ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ကမၻာေက်ာ္ရက္ပ္ၾကယ္ပြင့္ ကင္ေညးဝက္စ္ႏွင့္ ဇနီးျဖစ္သူ ထိပ္သီးေမာ္ဒယ္၊ ဖက္ရွင္ဒီဇိုင္နာ ကင္မ္ကာဒါရွီယန္တို႔စံုတြဲသည္ ဧကေပါင္း ၉၀၀၀ ေက်ာ္က်ယ္ဝန္းကာ ကန္ေဒၚလာ ၁၄ သန္း တန္ေၾကးွရိွသည့္ ေမြးျမဴေရးျခံၾကီးကို ဝယ္ယူလိုက္ေၾကာင္း နယူးေယာက္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္ တစ္ခုတြင္ ေဖာ္ျပသည္။
အေမရိကန္ျပည္ေထာင္စု အေနာက္ပိုင္း ဝိုင္ယြမ္းမီျပည္နယ္ (Wyoming) ျပည္နယ္တြင္ တည္ရွိေသာ ေမြးျမဴေရးျခံၾကီးကို ဝယ္ယူလိုက္ျခင္းျဖစ္ျပီး ေစ်းကြက္တြင္ ေနာက္ဆံုးေစ်းေခၚခဲ့သည္မွာ ကန္ေဒၚလာ ၁၄ သန္း ျဖစ္သည္။
ကင္ေညးဝက္စ္က ေစ်းႏႈန္းမည္မွ်ျဖင့္ ဝယ္ယူခဲ့သည္ကိုမူ မသိရေသးေခ်။
အလြန္တရာ က်ယ္ဝန္းလွေသာ အဆိုပါျခံဝန္းၾကီးတြင္ ေရစီးေရလာရွိေသာ ေရကန္ ၂ ခုပါဝင္ျပီး ထေရာက္ငါးမ်ားရွိေနေသာေၾကာင့္ Monster Lake ေမြးျမဴေရးျခံဟုလည္း နာမည္ေက်ာ္သည္။
ကင္ေညးဝက္စ္က Monster Lake ျခံၾကီးကို ေခၚေစ်းအတုိင္းအျပည့္ေပးကာ ဝယ္ယူခဲ့ျခင္းမဟုတ္ေၾကာင္း သတင္းရင္းျမစ္တစ္ခုက ေဖာ္ျပသည္။
လူဦးေရ ၁၀၀၀၀ ခန္႔သာရွိေသာ ကိုဒီျမိဳ႕ကေလး၏ ျမိဳ႕ျပင္တြင္ တည္ရွိျပီး ယာေတာအိမ္ ၈ လံုး၊ စားေသာက္ဆိုင္ ၁ ခု၊ ပြဲလမ္းေနရာတစ္ခု၊ အစည္းအေဝးေနရာတစ္ခု၊ စပါးက်ီမ်ားႏွင့္ ျမင္းမ်ားအတြက္ ျမင္းျခံမ်ား ပါဝင္သည္။
ကင္ေညးဝက္စ္က Monster Lake ျခံၾကီး၏ ေျမတစ္ဝက္ကို ပိုင္ဆိုင္မည္ျဖစ္ျပီး အျခားတစ္ဝက္ကိုမူ ျပည္ေထာင္စုအစိုးရထံမွ ငွားရမ္းထားျခင္း ျဖစ္သည္။ အဆိုပါ ျခံၾကီးကို J.P. King ေလလံကုမၸဏီ၏ ဝက္ဘ္ဆိုက္မွတစ္ဆင့္ ေစ်းကြက္တင္ခဲ့ျခင္းျဖစ္သည္။
“ကၽြန္ေတာ္တို႔အေနနဲ႔ ေဖာက္သည္ေတြနဲ႔ ဝယ္လက္ေတြရဲ႕ ဝယ္ယူမႈအေပၚ သံုးသပ္ခ်က္ ေပးလို႔မရပါဘူး”ဟု J.P. King ၏ ေစ်းကြက္ဒါရိုက္တာက ေျပာၾကားသည္။
ကင္ေညးဝက္စ္က သူ၏ ေတးအယ္လ္ဘမ္သစ္ “Jesus Is King” ကို လက္စသတ္ေနျပီး လာမည့္စက္တင္ဘာ ၂၇ ရက္တြင္ စတင္ျဖန္႔ခ်ိရန္ ေမွ်ာ္မွန္းထားသည္။
Vogue Arabia ႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတစ္ခုတြင္ ကင္ေညးဝက္စ္က ဇနီးျဖစ္သူ ကင္မ္ ကာဒါရွီယန္ကို ေနာင္လာမည့္ ၁၀ ႏွစ္၌ မည္သည့္ေနရာတြင္ ရွိေနမည္နည္းဟု စေနာက္သည့္သေဘာမ်ဳိး ေမးျမန္းခဲ့ရာ “ဝိုင္ယြမ္းမီျပည္နယ္က ေမြးျမဴေရးျခံၾကီးတစ္ခုမွာ ေနထိုင္ေနတာ ေတြ႔ရပါလိမ့္မယ္။ ဖေလာ္ရီဒါက Palm Springs နဲ႔ ေလာ့စ္အိန္ဂ်လိကအိမ္ကိုေတာ့ ရံဖန္ရံခါ သြားပါမယ္”ဟု ျပန္လည္ေျဖၾကားခဲ့ဖူးသည္။
