အိမ္သန္႔ရွင္းေရး၏ အဖိုးတန္အက်ဳိးေက်းဇူး သို႔မဟုတ္ အေရးပါပံု (၈) ခု

အိမ္သန္႔ရွင္းေရး၏ အဖိုးတန္အက်ဳိးေက်းဇူး သို႔မဟုတ္ အေရးပါပံု (၈) ခု - Property Knowledge in Myanmar from iMyanmarHouse.com
7 Jan 2020 11:04 am တွင် တင်ခဲ့သည်
7670 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

### Zawgyi Version ###

သန္႔ရွင္းတဲ့အိမ္ဟာ နတ္ျပည္လိုပါပဲ။ လူေတြဟာ နတ္ျပည္ကို ေရာက္ခ်င္ၾကသလိုပဲ သန္႔ရွင္းတဲ့အိမ္မွာလည္း ေနထုိင္လိုၾကပါတယ္။ သင့္အိမ္သန္႔ရွင္းေနေစဖို႔ အပါးမခိုဘဲ ဝီရိယထားအားထုတ္ရတယ္ဆုိေပမဲ့ အဲဒီလိုသန္႔ရွင္းေအာင္အိမ္ကိုထိန္းသိမ္းျခင္းရဲ႕ အက်ဴိးေက်းဇူးေတြကလည္း မ်ားျပားပါတယ္။ အိမ္သန္႔ရွင္းေရးကို ထိထိေရာက္ေရာက္ပံုမွန္လုပ္တယ္ဆိုရင္ သင့္အိမ္ဟာ အၿမဲတမ္းသစ္လြင္ေတာက္ပေနမွာပါ။ က်န္းမာေရးအရၾကည့္မယ္ဆုိရင္လည္း သန္႔ရွင္းတဲ့အိမ္မွာ ေနထိုင္ဖို႔ အေရးပါလွပါတယ္။

အိမ္သန္႔ရွင္းေရးဆိုတာ အရမ္းကို စိန္ေခၚမႈရွိလွတဲ့လုပ္ငန္းေဆာင္တာတစ္ခုပါပဲ။ အိမ္ကို သန္႔ရွင္းသပ္ရပ္ေနေစဖို႔ အဓိကလႈံ႕ေဆာ္တဲ့အေၾကာင္းအရာကေတာ့ အိမ္ကို ေနထိုင္ရွင္သန္မႈအတြက္ေရာ အနားယူမႈအတြက္ေရာ တစ္ၿပိဳင္တည္းျဖစ္ေစမယ့္ သာယာၿငိမ္းခ်မ္းမႈအရွိဆံုးေနရာတစ္ေနရာ ျဖစ္ေစဖို႔နဲ႔ အမ်ားအျမင္မွာ တင့္တယ္ေစဖို႔ပါပဲ။

သန္႔ရွင္းသပ္ရပ္ေစျခင္းဆုိတာကို အေလ့အထတစ္ခုအေနနဲ႔ကို ျပဳလုပ္သင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သပ္ရပ္မႈမရွိ ရႈပ္ပြညစ္ေပေနတဲ့အိမ္မွာ ေနထုိင္ရတာဟာ လူကိုမသက္မသာျဖစ္ေစၿပီး စိတ္ကိုပါ ကစဥ့္ကလ်ားဖ႐ိုဖရဲျဖစ္ေစဖို႔ တြန္းအားေပးပါတယ္။ သန္႔ရွင္းေရးလုပ္ဖို႔အတြက္ အခ်ိန္တစ္ခုသက္သက္ဖယ္ထားဖို႔ တစ္နည္းေျပာရမယ္ဆိုရင္ အခ်ိန္တစ္ခုေပးၿပီး အိမ္သန္႔ရွင္းေရးလုပ္ဖို႔ အလြန္အေရးႀကီးပါတယ္။ အိမ္ကိုသန္႔ရွင္းသပ္ရပ္ေအာင္ထားဖို႔ဆိုတာမွာ သန္႔ရွင္းေရးလုပ္႐ံုတင္မဟုတ္ဘဲ အဲဒီအိမ္မွာေနတဲ့သူေတြကပါ သန္႔သန္႔ရွင္းရွင္းသပ္သပ္ရပ္ရပ္ေနထုိင္ျခင္းနဲ႔ ပါဝင္ကူညီေပးဖို႔လုိတယ္ဆုိတာကိုလည္း သူတို႔သေဘာေပါက္ေအာင္ သင္ကေျပာျပရမွာျဖစ္ပါတယ္။

