စကၤာပူပုဂၢလိကလူေနအိမ္ေဈးႏႈန္းမ်ား ၂၀၁၉ တြင္ ၂ ဒသမ ၅ ရာခိုင္ႏႈန္းသာ ျမင့္တက္ခဲ့

စကၤာပူပုဂၢလိကလူေနအိမ္ေဈးႏႈန္းမ်ား ၂၀၁၉ တြင္ ၂ ဒသမ ၅ ရာခိုင္ႏႈန္းသာ ျမင့္တက္ခဲ့ - Property News in Myanmar from iMyanmarHouse.com
13 Jan 2020 11:02 am တွင် တင်ခဲ့သည်
674 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တရားဝင္ထြက္ရွိလာေသာ တြက္ခ်က္မႈမ်ားအရ စကၤာပူတြင္ ပုဂၢလိကအိမ္ၿခံေျမေဈးႏႈန္းမ်ားသည္ ၂၀၁၉ ခုႏွစ္တြင္ ၂ ဒသမ ၅ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ေၾကာင္း၊ သို႔ေသာ္လည္း ၇ ဒသမ ၉ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့သည့္ ၂၀၁၈ ခုႏွစ္ႏွင့္ယွဥ္လွ်င္ ျမင့္တက္ႏႈန္းက်ဆင္းခဲ့ေၾကာင္း Channel News Asia သတင္းဌာနက ေဖာ္ျပခဲ့သည္။

၂၀၁၉ ပုဂၢလိကလူေနအိမ္ၿခံေျမညႊန္းကိန္းသည္ သံုးလပတ္ႏွစ္ခုဆက္တိုက္ျမင့္တက္ခဲ့ၿပီးေနာက္ စတုတၱသံုးလပတ္တြင္ ၀ ဒသမ ၃ ရာခိုင္ႏႈန္းသာ ျမင့္တက္ခဲ့ျခင္းျဖစ္သည္။

"ေဈးႏႈန္းျမင့္တက္မႈႏႈန္းေႏွးတာဟာ ပတ္ဝန္းက်င္တည္ၿငိမ္မႈရွိျခင္း၊ ဒီအဆင့္မွာ အိမ္ၿခံေျမစည္းမ်ဥ္းေတြ ပိုမိုတင္းက်ပ္ႏုိင္ေျခေလ်ာ့နည္းျခင္းေတြကို ညႊန္ျပေနပါတယ္" ဟု Colliers International ၏ စကၤာပူႏုိင္ငံဆုိင္ရာ သုေတသနေခါင္းေဆာင္ ထရစ္ရွာဆုန္က ေျပာၾကားခဲ့သည္။

"အိမ္ေဈးႏႈန္းေတြဟာ အိမ္ေထာင္စုဝင္ေငြနဲ႔ ႏိုင္ငံစီးပြားေရးေတြနဲ႔ ဆက္ႏႊယ္ေနတာေၾကာင့္ ပုဂၢလိကလူေနအိမ္ၿခံေျမေဈးႏႈန္းေတြဟာ ၂၀၂၀ ျပည့္ႏွစ္မွာ ၃ ရာခိုင္ႏႈန္း ျမင့္တက္ၿပီး စီးပြားေရးဖြံ႕ၿဖိဳးမႈ ျပန္လည္နာလန္ထူလာႏုိင္ပါတယ္" ဟုလည္း ၎က ခန္႔မွန္းေျပာၾကားခဲ့ေသးသည္။

OrangeTee and Tie အိမ္ၿခံေျမကုမၸဏီ၏ သုေတသနႏွင့္ အတုိင္ပင္ခံေခါင္းေဆာင္ ခရစၥတင္းဆန္းကလည္း ျပင္ပစီးပြားေရးလႊမ္းမိုးမႈမွအပ အခ်က္မ်ားစြာက အိမ္ဝယ္လိုအားကို ထိန္းထားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

၂၀၁၉ ခုႏွစ္ စတုတၳသံုးလပတ္ဖြံ႕ၿဖိဳးမႈသည္ Outside Central Region တြင္ လံုးခ်င္းအိမ္ကဲ့သို႔ေသာ ေျမေပၚအိမ္ေဈးႏႈန္းမ်ား ၄ ရာခိုင္ႏႈန္းျမင့္တက္မႈႏွင့္ ကြန္ဒိုႏွင့္တိုက္ခန္းကဲ့သို႔ေသာ ေလေပၚအိမ္ေဈးႏႈန္းမ်ား ၂ ဒသမ ၉ ရာခိုင္ႏႈန္းျမင့္တက္မႈတို႔ေၾကာင့္ ျဖစ္ေၾကာင္း စကၤာပူၿမိဳ႕ျပျပန္လည္ဖြံ႕ၿဖိဳးတိုးတက္ေရးအာဏာပိုင္အဖြဲ႕၏ ထုတ္ျပန္လိုက္ေသာအခ်က္အလက္မ်ားက ေဖာ္ျပခဲ့သည္။

