စကၤာပူပုဂၢလိကလူေနအိမ္ၿခံေျမေဈးျမင့္တက္မႈ အျခားၿမိဳ႕ျပမ်ားႏွင့္မတူဟု IMF ထုတ္ျပန္

စကၤာပူပုဂၢလိကလူေနအိမ္ၿခံေျမေဈးျမင့္တက္မႈ အျခားၿမိဳ႕ျပမ်ားႏွင့္မတူဟု IMF ထုတ္ျပန္ - Property News in Myanmar from iMyanmarHouse.com
4 Dec 2019 10:21 am တွင် တင်ခဲ့သည်
969 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

စကၤာပူရွိ ပုဂၢလိကလူေနအိမ္ၿခံေျမေဈးႏႈန္းမ်ားသည္ ၂၀၁၃ ခုႏွစ္ကတည္းက ကမာၻတစ္ဝန္းရွိအျခားၿမိဳ႕ျပမ်ားမွ လူေနအိမ္ၿခံေျမေဈးႏႈန္းမ်ားႏွင့္ ျမင့္တက္ႏႈန္းတြင္မတူ တမူကြဲျပားလာခဲ့ေၾကာင္း၊ အဘယ္ေၾကာင့္ဆိုေသာ္ ခ်မ္းသာႂကြယ္ဝေသာ ႏိုင္ငံျခားဝယ္လက္မ်ားက စကၤာပူတြင္ တစိုက္မတ္မတ္ရင္းႏွီးျမႇဳပ္ႏွံလာၾကသျဖင့္ျဖစ္ေၾကာင္း The Business Times က ႏုိင္ငံတကာေငြေၾကးရန္ပံုေငြအဖြဲ႕ (IMF) ၏ ေလ့လာခ်က္တစ္ရပ္ကို ကိုးကား၍ ေဖာ္ျပခဲ့သည္။

၎ေလ့လာခ်က္အရဆိုရေသာ္ ထိုကဲ့သို႔က်န္ကမာၻ႕ေဈးကြက္မ်ားႏွင့္အခ်ိတ္အဆက္မရွိ ျမင့္တက္မႈသည္ ႏိုင္ငံျခားမွေဈးကစားသူမ်ားႏွင့္ဝယ္လက္မ်ားကို ပစ္မွတ္ထားသည့္ အပိုေဆာင္းဝယ္ယူမႈတံဆိပ္ေခါင္းခြန္ (ABSD) ကဲ့သုိ႔ေသာ စီမံခ်က္မ်ားေၾကာင့္ျဖစ္သည္ဟု သိရသည္။

ထိုစီမံခ်က္မ်ားကဲ့သို႔ေသာ ၾကားဝင္စြက္ဖက္မႈမ်ား မရွိဘဲ လူေနအိမ္ၿခံေျမေဈးႏႈန္းေသြး႐ိုးသား႐ိုးျမင့္တက္မႈသည္ စကၤာပူလူေနအိမ္ၿခံေျမေဈးကြက္အား ႏိုင္ငံျခားဝယ္လက္တို႔၏ စိတ္ဝင္စားႏွစ္သက္မႈကို ပုိမိုျမင့္တက္ေစႏုိင္သည္ဟု ထိုေလ့လာခ်က္အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