သန္႔ရွင္းတဲ့အိမ္ျဖစ္ဖို႔ ဘာလို႔အေရးႀကီးတာလဲဆုိတာရဲ႕ အေၾကာင္းရင္းအနည္းငယ္ကို ေအာက္ပါအတုိင္းေဖာ္ျပေပးလုိက္ပါတယ္။

အိမ္သန္႔ရွင္းေရး ပံုမွန္လုပ္ျခင္းက ပိုးမႊားမ်ားကို ရွင္းလင္းေပးသည္

- အဏုဇီဝပိုးမႊားေလးကစလို႔ ပိုးမႊားမွန္သမွ်ဟာ ကိုယ္ခံစြမ္းအားစနစ္ကို ဖိႏွိပ္ၿပီး လူကိုဖ်ားနာေစပါတယ္။ အိမ္သန္႔ရွင္းေရးကို အနည္းဆံုးတစ္ေန႔တစ္ခါပံုမွန္ျပဳလုပ္ျခင္းက ေန႔စဥ္ျဖစ္ေပၚတဲ့ အိမ္တြင္းပိုးမႊားေတြရဲ႕ ၉၈ ရာခိုင္ႏႈန္းကို ရွင္းလင္းသုတ္သင္ႏိုင္ၿပီး သင္နဲ႔သင့္မိသားစုက်န္းမာေရးကို ေစာင့္ေရွာက္ေပးပါတယ္။

အိမ္တြင္းေလထုအရည္အေသြးကို ေကာင္းမြန္ေစသည္

- အိမ္တြင္းေလထုအရည္အေသြးညံ့ဖ်င္းရင္ ဓာတ္မတည့္မႈေတြ၊ ပန္းနာရင္က်ပ္နဲ႔ အျခားအသက္႐ွဴလမ္းေၾကာင္းျပႆနာေတြလုိမ်ဳိး ေရာဂါဘယေတြကို ျဖစ္ပြားေစႏုိင္ပါတယ္။ ဖုန္မႈန္႔ေတြ၊ အနာေတြနဲ႔ တိရစာၦန္ခႏၶာကိုယ္ကထြက္တဲ့ အရည္၊ အေမြးအမွ်င္ စတာေတြက အိမ္တြင္းေလထုအရည္အေသြးကို က်ဆင္းေစတဲ့အရာေတြပဲျဖစ္ပါတယ္။

ဖုန္စုပ္စက္အသံုးျပဳျခင္း

- ဖုန္စုပ္စက္အသံုးျပဳျခင္းက ဖုန္မႈန္႔ေတြကို စုပ္ယူရွင္းလင္းရာမွာ အလြန္႔အလြန္ကိုေကာင္းတဲ့နည္းလမ္းပဲျဖစ္ပါတယ္။ ဖုန္စုပ္စက္သံုးတယ္ဆုိရင္ အရည္အေသြးျမင့္ဖုန္စုပ္စက္ကို ေန႔စဥ္ပံုမွန္အသံုးျပဳေပးပါ။ ေကာ္ေဇာေတြပဲ ဖုန္မစုပ္ပါနဲ႔။ မ်က္စိနဲ႔ျမင္ရတဲ့ဖုန္ရွိတဲ့ေနရာတင္မကဘဲ ဖုန္စုပ္လုိ႔အဆင္ေျပတဲ့ေနရာမွန္သမွ်ကို ဖုန္စုပ္စက္နဲ႔စုပ္ေပးပါ။

ပို၍ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစႏုိင္ပါသည္

- သန္႔ရွင္းတဲ့အိပ္ရာခင္းခင္းထားတဲ့ အိပ္ရာေပၚမွာ အိပ္ရတာထက္ ပိုၿပီးသက္ေသာင့္သက္သာအပန္းေျပေစတဲ့အရာ မရွိေတာ့ပါဘူး။

