အြန္လုိင္းစနစ္ျဖင့္ ေဆာင္ရြက္ႏုိင္သည့္ ေျမ စီမံခန္႔ခြဲမႈဆုိင္ရာ ေလွ်ာက္ထားမႈမ်ား

အြန္လုိင္းစနစ္ျဖင့္ ေဆာင္ရြက္ႏုိင္သည့္ ေျမ စီမံခန္႔ခြဲမႈဆုိင္ရာ ေလွ်ာက္ထားမႈမ်ား - Property Knowledge in Myanmar from iMyanmarHouse.com
5 Sep 2019 12:20 pm တွင် တင်ခဲ့သည်
1391 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

### Zawgyi Version ###

“ဆရာ”ဟု ေခၚသံၾကားလုိက္သျဖင့္ စာေရးသူသည္ ႐ုံးခန္းအတြင္း၌ စာေရးေနရာမွ ေမာ့ၾကည့္လုိက္သည္။

“လာေမာင္အာကာ” ဟု ခရီး ဦးႀကိဳျပဳလုိက္ပါသည္။

စာေရးသူ “ေမာင္အာကာ” ဟု ေခၚေသာ္လည္း အသက္ငယ္လွသည္ေတာ့ မဟုတ္ပါ။ ဘြဲ႔ရၿပီး ကုမၸဏီတစ္ခု တြင္ HR အျဖစ္ တာ၀န္ယူလုပ္ကုိင္ေနသူျဖစ္သည္။ ဇနီးသည္ဘက္မွ ေဆြမ်ဳိးမကင္းျဖစ္၍ ဇနီးသည္ေခၚသည့္အတုိင္း “ေမာင္အာကာ”ဟု ရင္းရင္းႏွီးႏွီးေခၚ ျခင္းျဖစ္သည္။

“ကၽြန္ေတာ္က ဆရာနဲ႔ေတြ႔မယ္ မထင္ဘူး။ တရား႐ုံးဆီ ထြက္သြားၿပီ ထင္ေနတာ”

“ဒီေန႔က ေနလယ္ ၃ နာရီမွာ အမႈစစ္မွာဆုိေတာ့ မနက္ပုိင္းမွာ ေရးစရာ အမႈကိစၥေတြကုိ လုပ္ေနတာ”

“အခ်ိန္ရရင္ လက္ဖက္ရည္ဆုိင္မွာ ထုိင္ရင္းစကားေျပာၾကတာေပါ့ ဆရာ”

ေမာင္အာကာ၏ ဖိတ္ေခၚမႈေၾကာင့္ စာေရးသူတုိ႔သည္ ႐ုံးခန္းအေဆာက္အအုံ၏ ေရွ႕ဘက္ရွိ လက္ဖက္ရည္ဆုိင္ သုိ႔ ေရာက္ရွိခဲ့ၾကသည္။

“ၿမိဳ႕ေတာ္ခန္းမက စည္ပင္႐ုံးကိုလာတာ ဆရာ။ ေျမကြက္တစ္ကြက္ ၀ယ္ဖုိ႔ စုံစမ္းတာဆရာ”

“အဆင္ေျပရဲ႕လား၊ ဂရန္ေျမလား”

“ဟုတ္ကဲ့ ေျမာက္ဥကၠလာပဘက္မွာပါ ဆရာ”

“ေျမာက္ဥကၠလာပဆုိရင္ ဂရန္ေျမေတြ ျဖစ္မွာေပါ့”

“ဟုတ္ကဲ့၊ ဂရန္ေျမဆရာ။ ေပ ၄၀ x ေပ ၆၀ ဆုိေတာ့ ေျမကြက္က ခြဲရမွာျဖစ္ေနတယ္ ဆရာ”

“သြားစုံစမ္းတာ အဆင္ေျပရဲ႕လား။ ခ႐ုိင္အလုိက္ သူ႔ၿမိဳ႕နယ္နဲ႔သူ သတ္မွတ္ထားတာရွိတယ္”

