တရုတ်အိမ်ခြံမြေကဏ္ဍတွင် အမျိုးသမီးဝယ်လက်အရေအတွက် သိသိသာသာများပြားလာ

တရုတ်အိမ်ခြံမြေကဏ္ဍတွင် အမျိုးသမီးဝယ်လက်အရေအတွက် သိသိသာသာများပြားလာ - Property News in Myanmar from iMyanmarHouse.com
16 Mar 2020 9:48 am တွင် တင်ခဲ့သည်
581 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

တရုတ်နိုင်ငံ၏အိမ်ခြံမြေဈေးကွက်သည် လတ်လလောတွင် လိင်အပြောင်းအလဲတစ်ခုနှင့် ရင်ဆိုင်လာရသည်။ ထိုအပြောင်းအလဲမှာ ဈေးကွက်အတွင်း ဟိုယခင်က အမျိုးသားဝယ်လက်များ အဓိကလွှမ်းမိုးထားခဲ့ရာမှ ယခုနောက်ပိုင်းနှစ်များတွင် အမျိုးသမီးဝယ်လက်အချိုးအစားသည် သိသိသာသာတိုးတက်များပြားလာခဲ့ခြင်းဖြစ်ပေသည်။

ယင်းသည် ပညာတတ်အမျိုးသမီးဦးရေနှင့် အမျိုးသမီးများ၏ ပညာရေးအဆင့်အတန်းတို့ ပိုမိုမြင့်မားလာကြပြီး လစာများမြင့်မားလာကြခြင်းကို ရှင်းလင်းစွာညွန်ပြလိုက်ခြင်းလည်း ဖြစ်သည်ဟု Asia Times ဟောင်ကောင်အခြေစိုက်သတင်းစာက သုံးသပ်ထားသည်။

အွန်လိုင်းအိမ်ခြံမြေအကျိုးဆောင် Anjuke နှင့် 58.com တို့မှ ပြုလုပ်ခဲ့သည့် ဈေးကွက်စစ်တမ်းတစ်ရပ်က တရုတ်အမျိုးသမီး ၄၀ ရာခိုင်နှုန်းသည် ကိုယ်ပိုင်အိမ်ဝယ်ရန် စီစဉ်နေကြပြီး ၄၁ ရာခိုင်နှုန်းမှာ ဝယ်ယူမည့်အစီအစဉ်များကို ဆိုင်းငံ့ထားကြကာ ၈၃ ရာခိုင်နှုန်းခန့်က လာမည့်ငါးနှစ်အတွင်း အိမ်ဝယ်ရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့ကြသည်။

စစ်တမ်းတွင်ဖြေဆိုခဲ့ကြသူများ ၃၈ ဒသမ ၈ ရာခိုင်နှုန်းက ငွေကြေးအဆင်ပြေသောအခါ ကိုယ်ပိုင်အိမ်ဝယ်ယူရန် အစီအစဉ်ရှိကြ‌ပြီး ၄၀ ရာခိုင်နှုန်းက လက်တွဲဖော်များနှင့်အတူ ဝယ်ယူရန်နှင့် ငါးပုံတစ်ပုံက သူတို့မိဘအိမ်တွင်သာ နေထိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ထိုစစ်တမ်းတွင်ဖြေဆိုခဲ့ကြသူများမှာ ပထမတန်းစားမြို့ကြီးများနှင့် ပထမတန်းစားဖြစ်လာတော့မည့်မြို့ကြီးများတွင် ပညာဖြင့်အသက်မွေးနေကြသော အသက် ၁၈ နှစ်မှ ၄၀ အကြားရှိ အမျိုးသမီးများဖြစ်သည်။

အိမ်ခြံမြေရောင်းဝယ်ငှားဝက်ဘ်ဆိုက် Beike ကလည်း ပေကျင်းနှင့် ရှန်ဟိုင်းအပါအဝင် အဓိကမြို့ကြီး ၁၂ ခုတွင် တစ်ပတ်ရစ်အိမ်များကို ဝယ်ယူသည့် အမျိုးသမီးဝယ်လက်အရေအတွက် တစ်ဟုန်ထိုးမြင့်တက်လာ‌ကြောင်း ထုတ်ပြန်ခဲ့သည်။ ၂၀၁၄ တွင် ၃၀ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၁၈ တွင် ၎င်းတို့ဝယ်လက်များ၏ ၄၇ ဒသမ ၉ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ခဲ့ကြခြင်းဖြစ်သည်။

“အိမ်ပိုင်ဆိုင်တဲ့အမျိုးသမီးဦးရေမြင့်တက်လာတကာဟာ တရုတ်မှာ အမျိုးသမီးတွေရဲ့ လူမှုရေး၊ စီးပွားရေးအဆင့်အတန်းမြင့်မားလာတာကို ပြလိုက်တာပါပဲ။” ဟု စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ အနောက်တောင်ပိုင်းတက္ကသိုလ် Southwest University of Finance and Economics ၏ စီးပွားရေးပါမောက္ခ လျိုလူက ပြောကြားခဲ့ကြောင်း သိရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

