အမေရိကန် ပေါ့ပ် ၊ ရော့ခ် တေးဂီတအဖွဲ့ Maroon 5 ၏ လိဒ်ဂစ်တာသမား ဂျိမ်းစ် ဗယ်လင်တိုင်းက ရုပ်ရှင်ထုတ်လုပ်သူ ဒါနာ ဘရူနက်တီ၏ စံအိမ်ကို ဝယ်ယူ
အမေရိကန် ပေါ့ပ် ၊ ရော့ခ် တေးဂီတအဖွဲ့ Maroon 5 ၏ လိဒ်ဂစ်တာသမား ဂျိမ်းစ် ဗယ်လင်တိုင်းက ရုပ်ရှင်ထုတ်လုပ်သူ ဒါနာ ဘရူနက်တီ၏ စံအိမ်ကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
25 Sep 2019 11:46 am တွင် တင်ခဲ့သည်
832 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
ဦးဆုံး ပိုင်ဆိုင်ခဲ့သူမှာ Toluca Lake အရပ်မှ ဗိသုကာပညာရှင် ပါ့ခ် ဖရန့်ခ်ျဖြစ်သည်။
### Unicode Version ###
တည်နေရာ- အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့
ဈေးနှုန်း- ကန်ဒေါ်လာ ၆ ဒသမ ၄ သန်း
အကျယ်အဝန်း- ၆၅၅၀ စတုရန်းပေ၊ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ဒသမ ၅ ခန်း
အမေရိကန် ပေါ့ပ် ၊ ရော့ခ် တေးဂီတအဖွဲ့ Maroon 5 ၏ လိဒ်ဂစ်တာသမား ဂျိမ်းစ် ဘီ- ဗယ်လင်တိုင်းသည် ရုပ်ရှင်ထုတ်လုပ်သူ ဒါနာ ဘရူနက်တီ၏ စံအိမ်ကို ဝယ်ယူလိုက်ကြောင်း သတင်းများ ထပ်မံပေါ်ထွက်လာသည်။
ဂျိမ်းစ် ဗယ်လင်တိုင်းသည် မကြာသေးမီကပင် လော့စ်အိန်ဂျလိရှိ သူ၏စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၇ သန်းဖြင့် အရောင်းဈေးကွက်တင်ပြီးနောက် ယခုစံအိမ်ကို ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။
(လော့စ်အိန်ဂျလိစံအိမ်အား ဈေးကွက်တင်ခဲ့ပုံသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/859491 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)
ကမ္ဘာကျော် ရုပ်ရှင်နှင့် ရုပ်သံထုတ်လုပ်သူ ဒါနာ ဘရွန်နက်တီသည် လော့စ်အိန်ဂျလိမြို့၏ လူကုံထံရပ်ကွက်တစ်ခုဖြစ်သော Toluca Lake အရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် ရောင်းချလိုက်ရပြီး မူလခေါ်ဈေး ၆ ဒသမ ၂၅ သန်းထက် များပြားသည့် ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ကာ ဝယ်ယူသွားသူမှာ အမေရိကန် ပေါ့ပ် ၊ ရော့ခ် တေးဂီတအဖွဲ့ Maroon 5 ၏ လိဒ်ဂစ်တာသမား ဂျိမ်းစ် ဗယ်လင်တိုင်း ဖြစ်သည်။
ဘရွန်နက်တီသည် ယခုစံအိမ်ကို ဂီတပညာရှင် ဒေ့ဗ် စတီးဝါ့ထ်ထံမှ ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ကန်ဒေါ်လာ ၃ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သောကြောင့် ယခုရောင်းချရာတွင် များစွာမြတ်စွန်းခဲ့သည်။
ဦးဆုံး ပိုင်ဆိုင်ခဲ့သူမှာ Toluca Lake အရပ်မှ ဗိသုကာပညာရှင် ပါ့ခ် ဖရန့်ချ်ဖြစ်သည်။
၁၉၂၀ ပြည့်လွန်ကာလများက စပိန်ကိုလိုနီဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်ပြီး အိုင်ဗီနွယ်များ လွှမ်းထားသော မြင့်မားသည့် နံရံများနောက်တွင် လျှို့ဝှက်ဆိတ်ငြိမ်စွာ တည်ရှိနေသည်။
၃ ထပ်အဆောက်အအုံဖြစ်ကာ စတုရန်းပေ ၆၅၀၀ ကျော် ကျယ်ဝန်းပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ဒသမ ၅ ခန်း ပါဝင်သည်။
ပြန်လည်ပြုပြင်မွမ်းမံထားသော ဗိသုကာလက်ရာများဖြင့် ပြည့်လျှမ်းနေသည့်နေအိမ်အတွင်း အလိုအလျောက်စနစ်များ၊ လုံခြုံရေးစနစ် များ အစရှိသော အဆင့်မြင့်နည်းပညာများအပြင် ကား ၅ စင်းဆန့် ကားဂိုဒေါင်တွင် ဟိုက်ဒရောလစ်စနစ် ၊ လျှပ်စစ်ယာဉ်များ အားသွင်း သည့်နေရာများ ပါဝင်သည်။
အရောင်းဈေးကွက်တင်ပေးခဲ့သည်မှာ Six17 ကုမ္ပဏီမှ အကျိုးဆောင် ကာဆန်ဒရာ အိုရမ်နှုင့် Compass ကုမ္ပဏီမှ မာ့ခ် ဆေးလ်ဗားတို့ ဖြစ်ကြကာ ဝယ်လက်ဘက်မှ အကျိုးဆောင်မှာ Deasy Penner Podley ကုမ္ပဏီမှ ဂျူအန် လောင်းဖဲလိုးဖြစ်သည်။
ဘရူနက်တီသည် လော့စ် ဖီလစ်အရပ်ရှိ စံအိမ်တစ်လုံးကိုလည်း ၂၀၀၅ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၂ ဒသမ ၁ သန်းဖြင့် ဝယ်ယူထားကာ ကာလကြာရှည် ပိုင်ဆိုင်ထားခဲ့ဖူးသည်။
အဆိုပါ စံအိမ်သည် ယခုနှစ်အစောပိုင်းတွင် တစ်လလျှင် ကန်ဒေါ်လာ ၁၁၀၀၀ ဖြင့် အငှားဈေးကွက်ဝင်လာခဲ့သေးသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service