“ဟုတ္ကဲ့ ဆရာ။ အပတ္စဥ္ တနလၤာ၊ ဗုဒၶဟူး၊ ေသာၾကာေန႔ေတြမွာပဲ ေဆာင္ရြက္ေပးတယ္ ေျပာတယ္။ ဒီေန႔ အဂၤါေန႔ဆုိေတာ့ အဆင္မေျပခဲ့ဘူး ဆရာ”

“ေအးဟုတ္တယ္။ ရက္သတၱပတ္မွာ တနလၤာ၊ ဗုဒၶဟူး၊ ေသာၾကာ သုံးရက္ကုိ သတ္မွတ္ခ်ိန္အတြင္း One Stop Service အေနနဲ႔ ေဆာင္ရြက္ေပးေနတာျဖစ္တယ္”

“On Stop Service ဆုိေတာ့ အမွန္တကယ္ ေအာင္ျမင္ရဲ႕လား ဆရာ””

“ခက္တာက ေျမအိမ္ယာကိစၥဆုိတာ စာရြက္စာတမ္းျပည့္စုံဖုိ႔က အထူးလုိအပ္တယ္။ စာရြက္စာတမ္း မျပည့္စုံ လုိ႔ အႀကိမ္ႀကိမ္တက္ဆင္းလုပ္ရတာလည္း ရွိၾကတယ္”

“အခ်ဳိ႕ကေျပာေတာ့ ဆရာ။ Online ကေန ေလွ်ာက္ထားႏုိင္တယ္လုိ႔ ေျပာတယ္ ဆရာ။ ဟုတ္ပါသလား”

“ဒီေခတ္ကေတာ့ Online ဆုိတာ၊ ထမင္းစားေရေသာက္ လြယ္လြယ္ကူကူသုံးစြဲေနၾကတာေတြ႔ရတယ္။ Online Shopping, Online System ဆုိၿပီး အမ်ဳိးမ်ဳိးအသုံးျပဳ ေဆာင္ရြက္တာရွိေနတယ္”

“ဟုတ္ကဲ့ ဆရာ။ လြယ္ကူအဆင္ေျပတာေတြလည္း ရွိၾကတယ္”

“အမွန္ကေတာ့ လုပ္ငန္းျမန္ဆန္မႈနဲ႔အတူ မိမိေနထုိင္ရာ အိမ္မွ အလြယ္တကူေဆာင္ရြက္ႏုိင္တဲ့ ကိစၥျဖစ္လုိ႔ သက္ဆုိင္ရာ႐ုံးမွာသြားၿပီး လူတန္းစီေစာင့္တာမ်ဳိး မလုပ္ရေတာ့ဘူး။ အလြန္အဆင္ေျပတဲ့ ဆက္သြယ္ေရးလမ္း ေၾကာင္းတစ္ခုျဖစ္ပါတယ္”

“အခုစည္ပင္သာယာကိစၥမွာလည္း Online System နဲ႔ ေဆာင္ရြက္တဲ့ကိစၥေတြကုိ ဆရာသိရင္နည္းနည္း ေျပာျပပါလား”

“ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး နယ္နိမိတ္မွာ ၃၃ ၿမိဳ႕နယ္အနက္ ၂၁ ၿမိဳ႕နယ္မွာ Online စနစ္နဲ႔ ေျမယာကိစၥေတြကို ေလွ်ာက္ထားႏုိင္တယ္လုိ႔ သိရတယ္။ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ေျမစီမံခန္႔ခြဲေရးဆုိင္ရာ ၀ဘ္ဆုိက္မွာ ၾကည့္လုိ႔ရတယ္”

“ၿမိဳ႕နယ္ ၂၁ ၿမိဳ႕နယ္ဆိုေတာ့ ေျမာက္ဥကၠလာပလည္းပါမွာေပါ့ေနာ္”

