ကမာၻတစ္ဝန္းအိမ္ၿခံေျမပိုင္ရွင္မ်ား ပတ္ဝန္းက်င္ကို ပိုမိုေကာင္းမြန္ေအာင္ျပဳျပင္လာၾက

ကမာၻတစ္ဝန္းအိမ္ၿခံေျမပိုင္ရွင္မ်ား ပတ္ဝန္းက်င္ကို ပိုမိုေကာင္းမြန္ေအာင္ျပဳျပင္လာၾက - Property News in Myanmar from iMyanmarHouse.com
2 Dec 2019 10:17 am တွင် တင်ခဲ့သည်
664 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အိမ္ၿခံေျမပိုင္ရွင္မ်ား၊ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္ ဘ႑ာေရးအဖြဲ႕အစည္းမ်ား၏ ကမာၻ႕မဟာမိတ္ျဖစ္ေသာ သဘာပတ္ဝန္းက်င္ေရးရာနည္းပညာကုမၸဏီ GreenPrint သည္ ၿပီးခဲ့သည့္ဆယ္ႏွစ္အတြင္း သဘာဝပတ္ဝန္းက်င္ဆုိင္ရာစြမ္းေဆာင္ခ်က္ပန္းတိုင္မ်ားျပည့္မီေရးေဆာင္ရြက္ရာတြင္ တိုးတက္ျဖစ္ထြန္းခဲ့ေၾကာင္း အက်ဳိးအျမတ္အတြက္ ဖြဲ႕စည္းထားျခင္းမဟုတ္ေသာ ကမာၻ႕သုေတသနအဖြဲ႕အစည္း Urban Land Institute ၏ အစီရင္ခံစာတစ္ရပ္အရ သိရသည္။

ႏုိင္ငံေပါင္း ၃၂ ႏုိင္ငံတြင္ အေဆာက္အအံု ၈,၉၁၆ ခုကို စီမံခန္႔ခြဲေနသည့္ Greenprint သည္ ၿပီးခဲ့သည့္ ဆယ္ႏွစ္အတြင္း ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္အသံုးျပဳမႈတြင္ ၁၇ ရာခိုင္ႏႈန္း တုိုးတက္လာခဲ့သည္။ အဖြဲ႕ဝင္မ်ားကလည္း ၂၀၃၀ ျပည့္ႏွစ္မကုန္မီ ၎တို႔၏အေဆာက္အအံုမ်ားမွ ကာဗြန္ထုတ္လႊတ္မႈထက္ဝက္ေလ်ာ့က်ေရး ေဆာင္ရြက္ေနၾကသည္။

ၿပီးခဲ့သည့္ဆယ္စုႏွစ္အတြင္း သိသိသာသာတိုးတက္မႈရွိေစရန္ အဖြဲ႕၀င္မ်ားအား စီးပြားေရး၊ ရာသီဥတုႏွင့္ သဘာဝပတ္ဝန္းက်င္ေရးရာ၊ လူမႈေရးရာနဲ႔ corporate governance ဆုိင္ရာ ပမာဏမေျခလွမ္းေတြအေပၚ ျမင့္တက္လာေသာ ဖိအားမ်ားက တြန္းအားေပးရာေရာက္ခဲ့သည္။

“ၿပီးခဲ့တဲ့ဆယ္ႏွစ္အတြင္း GreenPrint ဟာ ကုန္သြယ္ေရးအိမ္ၿခံေျမက႑ထဲ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္အသံုးျပဳမႈအေလ့အထတိုးတက္က်ယ္ျပန္႔လာေအာင္ ကုန္သြယ္ေရးအိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံမႈရပ္ဝန္းနဲ႔ လက္တြဲေဆာင္ရြက္ခဲ့ပါတယ္။” ဟု Greenprint Center အတြက္ စီစဥ္ေပးေသာ The Center for Sustainability and Economic Performance ၏ ဥကၠ႒ ဒန္နီယယ္လ္အမ္ကက္ရွ္ဒန္က ထုတ္ျပန္ခ်က္တစ္ခုတြင္ ေျပာၾကားခဲ့သည္။

သဘာဝပတ္ဝန္းက်င္ေကာင္းက်ဳိးအတြက္ ကၽြမ္းက်င္ပညာရွင္မ်ားစုစည္းတည္ေထာင္ထားသည့္ GreenPrint သည္ ကာဗြန္ထုတ္လႊတ္မႈေလွ်ာ့ခ်ေရးအစီအစဥ္မ်ားကို ပထမဆံုးဖန္တီးခဲ့သူျဖစ္သည္။ ယေန႔တြင္ GreenPrint သည္ ႏုိင္ငံေပါင္း ၁၃ ႏိုင္ငံတြင္ ႏွစ္စဥ္ ေလာင္စာဂါလံ ၁ ဘီလ်ံေက်ာ္မွ ကာဗြန္ထုတ္လႊတ္မႈမ်ားကို ေလွ်ာ့ခ်ေနသည္။

GreenPrint သည္ ကမာၻတစ္ဝန္းရွိ အက်ဳိးအျမတ္အတြက္ ဖြဲ႕စည္းထားျခင္းမဟုတ္ေသာ အဖြဲ႕အစည္း ၂ ေထာင္ေက်ာ္ႏွင့္ ခ်စ္ၾကည္ေရးတည္ေဆာက္ထားၿပီး ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္စီမံကိန္း ၂၀ ေက်ာ္တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျပဳလုပ္ထားသည္။

