ဂ်ပန္ေျမေဈးမ်ား ေလးႏွစ္ဆက္တုိက္ျမင့္တက္

ဂ်ပန္ေျမေဈးမ်ား ေလးႏွစ္ဆက္တုိက္ျမင့္တက္ - Property News in Myanmar from iMyanmarHouse.com
5 Jul 2019 10:46 am တွင် တင်ခဲ့သည်
1099 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဂ်ပန္တြင္ စီးပြားေရးျပန္လည္နာလန္ထူလာမႈႏွင့္ ျပည္ပမွ ခရီးသြားဧည့္သည္ဝင္ေရာက္မႈျမင့္တက္လာမႈေၾကာင့္ ခရီးသြားအခ်က္အခ်ာေနရာမ်ားႏွင့္ အဓိကၿမိဳ႕ႀကီးမ်ားတြင္ ဝယ္လိုအားေကာင္းမႈတို႔၏ဂယက္ေၾကာင့္ ေျမေဈးမ်ားသည္ ေလးႏွစ္ဆက္တုိက္အျဖစ္ ျမင့္တက္ခဲ့ျပန္ၿပီျဖစ္ေၾကာင္း အမ်ဳိးသားအခြန္ဦးစီးဌာနက ဇူလုိင္ ၁ တြင္ ထုတ္ျပန္ခဲ့သည္။

ဟိုတယ္ႏွင့္႐ံုးခန္းမ်ားအတြက္ အလ်င္လိုေသာဝယ္လုိအားမ်ားက ၂၀၁၈ ခုႏွစ္အတြင္း ေျမေဈးကို ၂၀၁၇ ခုႏွစ္ကထက္ ၁ ဒသမ ၃ ရာခိုင္ႏႈန္း ျမင့္တက္ေစခဲ့သည္။ ၂၀၁၇ ခုႏွစ္ျမင့္တက္ႏႈန္းမွာ ၀ ဒသမ ၇ ရာခိုင္ႏႈန္းျဖစ္သည္။ သို႔ေသာ္လည္း ၿမိဳ႕ျပႏွင့္ေက်းလက္အၾကား ေျမေဈးကြာဟမႈမွာမူ ဆက္လက္က်ယ္ဝန္းခဲ့သည္။

ေျမေဈးမ်ားသည္ လာမည့္ႏွစ္တြင္ အိုလံပစ္ႏွင့္ပါရာလမ္ပစ္အားကစားပြဲအား လက္ခံက်င္းပမည့္ ၿမိဳ႕ေတာ္တိုက်ဳိအပါအဝင္ စီရင္စု ၄၇ ခုတြင္ ၁၉ ခု၌ ျမင့္တက္ခဲ့ျခင္းျဖစ္သည္။ ၂၀၁၇ ခုႏွစ္ကမူ စီရင္စု ၁၈ ခုတြင္ ျမင့္တက္ခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္လည္း ေျမေဈးႏႈန္းမ်ားသည္ စီရင္စု ၂၇ ခုတြင္ က်ဆင္းခဲ့ျခင္းျဖစ္ၿပီး ေဟ်ာဂိုစီရင္စု၌မူ မေျပာင္းလဲခဲ့ေပ။

အီရွီကာဝါစီရင္စုႏွင့္ အိုအီတာစီရင္စုတို႔ရွိ ေျမေဈးမ်ားမွာ ၂၇ ႏွစ္အတြင္း ပထမဆံုးျမင့္တက္ခဲ့ျခင္းျဖစ္ၿပီး အုိကီနာဝါစီရင္စုက ျမင့္တက္ႏႈန္း ၈ ဒသမ ၃ ရာခိုင္ႏႈန္းျဖင့္ ျမင့္တက္မႈႏႈန္းအျမန္ဆံုးစီရင္စုျဖစ္ခဲ့သည္။

အဆိုပါစစ္တမ္းသည္ ဂ်ပန္ႏုိင္ငံရွိ ေျမကြက္ေပါင္း ၃၂၀,၀၀၀ ခန္႔ကို ေလ့လာတြက္ခ်က္ခဲ့ျခင္းျဖစ္သည္။

တိုက်ဳိရွိေျမကြက္မ်ားသည္ လူႀကိဳက္အမ်ားဆံုးျဖစ္ဆဲျဖစ္ကာ ဂင္ဇာခ႐ိုင္ရွိေျမေဈးသည္ ၁ စတုရန္းမီတာလွ်င္ ဂ်ပန္ယန္း ၄၅ ဒသမ ၆ သန္း (အေမရိကန္ေဒၚလာ ၄၂၃,၅၀၀) သို႔ စံခ်ိန္တင္ျမင့္တက္ခဲ့သည္။