“ပါမွာေပါ့။ သိရသေလာက္ေတာ့၊ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ ၁ ရက္ကစၿပီး သဃၤန္းကၽြန္းၿမိဳ႕နယ္ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ လႈိင္ၿမိဳ႕နယ္နဲ႔ ကမာရြတ္ၿမိဳ႕နယ္တုိ႔ကုိ Online စနစ္နဲ႔ တုိးခ်ဲ႕ေဆာင္ရြက္ေပးလ်က္ရွိတယ္”

“ေျမပုံကူးတာလည္း ေဆာင္ရြက္ေပးတာေပါ့ေနာ္”

“ဆရာသိသေလာက္ေတာ့ ေျမစီမံခန္႔ခြဲမႈဆုိင္ရာ ကုိးမ်ဳိးကို ေဆာင္ရြက္ေပးေနတယ္လုိ႔ သိရတယ္။ မွတ္မိသ ေလာက္ေျပာရရင္၊ (၁) ေျမငွားဂရန္ေလွ်ာက္ျခင္း။ (၂) ေျမငွားဂရန္ သက္တမ္းတုိးျခင္း။ (၃) ေျမပုိင္ဆုိင္မႈ အမည္ေျပာင္းျခင္း။ (၄) ေျမငွားဂရန္ေပ်ာက္လုိ႔ ေျမငွားဂရန္ မိတ္ၱဴ ထုတ္ေပးျခင္း။ (၅) ေျမခ်ပါမစ္ထုတ္ ေပးျခင္း။ (၆) ေျမငွားဂရန္ခြဲ ေလွ်ာက္ထားျခင္း။ (၇) ေျမပိုင္ဆုိင္မႈ ေျမခြဲေလွ်ာက္ထားျခင္း။ (၈) ေျမတုိင္း တာျခင္း။ (၉) ေျမပုံေျမရာဇ၀င္ကူးျခင္းတုိ႔ ျဖစ္တယ္။ အေသးစိတ္သိခ်င္ရင္ေတာ့ ေျမစီမံခန္႔ခြဲေရးဆုိင္ရာ ၀က္ဘ္ဆုိက္မွာ ၾကည့္ႏုိင္တယ္။ အခု ေမာင္အာကာ၀ယ္မယ္ဆုိတဲ့ ေျမကြက္က ဂရန္အမည္ေပါက္ကုိယ္တိုင္ ေရာင္းမွာလား”

“မဟုတ္ဘူး ဆရာ။ သူ႔သမီးက ေရာင္းမွာ။ အမည္ေပါက္မိဘေတြက ကြယ္လြန္သြားၾကၿပီ။ ေျမကြက္က ေပ ၄၀ အကြက္ကုိ ညီမႏွစ္ေယာက္တစ္၀က္စီခြဲၿပီး အိမ္ေဆာက္ထားၾကတယ္။ သမီးငယ္ေျမကြက္ကုိ ေရာင္းမွာ ဆရာ”

“ဒါဆုိ ေျမကြက္က မခြဲစိတ္ရေသးဘူးေပါ့”

“ဘာမ်ား အ႐ႈပ္အရွင္းရွိႏုိင္သလဲလုိ႔ လာစုံစမ္းတာ ဆရာ”

“သားသမီးအရင္းလည္း မွန္မယ္။ ေမြးခ်င္းကလည္း ညီမႏွစ္ေယာက္တည္းသာရွိတယ္ဆုိတာ မွန္ တယ္ဆုိရင္ အခက္အခဲသိပ္မရွိပါဘူး”

“သူတုိ႔ ေျပာစကားအရေတာ့ သမီးႏွစ္ေယာက္က်န္ခဲ့တယ္လုိ႔ ေျပာပါတယ္”

“ပထမအခ်က္ကေတာ့ သမီးႏွစ္ဦးက မိဘအေမြကုိ ဆက္ခံေၾကာင္း အေမြဆက္ခံပိုင္ဆုိင္ေၾကညာစာခ်ဳပ္ လုပ္ရမယ္။ ၿပီးရင္ အေရာင္းအ၀ယ မွတ္ပုံတင္စာခ်ဳပ္လုပ္ရမယ္”

