ေပးကမ္းျခင္း စာခ်ဳပ္ျဖင့္ အေမြခြဲေ၀ေပးထားသည့္ အိမ္ႏွင့္ ေျမကို ၀ယ္မည္ဆုိလွ်င္

ေပးကမ္းျခင္း စာခ်ဳပ္ျဖင့္ အေမြခြဲေ၀ေပးထားသည့္ အိမ္ႏွင့္ ေျမကို ၀ယ္မည္ဆုိလွ်င္ - Property Knowledge in Myanmar from iMyanmarHouse.com
30 Dec 2019 12:55 pm တွင် တင်ခဲ့သည်
3548 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

### Zawgyi Version ###

“မိဘက ေပးကမ္းထားတဲ့ ေျမနဲ႔ အိမ္ကုိသားသမီးက ေရာင္းပုိင္ခြင့္ ရွိပါသလား ဆရာ”ဟု မိတ္ေဆြတစ္ဦး၏ သားျဖစ္သူက စာေရးသူထံ လာေရာက္တုိင္ပင္ ေဆြးေႏြးပါသည္။

“ေပးကမ္းျခင္းဆုိတာက မိမိပုိင္ပစၥည္းကို ေမတၱာနဲ႔အဖုိးစားနားမရွိဘဲ ေပးကမ္းတာမ်ဳိးျဖစ္တယ္။ ဒါေပမယ့္ စာခ်ဳပ္စာတမ္း႐ုံးမွာ ေပးကမ္းျခင္း စာခ်ဳပ္ကုိ မွတ္ပုံတင္ျပဳလုပ္ ခ်ဳပ္ဆုိရပါတယ္။ အဲဒါမွ ေပးကမ္းစာခ်ဳပ္ဟာ တရား၀င္မွာ ျဖစ္တယ္”

“အခ်ဳိ႕ကေျပာေတာ့ မိဘမ်ားအေနနဲ႔ သားသမီးတစ္ဦးတည္းကို မိမိပုိင္ပစၥည္းအားလုံးကို ေပးပိုင္ခြင့္ မရွိဆုိတာ ဟုတ္ပါသလား”

“ဟုတ္ပါတယ္။ မိဘမ်ားက သားသမီးကို မိမိပုိင္ပစၥည္းမ်ားအနက္ ခြဲျခားၿပီး ေပးပုိင္ခြင့္ရွိပါတယ္။ ဒါေပမယ့္ အေမြစားအေမြခံမ်ား၏ အခြင့္အေရးဆုံး႐ႈံးေလာက္သည့္ရွိသမွ် ပစၥည္းအားလုံးကို သားသမီးတစ္ဦးတည္း ေပးကမ္းပါက ပ်က္ျပယ္တယ္လုိ႔ ျမန္မာ့ဓေလ့တုံးတမ္းဥပေဒအရ သတ္မွတ္ထားပါတယ္””

“ေျမနဲ႔အိမ္၀ယ္ဖုိ႔ ကၽြန္ေတာ္ သြားၾကည့္တယ္ ဆရာ။ ပုိင္ရွင္က မိဘထံမွ အေပးစာခ်ဳပ္နဲ႔ ရယူထားတဲ့ ပစ္ၥည္းျဖစ္ေနတယ္။ ဒါေၾကာင့္ ၀ယ္ရင္ အဆင္ေျပပါ့မလားဆုိၿပီး စုိးရိမ္တာနဲ႔ ဆရာ့ဆီလာေရာက္ေဆြးေႏြး တာပါ”

“ေျမကြက္က မိဘေတြအမည္ ေပါက္ပဲလား၊ အမည္ေျပာင္းထားလား”

“ေျမဂရန္အမည္ေပါက္ေတာ့ မေျပာင္းရေသးဘူး ဆရာ။ ဒါေပမယ့္ အေပးစာခ်ဳပ္ကေတာ့ မွတ္ပုံတင္စာ ခ်ဳပ္စာတမ္းနဲ႔ ျပဳလုပ္ထားတာ ဆရာ”

“အေမႀကီးကရွိေသးတယ္လုိ႔ ေျပာတယ္။ အခုေရာင္းမယ္ဆုိေတာ့ ေပးကမ္းထားတဲ့ အေမက ကန္႔ကြက္ခြင့္ ရွိပါသလား”

