ကိုရိုနာဗိုင်းရပ်စ်ကြောင့် စင်္ကာပူ၏စီးပွားရေး ၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းမည်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် စင်္ကာပူ၏စီးပွားရေး ၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းမည် - Property News in Myanmar from iMyanmarHouse.com
4 Mar 2020 11:04 am တွင် တင်ခဲ့သည်
745 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး၏ ဆိုးကျိုးများသည် တရုတ်ကို ကျော်လွန်၍ ရိုက်ခတ်မည်ဖြစ်ပြီး စင်္ကာပူက အထိခိုက်ဆုံးဖြစ်မည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းလိုက်ကြသည်။
တရုတ်နှင့်အဓိကကုန်သွယ်ဖက်ဖြစ်သည့် စင်္ကာပူ၏စီးပွားရေးသည် ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးအကျပ်အတည်းမှ ၂၀၀၉ ခုနှစ်တွင် ပြန်လည်နာလန်ထူခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယခု ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်တွင် ၀ ဒသမ ၆ ရာခိုင်နှုန်း ဖွံ့ဖြိုးနှုန်းကျဆင်းမည်ဟု ခန့်မှန်းထားကြကြောင်း သိရသည်။
စင်္ကာပူသာမက တောင်ကိုရီးယား၊ သြစတြေးလျ၊ ထိုင်းနှင့် ထိုင်ဝမ်တို့တွင်လည်း ယင်းကာလအတွင်း စီးပွားရေးအခြေအနေများကျဆင်းမည်ဟု ခန့်မှန်းထားကြကြောင်း ရိုက်တာစစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။
တောင်ကိုရီးယားတွင် ၂ ဒသမ ၁ ရာခိုင်နှုန်းသာ ဖွံ့ဖြိးပြီး ထိုင်းနှင့် ထိုင်ဝမ်တို့တွင် ဝ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၁ ဒသမ ၃ ရာခိုင်နှုန်းစီသာ အသီးသီး ဖွံ့ဖြိုးမည်ဟု ခန့်မှန်းထားသည်။ သြစတြေးလျစီးပွားရေးသည် ၁၉၉၁ ခုနှစ်တွင် စတင်ခဲ့သည့် ဆယ်စုနှစ်သုံးခုနီးပါးကြာ ဖွံ့ဖြိုးမှုအလျင်ကို အဆုံးသတ်၍ တဖြည်းဖြည်းတန့်သွားမည်ဟု ခန့်မှန်းရသည်။
အင်ဒိုနီးရှားကမူ ၄ ဒသမ ၇ ရာခိုင်နှုန်း ဖွံ့ဖြိုးမည်ဟု ခန့်မှန်းချက်ဖြင့် သက်ရောက်မှုအနည်းဆုံးဖြစ်မည်ဟု ခန့်မှန်းခံထားရသည်။
“အာရှစီးပွားရေးတွေအပေါ် ကိုရိုနာဗိုင်းရပ်စ်ရဲ့သက်ရောက်မှုက တော်တော်လေးကြီးမားနိုင်ပါတယ်။ ဘာကြောင့်ဆို ‌ဒေသတွင်းခရီးသွားလုပ်ငန်းအတွက် အလွန်အထိနာလို့ပဲဖြစ်ပါတယ်။” ဟု စင်္ကာပူရှိ ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ ING ၏ သုတေသနခေါင်းဆောင်နှင့် စီးပွားရေးပညာရှင်ချုပ် ရောဘတ်ကာနဲလ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်တစ်ပတ်ကျော်အတွင်း ထုတ်ပြန်ခဲ့သည့် အလားတူစစ်တမ်းတစ်ရပ်ကလည်း တရုတ်စီးပွားရေးသည် ယခုပထမသုံးလပတ်တွင် (ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးအကျပ်အတည်းမှ ၂၀၀၉ ခုနှစ်တွင် ပြန်လည်နာလန်ထူခဲ့ပြီးနောက်) အ‌နှေးကွေးဆုံးနှုန်းဖြင့် ဖွံ့ဖြိုးမည်ဟု ခန့်မှန်းခဲ့သည်။ ယခုကပ်ဘေးကြောင့် တရုတ်စီးပွားရေးသည် ၃ ရာခိုင်နှုန်းနီးပါး သို့မဟုတ် ၃ ဒသမ ၅ ရာခိုင်နှုန်းသာ ဖွံ့ဖြိုးမည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြသည်။ တရုတ်စီးပွားရေးသည် ပြီးခဲ့သည့်သုံးလပတ်ဖြစ်သော ၂၀၁၉ ခုနှစ် စတုတ္တသုံးလပတ်တွင် ၆ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့သည်။
မည်သို့ဆိုစေ ဒုတိယသုံးလပတ်တွင်မူ အဓိကအာရှစီးပွားရေးအများစု ပြန်လည်ဦးမော့မည် ခန့်မှန်းထားကြ‌ကြောင်း သိရသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service