ကမၻာေပၚတြင္ ဇီလန္းဒီယာဟုေခၚေသာ တိုက္ၾကီးတစ္ခု ရွိေနျပီး ၆ ရာခိုင္ႏႈန္းသာ ေရမ်က္ႏွာျပင္ေပၚတြင္ ေပၚေန

ကမၻာေပၚတြင္ ဇီလန္းဒီယာဟုေခၚေသာ တိုက္ၾကီးတစ္ခု ရွိေနျပီး ၆ ရာခိုင္ႏႈန္းသာ ေရမ်က္ႏွာျပင္ေပၚတြင္ ေပၚေန - Property News in Myanmar from iMyanmarHouse.com
10 Jul 2019 11:47 am တွင် တင်ခဲ့သည်
10961 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမၻာေပၚတြင္ အာရွတိုက္၊ ဥေရာပတိုက္၊ အာဖရိကတိုက္၊ ေျမာက္အေမရိကတိုက္၊ ေတာင္အေမရိကတိုက္၊ အႏၱာတိကတိုက္ႏွင့္ ၾသစေတးလ်တိုက္ဟူ၍ တိုက္ၾကီး ၇ တိုက္ရွိေၾကာင္း ေက်ာင္းတြင္ လူတိုင္း သင္ယူခဲ့ၾကဖူးသည္။

သို႔ရာတြင္ လူတိုင္းမသိၾကေသးသည့္အခ်က္တစ္ခုကား ကမၻာေပၚတြင္ ဇီလန္းဒီယာဟုေခၚသည့္ တိုက္ၾကီးတစ္ခုရွိေနသည့္ အခ်က္ပင္ ျဖစ္သည္။

တည္ေနရာမွာ နယူးဇီလန္ႏိုင္ငံအနီးတြင္ျဖစ္ျပီး မျပတ္မေတာက္ဘဲ တစ္ဆက္တည္းရွိသည့္ေျမ စတုရန္းမိုင္ ၁ ဒသမ ၈၉ သန္းရွိရာ တိုက္ၾကီးတစ္တိုက္အျဖစ္ ရပ္တည္ရန္ လံုေလာက္သည့္အတိုင္းအတာ ျဖစ္သည္။

တစ္ခုတည္းေသာ ေျပာရန္ရွိသည့္အခ်က္ကား အမ်ားစုမွာ ေရေအာက္တြင္ ရွိေနသည့္အခ်က္ ျဖစ္သည္။

ဇီလန္းဒီယာတိုက္ၾကီး၏ ၆ ရာခိုင္ႏႈန္းသာ ေရေပၚတြင္ ေပၚေနျပီး ေရေပၚတြင္ တည္ရွိသည့္ ကုန္းေျမမ်ား၌ နယူးဇီလန္ႏိုင္ငံႏွင့္ နယူး ကာလီဒိုးနီးယားတို႔ ပါဝင္သည္။ ၁၉၉၀ ျပည့္လြန္ကာလမ်ားတြင္ သိပၸံပညာရွင္အုပ္စုတစ္ခုသည္ အဆိုပါေဒသကို ေလ့လာမႈမ်ားျပဳလုပ္ခဲ့ကာ ၎တို႔၏ ေတြ႔ရွိခ်က္မ်ားကို အေမရိကန္ဘူမိေဗဒအသင္းၾကီးထံ ၂၀၁၆ ခုႏွစ္၊ ဒီဇင္ဘာလ၌ အစီရင္ခံတင္ျပခဲ့ၾကသည္။

ယင္းေနာက္ပိုင္း ၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလတြင္လည္း သိပၸံပညာရွင္ ၃၂ ဦးပါဝင္ေသာ အဖြဲ႔တစ္ဖြဲ႔သည္ တက္စ္ေမးနီးယားႏိုင္ငံသို႔ သြားေရာက္ကာ နစ္ျမွဳပ္ေနေသာ တိုက္ၾကီး၏ အစိတ္အပိုင္းေနရာအခ်ဳိ႕ကို ေလ့လာမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

ေနရာ ၆ ခုမွ ေျမသားအူတိုင္ ၈၂၀၂ ေပ ရယူကာ အတိတ္ကာလ၏ ရာသီဥတုႏွင့္ ဘူမိေဗဒတို႔ကို ေလ့လာခဲ့ၾကသည္။

ရိုက္စ္တကၠသိုလ္မွ ဂ်ရဲလ္ ဒစ္ကင္းစ္၏ ေျပာၾကားခ်က္အရ ေသးငယ္ေသာ ေက်ာက္ျဖစ္ရုပ္ၾကြင္း မ်ဳိးကြဲမ်ားစြာေတြ႔ရွိရေၾကာင္း၊ ယင္းအခ်က္အရ ဇီလန္းဒီယာသည္ အတိတ္ကာလက ပင္လယ္ေရမ်က္ႏွာျပင္ႏွင့္ နီးကပ္စြာသာ တည္ရွိခဲ့ေၾကာင္း ေျပာၾကားသည္။

ေျမသားနမူနာမ်ားကို ေလ့လာခ်က္မ်ားမွာ လက္ရွိတြင္ ျပဳလုပ္ေနဆဲျဖစ္ေၾကာင္း National Science ေဖာင္ေဒးရွင္းက ထုတ္ျပန္ထားသည္။