“ေပးကမ္းျခင္းစာခ်ဳပ္ထဲမွာ ေပးကမ္းသူ၏ သေဘာတူညီခ်က္မရဘဲ အသက္ထင္ရွားရွိေနစဥ္ ေပးကမ္း ထားသည့္ ပစ္ၥည္းကို လႊဲေျပာင္းေရာင္းခ်ျခင္း မျပဳရ။ ျပဳလုပ္ပါက ေပးကမ္းျခင္း ပ်က္ျပယ္တယ္လုိ႔ အတိ အက်ေဖာ္ျပသေဘာတူခ်ဳပ္ဆုိထားရင္ေတာ့ ေပးကမ္းသူ မိခင္မကြယ္လြန္မီမွာ ေရာင္းခ်ခြင့္ရွိမွာ မဟုတ္ပါ ဘူး”

“မိခင္ႀကီးက မကန္႔ကြက္ေပမယ့္ က်န္တဲ့ ေမာင္ႏွမေတြက ကန္႔ကြက္ရင္ ျဖစ္ႏုိင္ပါသလား”

“ေပးကမ္းျခင္း မွတ္ပုံတင္ စာခ်ဳပ္မွာ အေစာက ေျပာသလုိ ေပးကမ္းသူနဲ႔ လက္ခံသူႏွစ္ဦးလုံးက စည္းကမ္း သတ္မွတ္ေပးကမ္းခဲ့ရင္ေတာ့ အဲဒီစည္းကမ္းကုိ လက္ခံသူက ေဖာက္ဖ်က္ရင္ ေပးကမ္းသူက ေပးကမ္းထား ျခင္းကို ႐ုပ္သိမ္းခြင့္ရွိပါတယ္။ ဒါေပမယ့္ တရား႐ံုးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ဦးတင္၀င္းႏွင့္ ဦးတင္ၫြန္႔ပါ (၃)၊ ၁၉၉၃ ခုႏွစ္ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ - ၁၉၁ အမႈမွာ ျမန္မာဗုဒ္ၶဘာသာ၀င္ မိဘမ်ားသည္ သားသမီးတစ္ဦးအား အေပးစာခ်ဳပ္ျဖင့္ ေပးကမ္းရာ၌ က်န္သားသမီးမ်ားက မိဘသက္ရွိထင္ရွားရွိစဥ္ ေပးကမ္း ျခင္းကို မကန္႔ကြက္ ႏုိင္ေပ။ ပ်က္ျပယ္ေၾကာင္း တရားစြဲခြင့္ မရွိလုိ႔ ဆုံးျဖတ္ထားပါတယ္”

“ဒါဆုိရင္ အခုကိစၥမွာ က်န္ေမာင္ႏွမေတြက ကန္႔ကြက္ခြင့္မရွိဘူးေပါ့ေနာ္”

“ဥပေဒအရေတာ့ မိခင္ႀကီး သက္ရွိထင္ရွားရွိေနသေရြ႕ ကန္႔ကြက္ပုိင္ခြင့္မရွိပါဘူး”

“ဒါေပမယ့္ ဆရာေျပာသလုိ မိခင္ႀကီးနဲ႔ ခ်ဳပ္ဆုိထားတဲ့ အေပးစာခ်ဳပ္မွာ ေရာင္းပုိင္ခြင့္မရွိလုိ႔ ေဖာ္ျပထားရင္ ေတာ့ ေရာင္းခြင့္မရွိႏုိင္ဘူးေပါ့”

“မွန္ပါတယ္။ ေပးကမ္းျခင္း မွတ္ပုံတင္စာခ်ဳပ္မွာ အတိအလင္း ကန္႔ကြက္တားျမစ္ခ်က္မပါရင္ေတာ့ လႊဲေျပာင္း ေရာင္းခ်ခြင့္ရွိမွာ ျဖစ္တယ္”

“အကယ္၍ ကၽြန္ေတာ္က စရန္ေငြေပးေခ်ၿပီးမွ မိခင္ႀကီးကြယ္လြန္ခဲ့ရင္ ဘယ္လုိျဖစ္ႏုိင္သလဲ ဆရာ”

