ဂ်ပန္ရြာလယ္ရွိ တဲႀကီးတစ္လံုး

ဂ်ပန္ရြာလယ္ရွိ တဲႀကီးတစ္လံုး - Property News in Myanmar from iMyanmarHouse.com
17 Jan 2020 10:18 am တွင် တင်ခဲ့သည်
1271 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###








### Unicode Version ###

ဂျပန်နိုင်ငံ နီအီဂါတာစီရင်စု နာဂါအိုကာမြို့ရဲ့ စိုက်ပျိုးရေးရွာတစ်ရွာမှာ Hara House လို့ခေါ်တဲ့ တဲကြီးတစ်တဲပုံစံရှိ သစ်သားအိမ်ကြီးတစ်လုံးရှိတယ်လို့ သိရပါတယ်။

၎င်းအိမ်ကို ဂျပန်နိုင်ငံအခြေစိုက် ဗိသုကာဒီဇိုင်းစတူဒီယိုတစ်ခုဖြစ်တဲ့ Takeru Shoji Architects က မိသားစုတစ်စုရဲ့ တောင်းဆိုမှုအရ တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။

အဲဒီမိသားစုက သူတို့ခြံထဲမှာ ရှိနှင့်နေပြီးသားတွေကို ပြန်လည်အသက်သွင်း၊ ဖြည့်သုံးထားတဲ့ အဆောက်အအုံတစ်လုံးကို တည်ဆောက်ခိုင်းခဲ့တာပါ။ ရှိနှင့်ပြီးသားဘယ်လိုအရာတွေလဲဆိုတော့ ပင်မအိမ်၊ ကားပါကင်ဧရိယာ၊ အလုပ်ရုံနဲ့ (စိုက်ပျိုးရန်) ဖန်လုံအိမ်လိုမျိုးတွေ ဖြစ်ပါတယ်။

"သမားရိုးကျကိုယ့်အားကိုယ်ကိုးအဆောက်အအုံအစား ရေပေါ်ပေါ်နိုင်တဲ့အဆောက်အအုံ ဒီဇိုင်းဆွဲဖို့ ကျွန်တော်တို့ အကြံရခဲ့ပါတယ်။ အဲဒီအဆောက်အအုံဟာ နေထိုင်ဖို့အတွက်တင်မကဘဲ အတွင်းရောအပြင်ပါ တစ်ဆက်တည်း အခမ်းအနားတွေ၊ အလုပ်ရုံအစည်းအဝေးပွဲတွေ လုပ်လို့ရမယ့်နေရာ၊ ဖြတ်သွားဖြတ်လာ အိမ်နီးချင်း၊ မိတ်ဆွေသူငယ်ချင်း၊ ကလေးတွေအနေနဲ့ အလွယ်တကူ ခရီးတစ်ထောက်ဝင်ရောက်စကားစမြည်ပြောဆိုလို့ရမယ့်နေရာတစ်ခုအဖြစ်ပါ ဖြစ်စေဖို့ ဒီဇိုင်းရေးဆွဲခဲ့တာပဲဖြစ်ပါတယ်။" ဟု Takeru Shoji Architects က ကုမ္ပဏီဝက်ဘ်ဆိုက်တွင် ၎င်းအိမ်စီမံကိန်းနှင့်ပတ်သက်၍ ရေးသားခဲ့သည်။

၎င်းနှစ်ထပ်အိမ်ဟာ တဲကြီးတစ်ခုနဲ့ အသွင်သဏ္ဌာန်တူပြီး အရှေ့နဲ့အနောက်နှစ်ဖက်စလုံးမှာ တြိဂံပုံဝင်ထွက်ပေါက်တွေနဲ့ ဝံ့ဝံ့ကြွားကြွားရှိလှပါတယ်။ ၎င်းအိမ်ကြီ.းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတုန်းက တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီး ကြီးမားတဲ့သစ်သားတဲတစ်တဲနဲ့တူပါတယ်။

Takeru Shoji Architects ကုမ္ပဏီရဲ့ ရည်မှန်းချက်ကိုက အတွင်းမှာ နံရံတွေ၊ အခန်းတွေကို အကန့်အသတ်နဲ့ထားပြီး နေရာလွတ်ကျယ်နိုင်သမျှကျယ်ကျယ်ရှိတဲ့ အဆောက်အအုံဖန်တီးရေးပဲ ဖြစ်တယ်လို့ သိရပါတယ်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။) Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ...
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ...
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောကြောင့် အသက် ၈၀ အရွယ် အဘိုးအိုက ရူပီး ၁ ဒသမ ၅ ကုဋေ တန်ကြေးရှိ နေအိမ်ကို ပြည်နယ်အစိုးရထံ လှူဒါန်းပစ်...

သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်...
သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်...
တစ်နှစ်မှာတစ်ခါ ပျော်ရွှင်စရာ ခရမ်းချဉ်သီးမှည့်များနဲ့ ပစ်ပေါက်ကြတဲ့ La Tomatina ခရမ်းချဉ်သီးပွဲတော်...
တစ်နှစ်မှာတစ်ခါ ပျော်ရွှင်စရာ ခရမ်းချဉ်သီးမှည့်များနဲ့ ပစ်ပေါက်ကြတဲ့ La Tomatina ခရမ်းချဉ်သီးပွဲတော်...
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
နိုင်ငံခြားသား ဝယ်ယူနိုင်သောကွန်ဒိုများကိုစိတ်ဝင်စားမှု မြင့်တက်နေ
နိုင်ငံခြားသား ဝယ်ယူနိုင်သောကွန်ဒိုများကိုစိတ်ဝင်စားမှု မြင့်တက်နေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service