“အေရာင္းအ၀ယ္မွတ္ပုံတင္စာခ်ဳပ္လုပ္ရင္ အခြန္ေတာ့ ေဆာင္ရမွာေပါ့ေနာ္”

“ဒါေတာ့ ရွိတာေပါ့။ ၿပီးေတာ့ ေျမကြက္ကို တရား၀င္ခြဲစိတ္ရမယ္။ ခဲြစိတ္ေျမဂရန္ ေလွ်ာက္ရမယ္”

“ေျမဂရန္အမည္ေပါက္အထိ ရႏုိင္တာေပါ့ေနာ္”

“ရတာေပါ့။ ေမာင္အာကာေျပာတဲ့အတုိင္းသာ အမည္ေပါက္သူက ကြယ္လြန္သူမိဘမ်ားျဖစ္ၿပီး သမီးႏွစ္ဦး သာက်န္ခဲ့မယ္။ ေရာင္းသူ ကုိယ္တုိင္ ေနထုိင္တယ္ဆုိေတာ့ ဘာမွျပႆနာမရွိဘူးေပါ့”

“၀ယ္ျဖစ္ရင္ ကန္႔ကြက္ရန္ရွိ မရွိ။ သတင္းစာမွာ ထည့္ရမွာေပါ့ ဆရာ”

“ဟုတ္ပါတယ္။ အေစာကေျပာခဲ့သလုိ အျငင္းပြားစရာမရွိ စာရြက္စာတမ္းေတြျပည့္စုံရင္ေတာ့ Online စနစ္နဲ႔ အလြယ္တကူေဆာင္ရြက္ႏိုင္မွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၉ ရက္က က်င္းပတဲ့ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီႏွင့္ အျပည္ျပည္ဆုိင္ရာ ဘ႑ာေရးေကာ္ပိုေရးရွင္း I.F.C တုိ႔ ပူးေပါင္းေဆာင္ ရြက္တဲ့ အေဆာက္အအုံေဆာက္လုပ္ (Online Submission System) သုိ႔ ေျပာင္းလဲေဆာင္ရြက္ရန္ ေရွ႕ေျပး စမ္းသပ္မႈအဆင့္ မိတ္ဆက္အခမ္းအနားမွာ ရန္ကုန္တုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္က အေဆာက္အအုံေဆာက္ လုပ္ခြင့္ပါမစ္ကို Online မွ ၂၀၁၉ ဒီဇင္ဘာလကုန္မွာ အျပည့္အ၀ေဆာင္ရြက္ႏုိင္မယ္လုိ႔ ေျပာၾကားခဲ့ပါတယ္”

“ဟုတ္ကဲ့ ဆရာ။ ကၽြန္ေတာ္ ၀က္ဘ္ဆုိက္မွာၾကည့္ၿပီး Online ကတစ္ဆင့္ ေဆာင္ရြက္ၾကည့္လုိက္ဦးမယ္”ဟု စာေရးသူအားေျပာဆုိ ႏႈတ္ဆက္ခါ ေမာင္အာကာထြက္သြားပါသည္။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

 

### Unicode Version ###

“ဆရာ”ဟု ခေါ်သံကြားလိုက်သဖြင့် စာရေးသူသည် ရုံးခန်းအတွင်း၌ စာရေးနေရာမှ မော့ကြည့်လိုက်သည်။

“လာမောင်အာကာ” ဟု ခရီး ဦးကြိုပြုလိုက်ပါသည်။

စာရေးသူ “မောင်အာကာ” ဟု ခေါ်သော်လည်း အသက်ငယ်လှသည်တော့ မဟုတ်ပါ။ ဘွဲ့ရပြီး ကုမ္ပဏီတစ်ခု တွင် HR အဖြစ် တာဝန်ယူလုပ်ကိုင်နေသူဖြစ်သည်။ ဇနီးသည်ဘက်မှ ဆွေမျိုးမကင်းဖြစ်၍ ဇနီးသည်ခေါ် သည့်အတိုင်း “မောင်အာကာ”ဟု ရင်းရင်းနှီးနှီးခေါ် ခြင်းဖြစ်သည်။

