ရန်ကုန်တိုင်းဝန်ကြီးချုပ် တာမွေ(ယာယီ)ဈေးအား အဆင့်မြင့်ဈေး တည်ဆောက်ခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ဈေးသူ၊ ဈေးသားများနှင့် တွေ့ဆုံ

ရန်ကုန်တိုင်းဝန်ကြီးချုပ် တာမွေ(ယာယီ)ဈေးအား အဆင့်မြင့်ဈေး တည်ဆောက်ခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ဈေးသူ၊ ဈေးသားများနှင့် တွေ့ဆုံ - Property News in Myanmar from iMyanmarHouse.com
3 Dec 2019 10:32 am တွင် တင်ခဲ့သည်
656 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###


ဝန်ကြီးချုပ်က ဈေးသူ၊ ဈေးသားများနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်အစိုးရ၏ ကိုယ်စားပြု မြို့တော်စည်ပင်သာယာသည် ဈေးများအားလုံးကိုပိုင်ကြောင်း၊ နိုင်ငံတော်ပိုင်ပစ္စည်းကို ဘယ်သူမှအပိုင်ယူလို့မရကြောင်း၊မြို့တော်စည်ပင်သာယာနှင့် တိုင်းစည်ပင်ကနေကြီးကြပ်ကွပ်ကဲနေသည့် ဈေးများအားလုံးကိုဆိုလိုတာဖြစ်ကြောင်း၊ မြို့တော် စည်ပင်သာယာကော်မတီကလည်း ဥပဒေအတိုင်းလုပ်ရမှာ ဖြစ်ကြောင်း၊ ယခုဆိုင်ခန်းများကို အပြတ်ရောင်းထားခြင်း လွဲပြောင်းရောင်းချခြင်း ခွင့်ပြုထားတာမဟုတ်ကြောင်း၊ ဒါပေမယ့် ဥပဒေလုပ်ထုံးလုပ်နည်းများသည် ကာလကြာလာသည့်အချိန် အမှားကြာလာတော့ အမှန်လို့ထင်လာကြောင်း၊ ဒါကြောင့် ယနေ့အစည်းအဝေးမှာ ပြောချင်သည့် အဓိက အကြောင်းက မိမိတို့အားလုံး စည်းဘောင်ကိုထိန်းပြီး ဆွေးနွေးဖို့ဆိုလိုတာဖြစ်ကြောင်း၊ ဈေးများကို အဆင့်မြှင့်တင်ဆောင်ရွက်သည့်နေရာမှာ အားလုံးက ကိုယ့်နေရာ၊ ကိုယ့်ဌာန၊ ကိုယ်တာဝန်ယူရမည့် နယ်ပယ်များမှာ ချမှတ်ထားသည့် မူဘောင်တွေ အတွင်းကပဲ ပါဝင်ကြဖို့ဖြစ်ကြောင်း၊ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းဘောင်များကို လိုက်နာခြင်းဖြင့် မိမိတို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ပါလို့ တိုက်တွန်းကြောင်း ပြောသည်။



တွေ့ဆုံပွဲတွင် တာမွေဈေးအဆင့်မြင့် တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊မြန်မာနိုင်ငံဗိသုကာအသင်းနှင့် လွှတ် တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များရယူခဲ့ပြီး စည်းကမ်းချက်များနှင့်အညီ ဒီဇိုင်းရေးဆွဲခဲ့ကြောင်း၊ရန်ကုန်မြို့တွင် ဈေးပေါင်း ၁၈၃ ခု၊ဆိုင်ခန်းပေါင်း ခြောက်သောင်းကျော်ရှိပြီး ယင်းတို့ကို ရန်ကုန်စည်ပင်ကခန့်ခွဲ ဆိုင်ခန်းများ အငှားချစနစ်ဖြင့်သာဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။





### Unicode Version ###

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် နိုဝင်ဘာ ၂၉ ရက်က တာမွေ(ယာယီ)ဈေးအား အဆင့်မြင့်ဈေး တည်ဆောက်ခြင်း လုပ်ငန်း နှင့် ပတ်သက်၍ ဈေးသူ၊ ဈေးသားများနှင့် တွေ့ဆုံခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရမှ သိရသည်။

