အိပ်မက်ထဲတွင်သာ တွေ့ရနိုင်သည့် မြင်ကွင်းမျိုးဖြင့် ဆန်းကြယ်လှသော ဖင်းဂယ် ဂူ

အိပ်မက်ထဲတွင်သာ တွေ့ရနိုင်သည့် မြင်ကွင်းမျိုးဖြင့် ဆန်းကြယ်လှသော ဖင်းဂယ် ဂူ - Property News in Myanmar from iMyanmarHouse.com
28 Feb 2020 11:24 am တွင် တင်ခဲ့သည်
8490 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ဖင်းဂယ်ဂူကြီးသည် စကော့တလန်နိုင်ငံ၏ လူသူမနေသည့် ကျွန်းတစ်ကျွန်းဖြစ်သော စတပ်ဖာကျွန်းတွင် တည်ရှိသည့် ပင်လယ်ဂူကြီးတစ်ခု ဖြစ်သည်။

စကော့တလန် သဘာဝအရင်းအမြစ် ကာကွယ်ထိန်းသိမ်းရေးအဖွဲ့ဖြစ်သော The National Trust for Scotland က ပိုင်ဆိုင်ထားသည်။

ဖင်းဂယ်ဂူဟူသော အမည်၏ ဇာစ်မြစ်တွင် ဒဏ္ဍာရီများ ပြည့်လျှမ်းနေသည်။

ဖင်းဂယ်ဂူသည် စကော့တလန်၏ နာမည်အကျော်ဆုံးဂူကြီးများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ မီးတောင် ချော်တိုင်များကို သာဓကအဖြစ် ကြည့်ရှုနိုင်သည့် အကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်သည်။

တည်နေရာမှာ စကော့တလန် အနောက်ပိုင်း အာဂါးဒေသ၊ အင်းနား ဟီဘရိုက်စ်ကျွန်းစုမှ စတက်ဖာကျွန်းပေါ်တွင် တည်ရှိပြီး အိပ်မက်ထဲတွင်သာ တွေ့ရမည့် မြင်ကွင်းမျိုး တွေ့မြင်ခံစားရမည် ဖြစ်သည်။

ဂူကြီးသည် ပင်လယ်ရေနှင့် ထိစပ်နေပြီး ဂူအမြင့်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၆၉ မီတာ (၂၂၇ ပေ) မြင့်မားသည်။

အံ့သြမင်သက်ဖွယ်ရာ ပင်လယ်ဂူတွင်း မြင်ကွင်းမှာ မော်ဒန်ပန်းချီပြတိုက်များတွင်သာ တွေ့ရမည့် ခေတ်ပြိုင်ဂန္ထဝင်ပန်းချီလက်ရာမျိုး ဖြစ်သည်။

ဂူအတွင်းအပြင်နှစ်ရပ်လုံးတွင် ခြောက်ထောင့်သဏ္ဍာန် မီးတောင်ချော်တိုင်များဖြင့် ဖွဲ့စည်းထားပြီး ခြောက်ထောင့်တိုင်များမှာ အလွန်သပ်ရပ်လှသောကြောင့် အချို့က သဘာဝအလျောက် ဖြစ်တည်နေခြင်းမဟုတ်ဘဲ လူလုပ်တိုင်ကြီးများဖြစ်သည်ဟု အခိုင်အမာ ပြောကြားမှုများ ရှိသည်။

စင်စစ်ကား အဆိုပါခြောက်ထောင့်တိုင်ကြီးများသည် သဘာဝ၏ ဆန်းကြယ်လှသော လက်ဆောင်များသာ ဖြစ်၏။

ဂူကြီး၏ အမိုးခုံးသဏ္ဍာန်ဖြစ်တည်မှုကြောင့် ပင်လယ်ရေလှိုင်းများက ဂူအတွင်းဖြတ်သန်းစီးဆင်းရင် ရိုက်ပုတ်နေသံတို့မှာ စိတ်ညှို့နိုင် သည့် ဂီတသံစဉ်များသဖွယ် နားဆင်ရမည် ဖြစ်သည်။

အချို့သူများအတွက် စိတ်ခြောက်ခြားဖွယ် အသံများသည် ဘုရားကျောင်းတစ်ခုတွင် ပဲ့တင်ထပ်နေသည့်အသံများနှင့် ဆင်တူလှကြောင်း ပြောကြားကြသည်။

မည်သည့်နေရာတွင်မျှမရှိသော အဆိုပါအတွေ့အကြုံများကို လက်တွေ့သိနိုင်ရန်အတွက် ကိုယ်တိုင်သွားရောက် လေ့လာရန် လိုအပ် လေသည်။