“ကျွန်တော်က ဆရာနဲ့တွေ့မယ် မထင်ဘူး။ တရားရုံးဆီ ထွက်သွားပြီ ထင်နေတာ”

“ဒီနေ့က နေလယ် ၃ နာရီမှာ အမှုစစ်မှာဆိုတော့ မနက်ပိုင်းမှာ ရေးစရာ အမှုကိစ်္စတွေကို လုပ်နေတာ”

“အချိန်ရရင် လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်းစကားပြောကြတာပေါ့ ဆရာ”

မောင်အာကာ၏ ဖိတ်ခေါ်မှုကြောင့် စာရေးသူတို့သည် ရုံးခန်းအဆောက်အအုံ၏ ရှေ့ဘက်ရှိ လက်ဖက်ရည်ဆိုင် သို့ ရောက်ရှိခဲ့ကြသည်။

“မြို့တော်ခန်းမက စည်ပင်ရုံးကိုလာတာ ဆရာ။ မြေကွက်တစ်ကွက် ဝယ်ဖို့ စုံစမ်းတာဆရာ”

“အဆင်ပြေရဲ့လား၊ ဂရန်မြေလား”

“ဟုတ်ကဲ့ မြောက်ဥက္ကလာပဘက်မှာပါ ဆရာ”

“မြောက်ဥက္ကလာပဆိုရင် ဂရန်မြေတွေ ဖြစ်မှာပေါ့”

“ဟုတ်ကဲ့၊ ဂရန်မြေဆရာ။ ပေ ၄၀ x ပေ ၆၀ ဆိုတော့ မြေကွက်က ခွဲရမှာဖြစ်နေတယ် ဆရာ”

“သွားစုံစမ်းတာ အဆင်ပြေရဲ့လား။ ခရိုင်အလိုက် သူ့မြို့နယ်နဲ့သူ သတ်မှတ်ထားတာရှိတယ်”

“ဟုတ်ကဲ့ ဆရာ။ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာပဲ ဆောင်ရွက်ပေးတယ် ပြောတယ်။ ဒီနေ့ အင်္ဂါနေ့ဆိုတော့ အဆင်မပြေခဲ့ဘူး ဆရာ”

“အေးဟုတ်တယ်။ ရက်သတ္တပတ်မှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ သုံးရက်ကို သတ်မှတ်ချိန်အတွင်း One Stop Service အနေနဲ့ ဆောင်ရွက်ပေးနေတာဖြစ်တယ်”

“On Stop Service ဆိုတော့ အမှန်တကယ် အောင်မြင်ရဲ့လား ဆရာ””

“ခက်တာက မြေအိမ်ယာကိစ္စဆိုတာ စာရွက်စာတမ်းပြည့်စုံဖို့က အထူးလိုအပ်တယ်။ စာရွက်စာတမ်း မပြည့်စုံ လို့ အကြိမ်ကြိမ်တက်ဆင်းလုပ်ရတာလည်း ရှိကြတယ်”

“အချို့ကပြောတော့ ဆရာ။ Online ကနေ လျှောက်ထားနိုင်တယ်လို့ ပြောတယ် ဆရာ။ ဟုတ်ပါသလား”

“ဒီခေတ်ကတော့ Online ဆိုတာ၊ ထမင်းစားရေသောက် လွယ်လွယ်ကူကူသုံးစွဲနေကြတာတွေ့ရတယ်။ Online Shopping, Online System ဆိုပြီး အမျိုးမျိုးအသုံးပြု ဆောင်ရွက်တာရှိနေတယ်”

“ဟုတ်ကဲ့ ဆရာ။ လွယ်ကူအဆင်ပြေတာတွေလည်း ရှိကြတယ်”