“တခ်ဳိ႕ ကိစၥရပ္ေတြမွာ ေပးကမ္းျခင္း စာခ်ဳပ္နဲ႔ အေမြခြဲေ၀ေပးထားတဲ့ သေဘာပါ၀င္ခ်ဳပ္ဆုိတာေတြလည္း ရွိၾကတယ္”

“ဟုတ္ကဲ့ဆရာ၊ အခုေရာင္းမယ္ဆုိတဲ့ သူကလည္း ေျပာပါတယ္ ဆရာ။ အေပးစာခ်ဳပ္ဆုိေပမယ့္ အေမြခြဲေပး ထားတာလုိ႔လည္း ေျပာပါတယ္”

“ဒါဆုိရင္ ေပးကမ္းျခင္းမွတ္ပုံတင္ စာခ်ဳပ္ထဲမွာ အေမြပစၥည္းအျဖစ္ အၿပီးအျပတ္ခြဲေ၀ေပးျခင္းျဖစ္တယ္လုိ႔ လည္းပါရွိႏုိင္ပါတယ္။ ဒါေၾကာင့္ ေပးကမ္းျခင္း စာခ်ဳပ္ကုိ ေသခ်ာေလ့လာဖတ္႐ႈဖုိ႔ေတာ့ လုိလိမ့္မယ္”

အဲဒီလုိ အတိအလင္း အေမြခြဲေ၀တဲ့ သေဘာေဖာ္ျပထားရင္ေတာ့ က်န္ေမာင္ႏွမေတြကလည္း ကန္႔ကြက္ဖုိ႔ မျဖစ္ႏုိင္ေတာ့ဘူးေပါ့။

“မွန္ပါတယ္။ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ဦးတင္ထြန္းႏွင့္ ေဒၚ၀ုိင္းၾကည္ပါ (၇)၊ ၁၉၉၂ ခုႏွစ္ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ - ၆၉ အမႈမွာ အေမြဆုိင္တစ္ဦးက အေမြေ၀စုကိုအၿပီးအျပတ္ရရွိၿပီးေၾကာင္း ၀န္ခံ လွ်င္ ၎အားထပ္မံ အေမြခဲြေ၀ေပးရန္အေၾကာင္း မရွိေပ။ က်န္အေမြပစ္ၥည္းမ်ားကုိ စြန္႔လႊတ္ရာ ေရာက္ သည္လုိ႔ ဆုံးျဖတ္ထားပါတယ္။ ဒါေၾကာင့္ အခုကိစၥမွာလည္း အေမြပစ္ၥည္းအျဖစ္အၿပီးအပုိင္ခြဲေ၀ ေပးကမ္းျခင္း ျဖစ္ေၾကာင္း ေပးကမ္းျခင္း မွတ္ပုံတင္စာခ်ဳပ္တြင္ပါရွိလွ်င္ မိဘမ်ားကြယ္လြန္သြားရင္လည္း က်န္အေမြပစၥည္း မ်ားအေပၚ စြန္႔လႊတ္ရာေရာက္မွာျဖစ္ပါတယ္”

“ဒါဆုိရင္ေတာ့ ရဲရဲ၀့ံ၀ံ့၀ယ္ႏုိင္တာေပါ့ေနာ္”

“ဟုတ္ပါတယ္။ ဒါေၾကာင့္မုိ႔ အဲဒီအခ်က္ကိုေတာ့ ေပးကမ္းျခင္း မွတ္ပုံတင္စာခ်ဳပ္မွာ ပါရွိျခင္းရွိ မရွိ ေသခ်ာ ဖတ္႐ႈဖုိ႔ လုိပါတယ္”

“ေျမကြက္အမည္မေျပာင္းရ ေသးေတာ့ အေရာင္းအ၀ယ္မွတ္ပုံ တင္စာခ်ဳပ္ ခ်ဳပ္ဆုိလုိ႔အဆင္ေျပပါ့ မလား။ မိခင္ႀကီးနဲ႔ ခ်ဳပ္ဆုိရမွာလား”

