ဂ်ပန္ႏိုင္ငံသားမ်ား အိမ္ငယ္ေလးမ်ားအား ဝယ္ယူလာ

ဂ်ပန္ႏိုင္ငံသားမ်ား အိမ္ငယ္ေလးမ်ားအား ဝယ္ယူလာ - Property News in Myanmar from iMyanmarHouse.com
9 Aug 2019 11:14 am တွင် တင်ခဲ့သည်
1479 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ၿပီးခဲ့သည့္ဆယ္စုႏွစ္အတြင္း ဂ်ပန္တြင္ ဝယ္ယူခဲ့ၾကသည့္ ပ်မ္းမွ်အိမ္အ႐ြယ္အစားသည္ ေသးငယ္လာေၾကာင္း အစိုးရေက်ာေထာက္ေနာက္ခံျပဳေအဂ်င္စီတစ္ခုျဖစ္ေသာ Japan Housing Finance Agency ၏ အစီရင္ခံစာသစ္တစ္ရပ္အရ သိရသည္။

ၿပီးခဲ့သည့္ႏွစ္က ၎ေအဂ်င္စီ၏ အိမ္ရာေခ်းေငြအစီအစဥ္ Flat 35 တြင္ ပ်မ္းမွ်ေခ်းေငြရယူသူတစ္ဦးသည္ ပ်မ္းမွ်အားျဖင့္ ၆၅ ဒသမ ၉၀ စတုရန္းမီတာ (၇၀၉ စတုရန္းေပ) က်ယ္ဝန္းေသာ တိုက္ခန္းတစ္ခန္းကို ဝယ္ယူခဲ့သည္။ ထိုယမန္ႏွစ္ပ်မ္းမွ်အိမ္အရြယ္အစားသည္ ေျခာက္ႏွစ္ဆက္တုိက္က်ဆင္းခဲ့ျခင္းျဖစ္သည္။

greater Tokyo ရပ္ဝန္းတြင္ ပ်မ္းမွ်တိုက္ခန္းတစ္ခန္းသည္ ၆၂ ဒသမ ၉၀ စတုရန္းမီတာ (၆၇၇ စတုရန္းေပ) သာ က်ယ္ဝန္းမည္ျဖစ္သည္။

တိုက္ခန္းမ်ားတြင္သာမက လံုးခ်င္းအိမ္မ်ားတြင္လည္း အလားတူပင္ေသးငယ္သြားခဲ့သည္။ တစ္ပတ္ရစ္လံုးခ်င္းအိမ္ပ်မ္းမွ်ၾကမ္းခင္းအရြယ္အစားသည္ ၁၁၁ ဒသမ ၇၀ စတုရန္းမီတာ (၁,၂၀၂ စတုရန္းေပ) သို႔ ေလ်ာ့က်ခဲ့သည္မွာ ေလးႏွစ္ဆက္တုိက္က်ဆင္းမႈပင္ျဖစ္သည္။

အိမ္ရာေခ်းေငြအစီအစဥ္ Flat 35 တြင္ ေခ်းေငြရယူခဲ့သည့္ တိုက္ခန္းဝယ္ယူသူမ်ားမွာ ပ်မ္းမွ်အသက္ ၄၀ ဒသမ ၉ ႏွစ္၊ ပ်မ္းမွ်တစ္ႏွစ္တာအိမ္ေထာင္စုဝင္ေငြ ဂ်ပန္ယန္း ၅ ဒသမ ၈၅ သန္း (အေမရိကန္ေဒၚလာ ၅၄,၀၀၀) ႏွင့္ ပ်မ္းမွ်မိသားစုဝင္ဦးေရ ၂ ဒသမ ၄ ျဖစ္သည္။ ထုိအစီအစဥ္တြင္ ေခ်းေငြရယူခဲ့သည့္ လံုးခ်င္းအိမ္ဝယ္ယူခဲ့ၾကသူမ်ားမွာ ပ်မ္းမွ်အသက္ ၄၂ ဒသမ ၂ ႏွစ္၊ ပ်မ္းမွ်တစ္ႏွစ္တာအိမ္ေထာင္စုဝင္ေငြ ဂ်ပန္ယန္း ၅ သန္း (အေမရိကန္ေဒၚလာ ၅၄,၀၀၀) ႏွင့္ ပ်မ္းမွ်မိသားစုဝင္ဦးေရ ၃ ဒသမ ၂ ျဖစ္သည္။