ဂ်ပန္၏နာမည္ေက်ာ္ေဈးဝယ္နယ္ပယ္ ဂင္ဇာသည္ ထိုသို႔ ဂ်ပန္၏ေဈးအႀကီးဆံုးေျမျဖစ္လာခဲ့သည္မွာ ၃၄ ႏွစ္တိုင္ခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဂျပန်တွင် စီးပွားရေးပြန်လည်နာလန်ထူလာမှုနှင့် ပြည်ပမှ ခရီးသွားဧည့်သည်ဝင်ရောက်မှုမြင့်တက်လာမှုကြောင့် ခရီးသွားအချက်အချာနေရာများနှင့် အဓိကမြို့ကြီးများတွင် ဝယ်လိုအားကောင်းမှုတို့၏ဂယက်ကြောင့် မြေဈေးများသည် လေးနှစ်ဆက်တိုက်အဖြစ် မြင့်တက်ခဲ့ပြန်ပြီဖြစ်ကြောင်း အမျိုးသားအခွန်ဦးစီးဌာနက ဇူလိုင် ၁ တွင် ထုတ်ပြန်ခဲ့သည်။

ဟိုတယ်နှင့်ရုံးခန်းများအတွက် အလျင်လိုသောဝယ်လိုအားများက ၂၀၁၈ ခုနှစ်အတွင်း မြေဈေးကို ၂၀၁၇ ခုနှစ်ကထက် ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်စေခဲ့သည်။ ၂၀၁၇ ခုနှစ်မြင့်တက်နှုန်းမှာ ၀ ဒသမ ၇ ရာခိုင်နှုန်းဖြစ်သည်။ သို့သော်လည်း မြို့ပြနှင့်ကျေးလက်အကြား မြေဈေးကွာဟမှုမှာမူ ဆက်လက်ကျယ်ဝန်းခဲ့သည်။

မြေဈေးများသည် လာမည့်နှစ်တွင် အိုလံပစ်နှင့်ပါရာလမ်ပစ်အားကစားပွဲအား လက်ခံကျင်းပမည့် မြို့တော်တိုကျိုအပါအဝင် စီရင်စု ၄၇ ခုတွင် ၁၉ ခု၌ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်ကမူ စီရင်စု ၁၈ ခုတွင် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း မြေဈေးနှုန်းများသည် စီရင်စု ၂၇ ခုတွင် ကျဆင်းခဲ့ခြင်းဖြစ်ပြီး ဟျောဂိုစီရင်စု၌မူ မပြောင်းလဲခဲ့ပေ။

အီရှီကာဝါစီရင်စုနှင့် အိုအီတာစီရင်စုတို့ရှိ မြေဈေးများမှာ ၂၇ နှစ်အတွင်း ပထမဆုံးမြင့်တက်ခဲ့ခြင်းဖြစ်ပြီး အိုကီနာဝါစီရင်စုက မြင့်တက်နှုန်း ၈ ဒသမ ၃ ရာခိုင်နှုန်းဖြင့် မြင့်တက်မှုနှုန်းအမြန်ဆုံးစီရင်စုဖြစ်ခဲ့သည်။

အဆိုပါစစ်တမ်းသည် ဂျပန်နိုင်ငံရှိ မြေကွက်ပေါင်း ၃၂၀,၀၀၀ ခန့်ကို လေ့လာတွက်ချက်ခဲ့ခြင်းဖြစ်သည်။

တိုကျိုရှိမြေကွက်များသည် လူကြိုက်အများဆုံးဖြစ်ဆဲဖြစ်ကာ ဂင်ဇာခရိုင်ရှိမြေဈေးသည် ၁ စတုရန်းမီတာလျှင် ဂျပန်ယန်း ၄၅ ဒသမ ၆ သန်း (အမေရိကန်ဒေါ်လာ ၄၂၃,၅၀၀) သို့ စံချိန်တင်မြင့်တက်ခဲ့သည်။

ဂျပန်၏နာမည်ကျော်ဈေးဝယ်နယ်ပယ် ဂင်ဇာသည် ထိုသို့ ဂျပန်၏ဈေးအကြီးဆုံးမြေဖြစ်လာခဲ့သည်မှာ ၃၄ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service