“ေရာင္းမယ့္ ေျမနဲ႔အိမ္မွာ ဘယ္သူေနသလဲ။ မိခင္ႀကီးနဲ႔ အျခား မိသားစုက အတူေနၾကတာလား”

“ေရာင္းမယ္ဆုိတဲ့ သူရဲ႕ မိသားစု တစ္စုပဲ ေနပါတယ္။ မိခင္ႀကီးက သမီးႀကီးနဲ႔ အျခားေနရာမွာေနတယ္”

“ဒါဆုိရင္ေတာ့ ရွင္းပါတယ္။ ေပးကမ္းျခင္း လက္ခံသူကုိ္ယ္တုိင္က ပစၥည္းေပၚမွာ လက္ေရာက္ရယူေန ထုိင္တာ ျဖစ္လုိ႔ အဆင္ေျပပါတယ္”

“ေရာင္းမယ္ဆုိတဲ့ သားျဖစ္သူနဲ႔ ကၽြန္ေတာ္တုိက္႐ုိက္အေရာင္းအ၀ယ္ စာခ်ဳပ္မွတ္ပုံတင္ခ်ဳပ္ဆုိႏုိင္ၿပီေပါ့”

“ဒါေပမယ့္ အဆင့္ဆင့္ေတာ့ ေဆာင္ရြက္ရမွာ ရွိတယ္”

“အခ်ဳိ႕ကေျပာေတာ့ သားျဖစ္သူ အမည္ကို ဂရန္အမည္ေပါက္ေျပာင္းၿပီးမွ အေရာင္းအ၀ယ္ စာခ်ဳပ္ ခ်ဳပ္ဆုိရင္ ပိုၿပီး အဆင္ေျပတယ္လုိ႔ဆုိတယ္ ဟုတ္ပါသလား ဆရာ”

“ဂရန္အမည္ေျပာင္းၿပီးမွ အေရာင္းအ၀ယ္မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆုိရင္ေတာ့ ပိုအဆင္ေျပတာေပါ့။ ဒါေပမယ့္ ေပးကမ္းျခင္း စာခ်ဳပ္က မွတ္ပုံတင္ျပဳလုပ္ခ်ဳပ္ဆုိထားတဲ့ ေပးကမ္းျခင္းစာခ်ဳပ္မုိ႔ ေပးကမ္းျခင္း တရား၀င္ပါ တယ္။ ေပးကမ္းျခင္းကို လက္ခံသူကုိယ္တိုင္ေပးကမ္းတဲ့ ေျမနဲ႔ အိမ္ေပၚမွာ လက္ေရာက္ရယူ ေနထုိင္တာျဖစ္ လုိ႔ ဥပေဒနဲ႔အညီ ပုိင္ဆုိင္သူလည္းျဖစ္တယ္။ ဒါေၾကာင့္ ေပးကမ္းျခင္းစာခ်ဳပ္ေပၚ အေျခတည္ၿပီး လႊဲေျပာင္း ေရာင္းခ်ပုိင္ခြင့္ရွိသူျဖစ္လာပါတယ္”

“ဒါဆုိရင္ ေပးကမ္းျခင္း မွတ္ပုံတင္စာခ်ဳပ္ေပၚမူတည္ၿပီး ေရာင္းသူနဲ႔ တုိက္႐ုိက္အေရာင္းအ၀ယ္ မွတ္ပုံတင္ စာခ်ဳပ္ ခ်ဳပ္ဆုိႏုိင္ၿပီေပါ့”

“ေျမပုံေျမရာဇ၀င္ ကူးယူၿပီး အေရာင္းအ၀ယ္မွတ္ပုံတင္စာခ်ဳပ္ကုိ ခ်ဳပ္ဆုိႏုိင္ပါတယ္”ဟု ရွင္းျပေဆြးေႏြး လုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

### Unicode Version ###

“မိဘက ပေးကမ်းထားတဲ့ မြေနဲ့ အိမ်ကိုသားသမီးက ရောင်းပိုင်ခွင့် ရှိပါသလား ဆရာ”ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်တိုင်ပင် ဆွေးနွေးပါသည်။