အိမ္ရာေခ်းေငြရယူခဲ့ၾကသူမ်ားသည္ ပ်မ္းမွ်အားျဖင့္ ဂ်ပန္ယန္း ၂၉ ဒသမ ၈ သန္း တန္ဖိုးရွိ တိုက္ခန္းမ်ားႏွင့္ ဂ်ပန္ယန္း ၂၄ ဒသမ ၇ သန္း တန္ဖိုးရွိ လံုးခ်င္းအိမ္မ်ားကို ဝယ္ယူခဲ့ၾကသည္။ ပ်မ္းမွ်ေခ်းေငြသည္ တိုက္ခန္းေဈးႏႈန္း၏ ၈၄ ဒသမ ၆ ရာခိုင္ႏႈန္းႏွင့္ လံုးခ်င္းအိမ္ေဈးႏႈန္း၏ ၈၆ ဒသမ ၂ ရာခိုင္ႏႈန္း ရွိသည္။

ဂ်ပန္တြင္ တစ္ပတ္ရစ္တိုက္ခန္းမ်ားသည္ အိုေဟာင္းမႈျမန္ဆန္ေၾကာင္းလည္း ၎အစီရင္ခံစာက ေတြ႕ရွိခဲ့သည္။ တစ္ပတ္ရစ္တိုက္ခန္းမ်ား၏ ၁၁ ဒသမ ၈ ရာခိုင္ႏႈန္းဝန္းက်င္သည္ ယခုအခါ ပ်မ္းမွ်အားျဖင့္ သက္တမ္း ၄၁ ႏွစ္ေက်ာ္ၿပီျဖစ္သည္။ ယင္းပမာဏသည္ ၀ ဒသမ ၂ ရာခိုင္ႏႈန္းရွိခဲ့ေသာ ၂၀၀၈ ခုႏွစ္ကထက္ သိသိသာသာႀကီးျမင့္တက္ခဲ့ျခင္းျဖစ္သည္။ သက္တမ္း ၁၀ ႏွစ္ေအာက္ တုိက္ခန္းမ်ားမွာ ၁၈ ဒသမ ၁ ရာခိုင္ႏႈန္း ရွိခဲ့ကာ ၄၉ ဒသမ ၈ ရာခိုင္ႏႈန္းရွိခဲ့သည့္ ၂၀၀၈ ခုႏွစ္ေအာက္ က်ဆင္းခဲ့ေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ဂျပန်တွင် ဝယ်ယူခဲ့ကြသည့် ပျမ်းမျှအိမ်အရွယ်အစားသည် သေးငယ်လာကြောင်း အစိုးရကျောထောက်နောက်ခံပြုအေဂျင်စီတစ်ခုဖြစ်သော Japan Housing Finance Agency ၏ အစီရင်ခံစာသစ်တစ်ရပ်အရ သိရသည်။

ပြီးခဲ့သည့်နှစ်က ၎င်းအေဂျင်စီ၏ အိမ်ရာချေးငွေအစီအစဉ် Flat 35 တွင် ပျမ်းမျှချေးငွေရယူသူတစ်ဦးသည် ပျမ်းမျှအားဖြင့် ၆၅ ဒသမ ၉၀ စတုရန်းမီတာ (၇၀၉ စတုရန်းပေ) ကျယ်ဝန်းသော တိုက်ခန်းတစ်ခန်းကို ဝယ်ယူခဲ့သည်။ ထိုယမန်နှစ်ပျမ်းမျှအိမ်အရွယ်အစားသည် ခြောက်နှစ်ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်သည်။

greater Tokyo ရပ်ဝန်းတွင် ပျမ်းမျှတိုက်ခန်းတစ်ခန်းသည် ၆၂ ဒသမ ၉၀ စတုရန်းမီတာ (၆၇၇ စတုရန်းပေ) သာ ကျယ်ဝန်းမည်ဖြစ်သည်။

