စီေရာ္နယ္ဒိုက ဇာတိေျမေပၚတူဂီရွိ စံအိမ္ကို ေပၚတူဂီလက္ေရြးစင္အသင္းေဖာ္ ပီပီထံ အရႈံးခံေရာင္းခ်

စီေရာ္နယ္ဒိုက ဇာတိေျမေပၚတူဂီရွိ စံအိမ္ကို ေပၚတူဂီလက္ေရြးစင္အသင္းေဖာ္ ပီပီထံ အရႈံးခံေရာင္းခ် - Property News in Myanmar from iMyanmarHouse.com
21 Aug 2019 12:42 pm တွင် တင်ခဲ့သည်
2152 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

စီေရာ္နယ္ဒို၏ အမည္ရင္းမွာ ခရစၥတီယာႏို ေရာ္နယ္ဒို ေဒါ့စ္ ဆန္းတို႔စ္ ေအဗိုင္ရိုျဖစ္ျပီး ေပၚတူဂီႏိုင္ငံသားျဖစ္ကာ ၁၉၈၅ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၅ ရက္တြင္ ေမြးဖြားသည္။

အဂၤလန္ ပရီးမီးယားလိဂ္ထိပ္သီးကလပ္ မန္ခ်က္စတာ ယူႏိုက္တက္တြင္ ျဖတ္သန္းခဲ့သည့္ ကစားသမားဘဝတြင္ ေဒးဗစ္ဘက္ခမ္း၏ ေနရာကို အစားထိုးဝင္ေရာက္ကာ ကမၻာေက်ာ္လာခဲ့သည္။

မန္ခ်က္စတာ ယူႏိုက္တက္တ ြင္ ၂၀၀၃ခုႏွစ္က စတင္ ပါဝင္ကစားခဲ့ျခင္းျဖစ္ျပိး ထိုစဥ္က အသက္ ၁၈ ႏွစ္သာ ရွိေသးသည္။

၂၀၀၉ ခုႏွစ္တြင္ ရီးယဲ မက္ဒရစ္အသင္းသို႔ ထိုကာလက စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္သည့္ ေပါင္ သန္း ၈၀ ျဖင့္ ေျပာင္းေရႊ႕ခဲ့သည္။

စပိန္လာလီဂါတြင္ ကစားခဲ့စဥ္ကာလအတ ြင္း ဟက္ထရစ္ေပါင္း ၃၄ ၾကိမ္အထိ စံခ်ိန္တင္ သြင္းယူခဲ့သည္။

၂၀၁၈ ခုႏွစ္တ ြင္ကား အီတလီကလပ္ ဂ်ဴဗင္တပ္က ယူရိုသန္း ၁၀၀ အထိ ေပးျပီး ေခၚယူခဲ့ရာ ႏွစ္ေပါင္း ၃၀ ကာလအတြင္း ကစားသမားတစ္ဦးအတြက္ အီတလီကလပ္အသင္းတစ္ခုက အျမင့္မားဆံုးေပးသည့္ ေစ်းႏႈန္းျဖစ္ခဲ့သည္။

လက္ရွိအားျဖင့္ အီတလီစီးရီးေအ ထိပ္သီးကလပ္ ဂ်ဴဗင္တပ္အသင္းတြင္ တိုက္စစ္မွဴးအျဖစ္ ကစားေနသည့္အျပင္ ေပၚတူဂီ လက္ေရြးစင္အသင္း အသင္းေခါင္းေဆာင္တစ္ဦးလည္း ျဖစ္သည္။

သမိုင္းေခတ္တစ္ေလွ်ာက္ အေကာင္းဆံုး ေဘာလံုးသမားမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သည္ဟု မၾကာခဏ ေဖာ္ျပခံရသည္။ ေရႊေဘာလံုးဆု ၅ ၾကိမ္၊ ဥေရာပ ေရႊဖိနပ္ဆု ၄ ၾကိမ္ (၄ ၾကိမ္ရသည့္ တစ္ဦးတည္းေသာသူ) ရရွိထားျပီး ကလပ္အသင္းမ်ားႏွင့္ ႏိုင္ငံအသင္းအတြက္ ဂိုးစုစုေပါင္း ၇၀၀ ေက်ာ္ သြင္းယူေပးထားျပီး ျဖစ္သည္။

