တရုတ် ပြည်ပမြေယာနှင့် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက ပေကျင်းရှိ စတုရန်းပေ ၆ သိန်းကျော် ကျယ်ဝန်းသော လူနေစီမံကိန်းမြေနေရာကို ယွမ်ငွေ ၅ ဘီလီယံကျော်ဖြင့် ဝယ်ယူ
တရုတ် ပြည်ပမြေယာနှင့် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက ပေကျင်းရှိ စတုရန်းပေ ၆ သိန်းကျော် ကျယ်ဝန်းသော လူနေစီမံကိန်းမြေနေရာကို ယွမ်ငွေ ၅ ဘီလီယံကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
4 Dec 2019 11:21 am တွင် တင်ခဲ့သည်
643 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
တရုတ် ပြည်ပမြေယာနှင့် ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီ (COLI) သည် ပေကျင်းမြို့တော်ရှိ စတုရန်းပေ ၆ သိန်းကျော် ကျယ်ဝန်းသော လူနေစီမံကိန်းမြေနေရာကို ယွမ်ငွေ ၅ ဒသမ ၁ ဘီလီယံဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
COLI သည် နိုင်ငံပိုင် စတီး ကုမ္ပဏီဖြစ်သော Shougang နှင့် ပူးပေါင်းကာ စတုရန်းမီတာ ၆၁၁၀၀ ( ၆၅၇၆၇၄ စတုရန်းပေ) ကျယ်ဝန်းသော မြေနေရာကို ယွမ်ငွေ ၅ ဒသမ ၁ ဘီလီယံ (ကန်ဒေါ်လာ ၇၃ သန်း) ဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်ကြောင်း ပေကျင်း စီမံကိန်းနှင့် သဘာဝအရင်းအမြစ်များ စည်ပင်သာယာ ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါ နိုင်ငံပိုင် ပူးပေါင်းကုမ္ပဏီနှစ်ခုသည် ပေကျင်းမြို့ အများပြည်သူသယ်ယူပို့ဆောင်ရေး လိုင်းအမှတ် ၁ ၏ Gucheng ဘူတာရုံအနီးမှ စတုရန်းမီတာ ၁၄၈၆၀၀ ကျယ်ဝန်းသော မြေနေရာတွင်လည်း စီမံကိန်းဆောက်လုပ်ခွင့်နှင့် ဈေးနှုန်းကန့်သတ်ချက် မရှိဘဲ ဈေးကွက်တင်ရောင်းခွင့်များ ရရှိထားသည်။
သို့ရာတွင် မြေနေရာ တင်ဒါစည်းမျဉ်းများအရ အဆိုပါ စီမံကိန်းအတွင်း အများပြည်သူဆိုင်ရာ နေရာများလည်း ဆောက်လုပ်ပေးရမည် ဖြစ်သည်။
COLI နှင့် Shougang တို့သည် ယခုစီမံကိန်းအနီးရှိ စတုရန်းမီတာ ၆၁၀၀၀ ကျယ်ဝန်းသောနေရာကို ယွမ်ငွေ ၄ ဒသမ ၈၃ ဘီလီယံဖြင့် ဝယ်ယူရန် စတင်ပူးပေါင်းခဲ့ပြီး တစ်နှစ်အကြာတွင် ယခုမြေနေရာကို ထပ်မံဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။
COLI နှင့် Shougang တို့သည် ပေကျင်းမြို့အနောက်ပိုင်း အမှတ် ၅ နှင့် အမှတ် ၆ မြို့ပတ်လမ်းများအကြားရှိ စီမံကိန်းနေရာကို ဝယ်ယူရာတွင် ၁ စတုရန်းမီတာလျှင် ယွမ်ငွေ ၄၁၉၄၃ ကျသင့်ခဲ့ခြင်း ဖြစ်သည်။
ပေကျင်းမြို့၊ ရှိကျင်းရှန်ခရိုင်တွင် တည်ရှိသော ယခုစီမံကိန်းနှေရာသည် ယောင်ဒင်မြစ်သစ်တောပန်းခြံ၊ ပေကျင်းဂါးဒင်း ကုန်စည်ပြပွဲနေရာ၊ ရှိကျင်းရှန် အားကစားစင်တာတို့နှင့် နီးစပ်ပြီး အဆိုပါဒေသတွင် ယခုနှစ်အတွင်း မြေနေရာများစွာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။
လေလံစည်းကမ်းများအရ လေလံအောင်ခဲ့သည့် COLI နှင့် Shougang တို့သည် ယခုစီမံကိန်းအတွင်း စာသင်ခန်း ၁၂ ခန်းပါ မူကြိုကျောင်းတစ်ကျောင်း၊ ကုတင် ၃၀၀ ဆန့် သက်ကြီးရွယ်အိုဂေဟာတစ်ခု၊ အများပြည်သူကျန်းမာရေးဌာနတစ်ခု၊ လက်လီဆိုင်တန်း တစ်ခု အစရှိသည်တို့ ထည့်သွင်းဆောက်လုပ်ပေးရမည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက ယင်းအဆောက်အအုံများကို ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့ထံ လွှဲပြောင်းပေးအပ်ရမည်ဟူသော အချက်လည်း သဘောတူညီထားရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service