“ပေးကမ်းခြင်းဆိုတာက မိမိပိုင်ပစ္စည်းကို မေတ္တာနဲ့အဖိုးစားနားမရှိဘဲ ပေးကမ်းတာမျိုးဖြစ်တယ်။ ဒါပေမယ့် စာချုပ်စာတမ်းရုံးမှာ ပေးကမ်းခြင်း စာချုပ်ကို မှတ်ပုံတင်ပြုလုပ် ချုပ်ဆိုရပါတယ်။ အဲဒါမှ ပေးကမ်းစာချုပ်ဟာ တရားဝင်မှာ ဖြစ်တယ်”

“အချို့ကပြောတော့ မိဘများအနေနဲ့ သားသမီးတစ်ဦးတည်းကို မိမိပိုင်ပစ္စည်းအားလုံးကို ပေးပိုင်ခွင့် မရှိဆိုတာ ဟုတ်ပါသလား”

“ဟုတ်ပါတယ်။ မိဘများက သားသမီးကို မိမိပိုင်ပစ္စည်းများအနက် ခွဲခြားပြီး ပေးပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် အမွေစားအမွေခံများ၏ အခွင့်အရေးဆုံးရှုံးလောက်သည့်ရှိသမျှ ပစ္စည်းအားလုံးကို သားသမီးတစ်ဦးတည်း ပေးကမ်းပါက ပျက်ပြယ်တယ်လို့ မြန်မာ့ဓလေ့တုံးတမ်းဥပဒေအရ သတ်မှတ်ထားပါတယ်””

“မြေနဲ့အိမ်ဝယ်ဖို့ ကျွန်တော် သွားကြည့်တယ် ဆရာ။ ပိုင်ရှင်က မိဘထံမှ အပေးစာချုပ်နဲ့ ရယူထားတဲ့ ပစ်္စည်းဖြစ်နေတယ်။ ဒါကြောင့် ဝယ်ရင် အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ်တာနဲ့ ဆရာ့ဆီလာရောက်ဆွေးနွေး တာပါ”

“မြေကွက်က မိဘတွေအမည် ပေါက်ပဲလား၊ အမည်ပြောင်းထားလား”

“မြေဂရန်အမည်ပေါက်တော့ မပြောင်းရသေးဘူး ဆရာ။ ဒါပေမယ့် အပေးစာချုပ်ကတော့ မှတ်ပုံတင်စာ ချုပ်စာတမ်းနဲ့ ပြုလုပ်ထားတာ ဆရာ”

“အမေကြီးကရှိသေးတယ်လို့ ပြောတယ်။ အခုရောင်းမယ်ဆိုတော့ ပေးကမ်းထားတဲ့ အမေက ကန့်ကွက်ခွင့် ရှိပါသလား”

“ပေးကမ်းခြင်းစာချုပ်ထဲမှာ ပေးကမ်းသူ၏ သဘောတူညီချက်မရဘဲ အသက်ထင်ရှားရှိနေစဉ် ပေးကမ်း ထားသည့် ပစ်္စည်းကို လွှဲပြောင်းရောင်းချခြင်း မပြုရ။ ပြုလုပ်ပါက ပေးကမ်းခြင်း ပျက်ပြယ်တယ်လို့ အတိ အကျဖော်ပြသဘောတူချုပ်ဆိုထားရင်တော့ ပေးကမ်းသူ မိခင်မကွယ်လွန်မီမှာ ရောင်းချခွင့်ရှိမှာ မဟုတ်ပါ ဘူး”

“မိခင်ကြီးက မကန့်ကွက်ပေမယ့် ကျန်တဲ့ မောင်နှမတွေက ကန့်ကွက်ရင် ဖြစ်နိုင်ပါသလား”