တိုက်ခန်းများတွင်သာမက လုံးချင်းအိမ်များတွင်လည်း အလားတူပင်သေးငယ်သွားခဲ့သည်။ တစ်ပတ်ရစ်လုံးချင်းအိမ်ပျမ်းမျှကြမ်းခင်းအရွယ်အစားသည် ၁၁၁ ဒသမ ၇၀ စတုရန်းမီတာ (၁,၂၀၂ စတုရန်းပေ) သို့ လျော့ကျခဲ့သည်မှာ လေးနှစ်ဆက်တိုက်ကျဆင်းမှုပင်ဖြစ်သည်။

အိမ်ရာချေးငွေအစီအစဉ် Flat 35 တွင် ချေးငွေရယူခဲ့သည့် တိုက်ခန်းဝယ်ယူသူများမှာ ပျမ်းမျှအသက် ၄၀ ဒသမ ၉ နှစ်၊ ပျမ်းမျှတစ်နှစ်တာအိမ်ထောင်စုဝင်ငွေ ဂျပန်ယန်း ၅ ဒသမ ၈၅ သန်း (အမေရိကန်ဒေါ်လာ ၅၄,၀၀၀) နှင့် ပျမ်းမျှမိသားစုဝင်ဦးရေ ၂ ဒသမ ၄ ဖြစ်သည်။ ထိုအစီအစဉ်တွင် ချေးငွေရယူခဲ့သည့် လုံးချင်းအိမ်ဝယ်ယူခဲ့ကြသူများမှာ ပျမ်းမျှအသက် ၄၂ ဒသမ ၂ နှစ်၊ ပျမ်းမျှတစ်နှစ်တာအိမ်ထောင်စုဝင်ငွေ ဂျပန်ယန်း ၅ သန်း (အမေရိကန်ဒေါ်လာ ၅၄,၀၀၀) နှင့် ပျမ်းမျှမိသားစုဝင်ဦးရေ ၃ ဒသမ ၂ ဖြစ်သည်။

အိမ်ရာချေးငွေရယူခဲ့ကြသူများသည် ပျမ်းမျှအားဖြင့် ဂျပန်ယန်း ၂၉ ဒသမ ၈ သန်း တန်ဖိုးရှိ တိုက်ခန်းများနှင့် ဂျပန်ယန်း ၂၄ ဒသမ ၇ သန်း တန်ဖိုးရှိ လုံးချင်းအိမ်များကို ဝယ်ယူခဲ့ကြသည်။ ပျမ်းမျှချေးငွေသည် တိုက်ခန်းဈေးနှုန်း၏ ၈၄ ဒသမ ၆ ရာခိုင်နှုန်းနှင့် လုံးချင်းအိမ်ဈေးနှုန်း၏ ၈၆ ဒသမ ၂ ရာခိုင်နှုန်း ရှိသည်။

ဂျပန်တွင် တစ်ပတ်ရစ်တိုက်ခန်းများသည် အိုဟောင်းမှုမြန်ဆန်ကြောင်းလည်း ၎င်းအစီရင်ခံစာက တွေ့ရှိခဲ့သည်။ တစ်ပတ်ရစ်တိုက်ခန်းများ၏ ၁၁ ဒသမ ၈ ရာခိုင်နှုန်းဝန်းကျင်သည် ယခုအခါ ပျမ်းမျှအားဖြင့် သက်တမ်း ၄၁ နှစ်ကျော်ပြီဖြစ်သည်။ ယင်းပမာဏသည် ၀ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့သော ၂၀၀၈ ခုနှစ်ကထက် သိသိသာသာကြီးမြင့်တက်ခဲ့ခြင်းဖြစ်သည်။ သက်တမ်း ၁၀ နှစ်အောက် တိုက်ခန်းများမှာ ၁၈ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့ကာ ၄၉ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့သည့် ၂၀၀၈ ခုနှစ်အောက် ကျဆင်းခဲ့ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service