“အမှန်ကတော့ လုပ်ငန်းမြန်ဆန်မှုနဲ့အတူ မိမိနေထိုင်ရာ အိမ်မှ အလွယ်တကူဆောင်ရွက်နိုင်တဲ့ ကိစ္စဖြစ်လို့ သက်ဆိုင်ရာရုံးမှာသွားပြီး လူတန်းစီစောင့်တာမျိုး မလုပ်ရတော့ဘူး။ အလွန်အဆင်ပြေတဲ့ ဆက်သွယ်ရေးလမ်း ကြောင်းတစ်ခုဖြစ်ပါတယ်”

“အခုစည်ပင်သာယာကိစ္စမှာလည်း Online System နဲ့ ဆောင်ရွက်တဲ့ကိစ္စတွေကို ဆရာသိရင်နည်းနည်း ပြောပြပါလား”

“ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်မှာ ၃၃ မြို့နယ်အနက် ၂၁ မြို့နယ်မှာ Online စနစ်နဲ့ မြေယာကိစ်္စတွေကို လျှောက်ထားနိုင်တယ်လို့ သိရတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြေစီ မံခန့်ခွဲရေးဆိုင်ရာ ဝက်ဘ်ဆိုက်မှာ ကြည့်လို့ရတယ်”

“မြို့နယ် ၂၁ မြို့နယ်ဆိုတော့ မြောက်ဥက္ကလာပလည်းပါမှာပေါ့နော်”

“ပါမှာပေါ့။ သိရသလောက်တော့၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်ကစပြီး သင်္ဃန်းကျွန်းမြို့နယ် တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ လှိုင်မြို့နယ်နဲ့ ကမာရွတ်မြို့နယ်တို့ကို Online စနစ်နဲ့ တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိတယ်”

“မြေပုံကူးတာလည်း ဆောင်ရွက်ပေးတာပေါ့နော်”

“ဆရာသိသလောက်တော့ မြေစီမံခန့်ခွဲမှုဆိုင်ရာ ကိုးမျိုးကို ဆောင်ရွက်ပေးနေတယ်လို့ သိရတယ်။ မှတ်မိသ လောက်ပြောရရင်၊ (၁) မြေငှားဂရန်လျှောက်ခြင်း။ (၂) မြေငှားဂရန် သက်တမ်းတိုးခြင်း။ (၃) မြေပိုင်ဆိုင်မှု အမည်ပြောင်းခြင်း။ (၄) မြေငှားဂရန်ပျောက်လို့ မြေငှားဂရန် မိတ်္တူ ထုတ်ပေးခြင်း။ (၅) မြေချပါမစ်ထုတ် ပေးခြင်း။ (၆) မြေငှားဂရန်ခွဲ လျှောက်ထားခြင်း။ (၇) မြေပိုင်ဆိုင်မှု မြေခွဲလျှောက်ထားခြင်း။ (၈) မြေတိုင်း တာခြင်း။ (၉) မြေပုံမြေရာဇဝင်ကူးခြင်းတို့ ဖြစ်တယ်။ အသေးစိတ်သိချင်ရင်တော့ မြေစီမံခန့်ခွဲရေးဆိုင်ရာ ဝက်ဘ်ဆိုက်မှာ ကြည့်နိုင်တယ်။ အခု မောင်အာကာဝယ်မယ်ဆိုတဲ့ မြေကွက်က ဂရန်အမည်ပေါက်ကိုယ်တိုင် ရောင်းမှာလား”

“မဟုတ်ဘူး ဆရာ။ သူ့သမီးက ရောင်းမှာ။ အမည်ပေါက်မိဘတွေက ကွယ်လွန်သွားကြပြီ။ မြေကွက်က ပေ ၄၀ အကွက်ကို ညီမနှစ်ယောက်တစ်ဝက်စီခွဲပြီး အိမ်ဆောက်ထားကြတယ်။ သမီးငယ်မြေကွက်ကို ရောင်းမှာ ဆရာ”

“ဒါဆို မြေကွက်က မခွဲစိတ်ရသေးဘူးပေါ့”

