တရုတ္ထိပ္တန္း နည္းပညာကုမၸဏီၾကီး Tencent က ရွန္က်န္းျမိဳ ႔ရွိ စတုရန္းေပ ၈ သန္းေက်ာ္ က်ယ္ဝန္းေသာ ေျမေနရာကို ယြမ္ေငြ ၈ ဘီလီယံေက်ာ္ျဖင့္ ဝယ္ယူလိုက္ျပီး အနာဂတ္ျမိဳ ႔ေတာ္သစ္ၾကီးတစ္ခု ေဆာက္လုပ္မည္

တရုတ္ထိပ္တန္း နည္းပညာကုမၸဏီၾကီး Tencent က ရွန္က်န္းျမိဳ ႔ရွိ စတုရန္းေပ ၈ သန္းေက်ာ္ က်ယ္ဝန္းေသာ ေျမေနရာကို ယြမ္ေငြ ၈ ဘီလီယံေက်ာ္ျဖင့္ ဝယ္ယူလိုက္ျပီး အနာဂတ္ျမိဳ ႔ေတာ္သစ္ၾကီးတစ္ခု ေဆာက္လုပ္မည္ - Property News in Myanmar from iMyanmarHouse.com
11 Dec 2019 12:40 pm တွင် တင်ခဲ့သည်
744 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တရုတ္ထိပ္တန္း နည္းပညာကုမၸဏီၾကီး Tencent သည္ တရုတ္ျပည္၊ ရွန္က်န္းျမိဳ ႔ရွိ စတုရန္းေပ ၈ သန္းေက်ာ္ က်ယ္ဝန္းေသာ ေျမေနရာကို ယြမ္ေငြ ၈ ဒသမ ၅ ဘီလီယံျဖင့္ ဝယ္ယူလိုက္ျပီး အနာဂတ္ျမိဳ ႔ေတာ္သစ္ၾကီးတစ္ခု ေဆာက္လုပ္ရန္ရည္မွန္းထားသည္ဟု ဆိုသည္။

ရွန္က်န္းျမိဳ ႔အုပ္ခ်ဳပ္ေရးအဖြဲ႔က စတုရန္းမီတာ ၈၀၉၁၂၄ ( စတုရန္းေပ ၈ ဒသမ ၇ သန္း) က်ယ္ဝန္းသည့္ ေျမေနရာကို နည္းပညာအေျချပဳ အနာဂတ္ျမိဳ ႔ေတာ္သစ္ၾကီးတစ္ခု ေဆာက္လုပ္မည့္ Tencent သို႔ ႏွစ္ ၃၀ အငွားခ်ထားေပးလိုက္ေၾကာင္း ရွန္က်န္းျမိဳ ႔ ေျမေနရာႏွင့္ အိုးအိမ္ဂရံဌာနမွ ထုတ္ျပန္ခ်က္တစ္ရပ္တြင္ ေဖာ္ျပသည္။

Tencent သည္ လူမႈကြန္ရက္ app တစ္ခုျဖစ္ေသာ WeChat ကို ဖန္တီးတည္ေထာင္သည့္ ကုမၸဏီလည္းျဖစ္ျပီး ယခုေျမေနရာအတြက္ ယြမ္ေငြ ၈ ဒသမ ၅၂ ဘီလီယံ ေပးခဲ့ရသည္ဟု ဆိုသည္။

Tencent က အဆိုပါေျမေနရာတြင္ cloud နည္းပညာ၊ ေဆးဝါးနည္းပညာ၊ ပညာေရးနည္းပညာ၊ အားကစားနည္းပညာဆိုင္ရာ အေဆာက္အအံုမ်ားအျပင္ ဟိုတယ္မ်ား၊ စာသင္ေက်ာင္းမ်ားႏွင့္ လူေနခန္းမ်ား ေဆာက္လုပ္သြားမည္ ျဖစ္သည္။

တည္ေနရာမွာ Shenzhen Bao’an ႏိုင္ငံတကာေလဆိပ္၏ ေတာင္ဘက္ ၁၄ ကီလိုမီတာအကြာတြင္ တည္ရွိသည္။

ရွန္က်န္းတြင္ ဝန္ထမ္းေပါင္း ၃၈၀၀၀ ခန္႔ထားျပီးျဖစ္ေသာ Tencent သည္ ေစ်းဝယ္စင္တာၾကီးတစ္ခု ေဆာက္လုပ္သြားရန္လည္း စီစဥ္ေနျပီး အဆိုပါေစ်းဝယ္စင္တာတြင္ Tencent ၏ ဝန္ထမ္းေပါင္း ၇၅၀၀၀ ခန္႔ အလုပ္လုပ္ကိုင္ႏိုင္မည့္ေနရာတစ္ခုလည္း ထည့္သြင္းသြားမည္ ျဖစ္သည္။