“ပေးကမ်းခြင်း မှတ်ပုံတင် စာချုပ်မှာ အစောက ပြောသလို ပေးကမ်းသူနဲ့ လက်ခံသူနှစ်ဦးလုံးက စည်းကမ်း သတ်မှတ်ပေးကမ်းခဲ့ရင်တော့ အဲဒီစည်းကမ်းကို လက်ခံသူက ဖောက်ဖျက်ရင် ပေးကမ်းသူက ပေးကမ်းထား ခြင်းကို ရုပ်သိမ်းခွင့်ရှိပါတယ်။ ဒါပေမယ့် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးတင်ဝင်းနှင့် ဦးတင်ညွန့်ပါ (၃)၊ ၁၉၉၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၁၉၁ အမှုမှာ မြန်မာဗုဒ်္ဓဘာသာဝင် မိဘများသည် သားသမီးတစ်ဦးအား အပေးစာချုပ်ဖြင့် ပေးကမ်းရာ၌ ကျန်သားသမီးများက မိဘသက်ရှိထင်ရှားရှိစဉ် ပေးကမ်း ခြင်းကို မကန့်ကွက် နိုင်ပေ။ ပျက်ပြယ်ကြောင်း တရားစွဲခွင့် မရှိလို့ ဆုံးဖြတ်ထားပါတယ်”

“ဒါဆိုရင် အခုကိစ္စမှာ ကျန်မောင်နှမတွေက ကန့်ကွက်ခွင့်မရှိဘူးပေါ့နော်”

“ဥပဒေအရတော့ မိခင်ကြီး သက်ရှိထင်ရှားရှိနေသရွေ့ ကန့်ကွက်ပိုင်ခွင့်မရှိပါဘူး”

“ဒါပေမယ့် ဆရာပြောသလို မိခင်ကြီးနဲ့ ချုပ်ဆိုထားတဲ့ အပေးစာချုပ်မှာ ရောင်းပိုင်ခွင့်မရှိလို့ ဖော်ပြထားရင် တော့ ရောင်းခွင့်မရှိနိုင်ဘူးပေါ့”

“မှန်ပါတယ်။ ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်မှာ အတိအလင်း ကန့်ကွက်တားမြစ်ချက်မပါရင်တော့ လွှဲပြောင်း ရောင်းချခွင့်ရှိမှာ ဖြစ်တယ်”

“အကယ်၍ ကျွန်တော်က စရန်ငွေပေးချေပြီးမှ မိခင်ကြီးကွယ်လွန်ခဲ့ရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”

“တချို့ ကိစ္စရပ်တွေမှာ ပေးကမ်းခြင်း စာချုပ်နဲ့ အမွေခွဲဝေပေးထားတဲ့ သဘောပါဝင်ချုပ်ဆိုတာတွေလည်း ရှိကြတယ်”

“ဟုတ်ကဲ့ဆရာ၊ အခုရောင်းမယ်ဆိုတဲ့ သူကလည်း ပြောပါတယ် ဆရာ။ အပေးစာချုပ်ဆိုပေမယ့် အမွေခွဲပေး ထားတာလို့လည်း ပြောပါတယ်”

“ဒါဆိုရင် ပေးကမ်းခြင်းမှတ်ပုံတင် စာချုပ်ထဲမှာ အမွေပစ္စည်းအဖြစ် အပြီးအပြတ်ခွဲဝေပေးခြင်းဖြစ်တယ်လို့ လည်းပါရှိနိုင်ပါတယ်။ ဒါကြောင့် ပေးကမ်းခြင်း စာချုပ်ကို သေချာလေ့လာဖတ်ရှုဖို့တော့ လိုလိမ့်မယ်”

အဲဒီလို အတိအလင်း အမွေခွဲဝေတဲ့ သဘောဖော်ပြထားရင်တော့ ကျန်မောင်နှမတွေကလည်း ကန့်ကွက်ဖို့ မဖြစ်နိုင်တော့ဘူးပေါ့။

“မှန်ပါတယ်။ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးတင်ထွန်းနှင့် ဒေါ်ဝိုင်းကြည်ပါ (၇)၊ ၁၉၉၂ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၆၉ အမှုမှာ အမွေဆိုင်တစ်ဦးက အမွေဝေစုကိုအပြီးအပြတ်ရရှိပြီးကြောင်း ဝန်ခံ လျှင် ၎င်းအားထပ်မံ အမွေခွဲဝေပေးရန်အကြောင်း မရှိပေ။ ကျန်အမွေပစ်္စည်းများကို စွန့်လွှတ်ရာ ရောက် သည်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် အခုကိစ္စမှာလည်း အမွေပစ်္စည်းအဖြစ်အပြီးအပိုင်ခွဲေ၀ ပေးကမ်းခြင်း ဖြစ်ကြောင်း ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်တွင်ပါရှိလျှင် မိဘများကွယ်လွန်သွားရင်လည်း ကျန်အမွေပစ္စည်း များအပေါ် စွန့်လွှတ်ရာရောက်မှာဖြစ်ပါတယ်”