ကေလးမ်ားအတြက္ ေကာင္းမြန္ေပသည္

- ညစ္ညစ္ပတ္ပတ္ေနထုိင္တာဟာ အသက္အရြယ္မေရြးလူတိုင္းအတြက္ မေကာင္းဘူးဆိုေပမဲ့ ကေလးငယ္ေတြအတြက္ေတာ့ အလြန္႔အလြန္ကို မေကာင္းတာပါ။ တြားသြားတဲ့အရြယ္ကေလးငယ္ေလးေတြဟာ ၾကမ္းေပၚမွာ ေတြ႕သမွ်ကို ပါးစပ္ထဲေကာက္ထည့္ႏိုင္ပါတယ္။ အျခားဘက္တီးရီးယားပိုးမႊားေတြရဲ႕ရန္ကလည္း ရွိႏိုင္ေသးတာမို႔ သင့္အိမ္ကို ပိုးမႊားကင္းစင္သန္႔ရွင္းေအာင္ထားျခင္းက သင့္ကေလးနဲ႔သင့္တစ္မိသားစုလံုးကို က်န္းမာေအာင္ေစာင့္ေရွာက္တာပဲျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လုိ႔ ကေလးရွိတဲ့အိမ္ဟာ သန္႔ရွင္းေရးကို ပိုလို႔ဂ႐ုစိုက္သင့္ပါတယ္။

ပစၥည္းမ်ားအား အလြယ္တကူရွာေဖြႏိုင္ေပသည္

- အိမ္ကသန္႔ရွင္းသပ္ရပ္အစီအစဥ္တက်ရွိတယ္ဆုိရင္ ပစၥည္းေပ်ာက္လို႔ ဟိုလိုက္ရွာဒီလိုက္ရွာ ရွာေဖြမေနရေတာ့ဘဲ ကိုယ္လုိတဲ့အရာကို သူရွိရမယ့္ေနရာမွာ သြားယူလုိက္႐ံုပါပဲ။ ပစၥည္းေတြ အိမ္ထဲသူ႕ေနရာနဲ႔သူရွိတယ္ဆိုရင္ အလင္းေရာင္မရွိ၊ မ်က္စိမျမင္ႏုိင္ရင္ေတာင္ အလြယ္တကူရွာေဖြယူလုိ႔ရမွာျဖစ္ပါတယ္။

ဓာတ္မတည့္ျခင္းကို ေလွ်ာ့ခ်ေပးသည္

- အေရျပားက ထိခိုက္လြယ္တာ၊ ဓာတ္မတည့္တတ္တဲ့အေျခအေနေတြရွိတာ ဒါမွမဟုတ္ အျခားနာမက်န္းျဖစ္ေနတဲ့သူေတြဟာ သန္႔ရွင္းတဲ့အိမ္ရဲ႕အေရးပါပံုကို အျခားသူေတြထက္ ပိုလို႔သိပါတယ္။

တည္ၿငိမ္ေအးခ်မ္းစြာေနထုိင္ႏိုင္ေစရန္အကူအညီျဖစ္သည္

- အိမ္ကိုသန္႔ရွင္းသပ္ရပ္ေအာင္ ေန႔စဥ္ပံုမွန္ထိန္းသိမ္းတယ္ဆိုရင္ သင့္အတြက္ အထူးအေထြအားစိုက္ထုတ္စရာမလိုေတာ့ပါဘူး။ ဆိုလုိတာက တစ္လေနလို႔တစ္ခါလိုမ်ဳိး အခ်ိန္အၾကာႀကီးပစ္ထားၿပီးမွသန္႔ရွင္းေရးထလုပ္တာက ေန႔စဥ္လုပ္တဲ့သန္႔ရွင္းေရးထက္ အဆမ်ားစြာပိုပင္ပန္းမွာအေသအခ်ာပါပဲ။ သန္႔ရွင္းသပ္ရပ္တဲ့အိမ္က စိတ္ပိုင္းဆိုင္ရာကိုလည္း အမ်ားႀကီးတည္ၿငိမ္ေအးခ်မ္းႏုိင္ပါတယ္။ ဥပမာ - လက္ထဲကပစၥည္းတစ္ခုခုျပဳတ္က်သြားတယ္ဆိုပါစို႔။ အိမ္က သန္႔ရွင္းေနတယ္ဆိုရင္ က်သြားတဲ့ပစၥည္း ညစ္ပတ္သြားမွာ ပူစရာမလိုေတာ့ဘူးေပါ့။ ကေလးရွိတယ္ဆုိလည္း သန္႔ရွင္းတဲ့အိမ္မွာ ကေလးအတြက္ က်န္းက်န္းမာမာလြတ္လြတ္လပ္လပ္ ပိုမိုေဆာ့ကစားႏုိင္မွာပဲျဖစ္ပါတယ္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