ယခု သေဘာတူညီခ်က္အရ Tencent သည္ ၁ စတုရန္းမီတာလွ်င္ ယြမ္ေငြ ၄၂၆၀ ေပးခဲ့ရျခင္းျဖစ္ျပီး ေျမေနရာကို ႏွစ္ေပါင္း ၃၀ အသံုးျပဳခြင့္ ရရွိမည္ ျဖစ္သည္။

စီမံကိန္း ပထမဆင့္တြင္ ကြန္ဗန္းရွင္းစင္တာတစ္ခု၊ အခ်က္အလက္စင္တာတစ္ခု၊ အားကစားစင္တာတစ္ခုႏွင့္ ေဆးရံုတစ္ခုတို႔ ပါဝင္မည္ဟု ဆိုသည္။

စီမံကိန္းတည္ေနရာအထိ ရွန္က်န္း၏ အမွတ္ ၉ ႏွင့္ ၁၅ ရထားလိုင္းမ်ား ခ်ိတ္ဆက္ေပးမည္ျဖစ္သည့္အျပင္ ေပက်င္းမွ ေဟာင္ေကာင္အထိ ဆက္သြယ္ထားေသာ အမွတ္ ၁၀၇ တရုတ္အမ်ဳိးသား အေဝးေျပးလမ္းမၾကီးႏွင့္လည္း ခ်ိတ္ဆက္ထားမည္ျဖစ္ျပီး ေနာင္တြင္ ေဆာက္လုပ္မည့္ ရွန္က်န္း-ေခ်ာင္ရွန္းတံတားႏွင့္လည္း ဆက္သြယ္ေပးထားသည္။

တင္ဒါစည္းမ်ဥ္းအရ Tencent သည္ ေျမယာအသံုးျပဳခြင့္ရရွိျပီးသည္ႏွင့္ ၇ ႏွစ္အတြင္း စီမံကိန္းအျပီးသတ္ေအာင္ အေကာင္အထည္ေဖာ္ရမည္ ျဖစ္သည္။

Tencent သည္ လက္ရွိအားျဖင့္ ရွန္က်န္း၌ ဝန္ထမ္းေပါင္း ၃၈၀၀၀ ေက်ာ္ ခန္႔အပ္ထားျပီးျဖစ္ကာ စုစုေပါင္း ရံုးခန္းေနရာ စတုရန္းမီတာ ၇၀၀၀၀၀ ခန္႔ ရွိသည္။

Tencent သည္ ဝန္ထမ္းအင္အားကို ႏွစ္စဥ္ ၁၃ ရာခိုင္ႏႈန္း တိုးတက္ေအာင္ ၾကိဳးပမ္းေနျပီး ၂၀၂၇ ခုႏွစ္တြင္ ဝန္ထမး္ေပါင္း ၈၉၀၀၀ ခန္႔ ေရာက္ရွိရန္ ေမွ်ာ္မွန္းထားရာ ကုမၸဏီအတြက္ ရံုးခန္းေနရာ စတုရန္းမီတာ ၁ ဒသမ ၃ သန္းခန္႔ လိုအပ္မည္ ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

တရုတ်ထိပ်တန်း နည်းပညာကုမ္ပဏီကြီး Tencent သည် တရုတ်ပြည်၊ ရှန်ကျန်းမြို့ရှိ စတုရန်းပေ ၈ သန်းကျော် ကျယ်ဝန်းသော မြေနေရာကို ယွမ်ငွေ ၈ ဒသမ ၅ ဘီလီယံဖြင့် ဝယ်ယူလိုက်ပြီး အနာဂတ်မြို့တော်သစ်ကြီးတစ်ခု ဆောက်လုပ်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။

ရှန်ကျန်းမြို့အုပ်ချုပ်ရေးအဖွဲ့က စတုရန်းမီတာ ၈၀၉၁၂၄ ( စတုရန်းပေ ၈ ဒသမ ၇ သန်း) ကျယ်ဝန်းသည့် မြေနေရာကို နည်းပညာအခြေပြု အနာဂတ်မြို့တော်သစ်ကြီးတစ်ခု ဆောက်လုပ်မည့် Tencent သို့ နှစ် ၃၀ အငှားချထားပေးလိုက်ကြောင်း ရှန်ကျန်းမြို့ မြေနေရာနှင့် အိုးအိမ်ဂရံဌာနမှ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