ယခုအခါ စီေရာ္နယ္ဒိုက သူ၏ဇာတိေျမ ေပၚတူဂီရွိ စံအိမ္ကို ေပၚတူဂီလက္ေရြးစင္ အသင္းေဖာ္ ပီပီထံ ေပါင္ ၂ ဒသမ ၃ သန္းျဖင့္ ေရာင္းခ်လိုက္ျပီျဖစ္သည္။

စီေရာ္နယ္ဒိုက အဆိုပါစံအိမ္ကို ပီပီထံ အရံႈးခံေရာင္းခ်ခဲ့ျခင္းျဖစ္ျပီး ၂၀၁၂ ခုႏွစ္က ဝယ္ယူခဲ့သည့္ ေစ်းႏႈန္းႏွင့္ ႏႈိင္းယွဥ္လွ်င္ ေပါင္ ၁ ဒသမ ၂၅ သန္း အရံႈးေပၚခဲ့သည္ဟုဆိုရာ စီေရာ္နယ္ဒို၏ ရက္ေရာမႈကို ျပသလိုက္ျခင္းလည္း ျဖစ္သည္။

စံအိမ္တည္ေနရာမွာ ေပၚတူဂီ၏ တစ္ခုတည္းေသာ အမ်ဳိးသားဥယ်ာဥ္အနီးတြင္ျဖစ္သည္။

အိမ္ျခံေျမမ်ားစြာ အမည္ေပါက္ပိုင္ဆိုင္ထားသူ ဂ်ဴဗင္တပ္ၾကယ္ပြင့္သည္ ဇာတိေျမရွိ စံအိမ္ကို အသင္းေဖာ္ထံ ေစ်းႏႈန္းမ်ားစြာ အရံႈးခံေရာင္းခ်ကာ မိတ္ေဆြစိတ္ကို ျပသလိုက္မႈျဖစ္သည္။

ရဟတ္ယာဥ္ကြင္းတစ္ခုလည္း ပါဝင္ေသာ အဆိုပါစံအိမ္ကို စီေရာ္နယ္ဒိုက လြန္ခဲ့ေသာ ၇ ႏွစ္က ဝယ္ယူခဲ့ရာတြင္ ေပါင္ ၃ ဒသမ ၅ သန္း ေပးခဲ့ရသည္။ ေနအိမ္အက်ယ္အဝန္းမွာ စတုရန္းမီတာ ၈၀၀ ခန္႔ရွိျပီး ကာဗာဒိုျမစ္ၾကီး၏ ရင္သပ္ရႈေမာဖြယ္ရႈခင္းမ်ား ပိုင္ဆိုင္ထားသည္။

UEFA Nations League ဖလားျပိဳင္ပြဲအတြက္ ႏိုင္ငံအသင္းကို ကိုယ္စားျပဳကာ ကစားခဲ့စဥ္ စီေရာ္နယ္ဒိုႏွင့္ ပီပီတို႔အၾကား ယခုအိမ္ျခံေျမ အေရာင္းအဝယ္ေပၚေပါက္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

ပီပီသည္ ရီးရဲမက္ဒရစ္တြင္ စီေရာ္နယ္ဒိုႏွင့္အတူ ကစားခဲ့သူျဖစ္ျပီး ယခုအခါ တူရကီကလပ္ ဘက္ဆစ္တပ္မွ ထြက္ခြာကာ ဇာတိေျမရွိ ေပၚတိုအသင္းတြင္ ဝင္ေရာက္ကစားေနသည္။

စီေရာ္နယ္ဒိုေရာင္းခ်လိုက္သည့္ေနအိမ္တည္ရွိရာ Geres အမ်ဳိးသားဥယ်ာဥ္တည္ေနရာသည္ ကမၻာေက်ာ္တို႔ျဖင့္ ေက်ာ္ၾကားသည့္ ေနရာျဖစ္ျပီး မန္ခ်က္စတာယူႏိုက္တက္နည္းျပေဟာင္း ဂ်ဳိ႕စ္ ေမာ္ရင္ဟိုႏွင့္ နာမည္ေက်ာ္ ေဘာလံုးေအးဂ်င့္ မီႏို ရီအိုလာတို႔ စံအိမ္မ်ား ပိုင္ဆိုင္ထားသည့္ေနရာလည္း ျဖစ္သည္။

