ယူဂန်ဒါနိုင်ငံတွင် အမှုရှုံးပြီး မြေယာဆုံးရှုံးခဲ့သည့် ဖခင်၏ ဖြစ်ရပ်ကို တွေ့မြင်ခဲ့ရသော ၆ နှစ်သားအရွယ် သားငယ်က ရှေ့နေဖြစ်အောင်ကြိုးစားပြီး နောင် ၂၃ နှစ်အကြာ အမှုပြန်နိုင်ကာ မြေကွက်ပြန်ရအောင် ကြိုးစားနိုင်ခဲ့

ယူဂန်ဒါနိုင်ငံတွင် အမှုရှုံးပြီး မြေယာဆုံးရှုံးခဲ့သည့် ဖခင်၏ ဖြစ်ရပ်ကို တွေ့မြင်ခဲ့ရသော ၆ နှစ်သားအရွယ် သားငယ်က ရှေ့နေဖြစ်အောင်ကြိုးစားပြီး နောင် ၂၃ နှစ်အကြာ အမှုပြန်နိုင်ကာ မြေကွက်ပြန်ရအောင် ကြိုးစားနိုင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
3 Mar 2020 11:25 am တွင် တင်ခဲ့သည်
8216 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ယူဂန်ဒါ နိုင်ငံသားတစ်ဦးသည် ၆ နှစ်သား အရွယ်ကလေးဘဝက ဖခင်ကြီးပိုင်ဆိုင်သော မြေကွက်အရေး အမှုရင်ဆိုင်စဉ် မှုရှုံးကာ မြေကွက်ဆုံးရှုံးခဲ့ရပုံကို မျက်မြင်ကြုံတွေ့ခဲ့ရပြီးနောက် ရှေ့နေတစ်ဦးဖြစ်အောင် ကြိုးစားပြီး နောင် ၂၃ နှစ်ကြာသောအခါ မြေကွက်ကို ပြန်လည်ရရှိအောင် ကြိုးပမ်းနိုင်ခဲ့ပုံကို ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယူဂန်ဒါအမျိုးသား ဂျော်ဒန် ကင်ယီရာသည် ပညာသင်ယူခြင်းနှင့် ဥပဒေပညာလေ့လာခြင်းတို့အတွက် ၁၈ နှစ်အချိန်ယူခဲ့ရပြီးနောက် အဆိုပါအမှုကို ပြန်လည်ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း ယူဂန်ဒါ တရားရုံးချုပ်က ကင်ယီရာတို့ မိသားစုမြေကွက်အမှုကို အပြီးသတ်စီရင်ချက် ချမှတ်ခဲ့ရာ ကီယီရာတို့ အနိုင်ရရှိခဲ့သည်။

ကင်ယီရာက ဘီဘီစီသို့ ပြောကြားရာတွင် ၆ နှစ်သားအရွယ်က မိသားစုမြေကွက် ဆုံးရှုံးခဲ့ရခြင်းမှာ ၎င်း၏ဘဝကို ပြောင်းလဲစေခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ဒီလိုဖြစ်ရပ်မျိုး ရင်ဆိုင်ကြုံတွေ့ခဲ့ရတာကြောင့် ဘဝမှာ ရှေ့နေတစ်ဦးဖြစ်လာဖို့ ကျွန်တော်ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီအမှုကို ကျွန်တော်တို့ မိသားစုရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေက ကျွန်တော်တို့ရဲ့ဘဝတွေကို ဂယက်ရိုက်စေခဲ့ပါတယ်”ဟု မစ္စတာ ကင်ယီရာက ပြောကြားသည်။

၁၉၉၆ ခုနှစ်အတွင်း အိမ်နီးချင်းများနှင့် မြေယာအငြင်းပွားမှုဖြစ်ကာ အိမ်နီးချင်းများက ကင်ယီရာ၏ ဖခင်ကို တရားစွဲဆိုခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါအမှုကို တရားရုံးတွင် ဆယ်စုနှစ် ၂ ခုကျော် အမှုရင်ဆိုင်ခဲ့ရသည်။

“အဖေက အငြိမ်းစားယူသွားပြီဆိုတော့ သူ့မှာအင်အားအများကြီး မရှိတော့ဘူး။ အဲဒီအချိန်က သူ့မှာဝင်ငွေမရှိဘူး။ မျှော်လင့်ချက်လည်း ကင်းမဲ့နေပြီး ဂုဏ်သိက္ခာမရှိတော့သလို ဖြစ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး သူ ဘာမှလည်း မလုပ်နိုင်တော့ဘူး။ ဒီလိုအဖြစ်ဟာ ကျွန်တော့်အသိဉာဏ်မှာ သံမှိုစွဲထားသလို အမြဲအမှတ်ထင်ထင်ရှိနေခဲ့ပါတယ်” ဟု ကင်ယီယာက ပြောကြားသည်။