သန့်ရှင်းတဲ့အိမ်ဟာ နတ်ပြည်လိုပါပဲ။ လူတွေဟာ နတ်ပြည်ကို ရောက်ချင်ကြသလိုပဲ သန့်ရှင်းတဲ့အိမ်မှာလည်း နေထိုင်လိုကြပါတယ်။ သင့်အိမ်သန့်ရှင်းနေစေဖို့ အပါးမခိုဘဲ ဝီရိယထားအားထုတ်ရတယ်ဆိုပေမဲ့ အဲဒီလိုသန့်ရှင်းအောင်အိမ်ကိုထိန်းသိမ်းခြင်းရဲ့ အကျိူးကျေးဇူးတွေကလည်း များပြားပါတယ်။ အိမ်သန့်ရှင်းရေးကို ထိထိရောက်ရောက်ပုံမှန်လုပ်တယ်ဆိုရင် သင့်အိမ်ဟာ အမြဲတမ်းသစ်လွင်တောက်ပနေမှာပါ။ ကျန်းမာရေးအရကြည့်မယ်ဆိုရင်လည်း သန့်ရှင်းတဲ့အိမ်မှာ နေထိုင်ဖို့ အရေးပါလှပါတယ်။

အိမ်သန့်ရှင်းရေးဆိုတာ အရမ်းကို စိန်ခေါ်မှုရှိလှတဲ့လုပ်ငန်းဆောင်တာတစ်ခုပါပဲ။ အိမ်ကို သန့်ရှင်းသပ်ရပ်နေစေဖို့ အဓိကလှုံ့ဆော်တဲ့အကြောင်းအရာကတော့ အိမ်ကို နေထိုင်ရှင်သန်မှုအတွက်ရော အနားယူမှုအတွက်ရော တစ်ပြိုင်တည်းဖြစ်စေမယ့် သာယာငြိမ်းချမ်းမှုအရှိဆုံးနေရာတစ်နေရာ ဖြစ်စေဖို့နဲ့ အများအမြင်မှာ တင့်တယ်စေဖို့ပါပဲ။

သန့်ရှင်းသပ်ရပ်စေခြင်းဆိုတာကို အလေ့အထတစ်ခုအနေနဲ့ကို ပြုလုပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ သပ်ရပ်မှုမရှိ ရှုပ်ပွညစ်ပေနေတဲ့အိမ်မှာ နေထိုင်ရတာဟာ လူကိုမသက်မသာဖြစ်စေပြီး စိတ်ကိုပါ ကစဉ့်ကလျားဖရိုဖရဲဖြစ်စေဖို့ တွန်းအားပေးပါတယ်။ သန့်ရှင်းရေးလုပ်ဖို့အတွက် အချိန်တစ်ခုသက်သက်ဖယ်ထားဖို့ တစ်နည်းပြောရမယ်ဆိုရင် အချိန်တစ်ခုပေးပြီး အိမ်သန့်ရှင်းရေးလုပ်ဖို့ အလွန်အရေးကြီးပါတယ်။ အိမ်ကိုသန့်ရှင်းသပ်ရပ်အောင်ထားဖို့ဆိုတာမှာ သန့်ရှင်းရေးလုပ်ရုံတင်မဟုတ်ဘဲ အဲဒီအိမ်မှာနေတဲ့သူတွေကပါ သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်နေထိုင်ခြင်းနဲ့ ပါဝင်ကူညီပေးဖို့လိုတယ်ဆိုတာကိုလည်း သူတို့သဘောပေါက်အောင် သင်ကပြောပြရမှာဖြစ်ပါတယ်။