Core Central Region ႏွင့္ Rest of Central Region တို႔တြင္မူ အိမ္ၿခံေျမေဈးႏႈန္းမ်ားသည္ ၃ ဒသမ ၇ ရာခိုင္ႏႈန္းႏွင့္ ၁ ဒသမ ၄ ရာခိုင္ႏႈန္းစီ အသီးသီးက်ဆင္းခဲ့ေၾကာင္း သိရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 ### Unicode Version ###

တရားဝင်ထွက်ရှိလာသော တွက်ချက်မှုများအရ စင်္ကာပူတွင် ပုဂ္ဂလိကအိမ်ခြံမြေဈေးနှုန်းများသည် ၂၀၁၉ ခုနှစ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ သို့သော်လည်း ၇ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ်နှင့်ယှဉ်လျှင် မြင့်တက်နှုန်းကျဆင်းခဲ့ကြောင်း Channel News Asia သတင်းဌာနက ဖော်ပြခဲ့သည်။

၂၀၁၉ ပုဂ္ဂလိကလူနေအိမ်ခြံမြေညွှန်းကိန်းသည် သုံးလပတ်နှစ်ခုဆက်တိုက်မြင့်တက်ခဲ့ပြီးနောက် စတုတ္တသုံးလပတ်တွင် ၀ ဒသမ ၃ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

"ဈေးနှုန်းမြင့်တက်မှုနှုန်းနှေးတာဟာ ပတ်ဝန်းကျင်တည်ငြိမ်မှုရှိခြင်း၊ ဒီအဆင့်မှာ အိမ်ခြံမြေစည်းမျဉ်းတွေ ပိုမိုတင်းကျပ်နိုင်ခြေလျော့နည်းခြင်းတွေကို ညွှန်ပြနေပါတယ်" ဟု Colliers International ၏ စင်္ကာပူနိုင်ငံဆိုင်ရာ သုတေသနခေါင်းဆောင် ထရစ်ရှာဆုန်က ပြောကြားခဲ့သည်။

"အိမ်ဈေးနှုန်းတွေဟာ အိမ်ထောင်စုဝင်ငွေနဲ့ နိုင်ငံစီးပွားရေးတွေနဲ့ ဆက်နွှယ်နေတာကြောင့် ပုဂ္ဂလိကလူနေအိမ်ခြံမြေဈေးနှုန်းတွေဟာ ၂၀၂၀ ပြည့်နှစ်မှာ ၃ ရာခိုင်နှုန်း မြင့်တက်ပြီး စီးပွားရေးဖွံ့ဖြိုးမှု ပြန်လည်နာလန်ထူလာနိုင်ပါတယ်" ဟုလည်း ၎င်းက ခန့်မှန်းပြောကြားခဲ့သေးသည်။

OrangeTee and Tie အိမ်ခြံမြေကုမ္ပဏီ၏ သုတေသနနှင့် အတိုင်ပင်ခံခေါင်းဆောင် ခရစ္စတင်းဆန်းကလည်း ပြင်ပစီးပွားရေးလွှမ်းမိုးမှုမှအပ အချက်များစွာက အိမ်ဝယ်လိုအားကို ထိန်းထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်ဖွံ့ဖြိုးမှုသည် Outside Central Region တွင် လုံးချင်းအိမ်ကဲ့သို့သော မြေပေါ်အိမ်ဈေးနှုန်းများ ၄ ရာခိုင်နှုန်းမြင့်တက်မှုနှင့် ကွန်ဒိုနှင့်တိုက်ခန်းကဲ့သို့သော လေပေါ်အိမ်ဈေးနှုန်းများ ၂ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်မှုတို့ကြောင့် ဖြစ်ကြောင်း စင်္ကာပူမြို့ပြပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်လိုက်သောအချက်အလက်များက ဖော်ပြခဲ့သည်။

Core Central Region နှင့် Rest of Central Region တို့တွင်မူ အိမ်ခြံမြေဈေးနှုန်းများသည် ၃ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၁ ဒသမ ၄ ရာခိုင်နှုန်းစီ အသီးသီးကျဆင်းခဲ့ကြောင်း သိရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service