IMF ၏ ၎အစီရင္ခံစာအရ စကၤာပူလူေနအိမ္ၿခံေျမေဈးကြက္တြင္ ေဈးႏႈန္းမ်ားသည္ ၂၀၁၀ ျပည့္ႏွစ္မွ ၂၀၁၃ ခုႏွစ္အထိ ၁၆ ရာခိုင္ႏႈန္းနီးပါး ျမင့္တက္ခဲ့ေၾကာင္း၊ ထိုကာလအတြင္း ႏုိင္ငံျခားဝယ္လက္မ်ား၏ စိတ္ဝင္စားမႈသည္ ျမင့္မားခဲ့ေၾကာင္းႏွင့္ ၂၀၁၁ ခုႏွစ္အတြင္း လူေနအိမ္ၿခံေျမအေရာင္းအဝယ္အားလံုး၏ ၂၀ ရာခိုင္ႏႈန္းနီးပါးကို ႏိုင္ငံျခားသားမ်ားမွ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ စကၤာပူ၏ Core Central Region (CCR) ဧရိယာတြင္ ေဒၚလာ ၅ သန္းအထက္ အိမ္ၿခံေျမမ်ား၏ အေရာင္းအဝယ္ထက္ဝက္ခန္႔ကို ႏုိင္ငံျခားဝယ္လက္မ်ားက ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း စကၤာပူထိပ္တန္းအိမ္ၿခံေျမဝက္ဘ္ဆိုက္ PropertyGuru ႏွင့္ ၿမိဳ႕ေတာ္စည္ပင္သာယာေရးအာဏာပိုင္အဖြဲ႕ URA တို႔၏ အခ်က္အလက္မ်ားက ေဖာ္ျပခဲ့သည္။

၂၀၁၉ ခုႏွစ္ ပထမသံုးလပတ္အတြင္း စုစုေပါင္းအေရာင္းအဝယ္မ်ား၏ ၅ ရာခိုင္ႏႈန္းေက်ာ္ကို ႏုိင္ငံျခားဝယ္လက္မ်ားက ဝယ္ယူခဲ့ၾကျခင္းျဖစ္ေၾကာင္း၊ ႏုိင္ငံျခားသားမ်ား၏ ဝယ္ယူမႈမ်ားသည္ စကၤာပူလူေနအိမ္ၿခံေျမေဈးႏႈန္းျမင့္တက္မႈအေပၚ အႀကီးဆံုးလႊမ္းမိုးႏိုင္သူမ်ားျဖစ္ခဲ့ဖြယ္ရွိေၾကာင္းလည္း IMF ၏ ထိုအစီရင္ခံစာတြင္ ေဖာ္ျပခဲ့သည္။

အိမ္ၿခံေျမေဈးကစားသူမ်ားကလည္း အိမ္ၿခံေျမေဈးႏႈန္းမ်ားအေပၚ အႀကီးဆံုးလႊမ္းမိုးႏိုင္သူမ်ားျဖစ္ခဲ့ေပသည္။

“ေဈးကစားသူမ်ား၊ ေကာ္ပိုရိတ္မ်ားႏွင့္ ႏိုင္ငံျခားသားမ်ား၏ အေရာင္းအဝယ္မ်ားကဲ့သို႔ေသာ အႏၱရာယ္ရွိသည့္ရင္းျမစ္မ်ားကို ပစ္မွတ္ထားျခင္းေၾကာင့္ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္းခ်မွတ္ခဲ့သည့္ အိမ္ၿခံေျမေဈးကြက္တည္ၿငိမ္ေစေရးစီမံခ်က္မ်ားက လြန္ကဲ့ေသာအိမ္ၿခံေျမေဈးႏႈန္းျမင့္တက္မႈမ်ားကို ကန္႔သတ္ထိန္းခ်ဳပ္လိုက္သည္။” ဟုလည္း အစီရင္ခံစာတြင္ေဖာ္ျပခဲ့ေၾကာင္းသိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

စင်္ကာပူရှိ ပုဂ္ဂလိကလူနေအိမ်ခြံမြေဈေးနှုန်းများသည် ၂၀၁၃ ခုနှစ်ကတည်းက ကမ္ဘာတစ်ဝန်းရှိအခြားမြို့ပြများမှ လူနေအိမ်ခြံမြေဈေးနှုန်းများနှင့် မြင့်တက်နှုန်းတွင်မတူ တမူကွဲပြားလာခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ချမ်းသာကြွယ်ဝသော နိုင်ငံခြားဝယ်လက်များက စင်္ကာပူတွင် တစိုက်မတ်မတ်ရင်းနှီးမြှုပ်နှံလာကြသဖြင့်ဖြစ်ကြောင်း The Business Times က နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ လေ့လာချက်တစ်ရပ်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