သန့်ရှင်းတဲ့အိမ်ဖြစ်ဖို့ ဘာလို့အရေးကြီးတာလဲဆိုတာရဲ့ အကြောင်းရင်းအနည်းငယ်ကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။

အိမ်သန့်ရှင်းရေး ပုံမှန်လုပ်ခြင်းက ပိုးမွှားများကို ရှင်းလင်းပေးသည်

- အဏုဇီဝပိုးမွှားလေးကစလို့ ပိုးမွှားမှန်သမျှဟာ ကိုယ်ခံစွမ်းအားစနစ်ကို ဖိနှိပ်ပြီး လူကိုဖျားနာစေပါတယ်။ အိမ်သန့်ရှင်းရေးကို အနည်းဆုံးတစ်နေ့တစ်ခါပုံမှန်ပြုလုပ်ခြင်းက နေ့စဉ်ဖြစ်ပေါ်တဲ့ အိမ်တွင်းပိုးမွှားတွေရဲ့ ၉၈ ရာခိုင်နှုန်းကို ရှင်းလင်းသုတ်သင်နိုင်ပြီး သင်နဲ့သင့်မိသားစုကျန်းမာရေးကို စောင့်ရှောက်ပေးပါတယ်။

အိမ်တွင်းလေထုအရည်အသွေးကို ကောင်းမွန်စေသည်

- အိမ်တွင်းလေထုအရည်အသွေးညံ့ဖျင်းရင် ဓာတ်မတည့်မှုတွေ၊ ပန်းနာရင်ကျပ်နဲ့ အခြားအသက်ရှူလမ်းကြောင်းပြဿနာတွေလိုမျိုး ရောဂါဘယတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဖုန်မှုန့်တွေ၊ အနာတွေနဲ့ တိရစ္ဆာန်ခန္ဓာကိုယ်ကထွက်တဲ့ အရည်၊ အမွေးအမျှင် စတာတွေက အိမ်တွင်းလေထုအရည်အသွေးကို ကျဆင်းစေတဲ့အရာတွေပဲဖြစ်ပါတယ်။

ဖုန်စုပ်စက်အသုံးပြုခြင်း

- ဖုန်စုပ်စက်အသုံးပြုခြင်းက ဖုန်မှုန့်တွေကို စုပ်ယူရှင်းလင်းရာမှာ အလွန့်အလွန်ကိုကောင်းတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ ဖုန်စုပ်စက်သုံးတယ်ဆိုရင် အရည်အသွေးမြင့်ဖုန်စုပ်စက်ကို နေ့စဉ်ပုံမှန်အသုံးပြုပေးပါ။ ကော်ဇောတွေပဲ ဖုန်မစုပ်ပါနဲ့။ မျက်စိနဲ့မြင်ရတဲ့ဖုန်ရှိတဲ့နေရာတင်မကဘဲ ဖုန်စုပ်လို့အဆင်ပြေတဲ့နေရာမှန်သမျှကို ဖုန်စုပ်စက်နဲ့စုပ်ပေးပါ။

ပို၍နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ပါသည် - သန့်ရှင်းတဲ့အိပ်ရာခင်းခင်းထားတဲ့ အိပ်ရာပေါ်မှာ အိပ်ရတာထက် ပိုပြီးသက်သောင့်သက်သာအပန်းပြေစေတဲ့အရာ မရှိတော့ပါဘူး။

ကလေးများအတွက် ကောင်းမွန်ပေသည်

- ညစ်ညစ်ပတ်ပတ်နေထိုင်တာဟာ အသက်အရွယ်မရွေးလူတိုင်းအတွက် မကောင်းဘူးဆိုပေမဲ့ ကလေးငယ်တွေအတွက်တော့ အလွန့်အလွန်ကို မကောင်းတာပါ။ တွားသွားတဲ့အရွယ်ကလေးငယ်လေးတွေဟာ ကြမ်းပေါ်မှာ တွေ့သမျှကို ပါးစပ်ထဲကောက်ထည့်နိုင်ပါတယ်။ အခြားဘက်တီးရီးယားပိုးမွှားတွေရဲ့ရန်ကလည်း ရှိနိုင်သေးတာမို့ သင့်အိမ်ကို ပိုးမွှားကင်းစင်သန့်ရှင်းအောင်ထားခြင်းက သင့်ကလေးနဲ့သင့်တစ်မိသားစုလုံးကို ကျန်းမာအောင်စောင့်ရှောက်တာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကလေးရှိတဲ့အိမ်ဟာ သန့်ရှင်းရေးကို ပိုလို့ဂရုစိုက်သင့်ပါတယ်။

