အမေရိကန်တရားရေးဌာနက သိမ်းဆည်းထားသော အမိုးခုံးစံအိမ်တစ်လုံး ကန်ဒေါ်လာ ၂ ဒသမ ၇၅ သန်း ဈေးကွက်တင်
အမေရိကန်တရားရေးဌာနက သိမ်းဆည်းထားသော အမိုးခုံးစံအိမ်တစ်လုံး ကန်ဒေါ်လာ ၂ ဒသမ ၇၅ သန်း ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
11 Jul 2019 12:01 pm တွင် တင်ခဲ့သည်
1239 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
အမေရိကန်တရားရေးဌာနက သိမ်းဆည်းထားသော အမိုးခုံးစံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂ ဒသမ ၇၅ သန်း ဈေးကွက်တင်လာသည်။
တည်နေရာမှာ နယူးယောက်ပြည်နယ်၊ ဆပ်ဖော့ခရိုင်၊ အရှေ့ဟမ့်ပ်တန်မြို့တွင်ဖြစ်ပြီး အမိုးခုံးစံအိမ်ဟုပင် လူသိများသည်။
ဗိသုကာပညာရှင် မားဇီယာ ဘယ်ရုဇ်က ၂၀၁၀ ပြည့်နှစ်တွင် ဒီဇိုင်းရေးဆွဲဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ထားသည့် ပုံသဏ္ဍာန်မှာ လေယာဉ်သိုလှောင်ရုံတစ်ခုနှင့် သဏ္ဍာန်တူနေသည်။
အဆောက်အအုံဒီဇိုင်းပုံစံမှာ ဂျိမ်းစ်ဘွန်းဇာတ်ကားများထဲမှ လူဆိုးတို့ခိုအောင်းရာနေရာတစ်ခုအသွင်လည်း ဖြစ်နေသည်။
၂၀၁၃ ခုနှစ်က အဆိုပါစံအိမ်သည် ကန်ဒေါ်လာ ၅ သန်းနီးပါးဖြင့် ဈေးကွက်ဝင်ခဲ့ဖူးကြောင်း LA Curbed တွင် ဖော်ပြခဲ့ဖူးသည်။
၂၀၁၅ ခုနှစ်အတွင်းတွင်ကား ကန်ဒေါ်လာ ၃ သန်းဖြင့် ရောင်းထွက်သွားခဲ့သည်။
အိမ်ခြံမြေမှတ်တမ်းများအရ ထိုစဉ်က ဝယ်လက်မှာ ဂျိုးဆက် မီလီ၏ ဇနီးဖြစ်သူ ဂျက်ဆီကာ မီလီဖြစ်သည်ဟု ဆိုသည်။
လက်ရှိအားဖြင့် ဂျိုးဆက်မီလီမှာ အကျဉ်းကျခံရလျက်ရှိသည်။
ဂျိုးဆက်မီလီသည် အကျဉ်းကျခံနေရသည်ဆိုသော်လည်း ၎င်းလိမ်လည်ခဲ့သည့် ရင်းနှီးမြှုပ်နှံသူများကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော် ပြန်လည်ပေးဆပ်ရန် တာဝန်ရှိနေဆဲ ဖြစ်သည်။
တရားရေးဌာနက သိမ်းယူခဲ့သည့် ဂျိုးဆက်၏ ပိုင်ဆိုင်မှုများတွင် ဟမ့်ပ်တန်ရှိ ယခုနေအိမ်လည်း အပါအဝင်ဖြစ်သည်။
ယခုနေအိမ်သည် ဒေသတွင်းရှိ Cape Cod ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့်နေအိမ်များအနက် တမူထူးခြားထင်ရှားနေသည့် နေအိမ်တစ်လုံးဖြစ်သည်။
ခြံအကျယ်အဝန်း ၃ ဧကတွင် သစ်တောများ ဖုံးလွှမ်းနေပြီး နေအိမ်မှာ စတုရန်းပေ ၆၄၀၀ အကျယ်အဝန်းရှိပြီး နေအိမ်အကျယ်အဝန်း၏ ထက်ဝက်မှာ မြေအောက်တွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
နှစ်ထပ်အဆောက်အအုံကို ကျောက်တုံး၊ မှန်၊ သစ်တို့ဖြင့် ဆောက်လုပ်ထားပြီး အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်းအပြင် ပန်းချီပြခန်းတစ်ခုလည်း ပါဝင်သည်။
အလျားပေ ၆၀ ၊ အနံ ပေ ၃၀ ရှိပြီး ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသည့်ပြတင်းများ တပ်ဆင်ထားကာ အမြင့်ဆုံးနေရာတွင် ၁၆ ပေ မြင့်မားသည်။
စံအိမ်တည်နေရာမှာ တင်းနစ်ကလပ်၊ ကျေးရွာ၊ ပင်လယ်ကမ်းခြေများ၊ နယူးယောက်မြို့သို့ ရောက်ရှိနိုင်သည့် လေဆိပ်တို့နှင့် နီးကပ်ကြောင်း ဈေးကွက်တင်မှတ်တမ်းများတွင် ဖော်ပြသည်။
အရောင်းဈေးကွက်တင်ပေးသည်မှာ Utopia Real Estate မှ အကျိုးဆောင် ပေါလ် လူစီယာနို ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service