၎င်းလေ့လာချက်အရဆိုရသော် ထိုကဲ့သို့ကျန်ကမ္ဘာ့ဈေးကွက်များနှင့်အချိတ်အဆက်မရှိ မြင့်တက်မှုသည် နိုင်ငံခြားမှဈေးကစားသူများနှင့်ဝယ်လက်များကို ပစ်မှတ်ထားသည့် အပိုဆောင်းဝယ်ယူမှုတံဆိပ်ခေါင်းခွန် (ABSD) ကဲ့သို့သော စီမံချက်များကြောင့်ဖြစ်သည်ဟု သိရသည်။

ထိုစီမံချက်များကဲ့သို့သော ကြားဝင်စွက်ဖက်မှုများ မရှိဘဲ လူနေအိမ်ခြံမြေဈေးနှုန်းသွေးရိုးသားရိုးမြင့်တက်မှုသည် စင်္ကာပူလူနေအိမ်ခြံမြေဈေးကွက်အား နိုင်ငံခြားဝယ်လက်တို့၏ စိတ်ဝင်စားနှစ်သက်မှုကို ပိုမိုမြင့်တက်စေနိုင်သည်ဟု ထိုလေ့လာချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။

IMF ၏ ၎င်းအစီရင်ခံစာအရ စင်္ကာပူလူနေအိမ်ခြံမြေဈေးကွက်တွင် ဈေးနှုန်းများသည် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အထိ ၁၆ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း၊ ထိုကာလအတွင်း နိုင်ငံခြားဝယ်လက်များ၏ စိတ်ဝင်စားမှုသည် မြင့်မားခဲ့ကြောင်းနှင့် ၂၀၁၁ ခုနှစ်အတွင်း လူနေအိမ်ခြံမြေအရောင်းအဝယ်အားလုံး၏ ၂၀ ရာခိုင်နှုန်းနီးပါးကို နိုင်ငံခြားသားများမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စင်္ကာပူ၏ Core Central Region (CCR) ဧရိယာတွင် ဒေါ်လာ ၅ သန်းအထက် အိမ်ခြံမြေများ၏ အရောင်းအဝယ်ထက်ဝက်ခန့်ကို နိုင်ငံခြားဝယ်လက်များက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း စင်္ကာပူထိပ်တန်းအိမ်ခြံမြေဝက်ဘ်ဆိုက် PropertyGuru နှင့် မြို့တော်စည်ပင်သာယာရေးအာဏာပိုင်အဖွဲ့ URA တို့၏ အချက်အလက်များက ဖော်ပြခဲ့သည်။

၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း စုစုပေါင်းအရောင်းအဝယ်များ၏ ၅ ရာခိုင်နှုန်းကျော်ကို နိုင်ငံခြားဝယ်လက်များက ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားသားများ၏ ဝယ်ယူမှုများသည် စင်္ကာပူလူနေအိမ်ခြံမြေဈေးနှုန်းမြင့်တက်မှုအပေါ် အကြီးဆုံးလွှမ်းမိုးနိုင်သူများဖြစ်ခဲ့ဖွယ်ရှိကြောင်းလည်း IMF ၏ ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

အိမ်ခြံမြေဈေးကစားသူများကလည်း အိမ်ခြံမြေဈေးနှုန်းများအပေါ် အကြီးဆုံးလွှမ်းမိုးနိုင်သူများဖြစ်ခဲ့ပေသည်။

“ဈေးကစားသူများ၊ ကော်ပိုရိတ်များနှင့် နိုင်ငံခြားသားများ၏ အရောင်းအဝယ်များကဲ့သို့သော အန္တရာယ်ရှိသည့်ရင်းမြစ်များကို ပစ်မှတ်ထားခြင်းကြောင့် ၂၀၁၃ ခုနှစ်နောက်ပိုင်းချမှတ်ခဲ့သည့် အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေးစီမံချက်များက လွန်ကဲ့သောအိမ်ခြံမြေဈေးနှုန်းမြင့်တက်မှုများကို ကန့်သတ်ထိန်းချုပ်လိုက်သည်။” ဟုလည်း အစီရင်ခံစာတွင်ဖော်ပြခဲ့ကြောင်းသိရသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service