အာရပ်စော်ဘွားများပြည်ထောင်စု၏ အိမ်ခြံမြေကဏ္ဍတွင် တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှု ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်

အာရပ်စော်ဘွားများပြည်ထောင်စု၏ အိမ်ခြံမြေကဏ္ဍတွင် တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှု ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်လာမည် - Property News in Myanmar from iMyanmarHouse.com
27 Jun 2019 11:14 am တွင် တင်ခဲ့သည်
1190 ကြိမ် ကြည့်ရှု့ပြီး

အာရပ်စော်ဘွားများပြည်ထောင်စု၏ အိမ်ခြံမြေကဏ္ဍတွင် တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှုသည် လာမည့်လများအတွင်း ၇၀ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်လာဖွယ်ရှိနေကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု အိမ်ခြံမြေဈေးကွက်တွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည့် တရုတ်ကုမ္ပဏီများအနက်မှ တစ်ခုဖြစ်သော Fidu Properties က ထုတ်ပြန်ကြေညာသည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအကြား ၆၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်းမှသည် ၂၀၁၉ ခုနှစ် ပထမ ၃ လပတ်အထိ အဆိုပါလမ်းကြောင်းအတိုင်း ဆက်လက်မြင့်တက်နေခဲ့သည်။

လက်ရှိအားဖြင့် တရုတ်သည် ဒူဘိုင်းတွင် အမြင့်မားဆုံးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည့် ထိပ်တန်းနိုင်ငံ ၄ ခုတွင် တစ်ခုအပါအဝင် ဖြစ်သည်။

တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ၂၀၁၈ ခုနှစ် ပထမ ၉ လတာကာလအတွင်း ဒူဘိုင်းတွင် အာရပ်ငွေ ၁ ဒသမ ၇ ဘီလီယံဖိုးခန့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါအချက်အလက်သည် ဒူဘိုင်းမြေယာဦးစီးဌာန [DLD] မှ နောက်ဆုံးရနိုင်သည့်အချက်အလက်များ ဖြစ်သည်။ (ထိုကာလ နောက်ပိုင်း အချက်အလက်များ မရသေးဟု ဆိုလို)

ထိုကာလအတွင်း အာရပ်စော်ဘွားများပြည်ထောင်စုတွင် စုစုပေါင်း အရောင်းအဝယ်ဖြစ်ခဲ့သည့် အိမ်ခြံမြေများ၏ တန်ဖိုးမှာ အာရပ်ငွေ ၁၆၂ ဘီလီယံဖိုး ဖြစ်သည်။

ဒူဘိုင်းတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နိုင်ရေးအတွက် DLD က တရုတ်ပြည်တွင် လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းကပင် ကိုယ်စားလှယ်ရုံး ၂ ခု ဖွင့်လှစ်ပေးထားခဲ့သည်။

တရုတ်ပြည်တောင်ပိုင်း စက်မှုလုပ်ငန်းမြို့တော် ရှန်ကျန်းတွင်လည်း တတိယမြောက်ရုံးတစ်ခု ဖွင့်လှစ်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။

အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဒူဘိုင်းတို့ရှိ အိမ်ခြံမြေဈေးနှုန်းများသည် တရုတ်ပြည်အောက် နည်းပါးသည့်အပြင် အကောက်ခွန် နှင့် အခြားသော မက်လုံးများရှိနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် အကောင်းဆုံးသော ကမ္ဘာ့ဈေးကွက်နေရာများတွင် တစ်ခုအပါအဝင်ဖြစ်လာသည်။

မကြာသေးမီက ထွက်ရှိခဲ့သည့် နေအိမ်ပိုင်ဆိုင်မှု ဥပဒေတွင် အာရပ်စော်ဘွားများပြည်ထောင်စုမှမဟုတ်သည့် စီးပွားရေးစွမ်းဆောင်ရှင် များကို ဒူဘိုင်းတွင် အခြေချခွင့်ပေးခဲ့ခြင်းမှာလည်း တရုတ်ရင်းနှီးမြှုပ်နှံမှုများအတွက် အဓိကတွန်းအားတစ်ရပ်ဖြစ်ခဲ့ကြောင်း Fidu Properties မှ လုပ်ငန်းလည်ပတ်မှုအကြီးအကဲ နာဇစ်ရှ် ခန်က ပြောကြားသည်။

DLD သည် ဒူဘိုင်းနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတွင် ၂၀၁၉ ခုနှစ်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှု အာရပ်ငွေ ၁ ဘီလီယံခန့် အနည်းဆုံး ဆွဲဆောင်နိုင်ရန် ရည်ရွယ်ကာစီမံကိန်းများ ချမှတ်ကြိုးစားနေကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

လွန်ခဲ့သော ၅ နှစ်အတွင်း ဒူဘိုင်းတွင် တရုတ်လူမျိုးများ အခြေချနေထိုင်မှု ၅၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး လက်ရှိအားဖြင့် အာရပ်စော်ဘွားများပြည်ထောင်စုတွင် တရုတ်လူမျိုး ၂၃၀၀၀၀ ခန့် နေထိုင်လျက်ရှိပြီး ဒူဘိုင်းတွင် တရုတ်ကုမ္ပဏီပေါင်း ၄၀၀၀ ခန့် လုပ်ငန်းလည်ပတ်နေသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အလည်အပတ်ခရီးစဉ်နောက်ပိုင်း တရုတ်ပြည်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုအကြား ဆက်ဆံရေးမှာ ပိုမိုခိုင်မာလာခဲ့သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service