မနီလာတြင္ ယာဥ္ေၾကာပိတ္ဆို႔မႈကိုအံတုရန္ ႐ံုးဝန္ထမ္းမ်ား ေဝမွ်ေနထိုင္ရန္စဥ္းစားလာ

မနီလာတြင္ ယာဥ္ေၾကာပိတ္ဆို႔မႈကိုအံတုရန္ ႐ံုးဝန္ထမ္းမ်ား ေဝမွ်ေနထိုင္ရန္စဥ္းစားလာ - Property News in Myanmar from iMyanmarHouse.com
2 Dec 2019 10:12 am တွင် တင်ခဲ့သည်
650 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဖိလစ္ပိုင္ႏိုင္ငံ ၿမိဳ႕ေတာ္မနီလာရွိ ႐ံုးဝန္ထမ္းထက္ဝက္နီးပါးသည္ ယာဥ္ေၾကာပိတ္ဆို႔မႈကို ေရွာင္ရွားရန္အလို႔ငွာ အေဆာင္မ်ားတြင္ ေနထိုင္ရန္ ပိုမိုလိုလားၾကေၾကာင္း ကမာၻ႕အိမ္ၿခံေျမဝန္ေဆာင္မႈကုမၸဏီ Colliers International Group Inc ၏ ေလ့လာခ်က္တစ္ရပ္ကို ကိုးကား၍ ဘလြန္းဘတ္သတင္းဌာနက ေဖာ္ျပခဲ့သည္။

စုေပါင္းေနထုိင္ျခင္းက ဆိုးက်ဳိးမ်ားရွိေသာ္ျငားလည္း မနီလာတြင္ တစ္စထက္တစ္စပိုမိုဆိုးရြားလာေသာ ယာဥ္ေၾကာပိတ္ဆို႔မႈေၾကာင့္ ႐ံုးသြား႐ံုးျပန္ခရီးပန္းမႈဒဏ္မွ သက္သာရန္အတြက္ စုေပါင္းအေဆာက္အအံုတြင္ ေနထိုင္ရန္ ႐ံုးဝန္ထမ္း ၄၅ ရာခိုင္ႏႈန္းက ဆႏၵရွိၾကေၾကာင္း Colliers ၏ သုေတသနမန္ေနဂ်ာ ဂ်ဳိဝီဘြန္ေဒါ့က ေျပာၾကားခဲ့သည္။

တစ္ေၾကာင္းလွ်င္ သံုးနာရီေက်ာ္ၾကာေသာ အိမ္ႏွင့္လုပ္ငန္းခြင္ခရီးအတြက္ လစဥ္အသြားအျပန္လမ္းစရိတ္သည္ ဖိလစ္ပိုင္ပီဆို ၄,၅၀၀ ခန္႔ (အေမရိကန္ေဒၚလာ ၈၉ ေဒၚလာ) က်သင့္သည္။ ေျဖၾကားခဲ့သူမ်ားက သူတို႔သည္ သူတို႔၏႐ံုးႏွင့္နီးေသာ အေဆာင္မ်ားတြင္ေနထိုင္ရန္ ဖိလစ္ပိုင္ပီဆို ၆,၀၀၀ အထိ သံုးစြဲရလည္းအဆင္ေျပသည္ဟု ေျပာၾကားခဲ့ၾကသည္။

ယာဥ္ေမာင္းစဥ္ တစ္ကီလိုမီတာေရာက္ရွိရန္ ငါးမိနစ္ေစာင့္ဆုိင္းရသည့္ မနီလာသည္ Waze Inc. က ထုတ္ျပန္သည့္ ၂၀၁၉ ခုႏွစ္အတြင္း ကမာၻ႕ယာဥ္ေၾကာအက်ပ္တည္းဆံုးၿမိဳ႕မ်ားစာရင္းတြင္ ထိပ္ဆံုးမွရပ္တည္ခဲ့သည္။ ၎ကိစၥရပ္ကို ေျဖရွင္းရန္ Ayala Land Inc. ႏွင့္ SM Prime Holdings Inc. တို႔ကဲ့သို႔ေသာ developer (ေျမယာဝယ္ယူ၍ အေဆာက္အအံုေဆာက္လုပ္ေရာင္းခ်ေရးကုမၸဏီ) ႀကီးမ်ားက ႐ံုးဝန္ထမ္းမ်ားအတြက္ အေဆာင္မ်ား တည္ေဆာက္ေပးလ်က္ရွိသည္။

Colliers ကလည္း မနီလာရွိ ခ႐ုိင္သံုးခုတြင္ အေဆာင္ေနရာမ်ား ၾကည့္႐ႈလာသည္။ လာမည့္ႏွစ္အနည္းငယ္အတြင္း အေဆာင္မ်ား တစ္ဟုန္ထိုးမ်ားျပားလာႏိုင္သည္ဟုလည္း Colliers က ခန္႔မွန္းခဲ့သည္။