ဝန်ကြီးချုပ်က ဈေးသူ၊ ဈေးသားများနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်အစိုးရ၏ ကိုယ်စားပြု မြို့တော်စည်ပင်သာယာသည် ဈေးများအားလုံးကိုပိုင်ကြောင်း၊ နိုင်ငံတော်ပိုင်ပစ္စည်းကို ဘယ်သူမှအပိုင်ယူလို့မရကြောင်း၊မြို့တော်စည်ပင်သာယာနှင့် တိုင်းစည်ပင်ကနေကြီးကြပ်ကွပ်ကဲနေသည့် ဈေးများအားလုံးကိုဆိုလိုတာဖြစ်ကြောင်း၊ မြို့တော် စည်ပင်သာယာကော်မတီကလည်း ဥပဒေအတိုင်းလုပ်ရမှာ ဖြစ်ကြောင်း၊ ယခုဆိုင်ခန်းများကို အပြတ်ရောင်းထားခြင်း လွဲပြောင်းရောင်းချခြင်း ခွင့်ပြုထားတာမဟုတ်ကြောင်း၊ ဒါပေမယ့် ဥပဒေလုပ်ထုံးလုပ်နည်းများသည် ကာလကြာလာသည့်အချိန် အမှားကြာလာတော့ အမှန်လို့ထင်လာကြောင်း၊ ဒါကြောင့် ယနေ့အစည်းအဝေးမှာ ပြောချင်သည့် အဓိက အကြောင်းက မိမိတု့ိအားလုံး စည်းဘောင်ကိုထိန်းပြီး ဆွေးနွေးဖို့ဆိုလိုတာဖြစ်ကြောင်း၊ ဈေးများကို အဆင့် မြှင့်တင်ဆောင်ရွက် သည့်နေရာမှာ အားလုံးက ကိုယ့်နေရာ၊ ကိုယ့်ဌာန၊ ကိုယ်တာဝန်ယူရမည့် နယ်ပယ်များမှာ ချမှတ်ထားသည့် မူဘောင်တွေ အတွင်းကပဲ ပါဝင်ကြဖို့ဖြစ်ကြောင်း၊ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းဘောင်များကို လိုက်နာခြင်းဖြင့် မိမိတို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ပါလို့ တိုက်တွန်းကြောင်း ပြောသည်။

ဈေးသူ၊ ဈေးသားများကိုယ်စား ကိုယ်စားလှယ် ၅ ဦးက အသစ်တည်ဆောက်မည့် တာမွေဈေးပုံစံအား ဈေးသူဈေးသားများနှင့်သဘောတူညီမှု ရယူပြီးမှသာ ယာယီဈေးတည်ဆောက်ခြင်း ဈေးသစ်တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ရန်အချက် ၈ ချက်ပါ တောင်းဆိုချက်ကို တင်ပြခဲ့ကြသည်။

ဈေးသူ၊ ဈေးသားများ၏ တောင်းဆိုတင်ပြချက်များကို ဝန်ကြီးချုပ်၊ လွတ်တော် ကိုယ်စားလှယ်များ၊ စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဈေးများ ဌာနမှူး၊ ဈေးတာဝန်ခံတို့က ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

တွေ့ဆုံပွဲတွင် တာမွေဈေးအဆင့်မြှင့် တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊မြန်မာနိုင်ငံဗိသုကာအသင်းနှင့် လွှတ် တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များရယူခဲ့ပြီး စည်းကမ်းချက်များနှင့်အညီ ဒီဇိုင်းရေးဆွဲခဲ့ကြောင်း၊ရန်ကုန်မြို့တွင် ဈေးပေါင်း ၁၈၃ ခု၊ဆိုင်ခန်းပေါင်း ခြောက်သောင်းကျော်ရှိပြီး ယင်းတို့ကို ရန်ကုန်စည်ပင်ကခန့်ခွဲ ဆိုင်ခန်းများ အငှားချစနစ်ဖြင့်သာဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

မြေဧရိယာ ၃ ဒသမ ၇၉၂ ဧကတွင် တာမွေယာယီဈေးကို ၅ ထပ်အဆောက်အအုံအဖြစ်တည်ဆောက်မှာဖြစ်ပြီး ကားပါကင်များ၊Shop House များပါဝင်မှာ ဖြစ်ကြောင်းသိရသည်။

အဆိုပါတာမွေဈေးစီမံကိန်းသည် Yangon Project Bank တွင်ထည့်သွင်းထားကြောင်းသိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

kt
maha

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service