ကင္ေညးဝက္စ္ႏွင့္ ကင္မ္ကာဒါရွီယန္တို႔၏ စိတ္ဝင္စားဖြယ္ အိမ္ျခံေျမသတင္းမ်ားကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ (၁) https://www.shorturl.at/eiBSU (၂) https://www.shorturl.at/ivEK4 အင္တာနက္လင့္ခ္မ်ားတြင္ ဖတ္ရႈႏိုင္ပါသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ကမ္ဘာကျော်ရက်ပ်ကြယ်ပွင့် ကင်ညေးဝက်စ်နှင့် ဇနီးဖြစ်သူ ထိပ်သီးမော်ဒယ်၊ ဖက်ရှင်ဒီဇိုင်နာ ကင်မ်ကာဒါရှီယန်တို့စုံတွဲသည် ဧကပေါင်း ၉၀၀၀ ကျော်ကျယ်ဝန်းကာ ကန်ဒေါ်လာ ၁၄ သန်း တန်ကြေးှရှိသည့် မွေးမြူရေးခြံကြီးကို ဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ဝိုင်ယွမ်းမီပြည်နယ် (Wyoming) ပြည်နယ်တွင် တည်ရှိသော မွေးမြူရေးခြံကြီးကို ဝယ်ယူလိုက်ခြင်းဖြစ်ပြီး ဈေးကွက်တွင် နောက်ဆုံးဈေးခေါ်ခဲ့သည်မှာ ကန်ဒေါ်လာ ၁၄ သန်း ဖြစ်သည်။
ကင်ညေးဝက်စ်က ဈေးနှုန်းမည်မျှဖြင့် ဝယ်ယူခဲ့သည်ကိုမူ မသိရသေးချေ။
အလွန်တရာ ကျယ်ဝန်းလှသော အဆိုပါခြံဝန်းကြီးတွင် ရေစီးရေလာရှိသော ရေကန် ၂ ခုပါဝင်ပြီး ထရောက်ငါးများရှိနေသောကြောင့် Monster Lake မွေးမြူရေးခြံဟုလည်း နာမည်ကျော်သည်။
ကင်ညေးဝက်စ်က Monster Lake ခြံကြီးကို ခေါ်ဈေးအတိုင်းအပြည့်ပေးကာ ဝယ်ယူခဲ့ခြင်းမဟုတ်ကြောင်း သတင်းရင်းမြစ်တစ်ခုက ဖော်ပြသည်။
လူဦးရေ ၁၀၀၀၀ ခန့်သာရှိသော ကိုဒီမြို့ကလေး၏ မြို့ပြင်တွင် တည်ရှိပြီး ယာတောအိမ် ၈ လုံး၊ စားသောက်ဆိုင် ၁ ခု၊ ပွဲလမ်းနေရာတစ်ခု၊ အစည်းအဝေးနေရာတစ်ခု၊ စပါးကျီများနှင့် မြင်းများအတွက် မြင်းခြံများ ပါဝင်သည်။
ကင်ညေးဝက်စ်က Monster Lake ခြံကြီး၏ မြေတစ်ဝက်ကို ပိုင်ဆိုင်မည်ဖြစ်ပြီး အခြားတစ်ဝက်ကိုမူ ပြည်ထောင်စုအစိုးရထံမှ ငှားရမ်းထားခြင်း ဖြစ်သည်။ အဆိုပါ ခြံကြီးကို J.P. King လေလံကုမ္ပဏီ၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ဈေးကွက်တင်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ ဖောက်သည်တွေနဲ့ ဝယ်လက်တွေရဲ့ ဝယ်ယူမှုအပေါ် သုံးသပ်ချက် ပေးလို့မရပါဘူး”ဟု J.P. King ၏ ဈေးကွက်ဒါရိုက်တာက ပြောကြားသည်။
ကင်ညေးဝက်စ်က သူ၏ တေးအယ်လ်ဘမ်သစ် “Jesus Is King” ကို လက်စသတ်နေပြီး လာမည့်စက်တင်ဘာ ၂၇ ရက်တွင် စတင်ဖြန့်ချိရန် မျှော်မှန်းထားသည်။
Vogue Arabia နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ကင်ညေးဝက်စ်က ဇနီးဖြစ်သူ ကင်မ် ကာဒါရှီယန်ကို နောင်လာမည့် ၁၀ နှစ်၌ မည်သည့်နေရာတွင် ရှိနေမည်နည်းဟု စနောက်သည့်သဘောမျိုး မေးမြန်းခဲ့ရာ “ဝိုင်ယွမ်းမီပြည်နယ်က မွေးမြူရေးခြံကြီးတစ်ခုမှာ နေထိုင်နေတာ တွေ့ရပါလိမ့်မယ်။ ဖလော်ရီဒါက Palm Springs နဲ့ လော့စ်အိန်ဂျလိကအိမ်ကိုတော့ ရံဖန်ရံခါ သွားပါမယ်”ဟု ပြန်လည်ဖြေကြားခဲ့ဖူးသည်။
ကင်ညေးဝက်စ်နှင့် ကင်မ်ကာဒါရှီယန်တို့၏ စိတ်ဝင်စားဖွယ် အိမ်ခြံမြေသတင်းများကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် (၁) https://www.shorturl.at/eiBSU (၂) https://www.shorturl.at/ivEK4 အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)