အခ်ဳိ႕ဝန္ထမ္းမ်ားသည္ အိပ္ခန္းတစ္ခန္းပါတုိက္ခန္းကိုပါပင္ ေဝမွ်ေနထုိင္ရန္ စဥ္းစားလာၾကေၾကာင္းလည္း ဘြန္ေဒ့ါက ေျပာၾကားခဲ့သည္။

ႀကီးထြားလာေသာ ယွဥ္ၿပိဳင္မႈမ်ားကို ေက်ာ္လႊားရန္ ပုဂၢလိကနားေနခန္းမ်ားႏွင့္ အားကစားေလ့က်င့္ေရးစင္တာမ်ားကဲ့သို႔ေသာ ထူးျခားသည့္အဂၤါရပ္မ်ား တင္ဆက္ေပးျခင္းအား စတင္ရန္လည္း ဘြန္ေဒါ့က developer မ်ားကို အႀကံေပးထားေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာရှိ ရုံးဝန်ထမ်းထက်ဝက်နီးပါးသည် ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှားရန်အလို့ငှာ အဆောင်များတွင် နေထိုင်ရန် ပိုမိုလိုလားကြကြောင်း ကမ္ဘာ့အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ Colliers International Group Inc ၏ လေ့လာချက်တစ်ရပ်ကို ကိုးကား၍ ဘလွန်းဘတ်သတင်းဌာနက ဖော်ပြခဲ့သည်။

စုပေါင်းနေထိုင်ခြင်းက ဆိုးကျိုးများရှိသော်ငြားလည်း မနီလာတွင် တစ်စထက်တစ်စပိုမိုဆိုးရွားလာသော ယာဉ်ကြောပိတ်ဆို့မှုကြောင့် ရုံးသွားရုံးပြန်ခရီးပန်းမှုဒဏ်မှ သက်သာရန်အတွက် စုပေါင်းအဆောက်အအုံတွင် နေထိုင်ရန် ရုံးဝန်ထမ်း ၄၅ ရာခိုင်နှုန်းက ဆန္ဒရှိကြကြောင်း Colliers ၏ သုတေသနမန်နေဂျာ ဂျိုဝီဘွန်ဒေါ့က ပြောကြားခဲ့သည်။

တစ်ကြောင်းလျှင် သုံးနာရီကျော်ကြာသော အိမ်နှင့်လုပ်ငန်းခွင်ခရီးအတွက် လစဉ်အသွားအပြန်လမ်းစရိတ်သည် ဖိလစ်ပိုင်ပီဆို ၄,၅၀၀ ခန့် (အမေရိကန်ဒေါ်လာ ၈၉ ဒေါ်လာ) ကျသင့်သည်။ ဖြေကြားခဲ့သူများက သူတို့သည် သူတို့၏ရုံးနှင့်နီးသော အဆောင်များတွင်နေထိုင်ရန် ဖိလစ်ပိုင်ပီဆို ၆,၀၀၀ အထိ သုံးစွဲရလည်းအဆင်ပြေသည်ဟု ပြောကြားခဲ့ကြသည်။

ယာဉ်မောင်းစဉ် တစ်ကီလိုမီတာရောက်ရှိရန် ငါးမိနစ်စောင့်ဆိုင်းရသည့် မနီလာသည် Waze Inc. က ထုတ်ပြန်သည့် ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ယာဉ်ကြောအကျပ်တည်းဆုံးမြို့များစာရင်းတွင် ထိပ်ဆုံးမှရပ်တည်ခဲ့သည်။ ၎င်းကိစ္စရပ်ကို ဖြေရှင်းရန် Ayala Land Inc. နှင့် SM Prime Holdings Inc. တို့ကဲ့သို့သော developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) ကြီးများက ရုံးဝန်ထမ်းများအတွက် အဆောင်များ တည်ဆောက်ပေးလျက်ရှိသည်။

Colliers ကလည်း မနီလာရှိ ခရိုင်သုံးခုတွင် အဆောင်နေရာများ ကြည့်ရှုလာသည်။ လာမည့်နှစ်အနည်းငယ်အတွင်း အဆောင်များ တစ်ဟုန်ထိုးများပြားလာနိုင်သည်ဟုလည်း Colliers က ခန့်မှန်းခဲ့သည်။

အချို့ဝန်ထမ်းများသည် အိပ်ခန်းတစ်ခန်းပါတိုက်ခန်းကိုပါပင် ဝေမျှနေထိုင်ရန် စဉ်းစားလာကြကြောင်းလည်း ဘွန်ဒေ့ါက ပြောကြားခဲ့သည်။

ကြီးထွားလာသော ယှဉ်ပြိုင်မှုများကို ကျော်လွှားရန် ပုဂ္ဂလိကနားနေခန်းများနှင့် အားကစားလေ့ကျင့်ရေးစင်တာများကဲ့သို့သော ထူးခြားသည့်အင်္ဂါရပ်များ တင်ဆက်ပေးခြင်းအား စတင်ရန်လည်း ဘွန်ဒေါ့က developer များကို အကြံပေးထားကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service