စကၤာပူတြင္ Sentosa Merlion ႐ုပ္တုအား ယခုႏွစ္မကုန္မီ ဖ်က္ဆီးမည္

စကၤာပူတြင္ Sentosa Merlion ႐ုပ္တုအား ယခုႏွစ္မကုန္မီ ဖ်က္ဆီးမည္ - Property News in Myanmar from iMyanmarHouse.com
7 Oct 2019 10:30 am တွင် တင်ခဲ့သည်
25881 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

စကၤာပူႏုိင္ငံ ဆန္တိုဆာကၽြန္း၏ အထင္ကရ႐ုပ္တုျဖစ္ေသာ Merlion သည္ ေျမာက္ဘက္ကမ္းေျခႏွင့္ ေတာင္ဘက္ကမ္းေျခတို႔ကို ဆက္သြယ္ေပးမည့္ အပန္းေျဖလမ္းမတစ္ခုဖန္တီးရန္အတြက္ ေနရာဖယ္ေပးရေတာ့မည္ျဖစ္သည္။ ဤသည္မွာ အပန္းေျဖကၽြန္းျဖစ္ေသာ ဆန္းတိုဆာကၽြန္းႏွင့္ နံေဘးကပ္လ်က္ရွိ Pulau Brani ကၽြန္းတို႔အားပထမတန္းအပန္းေျဖစရာႏွင့္ခရီးသြားလာေရးေနရာတစ္ခုအျဖစ္ ျပန္လည္ပံုေဖာ္ရန္ ေရရွည္စီမံကိန္းမ်ား၏ တစ္စိတ္တစ္ပိုင္းပင္ျဖစ္သည္။

ဆန္တိုဆာကၽြန္း၏အခ်က္အခ်ာေနရာတြင္ တည္ရွိကာ ၃၇ မီတာ ျမင့္ေသာ Merlion ႐ုပ္တုဖ်က္ဆီးမႈလုပ္ငန္းစဥ္ကို အဆိုပါေဒၚလာသန္း ၉၀ အသံုးျပဳမည့္ Sentosa Sensoryscape စီမံကိန္း စတင္သည္ႏွင့္ ယခုႏွစ္မကုန္မီ စတင္ေဆာင္ရြက္မည္ျဖစ္သည္။

ေဘာလံုးကြင္း ၅ ကြင္းခြဲခန္႔ သို႔မဟုတ္ စတုရန္းမီတာ ၃ ေသာင္း အရြယ္အစားရွိ ႏွစ္ထပ္လမ္းမသစ္သည္ Resorts World Sentosa ႏွင့္ မ်က္ႏွာခ်င္းဆုိင္ေနေသာ ပင္မနယ္ေျမအား ေတာင္ပိုင္းရွိ ကမ္းေျခေသာင္ယံႏွင့္ ခ်ိတ္ဆက္ေပးမည္ျဖစ္ကာ လက္ရွိလူသြားလမ္းေနရာကို အစားထိုးမည္ျဖစ္သည္။

Merlion ႐ုပ္တုအား ေအာက္တုိဘာ ၂၀ အထိသာ ေနာက္ဆံုးဖြင့္လွစ္ထားမည္ျဖစ္ၿပီး ေဈးဆိုင္ႏွင့္ စားေသာက္ဆုိင္ေလးဆိုင္ကို ေအာက္တုိဘာ ၂၁မွစတင္ကာ ပိတ္ပစ္မည္ျဖစ္သည္။ Merlion အား စတင္တည္ေဆာက္ထားရွိခဲ့သည့္ ၁၉၉၅ ခုႏွစ္တြင္ ဆန္တုိဆာကၽြန္းသို႔ဧည့္သည္ဝင္ေရာက္မႈမွာ ေလးသန္းမွ ၆ သန္းအၾကား ရွိခ့ဲၿပီး ၿပီးခဲ့သည့္ႏွစ္ကမူ ၁၉ သန္းေက်ာ္လာေရာက္ခဲ့ေၾကာင္း Sentosa Development Corporation (SDC) ၏ အမႈေဆာင္အရာရွိခ်ဳပ္ ကြက္ဆြီကြမ္က ေျပာၾကားခဲ့သည္။

ထို႔ေၾကာင့္ ပိုမိုက်ယ္ဝန္းေသာ လမ္းမလုိအပ္ေၾကာင္း၊ ပိုမိုက်ယ္ဝန္းမည့္ Sensoryscape က လက္ရွိလမ္းသြားလမ္းလာလူဦးေရကို ႏွစ္ဆျဖစ္ေစမည္ျဖစ္ေၾကာင္း သူက ေျပာၾကားခဲ့သည္။

“ကၽြန္ေတာ္တို႔ Merlion ကို ေနရာေရႊ႕လုိ႔ မရပါဘူး။ ဘာလို႔ဆိုသူ႕အရြယ္အစားေၾကာင့္ပါ။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ သူ႕ကို ဘယ္လိုအမွတ္တရျဖစ္ေအာင္လုပ္မလဲလို႔ စဥ္းစားေနပါတယ္။” ဟုလည္း မစၥတာကြက္က ျဖည့္စြက္ေျပာၾကားခဲ့သည္။

ေဆာက္လုပ္ေရးလုပ္ငန္းမ်ားေၾကာင့္ဆန္တိုဆာကၽြန္းသို႔ ခရီးသြားဝင္ေရာက္မႈ ထိခိုက္ႏိုင္ေသာ္လည္း ၎ျပႆနာအား ယခုႏွစ္မကုန္မီဖြင့္လွစ္မည့္ Siloso Green lifestyle quarter က တစ္ဖက္တစ္လမ္းမွေျဖရွင္းေပးမည္ျဖစ္ေၾကာင္းလည္း သူက ေျပာၾကားခဲ့သည္။

