နိုင်ငံခြားသားများ၏ငှါးလိုအား တစ်ဟုန်ထိုးမြင့်တက်သဖြင့် စင်္ကာပူအိမ်အငှါးအား သုံးနှစ်ဆက်မြင့်တက်
နိုင်ငံခြားသားများ၏ငှါးလိုအား တစ်ဟုန်ထိုးမြင့်တက်သဖြင့် စင်္ကာပူအိမ်အငှါးအား သုံးနှစ်ဆက်မြင့်တက် - Property News in Myanmar from iMyanmarHouse.com
4 Mar 2020 9:49 am တွင် တင်ခဲ့သည်
629 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
ပြီးခဲ့သည့်နှစ်အတွင်း အငှါးအားများသည် ၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အရေအတွက်အားဖြင့် ဆယ်စုနှစ်မြင့်တက်အမှတ် ၉၃,၉၂၀ ခန်းရှိခဲ့ကြောင်း စင်္ကာပူနိုင်ငံတော်အဆင့်မြို့ပြစီမံကိန်းရေးဆွဲရေးအဖွဲ့ URA ၏ အချက်အလက်များက ဖော်ပြခဲ့သည်။
နိုင်ငံခြားသားများ၏ငှါးလိုအားကောင်းမှုကြောင့် စင်္ကာပူသည် ၂၀၁၉ တွင် လူနေအိမ်ငှါးအား၌ သုံးနှစ်မြောက်ဆက်တိုက်မြင့်တက်မှုနှင့်ကြုံတွေ့ခဲ့ရသည်။
စင်္ကာပူတွင် ငှါးလိုအားအများစုသည် ကြီးမားသောတံဆိပ်ခေါင်းခွန်များကြောင့် အပြတ်ဝယ်ယူခြင်းထက် ငှါးရမ်းနေထိုင်ရန်သာ ရှာဖွေလာကြသည့် နိုင်ငံခြားသားများထံမှ ဖြစ်ကြသည်။
“တချို့နိုင်ငံခြားသားတွေက ကာလတစ်ခုနဲ့ ခဏပဲ အလုပ်လာလုပ်ကြတာမို့ ငှါးနေဖို့ပိုရွေးချယ်ကြတာပါ။” ဟု OrangeTee & Tie အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ၏ သုတေသနနှင့်အတိုင်ပင်ခံခေါင်းဆောင် ခရစ္စတင်းဆန်းက ပြောကြားခဲ့သည်။
စင်္ကာပူနိုင်ငံသားအများစုသည် အများပြည်သူဆိုင်ရာအိမ်ရာများတွင် နေထိုင်ကြပြီး ငှါးရမ်းနေထိုင်မှုကို ဈေးနှုန်းများကြီးမြင့်ခြင်းကြောင့် ပေးရသည်နှင့်ပြန်ရသည်တို့မတန်မှုအဖြစ် ယူဆကြသည်ဟု ဘလွန်းဘတ်သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
စင်္ကာပူသည် ကျန်းမာရေးနှင့် ဘဏ္ဍာ-နည်းပညာကဲ့သို့သော ကဏ္ဍများတွင် ဆက်လက်ရင်းနှီးမြှုပ်နှံနေသဖြင့်အရည်အချင်းမြင့် ကျွမ်းကျင်နိုင်ငံခြားသားများကို ဆွဲဆောင်နေသည်။
သို့သော်လည်း စင်္ကာပူတွင် အိမ်ငှါးခများသည် ဟောင်ကောင်နှင့် နယူးယောက်တို့နှင့်ယှဉ်လျှင် သက်သာပေသည်။ ထို့ကြောင့်လည်း Deutsche Bank ၏ ပြီးခဲ့သည့်နှစ်အစီရင်ခံစာတွင် ဟောင်ကောင်က အိမိငှါးခဈေးအကြီးဆုံးနေရာဖြစ်ခဲ့ပြီး ဆန်ဖရန်စ္စကိုနှင့် နယူးယောက်တို့က ဒုတိယနှင့်တတိယဈေးအကြီးဆုံးနေရာများ အသီးသီးဖြစ်ခဲ့ကြသည်။ စင်္ကာပူကမူ ထိုစာရင်း၌ နံပါတ် ၁၁ နေရာတွင် ရပ်တည်ခဲ့သည်။
စင်္ကာပူတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကျရောက်နေသည့်တိုင် အိမ်ငှါးခများသည် ယခုနှစ်၌ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအကြား ထပ်မံမြင့်တက်မည်ဟု လေ့လာသူများက ခန့်မှန်းထားကြသည်။
“စင်္ကာပူစီးပွားရေးထဲဝင်လာကြတဲ့နိုင်ငံခြားသားဝန်ထမ်းတွေနဲ့ ဈေးကွက်သစ်တိုးချဲ့လာတဲ့ကုမ္ပဏီတွေ အရေအတွက်အရမ်းအားကောင်းလာခြင်းက ၂၀၂၀ ပြည့်နှစ်မှာ အိမ်ငှါးခတွေကို ပိုပြီးမြင့်တက်စေမှာပါ” ဟု Savills အိမ်ခြံမြေကုမ္ပဏီ၏ သုတေသနဆိုင်ရာ အမှုဆောင်ညွှန်ကြားရေးမှူး အလန်ချွန်းက ပြောကြားခဲ့ကြောင်း သိရသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service