“ဘာများ အရှုပ်အရှင်းရှိနိုင်သလဲလို့ လာစုံစမ်းတာ ဆရာ”

“သားသမီးအရင်းလည်း မှန်မယ်။ မွေးချင်းကလည်း ညီမနှစ်ယောက်တည်းသာရှိတယ်ဆိုတာ မှန် တယ်ဆိုရင် အခက်အခဲသိပ်မရှိပါဘူး”

“သူတို့ ပြောစကားအရတော့ သမီးနှစ်ယောက်ကျန်ခဲ့တယ်လို့ ပြောပါတယ်”

“ပထမအချက်ကတော့ သမီးနှစ်ဦးက မိဘအမွေကို ဆက်ခံကြောင်း အမွေဆက်ခံပိုင်ဆိုင်ကြေညာစာချုပ် လုပ်ရမယ်။ ပြီးရင် အရောင်းအဝယ မှတ်ပုံတင်စာချုပ်လုပ်ရမယ်”

“အရောင်းအဝယ်မှတ်ပုံတင်စာချုပ်လုပ်ရင် အခွန်တော့ ဆောင်ရမှာပေါ့နော်”

“ဒါတော့ ရှိတာပေါ့။ ပြီးတော့ မြေကွက်ကို တရားဝင်ခွဲစိတ်ရမယ်။ ခွဲစိတ်မြေဂရန် လျှောက်ရမယ်”

“မြေဂရန်အမည်ပေါက်အထိ ရနိုင်တာပေါ့နော်”

“ရတာပေါ့။ မောင်အာကာပြောတဲ့အတိုင်းသာ အမည်ပေါက်သူက ကွယ်လွန်သူမိဘများဖြစ်ပြီး သမီးနှစ်ဦး သာကျန်ခဲ့မယ်။ ရောင်းသူ ကိုယ်တိုင် နေထိုင်တယ်ဆိုတော့ ဘာမှပြဿနာမရှိဘူးပေါ့”

“ဝယ်ဖြစ်ရင် ကန့်ကွက်ရန်ရှိ မရှိ။ သတင်းစာမှာ ထည့်ရမှာပေါ့ ဆရာ”

“ဟုတ်ပါတယ်။ အစောကပြောခဲ့သလို အငြင်းပွားစရာမရှိ စာရွက်စာတမ်းတွေပြည့်စုံရင်တော့ Online စနစ်နဲ့ အလွယ်တကူဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်က ကျင်းပတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း I.F.C တို့ ပူးပေါင်းဆောင် ရွက်တဲ့ အဆောက်အအုံဆောက်လုပ် (Online Submission System) သို့ ပြောင်းလဲဆောင်ရွက်ရန် ရှေ့ပြေး စမ်းသပ်မှုအဆင့် မိတ်ဆက်အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆောက်အအုံဆောက် လုပ်ခွင့်ပါမစ်ကို Online မှ ၂၀၁၉ ဒီဇင်ဘာလကုန်မှာ အပြည့်အဝဆောင်ရွက်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်”

“ဟုတ်ကဲ့ ဆရာ။ ကျွန်တော် ဝက်ဘ်ဆိုက်မှာကြည့်ပြီး Online ကတစ်ဆင့် ဆောင်ရွက်ကြည့်လိုက်ဦးမယ်”ဟု စာရေးသူအားပြောဆို နှုတ်ဆက်ခါ မောင်အာကာထွက်သွားပါသည်။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အေးချမ်းသာယာတဲ့အလှအပတွေနဲ့ သဘာဝရဲ့သုခဘုံ (သို့မဟုတ်) ဗီယက်နမ်
အေးချမ်းသာယာတဲ့အလှအပတွေနဲ့ သဘာဝရဲ့သုခဘုံ (သို့မဟုတ်) ဗီယက်နမ်
ကိုက်ခဲနာကျင်မှုတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ
ကိုက်ခဲနာကျင်မှုတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service