ဂ်ဴဗင္တပ္အသင္းသည္ ၁၉၉၆ တြင္ ခ်န္ပီယံလိဂ္ဖလားရခဲ့ျပီးေနာက္ပိုင္း ယခုရာသီတြင္ ဥေရာပ၏ ထိပ္တန္းေနရာ ေရာက္လာရန္ ရည္မွန္းထားရာ ေဘာလံုးရာသီစသည္ႏွင့္ တျပိဳင္နက္ စီေရာ္နယ္ဒို၏ ပုခံုးေပၚသို႔ ဖိအားမ်ား ျပန္လည္က်ေရာက္လာေတာ့မည္ ျဖစ္သည္။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

စီရော်နယ်ဒို၏ အမည်ရင်းမှာ ခရစ္စတီယာနို ရော်နယ်ဒို ဒေါ့စ် ဆန်းတို့စ် အေဗိုင်ရိုဖြစ်ပြီး ပေါ်တူဂီနိုင်ငံသားဖြစ်ကာ ၁၉၈၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင် မွေးဖွားသည်။

အင်္ဂလန် ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်တွင် ဖြတ်သန်းခဲ့သည့် ကစားသမားဘဝတွင် ဒေးဗစ်ဘက်ခမ်း၏ နေရာကို အစားထိုးဝင်ရောက်ကာ ကမ္ဘာကျော်လာခဲ့သည်။

မန်ချက်စတာ ယူနိုက်တက်တ ွင် ၂၀၀၃ခုနှစ်က စတင် ပါဝင်ကစားခဲ့ခြင်းဖြစ်ပြိး ထိုစဉ်က အသက် ၁၈ နှစ်သာ ရှိသေးသည်။

၂၀၀၉ ခုနှစ်တွင် ရီးယဲ မက်ဒရစ်အသင်းသို့ ထိုကာလက စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သည့် ပေါင် သန်း ၈၀ ဖြင့် ပြောင်းရွှေ့ခဲ့သည်။

စပိန်လာလီဂါတွင် ကစားခဲ့စဉ်ကာလအတ ွင်း ဟက်ထရစ်ပေါင်း ၃၄ ကြိမ်အထိ စံချိန်တင် သွင်းယူခဲ့သည်။

၂၀၁၈ ခုနှစ်တ ွင်ကား အီတလီကလပ် ဂျူဗင်တပ်က ယူရိုသန်း ၁၀၀ အထိ ပေးပြီး ခေါ်ယူခဲ့ရာ နှစ်ပေါင်း ၃၀ ကာလအတွင်း ကစားသမားတစ်ဦးအတွက် အီတလီကလပ်အသင်းတစ်ခုက အမြင့်မားဆုံးပေးသည့် ဈေးနှုန်းဖြစ်ခဲ့သည်။

လက်ရှိအားဖြင့် အီတလီစီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်အသင်းတွင် တိုက်စစ်မှူးအဖြစ် ကစားနေသည့်အပြင် ပေါ်တူဂီ လက်ရွေးစင်အသင်း အသင်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

သမိုင်းခေတ်တစ်လျှောက် အကောင်းဆုံး ဘောလုံးသမားများတွင် တစ်ဦးအပါအဝင်ဖြစ်သည်ဟု မကြာခဏ ဖော်ပြခံရသည်။ ရွှေဘောလုံးဆု ၅ ကြိမ်၊ ဥရောပ ရွှေဖိနပ်ဆု ၄ ကြိမ် (၄ ကြိမ်ရသည့် တစ်ဦးတည်းသောသူ) ရရှိထားပြီး ကလပ်အသင်းများနှင့် နိုင်ငံအသင်းအတွက် ဂိုးစုစုပေါင်း ၇၀၀ ကျော် သွင်းယူပေးထားပြီး ဖြစ်သည်။

