ခြံမြေလုပ်ငန်းကား ကိုရိုနာဗိုင်းရပ်စ်ကာလတွင်လည်း ဆက်လက် ရှင်သန်နေဦးမည်သာ ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service