ရှန်ဟိုင်းမြို့တွင် စတုရန်းမီတာ ၃ သိန်းကျော်ကျယ်ဝန်းသော မြေနေရာကြီး ရောင်းချရန် မြို့အုပ်ချုပ်ရေးအဖွဲ့က စီစဉ်နေပြီး လေလံဆွဲမည့်သူများအနေဖြင့် အာမခံငွေ ယွမ်ငွေ ၆ ဘီလီယံကျော် ပေးသွင်းရမည်ဟုဆို
ရှန်ဟိုင်းမြို့တွင် စတုရန်းမီတာ ၃ သိန်းကျော်ကျယ်ဝန်းသော မြေနေရာကြီး ရောင်းချရန် မြို့အုပ်ချုပ်ရေးအဖွဲ့က စီစဉ်နေပြီး လေလံဆွဲမည့်သူများအနေဖြင့် အာမခံငွေ ယွမ်ငွေ ၆ ဘီလီယံကျော် ပေးသွင်းရမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
7 Jan 2020 11:49 am တွင် တင်ခဲ့သည်
1020 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့၊ ရှုဟွေးခရိုင်ရှိ ဘက်စုံသုံး စီမံကိန်းအကောင်အထည်ဖော်မည့် မြေနေရာကွက်တစ်ခုကို ရောင်းချရန် ဈေးကွက်ဝင်လာပြီး ခန့်မှန်းတန်ဖိုးမှာ ယွမ်ငွေ ၃၂ ဘီလီယံ (ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ) ဖြစ်သည်။
ရှန်ဟိုင်းမြို့ အုပ်ချုပ်ရေးအဖွဲ့က ဟွမ်ပူမြစ်ကမ်းတစ်လျှောက်တွင် တည်ရှိသည့် အဆိုပါနေရာတွင် စတုရန်းမီတာ ၁ ဒသမ ၈ သန်း ( စတုရန်းပေ ၁၉ ဒသမ ၄ သန်း) ကျယ်ဝန်းသော ဘဏ္ဍရေးအချက်အခြာနေရာအဖြစ် အကောင်အထည်ဖော်ရန် ရည်မှန်းထားခြင်း ဖြစ်သည်။
ဟွမ်ပူမြစ်၏ အနောက်ဘက်ကမ်းနှင့် လောင်းဟွာအလယ်လမ်းမတို့အကြားတွင် တည်ရှိသော အဆိုပါနေရာသည် စတုရန်းမီတာ ၃၂၃၆၆၅ ကျယ်ဝန်းပြီး မြေကွက် ၂၈ ကွက် ပါဝင်ကာ ပြီးခဲ့သောလအတွင်း ရှန်ဟိုင်းမြေယာဈေးကွက်တွင် အရောင်းဈေးကွက်ဝင်ခဲ့ခြင်း ဖြစ်သည်။
ကြမ်းခင်းဈေးမှာ လျှို့ဝှက်ချက်အဖြစ်ရှိနေပြီး လေလံဆွဲမည့်သူများအနေဖြင့် အာမခံငွေအဖြစ် ယွမ်ငွေ ၆ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၉၂၈ သန်း) ပေးသွင်းထားရမည်ဟု ဆိုသည်။
ယခုစီမံကိန်းနေရာသည် ဟောင်ကောင်မှ grade A အဆင့် ရုံးခန်းများတည်ရှိရာနေရာဖြစ်သော Central ခရိုင်၏ ၂ ဆ ကျော် ကျယ်ဝန်းပြီး ရှန်ဟိုင်းမြို့တွင်ပင် ရှားပါးကာ တွေ့ရခဲသော မြေနေရာအကျယ်အဝန်း ဖြစ်သည်။
လေလံဆွဲရန် စိတ်ဝင်စားသူများအနေဖြင့် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ လျှောက်ထားနိုင်ပြီး အရည်အချင်းပြည့်မီသည့် ကုမ္ပဏီများစာရင်းကို ဇန်နဝါရီ ၁၉ ရက်တွင် ကြေညာသွားမည်ဟုဆိုသည်။
တင်ဒါ နောက်ဆုံးရွေးချယ်အတည်ပြုမည့် ရက်စွဲကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးချေ။
ယခုစီမံကိန်းနေရာနှင့် စပ်လျဉ်းပြီး အစိုးရ၏ မူဝါဒ သဘောထားမှာ ဘဏ္ဍာရေးကုမ္ပဏီကြီးများနှင့် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အင်စတီကျူးရှင်းများ ရုံးစိုက်လာရေး ဆွဲဆောင်နိုင်မည့် ကမ္ဘာ့အဆင့်မီ ဘဏ္ဍာရေးအချက်အခြာနေရာတစ်ခုဖြစ်လာစေရန် ရည်မှန်းထားသည်။
စုစုပေါင်း အကျယ်အဝန်း ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁ ဒသမ ၁ သန်းအနက် ၇၈ ရာခိုင်နှုန်းကို ကူးသန်းရောင်းဝယ်ရေးနေရာအဖြစ် အသုံးပြုမည်ဖြစ်သည်။
မြေအောက်တွင်လည်း စတုရန်းမီတာ ၇၁၀၀၀၀ အထိ ကျယ်ဝန်းသော နေရာများ ဖော်ထုတ်မည်ဖြစ်သည်။
အစိုးရက ထုတ်ပြန်သည့် အချက်အလက်များအရ စတုရန်းမီတာ ၆၅၀၀၀၀ ကို ရုံးခန်းနေရာအဖြစ်လည်းကောင်း၊ စတုရန်းမီတာ ၂၁၀၀၀၀ ခန့်ကို လက်လီအရောင်းဆိုင်များနေရာအဖြစ်လည်းကောင်း၊ ယဉ်ကျေးမှုနှင့် အားကစားအတွက် စတုရန်းမီတာ ၄၀၆၀၀ ကျယ်ဝန်းသော နေရာများ ပါဝင်မည် ဖြစ်သည်။
လူနေအဖြစ် စတုရန်းမီတာ ၂၀၀၁၀၀ ကျယ်ဝန်းသော နေရာတွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး ယင်းအနက် စတုရန်းမီတာ ၁၅၃၀၀၀ တွင် ကာလရှည် အငှားအိမ်ရာခန်းပေါင်း ၁၁၈၇ ကို ဆောက်လုပ်သွားရန် စီစဉ်ထားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ရှန်ဟိုင်းမြို့တွင် စတုရန်းမီတာ ၃ သိန်းကျော်ကျယ်ဝန်းသော မြေနေရာကြီး ရောင်းချရန် မြို့အုပ်ချုပ်ရေးအဖွဲ့က စီစဉ်နေပြီး လေလံဆွဲမည့်သူများအနေဖြင့် အာမခံငွေ ယွမ်ငွေ ၆ ဘီလီယံကျော် ပေးသွင်းရမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service