အိုင်ယာလန်တွင် ဧကပေါင်း ၁၀၀၀ ကျယ်ဝန်းသည့် စံအိမ်ကြီးတစ်လုံး ယူရိုသန်း ၂၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
4 Jul 2019 1:00 pm တွင် တင်ခဲ့သည်
1145 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
အိုင်ယာလန်တွင် ဧကပေါင်း ၁၀၀၀ ကျယ်ဝန်းသည့် စံအိမ်ကြီးတစ်လုံး ယူရိုသန်း ၂၀ ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
အဆိုပါစံအိမ်ကြီးကို ၁၇၀၀ ပြည့်လွန်ကာလများကတည်းက ဆောက်လုပ်ခဲ့သည့် ရှေးဟောင်းသမိုင်းဝင်နေအိမ်ကြီးဖြစ်ပြီး ခြံဝန်းကျယ်ကြီးအတွင်းရှိ ဝက်သစ်ချပင်ကြီးမှာ အိုင်ယာလန်တွင် သက်တမ်းအရင့်ဆုံး အပင်ကြီးအဖြစ် စံချိန်တင်ထားသည်။
တည်နေရာမှာ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့တော်၏ အနောက်တောင်ဘက်၊ လောက်စ်ခရိုင်တွင် တည်ရှိပြီး Abbey Leix Estate ဟု စံအိမ်ကို အမည်ပေးထားသည်။
အကျယ်အဝန်း ၁၁၂၀ ဧကရှိသော Abbey Leix Estate ကို ယူရို သန်း ၂၀ ကျော် (ကန်ဒေါ်လာ ၂၂ ဒသမ ၇ သန်း) ဖြင့် ဈေးခေါ်ထားသည်။
ကျယ်ဝန်းလှသော ခြံဝန်းကြီးအတွင်း အခြားနေအိမ် ၁၀ လုံးလည်း ပါဝင်သေးပြီး သစ်ပင်များ၊ တောအုပ်များ ပါဝင်သည်။
ခြံဝန်းကြီး၏ သမိုင်းကြောင်းမှာ ၁၂ ရာစုအစောပိုင်းအထိ ရှည်လျားသည့်သမိုင်းကြောင်းရှိခဲ့သည်။
အနီးရှိ နိုရီမြစ်ကို အမှီပြုကာ ဘုန်းတော်ကြီးများက အဆိုပါဒေသတွင် အခြေချနေထိုင်လာခဲ့ကြသည်။
နေအိမ်သို့ သွားမည်ဆိုလျှင် ခြံဝန်းအတွင်းရှိ တစ်မိုင်ခန့် ရှည်လျားသော မော်တော်ကားလမ်းမှ မောင်းနှင်ဖြတ်သန်းပြီးမှ နေအိမ်သို့ ရောက်ရှိမည်ဖြစ်သည်။
ပထမဆုံး ပိုင်ဆိုင်ခဲ့သူမှာ သောမတ်စ် ဗီဆေးဆိုသူဖြစ်ပြီး ၎င်းနောက်တွင် လော့ဒ် နက်ပ်တန်၊ နောက်ဆုံးတွင် ဗစ်စ်ကောင် ဒီ ဗက်စီက ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
၁၇၀၀ ပြည့်လွန် နှောင်းပိုင်းကာလများတွင် ဂျော်ဂျီယာဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ပြီးနောက်ပိုင်း နေအိမ်၏ ရှည်လျားလှသော သမိုင်းကြောင်းအတွင်း ပြုပြင်မွမ်းမံမှုများ၊ တိုးချဲ့မှုများ များစွာပြုလုပ်ခဲ့သည်။
၁၉၉၅ ခုနှစ်တွင် ဘဏ်လုပ်ငန်းရှင် သူဌေးကြီး ဆာ ဒေးဗစ် ဒါဗီးစ်က ဗိသုကာပညာရှင် ဂျွန် ဂျေ- အို- ကွန်းနဲလ်၏ အကူအညီဖြင့် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သေးသည်။
“Abbey Leix စံအိမ်ကြီးဟာ အိုင်ယာလန်မှာ ၁၈ ရာစုတုန်းက အထင်ရှားခဲ့ဆုံး စံအိမ်ကြီးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်”ဟု ဈေးကွက်တင်ပေးခဲ့သည့် Sotheby’s International မှ အိမ်ခြံမြေအကျိုးဆောင် ဒေးဗစ် အက်ရှ်မဲရ်က ပြောကြားသည်။
ပြုပြင်မွမ်းမံမှုများစွာ ပြုလုပ်ခဲ့ရာတွင် စံအိမ်ကြီး၏ မူရင်းဗိသုကာဟန်များကို မထိခိုက်စေရန် ထိန်းသိမ်းခဲ့သည့်နည်းတူ နေအိမ်၏ အနောက်မြောက်ဘက်ထောင့်တွင် မိသားစုနားနေခန်းသစ်၊ မီးဖိုဆောင်နှင့် ဘဏ္ဍာထိန်းက စီစဉ်ခဲ့သော စတိုခန်းတို့ တိုးချဲ့တည်ဆောက်ခြင်းပြုလုပ်ခဲ့သည်။
နေအိမ်အတွင်း အိပ်ခန်း ၉ ခန်းနှင့် ရေချိုးခန်း ၁၀ ခန်း ပါဝင်သည်။
ဈေးကွက်တင်ပေးသည်မှာ Sotheby’s International နှင့် Colliers International ကုမ္ပဏီနှစ်ခုမှ ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service