### Zawgyi Version ###

တ႐ုတ္အိမ္ၿခံေျမက႑တြင္ အမ်ိဳးသမီးဝယ္လက္အေရအတြက္ သိသိသာသာမ်ားျပားလာ

တ႐ုတ္ႏိုင္ငံ၏အိမ္ၿခံေျမေဈးကြက္သည္ လတ္လေလာတြင္ လိင္အေျပာင္းအလဲတစ္ခုႏွင့္ ရင္ဆိုင္လာရသည္။ ထိုအေျပာင္းအလဲမွာ ေဈးကြက္အတြင္း ဟိုယခင္က အမ်ိဳးသားဝယ္လက္မ်ား အဓိကလႊမ္းမိုးထားခဲ့ရာမွ ယခုေနာက္ပိုင္းႏွစ္မ်ားတြင္ အမ်ိဳးသမီးဝယ္လက္အခ်ိဳးအစားသည္ သိသိသာသာတိုးတက္မ်ားျပားလာခဲ့ျခင္းျဖစ္ေပသည္။

ယင္းသည္ ပညာတတ္အမ်ိဳးသမီးဦးေရႏွင့္ အမ်ိဳးသမီးမ်ား၏ ပညာေရးအဆင့္အတန္းတို႔ ပိုမိုျမင့္မားလာၾကၿပီး လစာမ်ားျမင့္မားလာၾကျခင္းကို ရွင္းလင္းစြာၫြန္ျပလိုက္ျခင္းလည္း ျဖစ္သည္ဟု Asia Times ေဟာင္ေကာင္အေျခစိုက္သတင္းစာက သုံးသပ္ထားသည္။

အြန္လိုင္းအိမ္ၿခံေျမအက်ိဳးေဆာင္ Anjuke ႏွင့္ 58.com တို႔မွ ျပဳလုပ္ခဲ့သည့္ ေဈးကြက္စစ္တမ္းတစ္ရပ္က တ႐ုတ္အမ်ိဳးသမီး ၄၀ ရာခိုင္ႏႈန္းသည္ ကိုယ္ပိုင္အိမ္ဝယ္ရန္ စီစဥ္ေနၾကၿပီး ၄၁ ရာခိုင္ႏႈန္းမွာ ဝယ္ယူမည့္အစီအစဥ္မ်ားကို ဆိုင္းငံ့ထားၾကကာ ၈၃ ရာခိုင္ႏႈန္းခန႔္က လာမည့္ငါးႏွစ္အတြင္း အိမ္ဝယ္ရန္ အစီအစဥ္ရွိေၾကာင္း ေျပာၾကားခဲ့ၾကသည္။

စစ္တမ္းတြင္ေျဖဆိုခဲ့ၾကသူမ်ား ၃၈ ဒသမ ၈ ရာခိုင္ႏႈန္းက ေငြေၾကးအဆင္ေျပေသာအခါ ကိုယ္ပိုင္အိမ္ဝယ္ယူရန္ အစီအစဥ္ရွိၾက‌ၿပီး ၄၀ ရာခိုင္ႏႈန္းက လက္တြဲေဖာ္မ်ားႏွင့္အတူ ဝယ္ယူရန္ႏွင့္ ငါးပုံတစ္ပုံက သူတို႔မိဘအိမ္တြင္သာ ေနထိုင္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

ထိုစစ္တမ္းတြင္ေျဖဆိုခဲ့ၾကသူမ်ားမွာ ပထမတန္းစားၿမိဳ႕ႀကီးမ်ားႏွင့္ ပထမတန္းစားျဖစ္လာေတာ့မည့္ၿမိဳ႕ႀကီးမ်ားတြင္ ပညာျဖင့္အသက္ေမြးေနၾကေသာ အသက္ ၁၈ ႏွစ္မွ ၄၀ အၾကားရွိ အမ်ိဳးသမီးမ်ားျဖစ္သည္။

အိမ္ၿခံေျမေရာင္းဝယ္ငွားဝက္ဘ္ဆိုက္ Beike ကလည္း ေပက်င္းႏွင့္ ရွန္ဟိုင္းအပါအဝင္ အဓိကၿမိဳ႕ႀကီး ၁၂ ခုတြင္ တစ္ပတ္ရစ္အိမ္မ်ားကို ဝယ္ယူသည့္ အမ်ိဳးသမီးဝယ္လက္အေရအတြက္ တစ္ဟုန္ထိုးျမင့္တက္လာ‌ေၾကာင္း ထုတ္ျပန္ခဲ့သည္။ ၂၀၁၄ တြင္ ၃၀ ရာခိုင္ႏႈန္းသာ ရွိခဲ့ရာမွ ၂၀၁၈ တြင္ ၎တို႔ဝယ္လက္မ်ား၏ ၄၇ ဒသမ ၉ ရာခိုင္ႏႈန္းမွာ အမ်ိဳးသမီးမ်ားျဖစ္ခဲ့ၾကျခင္းျဖစ္သည္။

“အိမ္ပိုင္ဆိုင္တဲ့အမ်ိဳးသမီးဦးေရျမင့္တက္လာတကာဟာ တ႐ုတ္မွာ အမ်ိဳးသမီးေတြရဲ႕ လူမႈေရး၊ စီးပြားေရးအဆင့္အတန္းျမင့္မားလာတာကို ျပလိုက္တာပါပဲ။” ဟု စီးပြားေရးႏွင့္ဘ႑ာေရးဆိုင္ရာ အေနာက္ေတာင္ပိုင္းတကၠသိုလ္ Southwest University of Finance and Economics ၏ စီးပြားေရးပါေမာကၡ လ်ိဳလူက ေျပာၾကားခဲ့ေၾကာင္း သိရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service