Tencent သည် လူမှုကွန်ရက် app တစ်ခုဖြစ်သော WeChat ကို ဖန်တီးတည်ထောင်သည့် ကုမ္ပဏီလည်းဖြစ်ပြီး ယခုမြေနေရာအတွက် ယွမ်ငွေ ၈ ဒသမ ၅၂ ဘီလီယံ ပေးခဲ့ရသည်ဟု ဆိုသည်။

Tencent က အဆိုပါမြေနေရာတွင် cloud နည်းပညာ၊ ဆေးဝါးနည်းပညာ၊ ပညာရေးနည်းပညာ၊ အားကစားနည်းပညာဆိုင်ရာ အဆောက်အအုံများအပြင် ဟိုတယ်များ၊ စာသင်ကျောင်းများနှင့် လူနေခန်းများ ဆောက်လုပ်သွားမည် ဖြစ်သည်။

တည်နေရာမှာ Shenzhen Bao’an နိုင်ငံတကာလေဆိပ်၏ တောင်ဘက် ၁၄ ကီလိုမီတာအကွာတွင် တည်ရှိသည်။

ရှန်ကျန်းတွင် ဝန်ထမ်းပေါင်း ၃၈၀၀၀ ခန့်ထားပြီးဖြစ်သော Tencent သည် ဈေးဝယ်စင်တာကြီးတစ်ခု ဆောက်လုပ်သွားရန်လည်း စီစဉ်နေပြီး အဆိုပါဈေးဝယ်စင်တာတွင် Tencent ၏ ဝန်ထမ်းပေါင်း ၇၅၀၀၀ ခန့် အလုပ်လုပ်ကိုင်နိုင်မည့်နေရာတစ်ခုလည်း ထည့်သွင်းသွားမည် ဖြစ်သည်။

ယခု သဘောတူညီချက်အရ Tencent သည် ၁ စတုရန်းမီတာလျှင် ယွမ်ငွေ ၄၂၆၀ ပေးခဲ့ရခြင်းဖြစ်ပြီး မြေနေရာကို နှစ်ပေါင်း ၃၀ အသုံးပြုခွင့် ရရှိမည် ဖြစ်သည်။

စီမံကိန်း ပထမဆင့်တွင် ကွန်ဗန်းရှင်းစင်တာတစ်ခု၊ အချက်အလက်စင်တာတစ်ခု၊ အားကစားစင်တာတစ်ခုနှင့် ဆေးရုံတစ်ခုတို့ ပါဝင်မည်ဟု ဆိုသည်။

စီမံကိန်းတည်နေရာအထိ ရှန်ကျန်း၏ အမှတ် ၉ နှင့် ၁၅ ရထားလိုင်းများ ချိတ်ဆက်ပေးမည်ဖြစ်သည့်အပြင် ပေကျင်းမှ ဟောင်ကောင်အထိ ဆက်သွယ်ထားသော အမှတ် ၁၀၇ တရုတ်အမျိုးသား အဝေးပြေးလမ်းမကြီးနှင့်လည်း ချိတ်ဆက်ထားမည်ဖြစ်ပြီး နောင်တွင် ဆောက်လုပ်မည့် ရှန်ကျန်း-ချောင်ရှန်းတံတားနှင့်လည်း ဆက်သွယ်ပေးထားသည်။

တင်ဒါစည်းမျဉ်းအရ Tencent သည် မြေယာအသုံးပြုခွင့်ရရှိပြီးသည်နှင့် ၇ နှစ်အတွင်း စီမံကိန်းအပြီးသတ်အောင် အကောင်အထည်ဖော်ရမည် ဖြစ်သည်။

Tencent သည် လက်ရှိအားဖြင့် ရှန်ကျန်း၌ ဝန်ထမ်းပေါင်း ၃၈၀၀၀ ကျော် ခန့်အပ်ထားပြီးဖြစ်ကာ စုစုပေါင်း ရုံးခန်းနေရာ စတုရန်းမီတာ ၇၀၀၀၀၀ ခန့် ရှိသည်။

Tencent သည် ဝန်ထမ်းအင်အားကို နှစ်စဉ် ၁၃ ရာခိုင်နှုန်း တိုးတက်အောင် ကြိုးပမ်းနေပြီး ၂၀၂၇ ခုနှစ်တွင် ဝန်ထမ်းပေါင်း ၈၉၀၀၀ ခန့် ရောက်ရှိရန် မျှော်မှန်းထားရာ ကုမ္ပဏီအတွက် ရုံးခန်းနေရာ စတုရန်းမီတာ ၁ ဒသမ ၃ သန်းခန့် လိုအပ်မည် ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
bkk-projects
shwe-hninsi

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service