၂၀၁၉ - ၂၀၂၀ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပြဋ္ဌာန်းပြီးသည့်အချိန်မှ ယနေ့အချိန်အထိ အခွန်တိမ်းရှောင်မှုများ ပေါ်ပေါက်မှု မရှိသေး

၂၀၁၉ - ၂၀၂၀ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပြဋ္ဌာန်းပြီးသည့်အချိန်မှ ယနေ့အချိန်အထိ အခွန်တိမ်းရှောင်မှုများ ပေါ်ပေါက်မှု မရှိသေး - Property News in Myanmar from iMyanmarHouse.com
25 Feb 2020 1:42 pm တွင် တင်ခဲ့သည်
1195 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

၂၀၁၉ - ၂၀၂၀ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပြဋ္ဌာန်းပြီးသည့်အချိန်မှ ယနေ့အချိန်အထိ အခွန်တိမ်းရှောင်မှုများ ပေါ်ပေါက်မှု မရှိသေးကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖေဖေါ်ဝါရီ ၂၄ ရက်ကကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့၌ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး၏ မေးမြန်းမှုကိုဖြေကြားခဲ့သည်။

အဆိုပါလွှတ်တော်ကိုယ်စားလှယ်မှ ၂၀၁၉ - ၂၀၂၀ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် ပြင် ဆင်ပြီးခဲ့သော မြန်မာနိုင်ငံ တံဆိပ် ခေါင်းခွန်ဥပဒေများအရ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန် ရာခိုင်နှုန်းများ လျှော့ချပြင်ဆင်ခဲ့ သည့်အပေါ် ယနေ့အချိန်ထိ ရရှိ သော ပုံမှန်ဝင်ငွေခွန်၊ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန် များ ရရှိမှုအခြေအနေနှင့် သက်ဆိုင်ရာ ပြည်တွင်း အခွန်များဦးစီးဌာနတို့က အခွန်တိမ်းရှောင်မှုအပေါ် ဥပဒေပြဋ္ဌာန်းပြီးသည်မှ ယနေ့အချိန်ထိ အရေးယူ ဆောင်ရွက်မှုအရေအတွက်နှင့် အခြေအနေတို့ကို သိရှိလိုကြောင်းမေးမြန်းထားခြင်းဖြစ်သည်။

အဆိုပါ မေးခွန်းနှင့်စပ်လျဉ်းပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဦးမောင်မောင်ဝင်းက ပုံမှန်ဝင်ငွေခွန် ကောက် ခံရရှိမှုနှင့်စပ်လျဉ်း၍ စည်းကြပ် မှုမှ လွတ်ကင်းနေသော ဝင်ငွေမှအပ ကျန်ဝင်ငွေ ခေါင်းစဉ်များမှ ယခင်နှစ် ပထမသုံးလတွင် ငွေကျပ် သန်းပေါင်း ၅၇၂ ဒသမ ၈၆၈ ဘီလီယံ ကောက်ခံရရှိခဲ့ပြီး ယခုနှစ် ပထမသုံးလတွင် ငွေကျပ်သန်းပေါင်း ၅၉၈ ဒသမ ၀၉၄ ဘီလီယံ ကောက်ခံရရှိခဲ့သည့်အတွက် ငွေကျပ်သန်းပေါင်း ၂၅ ဒသမ ၂၂၆ ဘီလီယံတိုးတက် ကောက်ခံရရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ တိုးတက်မှုရာခိုင်နှုန်းအနေဖြင့် ၄ ဒသမ ၄၀၃ ရာခိုင်နှုန်းဖြစ်ကြောင်းပြောသည်။

ထို့ပြင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၂၅ (က)တွင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ကျသင့် မည့် အခွန်နှုန်းထားများကို လျှော့ပေါ့သက်သာခွင့်ပေးခဲ့သဖြင့် အဆိုပါနှုန်းထားများဖြင့် အခွန်ပေးဆောင်လျက်ရှိပါကြောင်း၊ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပထမသုံးလတွင် စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေအပေါ် အခွန်ထမ်းဦးရေ အားဖြင့်သော် လည်းကောင်း၊ အခွန်ပေးဆောင်မှု ပမာဏအားဖြင့်သော်လည်းကောင်း၊ ၎င်းနှင့်ဆက်စပ်၍ တံဆိပ်ခေါင်းခွန် ပေးဆောင်သည့် ပမာဏအားဖြင့် သော်လည်းကောင်း တိုးတက်ပေးဆောင်လာသည်ကို တွေ့ရှိရပါကြောင်းနှင့် ဥပဒေပြဋ္ဌာန်းပြီးသည့်အချိန်မှ ယနေ့အချိန်အထိ အခွန်တိမ်းရှောင်မှုများ ပေါ်ပေါက်မှု မရှိသေးပါကြောင်း ဖြေကြားခဲ့သည်။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

 

၂၀၁၉ - ၂၀၂၀ ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒျပ႒ာန္းၿပီးသည့္အခ်ိန္မွ ယေန႔အခ်ိန္အထိ အခြန္တိမ္းေရွာင္မႈမ်ား ေပၚေပါက္မႈ မရွိေသး