ပစ္စည်းများအား အလွယ်တကူရှာဖွေနိုင်ပေသည်

- အိမ်ကသန့်ရှင်းသပ်ရပ်အစီအစဉ်တကျရှိတယ်ဆိုရင် ပစ္စည်းပျောက်လို့ ဟိုလိုက်ရှာဒီလိုက်ရှာ ရှာဖွေမနေရတော့ဘဲ ကိုယ်လိုတဲ့အရာကို သူရှိရမယ့်နေရာမှာ သွားယူလိုက်ရုံပါပဲ။ ပစ္စည်းတွေ အိမ်ထဲသူ့နေရာနဲ့သူရှိတယ်ဆိုရင် အလင်းရောင်မရှိ၊ မျက်စိမမြင်နိုင်ရင်တောင် အလွယ်တကူရှာဖွေယူလို့ရမှာဖြစ်ပါတယ်။

ဓာတ်မတည့်ခြင်းကို လျှော့ချပေးသည်

- အရေပြားက ထိခိုက်လွယ်တာ၊ ဓာတ်မတည့်တတ်တဲ့အခြေအနေတွေရှိတာ ဒါမှမဟုတ် အခြားနာမကျန်းဖြစ်နေတဲ့သူတွေဟာ သန့်ရှင်းတဲ့အိမ်ရဲ့အရေးပါပုံကို အခြားသူတွေထက် ပိုလို့သိပါတယ်။

တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်စေရန်အကူအညီဖြစ်သည်

- အိမ်ကိုသန့်ရှင်းသပ်ရပ်အောင် နေ့စဉ်ပုံမှန်ထိန်းသိမ်းတယ်ဆိုရင် သင့်အတွက် အထူးအထွေအားစိုက်ထုတ်စရာမလိုတော့ပါဘူး။ ဆိုလိုတာက တစ်လနေလို့တစ်ခါလိုမျိုး အချိန်အကြာကြီးပစ်ထားပြီးမှသန့်ရှင်းရေးထလုပ်တာက နေ့စဉ်လုပ်တဲ့သန့်ရှင်းရေးထက် အဆများစွာပိုပင်ပန်းမှာအသေအချာပါပဲ။ သန့်ရှင်းသပ်ရပ်တဲ့အိမ်က စိတ်ပိုင်းဆိုင်ရာကိုလည်း အများကြီးတည်ငြိမ်အေးချမ်းနိုင်ပါတယ်။ ဥပမာ - လက်ထဲကပစ္စည်းတစ်ခုခုပြုတ်ကျသွားတယ်ဆိုပါစို့။ အိမ်က သန့်ရှင်းနေတယ်ဆိုရင် ကျသွားတဲ့ပစ္စည်း ညစ်ပတ်သွားမှာ ပူစရာမလိုတော့ဘူးပေါ့။ ကလေးရှိတယ်ဆိုလည်း သန့်ရှင်းတဲ့အိမ်မှာ ကလေးအတွက် ကျန်းကျန်းမာမာလွတ်လွတ်လပ်လပ် ပိုမိုဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...
တရားမမှုစတင် တရားစွဲဆိုသည့်အခါ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရားမမှုစတင် တရားစွဲဆိုသည့်အခါ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်...
တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်...
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
(၃)ထပ်နှင့်အောက် အဆောက်အအုံများဆောက်လုပ်ခွင့်ပါမစ်တင်ပါက သိရှိလိုက်နာရမည့် အချက်များ
(၃)ထပ်နှင့်အောက် အဆောက်အအုံများဆောက်လုပ်ခွင့်ပါမစ်တင်ပါက သိရှိလိုက်နာရမည့် အချက်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ruby
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service