သိပၸံပညာရွင္တို႔က ယူဆထားသည္မွာ ဇီလန္းဒီယာသည္ လြန္ခဲ့ေသာႏွစ္သန္းေပါင္း ၆၀ မွ ၈၅ သန္းအတြင္း ၾသစေတးလ်တိုက္မွ ကြဲထြက္သြားသည့္ ကုန္းေျမတစ္ခုျဖစ္သည္ဟု ယူဆၾကသည္။

လက္ရွိအားျဖင့္ ဇီလန္းဒီယာတိုက္ၾကီး၏ ကုန္းေျမ အမ်ားစုသည္ ပင္လယ္ေရေအာက္ တစ္မိုင္၏ သံုးပံုႏွစ္ပံုခန္႔ နစ္ျမွဳပ္လ်က္ရွိသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

ကမ္ဘာပေါ်တွင် အာရှတိုက်၊ ဥရောပတိုက်၊ အာဖရိကတိုက်၊ မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်၊ အန္တာတိကတိုက်နှင့် သြစတေးလျတိုက်ဟူ၍ တိုက်ကြီး ၇ တိုက်ရှိကြောင်း ကျောင်းတွင် လူတိုင်း သင်ယူခဲ့ကြဖူးသည်။

သို့ရာတွင် လူတိုင်းမသိကြသေးသည့်အချက်တစ်ခုကား ကမ္ဘာပေါ်တွင် ဇီလန်းဒီယာဟုခေါ်သည့် တိုက်ကြီးတစ်ခု ရှိနေသည့် အချက်ပင် ဖြစ်သည်။

တည်နေရာမှာ နယူးဇီလန်နိုင်ငံအနီးတွင်ဖြစ်ပြီး မပြတ်မတောက်ဘဲ တစ်ဆက်တည်းရှိသည့်မြေ စတုရန်းမိုင် ၁ ဒသမ ၈၉ သန်းရှိရာ တိုက်ကြီးတစ်တိုက်အဖြစ် ရပ်တည်ရန် လုံလောက်သည့်အတိုင်းအတာ ဖြစ်သည်။

တစ်ခုတည်းသော ပြောရန်ရှိသည့်အချက်ကား အများစုမှာ ရေအောက်တွင် ရှိနေသည့်အချက် ဖြစ်သည်။

ဇီလန်းဒီယာတိုက်ကြီး၏ ၆ ရာခိုင်နှုန်းသာ ရေပေါ်တွင် ပေါ်နေပြီး ရေပေါ်တွင် တည်ရှိသည့် ကုန်းမြေများ၌ နယူးဇီလန်နိုင်ငံနှင့် နယူး ကာလီဒိုးနီးယားတို့ ပါဝင်သည်။ ၁၉၉၀ ပြည့်လွန်ကာလများတွင် သိပ္ပံပညာရှင်အုပ်စုတစ်ခုသည် အဆိုပါဒေသကို လေ့လာမှုများပြုလုပ်ခဲ့ကာ ၎င်းတို့၏ တွေ့ရှိချက်များကို အမေရိကန်ဘူမိဗေဒအသင်းကြီးထံ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ၌ အစီရင်ခံတင်ပြခဲ့ကြသည်။

ယင်းနောက်ပိုင်း ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင်လည်း သိပ္ပံပညာရှင် ၃၂ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့သည် တက်စ်မေးနီးယားနိုင်ငံသို့ သွားရောက်ကာ နစ်မြှုပ်နေသော တိုက်ကြီး၏ အစိတ်အပိုင်းနေရာအချို့ကို လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။

နေရာ ၆ ခုမှ မြေသားအူတိုင် ၈၂၀၂ ပေ ရယူကာ အတိတ်ကာလ၏ ရာသီဥတုနှင့် ဘူမိဗေဒတို့ကို လေ့လာခဲ့ကြသည်။

ရိုက်စ်တက္ကသိုလ်မှ ဂျရဲလ် ဒစ်ကင်းစ်၏ ပြောကြားချက်အရ သေးငယ်သော ကျောက်ဖြစ်ရုပ်ကြွင်း မျိုးကွဲများစွာတွေ့ရှိရကြောင်း၊ ယင်းအချက်အရ ဇီလန်းဒီယာသည် အတိတ်ကာလက ပင်လယ်ရေမျက်နှာပြင်နှင့် နီးကပ်စွာသာ တည်ရှိခဲ့ကြောင်း ပြောကြားသည်။

မြေသားနမူနာများကို လေ့လာချက်များမှာ လက်ရှိတွင် ပြုလုပ်နေဆဲဖြစ်ကြောင်း National Science ဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။

သိပ္ပံပညာရှင်တို့က ယူဆထားသည်မှာ ဇီလန်းဒီယာသည် လွန်ခဲ့သောနှစ်သန်းပေါင်း ၆၀ မှ ၈၅ သန်းအတွင်း သြစတေးလျတိုက်မှ ကွဲထွက်သွားသည့် ကုန်းမြေတစ်ခုဖြစ်သည်ဟု ယူဆကြသည်။

လက်ရှိအားဖြင့် ဇီလန်းဒီယာတိုက်ကြီး၏ ကုန်းမြေ အများစုသည် ပင်လယ်ရေအောက် တစ်မိုင်၏ သုံးပုံနှစ်ပုံခန့် နစ်မြှုပ်လျက်ရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service