ဝိတိုရိယဘုရင်မကြီးနှင့် ဆာဝေါတာစကော့တို့သည် ဖင်းဂယ်ဂူကြီးသို့ လေ့လာရန် သွားရောက်ခဲ့ကြဖူးသည်။

စတက်ဖာကျွန်းသို့ လှေဖြင့် သွားရောက်ကာ အသက်ရှုမှားဖွယ် ဖင်းဂယ်ဂူကြီးကို သွားရောက်လေ့လာမည်ဆိုပါက နွေကာလများဆိုလျှင် အာတိတ်ငှက်မျိုးဖြစ်သော ပတ်ဖင်းငှက်များကို တွေ့ရနိုင်သည်။

ပတ်ဖင်းငှက်များကို ကြည့်ရင်း ဖင်းဂယ်ဂူကြီး၏ စိတ်ညှို့ဂီတသံကို နားဆင်နိုင်မည် ဖြစ်သည်။

မင်ဒဲလ်ဆင်သည် သူ၏နာမည်ကျော် Hebrides Overture ဂီတလက်ရာကို ဖင်းဂယ်ဂူကြီး၏ စိတ်ညှို့ဂီတသံများ နားဆင်ကာ ဖန်တီးခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်သန်းပေါင်း ၆၀ ခန့်က ကမ္ဘာဦးခေတ် မီးတောင်ပေါက်ကွဲမှုကြီးဖြစ်ပေါ်စဉ် ချော်ရည်စီးကြောင်းများကြောင့် အိုင်ယာလန်မြောက်ပိုင်းတွင် Giant’s Causeway အမည်ရှိ မီးတောင်ချော်ပြားများ၊ ချော်တိုင်များ စုဝေးပေါ်ပေါက်လာသည့်နေရာတစ်ခု ဖြစ်ပေါ်ချိန်နှင့် တပြိုင်တည်းမှာပင် ဖင်းဂယ်ဂူ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

### Zawgyi Version ###

 

အိပ္မက္ထဲတြင္သာ ေတြ႔ရႏိုင္သည့္ ျမင္ကြင္းမ်ဳိးျဖင့္ ဆန္းၾကယ္လွေသာ ဖင္းဂယ္ ဂူ

ဖင္းဂယ္ဂူၾကီးသည္ စေကာ့တလန္ႏိုင္ငံ၏ လူသူမေနသည့္ ကၽြန္းတစ္ကၽြန္းျဖစ္ေသာ စတပ္ဖာကၽြန္းတြင္ တည္ရွိသည့္ ပင္လယ္ဂူၾကီးတစ္ခု ျဖစ္သည္။

စေကာ့တလန္ သဘာဝအရင္းအျမစ္ ကာကြယ္ထိန္းသိမ္းေရးအဖြဲ႔ျဖစ္ေသာ The National Trust for Scotland က ပိုင္ဆိုင္ထားသည္။

ဖင္းဂယ္ဂူဟူေသာ အမည္၏ ဇာစ္ျမစ္တြင္ ဒ႑ာရီမ်ား ျပည့္လွ်မ္းေနသည္။

ဖင္းဂယ္ဂူသည္ စေကာ့တလန္၏ နာမည္အေက်ာ္ဆံုးဂူၾကီးမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ျပီး ကမၻာေပၚရွိ မီးေတာင္ ေခ်ာ္တိုင္မ်ားကို သာဓကအျဖစ္ ၾကည့္ရႈႏိုင္သည့္ အေကာင္းဆံုးေနရာတစ္ခုလည္း ျဖစ္သည္။

တည္ေနရာမွာ စေကာ့တလန္ အေနာက္ပိုင္း အာဂါးေဒသ၊ အင္းနား ဟီဘရိုက္စ္ကၽြန္းစုမွ စတက္ဖာကၽြန္းေပၚတြင္ တည္ရွိျပီး အိပ္မက္ထဲတြင္သာ ေတြ႔ရမည့္ ျမင္ကြင္းမ်ဳိး ေတြ႔ျမင္ခံစားရမည္ ျဖစ္သည္။

ဂူၾကီးသည္ ပင္လယ္ေရႏွင့္ ထိစပ္ေနျပီး ဂူအျမင့္မွာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၆၉ မီတာ (၂၂၇ ေပ) ျမင့္မားသည္။

အံ့ၾသမင္သက္ဖြယ္ရာ ပင္လယ္ဂူတြင္း ျမင္ကြင္းမွာ ေမာ္ဒန္ပန္းခ်ီျပတိုက္မ်ားတြင္သာ ေတြ႔ရမည့္ ေခတ္ျပိဳင္ဂႏၳဝင္ပန္းခ်ီလက္ရာမ်ဳိး ျဖစ္သည္။