ယခုအခါ စီရော်နယ်ဒိုက သူ၏ဇာတိမြေ ပေါ်တူဂီရှိ စံအိမ်ကို ပေါ်တူဂီလက်ရွေးစင် အသင်းဖော် ပီပီထံ ပေါင် ၂ ဒသမ ၃ သန်းဖြင့် ရောင်းချလိုက်ပြီဖြစ်သည်။

စီရော်နယ်ဒိုက အဆိုပါစံအိမ်ကို ပီပီထံ အရှုံးခံရောင်းချခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်က ဝယ်ယူခဲ့သည့် ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ပေါင် ၁ ဒသမ ၂၅ သန်း အရှုံးပေါ်ခဲ့သည်ဟုဆိုရာ စီရော်နယ်ဒို၏ ရက်ရောမှုကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။

စံအိမ်တည်နေရာမှာ ပေါ်တူဂီ၏ တစ်ခုတည်းသော အမျိုးသားဥယျာဉ်အနီးတွင်ဖြစ်သည်။

အိမ်ခြံမြေများစွာ အမည်ပေါက်ပိုင်ဆိုင်ထားသူ ဂျူဗင်တပ်ကြယ်ပွင့်သည် ဇာတိမြေရှိ စံအိမ်ကို အသင်းဖော်ထံ ဈေးနှုန်းများစွာ အရှုံးခံရောင်းချကာ မိတ်ဆွေစိတ်ကို ပြသလိုက်မှုဖြစ်သည်။

ရဟတ်ယာဉ်ကွင်းတစ်ခုလည်း ပါဝင်သော အဆိုပါစံအိမ်ကို စီရော်နယ်ဒိုက လွန်ခဲ့သော ၇ နှစ်က ဝယ်ယူခဲ့ရာတွင် ပေါင် ၃ ဒသမ ၅ သန်း ပေးခဲ့ရသည်။ နေအိမ်အကျယ်အဝန်းမှာ စတုရန်းမီတာ ၈၀၀ ခန့်ရှိပြီး ကာဗာဒိုမြစ်ကြီး၏ ရင်သပ်ရှုမောဖွယ်ရှုခင်းများ ပိုင်ဆိုင်ထားသည်။

UEFA Nations League ဖလားပြိုင်ပွဲအတွက် နိုင်ငံအသင်းကို ကိုယ်စားပြုကာ ကစားခဲ့စဉ် စီရော်နယ်ဒိုနှင့် ပီပီတို့အကြား ယခုအိမ်ခြံမြေ အရောင်းအဝယ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပီပီသည် ရီးရဲမက်ဒရစ်တွင် စီရော်နယ်ဒိုနှင့်အတူ ကစားခဲ့သူဖြစ်ပြီး ယခုအခါ တူရကီကလပ် ဘက်ဆစ်တပ်မှ ထွက်ခွာကာ ဇာတိမြေရှိ ပေါ်တိုအသင်းတွင် ဝင်ရောက်ကစားနေသည်။

စီရော်နယ်ဒိုရောင်းချလိုက်သည့်နေအိမ်တည်ရှိရာ Geres အမျိုးသားဥယျာဉ်တည်နေရာသည် ကမ္ဘာကျော်တို့ဖြင့် ကျော်ကြားသည့် နေရာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဂျို့စ် မော်ရင်ဟိုနှင့် နာမည်ကျော် ဘောလုံးအေးဂျင့် မီနို ရီအိုလာတို့ စံအိမ်များ ပိုင်ဆိုင်ထားသည့်နေရာလည်း ဖြစ်သည်။

ဂျူဗင်တပ်အသင်းသည် ၁၉၉၆ တွင် ချန်ပီယံလိဂ်ဖလားရခဲ့ပြီးနောက်ပိုင်း ယခုရာသီတွင် ဥရောပ၏ ထိပ်တန်းနေရာ ရောက်လာရန် ရည်မှန်းထားရာ ဘောလုံးရာသီစသည်နှင့် တပြိုင်နက် စီရော်နယ်ဒို၏ ပုခုံးပေါ်သို့ ဖိအားများ ပြန်လည်ကျရောက်လာတော့မည် ဖြစ်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service