“ဥပဒေကို နှောင့်နှေးအောင်ပြုလုပ်တာဟာ ဥပဒေမဲ့တာပါပဲ။ အဖေက အသက် ၈၂ နှစ်ရှိပါပြီ။ မြေကွက်နဲ့ ပတ်သက်ပြီး အများကြီး မလုပ်နိုင်တော့ပါဘူး။”

ယူဂန်ဒါနိုင်ငံသည် မြေယာအငြင်းပွားမှုများ အလွန်များပြားသော နိုင်ငံတစ်ခု ဖြစ်သည်။

ဥပဒေအတိုင်ပင်ခံအဖွဲ့တစ်ခုဖြစ်သော Namati ၏ ပြောကြားချက်အရ ယူဂန်ဒါတွင် မြေပိုင်ရှင် ၃၃ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းမှာ မြေယာအငြင်းပွားမှုများနှင့် ရင်ဆိုင်ကြရကြောင်း ပြောကြားသည်။

အကျဉ်းစခန်းများတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ရသော ယူဂန်ဒါနိုင်ငံသားတို့သည် ၎င်းတို့၏ နေအိမ်များသို့ ပြန်သွားချိန်တွင် နေအိမ်မရှိတော့သည့်အဖြစ်နှင့် ရင်ဆိုင်ရလေ့ရှိကာ မြေယာအငြင်းပွားမှုများ ပေါ်ပေါက်လေ့ရှိကြောင်း မစ္စတာ ကင်ယီရာက ဘီဘီစီသို့ ပြောကြားသည်။

အဆိုပါအမှုမျိုး အများအပြားကို မစ္စတာ ကင်ယီရာက အမှုလိုက်ပေးနေသည်။

“ဒီလိုအမှုမျိုးက သိပ်ကိုများလွန်းတော့ တရားရုံးချုပ်ဟာ မြေယာအငြင်းပွားမှုတွေအတွက် သီးသန့်တည်ထောင်ထားရသလို ဖြစ်လာပါတယ်” ဟု မစ္စတာ ကင်ယီရာက ဆိုသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ယူဂန္ဒါႏိုင္ငံတြင္ အမႈရံႈးျပီး ေျမယာဆံုးရံႈးခဲ့သည့္ ဖခင္၏ ျဖစ္ရပ္ကို ေတြ႔ျမင္ခဲ့ရေသာ ၆ ႏွစ္သားအရြယ္ သားငယ္က ေရွ႕ေနျဖစ္ေအာင္ၾကိဳးစားျပီး ေနာင္ ၂၃ ႏွစ္အၾကာ အမႈျပန္ႏိုင္ကာ ေျမကြက္ျပန္ရေအာင္ ၾကိဳးစားႏိုင္ခဲ့

 

ယူဂန္ဒါ ႏိုင္ငံသားတစ္ဦးသည္ ၆ ႏွစ္သား အရြယ္ကေလးဘဝက ဖခင္ၾကီးပိုင္ဆိုင္ေသာ ေျမကြက္အေရး အမႈရင္ဆိုင္စဥ္ မႈရႈံးကာ ေျမကြက္ဆံုးရံႈးခဲ့ရပံုကို မ်က္ျမင္ၾကံဳေတြ႔ခဲ့ရျပီးေနာက္ ေရွ႕ေနတစ္ဦးျဖစ္ေအာင္ ၾကိဳးစားျပီး ေနာင္ ၂၃ ႏွစ္ၾကာေသာအခါ ေျမကြက္ကို ျပန္လည္ရရွိေအာင္ ၾကိဳးပမ္းႏိုင္ခဲ့ပံုကို ဘီဘီစီသတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ယူဂန္ဒါအမ်ဳိးသား ေဂ်ာ္ဒန္ ကင္ယီရာသည္ ပညာသင္ယူျခင္းႏွင့္ ဥပေဒပညာေလ့လာျခင္းတို႔အတြက္ ၁၈ ႏွစ္အခ်ိန္ယူခဲ့ရျပီးေနာက္ အဆိုပါအမႈကို ျပန္လည္ေဖာ္ထုတ္ခဲ့ျခင္း ျဖစ္သည္။

ျပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္၊ ဧျပီလအတြင္း ယူဂန္ဒါ တရားရံုးခ်ဳပ္က ကင္ယီရာတို႔ မိသားစုေျမကြက္အမႈကို အျပီးသတ္စီရင္ခ်က္ ခ်မွတ္ခဲ့ရာ ကီယီရာတို႔ အႏိုင္ရရွိခဲ့သည္။

ကင္ယီရာက ဘီဘီစီသို႔ ေျပာၾကားရာတြင္ ၆ ႏွစ္သားအရြယ္က မိသားစုေျမကြက္ ဆံုးရံႈးခဲ့ရျခင္းမွာ ၎၏ဘဝကို ေျပာင္းလဲေစခဲ့ျခင္း ျဖစ္ေၾကာင္း ေျပာၾကားသည္။