ဂူအတြင္းအျပင္ႏွစ္ရပ္လံုးတြင္ ေျခာက္ေထာင့္သ႑ာန္ မီးေတာင္ေခ်ာ္တိုင္မ်ားျဖင့္ ဖြဲ႔စည္းထားျပီး ေျခာက္ေထာင့္တိုင္မ်ားမွာ အလြန္သပ္ရပ္လွေသာေၾကာင့္ အခ်ဳိ႕က သဘာဝအေလ်ာက္ ျဖစ္တည္ေနျခင္းမဟုတ္ဘဲ လူလုပ္တိုင္ၾကီးမ်ားျဖစ္သည္ဟု အခိုင္အမာ ေျပာၾကားမႈမ်ား ရွိသည္။

စင္စစ္ကား အဆိုပါေျခာက္ေထာင့္တိုင္ၾကီးမ်ားသည္ သဘာဝ၏ ဆန္းၾကယ္လွေသာ လက္ေဆာင္မ်ားသာ ျဖစ္၏။

ဂူၾကီး၏ အမိုးခံုးသ႑ာန္ျဖစ္တည္မႈေၾကာင့္ ပင္လယ္ေရလိႈင္းမ်ားက ဂူအတြင္းျဖတ္သန္းစီးဆင္းရင္ ရိုက္ပုတ္ေနသံတို႔မွာ စိတ္ညိွဳ႕ႏိုင္ သည့္ ဂီတသံစဥ္မ်ားသဖြယ္ နားဆင္ရမည္ ျဖစ္သည္။

အခ်ဳိ႕သူမ်ားအတြက္ စိတ္ေျခာက္ျခားဖြယ္ အသံမ်ားသည္ ဘုရားေက်ာင္းတစ္ခုတြင္ ပဲ့တင္ထပ္ေနသည့္အသံမ်ားႏွင့္ ဆင္တူလွေၾကာင္း ေျပာၾကားၾကသည္။

မည္သည့္ေနရာတြင္မွ်မရွိေသာ အဆိုပါအေတြ႔အၾကံဳမ်ားကို လက္ေတြ႔သိႏိုင္ရန္အတြက္ ကိုယ္တိုင္သြားေရာက္ ေလ့လာရန္ လိုအပ္ ေလသည္။

ဝိတိုရိယဘုရင္မၾကီးႏွင့္ ဆာေဝါတာစေကာ့တို႔သည္ ဖင္းဂယ္ဂူၾကီးသို႔ ေလ့လာရန္ သြားေရာက္ခဲ့ၾကဖူးသည္။

စတက္ဖာကၽြန္းသို႔ ေလွျဖင့္ သြားေရာက္ကာ အသက္ရႈမွားဖြယ္ ဖင္းဂယ္ဂူၾကီးကို သြားေရာက္ေလ့လာမည္ဆိုပါက ေႏြကာလမ်ားဆိုလွ်င္ အာတိတ္ငွက္မ်ဳိးျဖစ္ေသာ ပတ္ဖင္းငွက္မ်ားကို ေတြ႔ရႏိုင္သည္။ ပတ္ဖင္းငွက္မ်ားကို ၾကည့္ရင္း ဖင္းဂယ္ဂူၾကီး၏ စိတ္ညိွဳ႕ဂီတသံကို နားဆင္ႏိုင္မည္ ျဖစ္သည္။

မင္ဒဲလ္ဆင္သည္ သူ၏နာမည္ေက်ာ္ Hebrides Overture ဂီတလက္ရာကို ဖင္းဂယ္ဂူၾကီး၏ စိတ္ညိွဳ႕ဂီတသံမ်ား နားဆင္ကာ ဖန္တီးခဲ့ျခင္း ျဖစ္သည္။

လြန္ခဲ့ေသာ ႏွစ္သန္းေပါင္း ၆၀ ခန္႔က ကမၻာဦးေခတ္ မီးေတာင္ေပါက္ကြဲမႈၾကီးျဖစ္ေပၚစဥ္ ေခ်ာ္ရည္စီးေၾကာင္းမ်ားေၾကာင့္ အိုင္ယာလန္ေျမာက္ပိုင္းတြင္ Giant’s Causeway အမည္ရွိ မီးေတာင္ေခ်ာ္ျပားမ်ား၊ ေခ်ာ္တိုင္မ်ား စုေဝးေပၚေပါက္လာသည့္ေနရာတစ္ခု ျဖစ္ေပၚခ်ိန္ႏွင့္ တျပိဳင္တည္းမွာပင္ ဖင္းဂယ္ဂူ ေပၚေပါက္လာျခင္းျဖစ္သည္ဟု ဆိုသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service