GreenPrint တြင္ အဖြဲ႕ဝင္မႈအေရအတြက္သည္ တုိးတက္လွ်က္ရွိသည္။ ယခုႏွစ္အစီရင္ခံတြင္ ပါဝင္ေသာ အိမ္ၿခံေျမအေရအတြက္သည္ ယမန္ႏွစ္ထက္ ၁၂ ရာခိုင္ႏႈန္း တိုးတက္လာခဲ့သည္။

ယခုအခါ GreenPrint ၏ စီမံခန္႔ခြဲမႈေအာက္တြင္ရွိေသာ သို႔မဟုတ္ GreenPrint အဖြဲ႕ဝင္မ်ား၏ အိမ္ၿခံေျမမ်ားသည္ အေမရိကန္ေဒၚလာ ၇၅၀ ဘီလ်ံ (ယူ႐ို ၆၇၄ ဘီလ်ံ) ဖိုး ရွိၿပီး ကမာၻ႕အရည္အေသြးျမင့္ကုန္သြယ္ေရးအိမ္ၿခံေျမစုစုေပါင္းတန္းဖိုး၏ ၄ ရာခိုင္ႏႈန္းႏွင့္ညီမွ်ေၾကာင္း သိရသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

အိမ်ခြံမြေပိုင်ရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ကမ္ဘာ့မဟာမိတ်ဖြစ်သော သဘာပတ်ဝန်းကျင်ရေးရာနည်းပညာကုမ္ပဏီ GreenPrint သည် ပြီးခဲ့သည့်ဆယ်နှစ်အတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာစွမ်းဆောင်ချက်ပန်းတိုင်များပြည့်မီရေးဆောင်ရွက်ရာတွင် တိုးတက်ဖြစ်ထွန်းခဲ့ကြောင်း အကျိုးအမြတ်အတွက် ဖွဲ့စည်းထားခြင်းမဟုတ်သော ကမ္ဘာ့သုတေသနအဖွဲ့အစည်း Urban Land Institute ၏ အစီရင်ခံစာတစ်ရပ်အရ သိရသည်။

နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် အဆောက်အအုံ ၈,၉၁၆ ခုကို စီမံခန့်ခွဲနေသည့် Greenprint သည် ပြီးခဲ့သည့် ဆယ်နှစ်အတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုတွင် ၁၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ အဖွဲ့ဝင်များကလည်း ၂၀၃၀ ပြည့်နှစ်မကုန်မီ ၎င်းတို့၏အဆောက်အအုံများမှ ကာဗွန်ထုတ်လွှတ်မှုထက်ဝက်လျော့ကျရေး ဆောင်ရွက်နေကြသည်။

ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း သိသိသာသာတိုးတက်မှုရှိစေရန် အဖွဲ့ဝင်များအား စီးပွားရေး၊ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ၊ လူမှုရေးရာနဲ့ corporate governance ဆိုင်ရာ ပမာဏမခြေလှမ်းတွေအပေါ် မြင့်တက်လာသော ဖိအားများက တွန်းအားပေးရာရောက်ခဲ့သည်။

“ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း GreenPrint ဟာ ကုန်သွယ်ရေးအိမ်ခြံမြေကဏ္ဍထဲ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုအလေ့အထတိုးတက်ကျယ်ပြန့်လာအောင် ကုန်သွယ်ရေးအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုရပ်ဝန်းနဲ့ လက်တွဲဆောင်ရွက်ခဲ့ပါတယ်။” ဟု Greenprint Center အတွက် စီစဉ်ပေးသော The Center for Sustainability and Economic Performance ၏ ဥက္ကဋ္ဌ ဒန်နီယယ်လ်အမ်ကက်ရှ်ဒန်က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

သဘာဝပတ်ဝန်းကျင်ကောင်းကျိုးအတွက် ကျွမ်းကျင်ပညာရှင်များစုစည်းတည်ထောင်ထားသည့် GreenPrint သည် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအစီအစဉ်များကို ပထမဆုံးဖန်တီးခဲ့သူဖြစ်သည်။ ယနေ့တွင် GreenPrint သည် နိုင်ငံပေါင်း ၁၃ နိုင်ငံတွင် နှစ်စဉ် လောင်စာဂါလံ ၁ ဘီလျံကျော်မှ ကာဗွန်ထုတ်လွှတ်မှုများကို လျှော့ချနေသည်။

GreenPrint သည် ကမ္ဘာတစ်ဝန်းရှိ အကျိုးအမြတ်အတွက် ဖွဲ့စည်းထားခြင်းမဟုတ်သော အဖွဲ့အစည်း ၂ ထောင်ကျော်နှင့် ချစ်ကြည်ရေးတည်ဆောက်ထားပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်း ၂၀ ကျော်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။

GreenPrint တွင် အဖွဲ့ဝင်မှုအရေအတွက်သည် တိုးတက်လျှက်ရှိသည်။ ယခုနှစ်အစီရင်ခံတွင် ပါဝင်သော အိမ်ခြံမြေအရေအတွက်သည် ယမန်နှစ်ထက် ၁၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

ယခုအခါ GreenPrint ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသော သို့မဟုတ် GreenPrint အဖွဲ့ဝင်များ၏ အိမ်ခြံမြေများသည် အမေရိကန်ဒေါ်လာ ၇၅၀ ဘီလျံ (ယူရို ၆၇၄ ဘီလျံ) ဖိုး ရှိပြီး ကမ္ဘာ့အရည်အသွေးမြင့်ကုန်သွယ်ရေးအိမ်ခြံမြေစုစုပေါင်းတန်းဖိုး၏ ၄ ရာခိုင်နှုန်းနှင့်ညီမျှကြောင်း သိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service