“ဒီလိုျဖစ္ရပ္မ်ဳိး ရင္ဆိုင္ၾကံဳေတြ႔ခဲ့ရတာေၾကာင့္ ဘဝမွာ ေရွ႕ေနတစ္ဦးျဖစ္လာဖို႔ ကၽြန္ေတာ္ဆံုးျဖတ္ခ်က္ ခ်ခဲ့ပါတယ္။ ဒီအမႈကို ကၽြန္ေတာ္တို႔ မိသားစုရင္ဆိုင္ခဲ့ရတဲ့ အေျခအေနေတြက ကၽြန္ေတာ္တို႔ရဲ႕ဘဝေတြကို ဂယက္ရိုက္ေစခဲ့ပါတယ္”ဟု မစၥတာ ကင္ယီရာက ေျပာၾကားသည္။

၁၉၉၆ ခုႏွစ္အတြင္း အိမ္နီးခ်င္းမ်ားႏွင့္ ေျမယာအျငင္းပြားမႈျဖစ္ကာ အိမ္နီးခ်င္းမ်ားက ကင္ယီရာ၏ ဖခင္ကို တရားစြဲဆိုခဲ့ၾကျခင္း ျဖစ္သည္။

အဆိုပါအမႈကို တရားရံုးတြင္ ဆယ္စုႏွစ္ ၂ ခုေက်ာ္ အမႈရင္ဆိုင္ခဲ့ရသည္။

“အေဖက အျငိမ္းစားယူသြားျပီဆိုေတာ့ သူ႔မွာအင္အားအမ်ားၾကီး မရွိေတာ့ဘူး။ အဲဒီအခ်ိန္က သူ႔မွာဝင္ေငြမရွိဘူး။ ေမွ်ာ္လင့္ခ်က္လည္း ကင္းမဲ့ေနျပီး ဂုဏ္သိကၡာမရွိေတာ့သလို ျဖစ္ေနပါတယ္။ ဒါနဲ႔ပတ္သက္ျပီး သူ ဘာမွလည္း မလုပ္ႏိုင္ေတာ့ဘူး။ ဒီလိုအျဖစ္ဟာ ကၽြန္ေတာ့္အသိဥာဏ္မွာ သံမိႈစြဲထားသလို အျမဲအမွတ္ထင္ထင္ရွိေနခဲ့ပါတယ္” ဟု ကင္ယီယာက ေျပာၾကားသည္။

“ဥပေဒကို ေႏွာင့္ေႏွးေအာင္ျပဳလုပ္တာဟာ ဥပေဒမဲ့တာပါပဲ။ အေဖက အသက္ ၈၂ ႏွစ္ရွိပါျပီ။ ေျမကြက္နဲ႔ ပတ္သက္ျပီး အမ်ားၾကီး မလုပ္ႏိုင္ေတာ့ပါဘူး။”

ယူဂန္ဒါႏိုင္ငံသည္ ေျမယာအျငင္းပြားမႈမ်ား အလြန္မ်ားျပားေသာ ႏိုင္ငံတစ္ခု ျဖစ္သည္။

ဥပေဒအတိုင္ပင္ခံအဖြဲ႔တစ္ခုျဖစ္ေသာ Namati ၏ ေျပာၾကားခ်က္အရ ယူဂန္ဒါတြင္ ေျမပိုင္ရွင္ ၃၃ ရာခိုင္ႏႈန္းမွ ၅၀ ရာခိုင္ႏႈန္းမွာ ေျမယာအျငင္းပြားမႈမ်ားႏွင့္ ရင္ဆိုင္ၾကရေၾကာင္း ေျပာၾကားသည္။

အက်ဥ္းစခန္းမ်ားတြင္ ႏွစ္ေပါင္းမ်ားစြာေနထိုင္ခဲ့ရေသာ ယူဂန္ဒါႏိုင္ငံသားတို႔သည္ ၎တို႔၏ ေနအိမ္မ်ားသို႔ ျပန္သြားခ်ိန္တြင္ ေနအိမ္မရွိေတာ့သည့္အျဖစ္ႏွင့္ ရင္ဆိုင္ရေလ့ရွိကာ ေျမယာအျငင္းပြားမႈမ်ား ေပၚေပါက္ေလ့ရွိေၾကာင္း မစၥတာ ကင္ယီရာက ဘီဘီစီသို႔ ေျပာၾကားသည္။

အဆိုပါအမႈမ်ဳိး အမ်ားအျပားကို မစၥတာ ကင္ယီရာက အမႈလိုက္ေပးေနသည္။

“ဒီလိုအမႈမ်ဳိးက သိပ္ကိုမ်ားလြန္းေတာ့ တရားရံုးခ်ဳပ္ဟာ ေျမယာအျငင္းပြားမႈေတြအတြက္ သီးသန္႔တည္ေထာင္ထားရသလို ျဖစ္လာပါတယ္” ဟု မစၥတာ ကင္ယီရာက ဆိုသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service