၂၀၁၉ - ၂၀၂၀ ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒျပ႒ာန္းၿပီးသည့္အခ်ိန္မွ ယေန႔အခ်ိန္အထိ အခြန္တိမ္းေရွာင္မႈမ်ား ေပၚေပါက္မႈ မရွိေသးေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ေဖေဖၚဝါရီ ၂၄ ရက္ကက်င္းပေသာ ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ဒသမေန႔၌ ဧရာဝတီတိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္(၇)မွ ေဒါက္တာျပည့္ၿဖိဳး၏ ေမးျမန္းမႈကိုေျဖၾကားခဲ့သည္။

အဆိုပါလႊတ္ေတာ္ကိုယ္စားလွယ္မွ ၂၀၁၉ - ၂၀၂၀ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒႏွင့္ ျပင္ ဆင္ၿပီးခဲ့ေသာ ျမန္မာနိုင္ငံ တံဆိပ္ ေခါင္းခြန္ဥပေဒမ်ားအရ စည္းၾကပ္မႈမွ လြတ္ကင္းေနေသာ ဝင္ေငြခြန္ ရာခိုင္ႏႈန္းမ်ား ေလၽွာ့ခ်ျပင္ဆင္ခဲ့ သည့္အေပၚ ယေန႔အခ်ိန္ထိ ရရွိ ေသာ ပုံမွန္ဝင္ေငြခြန္၊ စည္းၾကပ္မႈမွ လြတ္ကင္းေနေသာ ဝင္ေငြခြန္၊ တံဆိပ္ေခါင္းခြန္ မ်ား ရရွိမႈအေျခအေနႏွင့္ သက္ဆိုင္ရာ ျပည္တြင္း အခြန္မ်ားဦးစီးဌာနတို႔က အခြန္တိမ္းေရွာင္မႈအေပၚ ဥပေဒျပ႒ာန္းၿပီးသည္မွ ယေန႔အခ်ိန္ထိ အေရးယူ ေဆာင္ရြက္မႈအေရအတြက္ႏွင့္ အေျခအေနတို႔ကို သိရွိလိုေၾကာင္းေမးျမန္းထားျခင္းျဖစ္သည္။

အဆိုပါ ေမးခြန္းႏွင့္စပ္လ်ဥ္းၿပီး စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိ ယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ပုံမွန္ဝင္ေငြခြန္ ေကာက္ ခံရရွိမႈႏွင့္စပ္လ်ဥ္း၍ စည္းၾကပ္ မႈမွ လြတ္ကင္းေနေသာ ဝင္ေငြမွအပ က်န္ဝင္ေငြ ေခါင္းစဥ္မ်ားမွ ယခင္ႏွစ္ ပထမသုံးလတြင္ ေငြက်ပ္ သန္းေပါင္း ၅၇၂ ဒသမ ၈၆၈ ဘီလီယံ ေကာက္ခံရရွိခဲ့ၿပီး ယခုႏွစ္ ပထမသုံးလတြင္ ေငြက်ပ္သန္းေပါင္း ၅၉၈ ဒသမ ၀၉၄ ဘီလီယံ ေကာက္ခံရရွိခဲ့သည့္အတြက္ ေငြက်ပ္သန္းေပါင္း ၂၅ ဒသမ ၂၂၆ ဘီလီယံတိုးတက္ ေကာက္ခံရရွိသည္ကိုလည္း ေတြ႕ရွိရပါေၾကာင္း၊ တိုးတက္မႈရာခိုင္ႏႈန္းအေနျဖင့္ ၄ ဒသမ ၄၀၃ ရာခိုင္ႏႈန္းျဖစ္ေၾကာင္းေျပာသည္။

ထို႔ျပင္ ၂၀၁၉ ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒပုဒ္မ ၂၅ (က)တြင္ စည္းၾကပ္မႈမွ လြတ္ကင္းေနေသာ ဝင္ေငြအေပၚ က်သင့္ မည့္ အခြန္ႏႈန္းထားမ်ားကို ေလၽွာ့ေပါ့သက္သာခြင့္ေပးခဲ့သျဖင့္ အဆိုပါႏႈန္းထားမ်ားျဖင့္ အခြန္ေပးေဆာင္လ်က္ရွိပါေၾကာင္း၊ ယခင္ႏွစ္ အလားတူကာလႏွင့္ ႏွိုင္းယွဥ္ပါက ပထမသုံးလတြင္ စည္းၾကပ္မႈမွလြတ္ကင္းေနေသာ ဝင္ေငြအေပၚ အခြန္ထမ္းဦးေရ အားျဖင့္ေသာ္ လည္းေကာင္း၊ အခြန္ေပးေဆာင္မႈ ပမာဏအားျဖင့္ေသာ္လည္းေကာင္း၊ ၎ႏွင့္ဆက္စပ္၍ တံဆိပ္ေခါင္းခြန္ ေပးေဆာင္သည့္ ပမာဏအားျဖင့္ ေသာ္လည္းေကာင္း တိုးတက္ေပးေဆာင္လာသည္ကို ေတြ႕ရွိရပါေၾကာင္းႏွင့္ ဥပေဒျပ႒ာန္းၿပီးသည့္အခ်ိန္မွ ယေန႔အခ်ိန္အထိ အခြန္တိမ္းေရွာင္မႈမ်ား ေပၚေပါက္မႈ မရွိေသးပါေၾကာင္း ေျဖၾကားခဲ့သည္။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service