“ဒါဆိုရင်တော့ ရဲရဲဝံ့ဝံ့ဝယ်နိုင်တာပေါ့နော်”

“ဟုတ်ပါတယ်။ ဒါကြောင့်မို့ အဲဒီအချက်ကိုတော့ ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်မှာ ပါရှိခြင်းရှိ မရှိ သေချာ ဖတ်ရှုဖို့ လိုပါတယ်”

“မြေကွက်အမည်မပြောင်းရ သေးတော့ အရောင်းအဝယ်မှတ်ပုံ တင်စာချုပ် ချုပ်ဆိုလို့အဆင်ပြေပါ့ မလား။ မိခင်ကြီးနဲ့ ချုပ်ဆိုရမှာလား”

“ရောင်းမယ့် မြေနဲ့အိမ်မှာ ဘယ်သူနေသလဲ။ မိခင်ကြီးနဲ့ အခြား မိသားစုက အတူနေကြတာလား”

“ရောင်းမယ်ဆိုတဲ့ သူရဲ့ မိသားစု တစ်စုပဲ နေပါတယ်။ မိခင်ကြီးက သမီးကြီးနဲ့ အခြားနေရာမှာနေတယ်”

“ဒါဆိုရင်တော့ ရှင်းပါတယ်။ ပေးကမ်းခြင်း လက်ခံသူကိုယ်တိုင်က ပစ္စည်းပေါ်မှာ လက်ရောက်ရယူနေ ထိုင်တာ ဖြစ်လို့ အဆင်ပြေပါတယ်”

“ရောင်းမယ်ဆိုတဲ့ သားဖြစ်သူနဲ့ ကျွန်တော်တိုက်ရိုက်အရောင်းအဝယ် စာချုပ်မှတ်ပုံတင်ချုပ်ဆိုနိုင်ပြီပေါ့”

“ဒါပေမယ့် အဆင့်ဆင့်တော့ ဆောင်ရွက်ရမှာ ရှိတယ်”

“အချို့ကပြောတော့ သားဖြစ်သူ အမည်ကို ဂရန်အမည်ပေါက်ပြောင်းပြီးမှ အရောင်းအဝယ် စာချုပ် ချုပ်ဆိုရင် ပိုပြီး အဆင်ပြေတယ်လို့ဆိုတယ် ဟုတ်ပါသလား ဆရာ”

“ဂရန်အမည်ပြောင်းပြီးမှ အရောင်းအဝယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။ ဒါပေမယ့် ပေးကမ်းခြင်း စာချုပ်က မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုထားတဲ့ ပေးကမ်းခြင်းစာချုပ်မို့ ပေးကမ်းခြင်း တရားဝင်ပါ တယ်။ ပေးကမ်းခြင်းကို လက်ခံသူကိုယ်တိုင်ပေးကမ်းတဲ့ မြေနဲ့ အိမ်ပေါ်မှာ လက်ရောက်ရယူ နေထိုင်တာဖြစ် လို့ ဥပဒေနဲ့အညီ ပိုင်ဆိုင်သူလည်းဖြစ်တယ်။ ဒါကြောင့် ပေးကမ်းခြင်းစာချုပ်ပေါ် အခြေတည်ပြီး လွှဲပြောင်း ရောင်းချပိုင်ခွင့်ရှိသူဖြစ်လာပါတယ်”

“ဒါဆိုရင် ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်ပေါ်မူတည်ပြီး ရောင်းသူနဲ့ တိုက်ရိုက်အရောင်းအဝယ် မှတ်ပုံတင် စာချုပ် ချုပ်ဆိုနိုင်ပြီပေါ့”

“မြေပုံမြေရာဇဝင် ကူးယူပြီး အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ကို ချုပ်ဆိုနိုင်ပါတယ်”ဟု ရှင်းပြဆွေးနွေး လိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

ထီယု (ဥပဒေအတိုင်ပင်ခံ)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone
platinum-garden

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service