လာေရာက္လည္ပတ္သူမ်ားအေနျဖင့္ Merlion Park ၊ Mount Faber ၊ Tourism Court ႏွင့္ Ang Mo Kio တို႔ရွိ အျခား Merlion ႐ုပ္တု ေျခာက္ခုသို႔ ဆက္လက္လည္ပတ္ႏိုင္ေၾကာင္း Singapore Tourism Board ကလည္း ေၾကညာခဲ့သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

စင်္ကာပူနိုင်ငံ ဆန်တိုဆာကျွန်း၏ အထင်ကရရုပ်တုဖြစ်သော Merlion သည် မြောက်ဘက်ကမ်းခြေနှင့် တောင်ဘက်ကမ်းခြေတို့ကို ဆက်သွယ်ပေးမည့် အပန်းဖြေလမ်းမတစ်ခုဖန်တီးရန်အတွက် နေရာဖယ်ပေးရတော့မည်ဖြစ်သည်။ ဤသည်မှာ အပန်းဖြေကျွန်းဖြစ်သော ဆန်းတိုဆာကျွန်းနှင့် နံဘေးကပ်လျက်ရှိ Pulau Brani ကျွန်းတို့အား ပထမတန်းအပန်းဖြေစရာနှင့်ခရီးသွားလာရေးနေရာတစ်ခုအဖြစ် ပြန်လည်ပုံဖော်ရန် ရေရှည်စီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်။

ဆန်တိုဆာကျွန်း၏အချက်အချာနေရာတွင် တည်ရှိကာ ၃၇ မီတာ မြင့်သော Merlion ရုပ်တုဖျက်ဆီးမှုလုပ်ငန်းစဉ်ကို အဆိုပါဒေါ်လာ သန်း ၉၀ အသုံးပြုမည့် Sentosa Sensoryscape စီမံကိန်း စတင်သည်နှင့် ယခုနှစ်မကုန်မီ စတင်ဆောင်ရွက်မည်ဖြစ်သည်။

ဘောလုံးကွင်း ၅ ကွင်းခွဲခန့် သို့မဟုတ် စတုရန်းမီတာ ၃ သောင်း အရွယ်အစားရှိ နှစ်ထပ်လမ်းမသစ်သည် Resorts World Sentosa နှင့် မျက်နှာချင်းဆိုင်နေသော ပင်မနယ်မြေအား တောင်ပိုင်းရှိ ကမ်းခြေသောင်ယံနှင့် ချိတ်ဆက်ပေးမည်ဖြစ်ကာ လက်ရှိလူသွားလမ်းနေရာကို အစားထိုးမည်ဖြစ်သည်။

Merlion ရုပ်တုအား အောက်တိုဘာ ၂၀ အထိသာ နောက်ဆုံးဖွင့်လှစ်ထားမည်ဖြစ်ပြီး ဈေးဆိုင်နှင့် စားသောက်ဆိုင်လေးဆိုင်ကို အောက်တိုဘာ ၂၁မှစတင်ကာ ပိတ်ပစ်မည်ဖြစ်သည်။ Merlion အား စတင်တည်ဆောက်ထားရှိခဲ့သည့် ၁၉၉၅ ခုနှစ်တွင် ဆန်တိုဆာကျွန်းသို့ဧည့်သည်ဝင်ရောက်မှုမှာ လေးသန်းမှ ၆ သန်းအကြား ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကမူ ၁၉ သန်းကျော် လာရောက်ခဲ့ကြောင်း Sentosa Development Corporation (SDC) ၏ အမှုဆောင်အရာရှိချုပ် ကွက်ဆွီကွမ်က ပြောကြားခဲ့သည်။

ထို့ကြောင့် ပိုမိုကျယ်ဝန်းသော လမ်းမလိုအပ်ကြောင်း၊ ပိုမိုကျယ်ဝန်းမည့် Sensoryscape က လက်ရှိလမ်းသွားလမ်းလာလူဦးရေကို နှစ်ဆဖြစ်စေမည်ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ Merlion ကို နေရာရွှေ့လို့ မရပါဘူး။ ဘာလို့ဆို သူ့အရွယ်အစားကြောင့်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ သူ့ကို ဘယ်လိုအမှတ်တရဖြစ်အောင်လုပ်မလဲလို့ စဉ်းစားနေပါတယ်။” ဟုလည်း မစ္စတာကွက်က ဖြည့်စွက်ပြောကြားခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်းများကြောင့်ဆန်တိုဆာကျွန်းသို့ ခရီးသွားဝင်ရောက်မှု ထိခိုက်နိုင်သော်လည်း ၎င်းပြဿနာအား ယခုနှစ်မကုန်မီဖွင့်လှစ်မည့် Siloso Green lifestyle quarter က တစ်ဖက်တစ်လမ်းမှဖြေရှင်းပေးမည်ဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့သည်။

လာရောက်လည်ပတ်သူများအနေဖြင့် Merlion Park ၊ Mount Faber ၊ Tourism Court နှင့် Ang Mo Kio တို့ရှိ အခြား Merlion ရုပ်တု ခြောက်ခုသို့ ဆက်လက်လည်ပတ်နိုင်ကြောင်း Singapore Tourism Board ကလည်း ကြေညာခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်...
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်...
နိုင်ငံခြားရောက် အလုပ်သမားများက အိမ်ခြံမြေ ဝယ်ယူမှုများနေ
နိုင်ငံခြားရောက် အလုပ်သမားများက အိမ်ခြံမြေ ဝယ်ယူမှုများနေ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service